Dr May Tachileik Clinic

Dr May Tachileik Clinic

Share

Your beauty is beyond your imagination.

20/04/2026

နှုတ်ဆက်ခြင်းအမှတ်တရ 50% OFF 💖

ချစ်ရတဲ့ တာချီလိတ်က Customer တို့ရေ...
Dr. May Aesthetic Clinic ကို အစဉ်တစိုက် အားပေးခဲ့ကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ အခုဆိုရင် ကျွန်မတို့ တာချီလိတ်ဘ Clinic လေးကို အပြီးပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ... ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ အလှတရားတွေကို အရယူနိုင်ဖို့ "Goodbye Discount" ကြီးကို ပြုလုပ်ပေးလိုက်ပြီနော်။ ✨

✅ All Treatments - 50% Discount (တစ်ဝက်ဈေး) Treatment အားလုံးကို ဧပြီလကုန်အထိ Stoc‌k ရှိသ ‌ေလာက်သာပြုလုပ်ပေးသွားမှာဖြစ်လို့ အမြန်ဆုံး လာရောက်ရယူဖို့ တိုက်တွန်းပါရစေရှင်။
📍 Location: Dr. May Aesthetic Clinic (တာချီလိတ်)
⏳ Promotion ကာလ: 30.4.2026

အလှဆုံးပုံရိပ်တွေနဲ့အတူ နှုတ်ဆက်ချင်တာမို့ အခုပဲ Appointment ရယူလိုက်တော့နော်။ 💃

☘️ 𝗬𝗼𝘂𝗿 𝗯𝗲𝗮𝘂𝘁𝘆 𝗶𝘀 𝗯𝗲𝘆𝗼𝗻𝗱 𝘆𝗼𝘂𝗿 𝗶𝗺𝗮𝗴𝗶𝗻𝗮𝘁𝗶𝗼𝗻.

🏡အမှတ် 6/34၊ အနောက်မြို့ပတ်လမ်း၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ တာချီလိတ်မြို့။
☎️ Hotline- 09650007999 ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

17/04/2026

နှစ်ဆန်းတစ်ရက်နေ့🙏

နှစ်သစ်မှာ စီးပွား၊ဥစ္စာများ တိုးပွားလို့ ရည်မှန်းချက်တွေ အားလုံးအကောင်အထည် ဖော်နိုင်သော နှစ်တစ်နှစ်ဖြစ်ပါစေလို့ Dr May Aesthetic Clinic မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်🌿


#သင်္ကြန်

12/04/2026

မင်္ဂလာရှိသော အတာသင်္ကြန် မှာ Dr May တာချီလိတ် Clinic ကို April 13 ရက်နေ့မှ April 19 ရက်နေ့အထိ ဆိုင်ပိတ်ရက်လေးဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

ပိတ်ရက်လေးမှာမိတ်ဆွေများ အားလုံးဘေးကင်းခြုံပြီး ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေ💦



#သင်္ကြန်

04/04/2026

ဝမ်းနည်းစွာ နှုတ်ဆက်ခြင်း

ချစ်ခင်ရပါသော Dr. May Aesthetic Clinic ရဲ့ ချစ်ရတဲ့ Customer များရှင်...

တာချီလိတ်မြို့မှာ (၃)နှစ်ကြာဖွင့်လှစ်ခဲ့တဲ့ ကျွန်မတို့ရဲ့ Dr. May Aesthetic Clinic ကို လုပ်ငန်းလိုအပ်ချက်အရ အပြီးတိုင် ပိတ်သိမ်းတော့မှာ ဖြစ်တဲ့အကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါတယ်။ လွန်ခဲ့တဲ့ ကာလတစ်လျှောက်လုံး ကျွန်မတို့အပေါ် ယုံကြည်စွာနဲ့ အားပေးခဲ့ကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။

လက်ရှိတွင် Treatment Package များ ဝယ်ယူထားသော Customer များအတွက် အဆင်မပြေမှု မရှိစေရန်

🗓 ဧပြီလ (၃၀) ရက်နေ့အထိ ဆေးခန်းကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားပေးမှာ ဖြစ်ပါတယ်။ Dr May Aesthetic Clinic M‌andalay ဆေးခန်းကိုတေ‌ာ့ ဆက်လက်ဖွင့်ထားမှာဖြစ်ပါတယ်။

ဒါကြောင့် ချစ်ရတဲ့ Customer များအနေနဲ့ မိမိတို့ ဝယ်ယူထားတဲ့ Package များကို ဧပြီလကုန် (April 30) မတိုင်ခင် ဆေးခန်းသို့ လာရောက်ပြီး Treatment များ ခံယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

☘️ 𝗬𝗼𝘂𝗿 𝗯𝗲𝗮𝘂𝘁𝘆 𝗶𝘀 𝗯𝗲𝘆𝗼𝗻𝗱 𝘆𝗼𝘂𝗿 𝗶𝗺𝗮𝗴𝗶𝗻𝗮𝘁𝗶𝗼𝗻.

🏡အမှတ် 6/34၊ အနောက်မြို့ပတ်လမ်း၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ တာချီလိတ်မြို့။
☎️ Hotline- 09650007999 ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

31/03/2026

✨ပျိုမေတို့အတွက် Dr May မှာ Skin Care Product များကို 50% Discount နဲ့ Stock ရှိသလောက်ပဲ ရရှိနိုင်မှာဖြစ်လို့ မြန်မြန်လေး ဝယ်ထားလိုက်တော့နော် ✨

Dr. May မှာ Dermatologically Tested လုပ်ထားတဲ့ အရည်အသွေးမြင့် Skin Care တွေနဲ့ ဂျပန်နိုင်ငံထုတ် Collagen တွေကို အစုံအလင် ဝယ်ယူရရှိနိုင်ပါပြီ။ ကိုယ့်ရဲ့ အသားအရေကို အတွင်းရော အပြင်ပါ ဂရုစိုက်ဖို့အတွက် အကောင်းဆုံး Product တွေကိုပဲ ရွေးချယ်တင်သွင်းပေးထားတာပါနော်။

Dr. May မှာရရှိနိုင်တဲ့ Product တွေကတော့

🌸 Bioderma
ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အထူးသင့်လျော်တဲ့ နာမည်ကြီး Micellar Water နဲ့ Skin Care များ

🌸 Uriage
ပြင်သစ်နိုင်ငံထုတ် ရေဓာတ်ဖြည့် Skin Care များ

🌸 Filorga
အရေးအကြောင်းတွေကို ထိထိရောက်ရောက် ကုသပေးမယ့် Anti-aging Cream များကို 100% Authentic စစ်မှန်တဲ့ Quality အာမခံချက်ရှိတဲ့ Product တွေကိုပဲ ရောင်းချပေးတာဖြစ်ပြီး Treatment လာလုပ်ရင်းနဲ့ ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့် Skin Care တွေကို တစ်ပါတည်း တိုင်ပင်ဝယ်ယူနိုင်ပါတယ်။

☘️ 𝗬𝗼𝘂𝗿 𝗯𝗲𝗮𝘂𝘁𝘆 𝗶𝘀 𝗯𝗲𝘆𝗼𝗻𝗱 𝘆𝗼𝘂𝗿 𝗶𝗺𝗮𝗴𝗶𝗻𝗮𝘁𝗶𝗼𝗻.

🏡အမှတ် 6/34၊ အနောက်မြို့ပတ်လမ်း၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ တာချီလိတ်မြို့။

☎️ Hotline- 09650007999 ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

22/03/2026

Exosome ရဲ့ အစွမ်းအံ့မခန်း....

အရေပြားပြဿနာတွေထဲမှာ ကုသရခက်ခဲတဲ့ တင်းတိပ်နဲ့ အမည်းစက်တွေကြောင့် စိတ်ညစ်နေရပါသလား?
Dr. May ရဲ့ Exosome Treatment ဟာ ဝက်ခြံနဲ့ ချိုင့်ခွက်သမားတွေအတွက်တင်မကဘဲ တင်းတိပ် ရှိသူတွေအတွက်ပါ ထိရောက်တဲ့ ကုသမှုရလဒ်တွေကို ပေးစွမ်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

Exosome Treatment က
✅Sensitive Skin ဖြစ်လွယ်တဲ့ ပြဿနာတွေကို သက်သာစေပြီး အရေပြားရဲ့Skin Barrier ကို ပြန်လည် တည်ဆောက်ပေးပါတယ်

✅ချွေးပေါက်ကျယ်ခြင်းနှင့် အဆီပြန်ခြင်းကို ထိန်းညှိပေးပြီး ကျယ်နေတဲ့ ချွေးပေါက်တွေကို ပြန်လည် ကျဉ်းစေကာ ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။

✅Dry Skin အရေပြားရဲ့ နက်ရှိုင်းတဲ့ အလွှာအထိ ရေဓာတ်ကို ဖြည့်တင်းပေးပြီး ကြမ်းတမ်းနေတဲ့ အသားအရေကို ပြန်လည် နူးညံ့ပျော့ပျောင်းစေပါတယ်

✅အသားအရေ ညစ်နေတာကို အတွင်းပိုင်းကနေ ပြန်လည် နုပျိုစေပြီး အရေးအကြောင်းတွေကို သက်သာစေကာ တင်းရင်းပြီး ဝင်းပတဲ့ Glow Skin ကို ရရှိစေပါတယ်။

✅အရေပြားအတွင်းပိုင်းအထိ ထိရောက်စွာ ပြုပြင်ပေးပြီး Melanin ထုတ်လုပ်မှုကို ထိန်းညှိပေးတာကြောင့် တင်းတိပ်နဲ့ အမည်းစက်တွေကို သိသိသာသာ မှိန်ဖျော့သွားစေပါတယ်။

✅ဝက်ခြံကြောင့် ဖြစ်ပေါ်လာတဲ့ နီမြန်းမှုတွေကို လျော့ကျစေပြီး အသားအရေကို ပြန်လည်ကျန်းမာလာစေပါတယ်။

✅ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့ (Skin Regeneration) စွမ်းအားကြောင့် ချိုင့်ခွက်တွေကို ပြန်လည်ပြည့်တင်းလာစေပြီး အသားအရေကို ချောမွေ့စေပါတယ်။

✅အသားအရေကို အတွင်းပိုင်းကနေ ပြုပြင်ပေးလို့ ပိုမိုဝင်းပပြီး နုပျိုတဲ့ Skin ကို ပိုင်ဆိုင်စေမှာပါ။

Exosome ဟာ အရေပြားရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို အမြန်ဆုံး ပြန်လည်ပြုပြင်ပေးနိုင်တဲ့ Treatment တစ်ခုဖြစ်လို့ အရေပြားပြဿနာတွေထဲမှာ ကုသရခက်ခဲတဲ့ တင်းတိပ်နဲ့ အမည်းစက်တွေကြောင့် စိတ်ညစ်စရာမလိုတော့ဘဲ Dr May ကိုလှမ်းခဲ့လိုက်ရုံပဲနော်

☘️ 𝗬𝗼𝘂𝗿 𝗯𝗲𝗮𝘂𝘁𝘆 𝗶𝘀 𝗯𝗲𝘆𝗼𝗻𝗱 𝘆𝗼𝘂𝗿 𝗶𝗺𝗮𝗴𝗶𝗻𝗮𝘁𝗶𝗼𝗻.

🏡အမှတ် 6/34၊ အနောက်မြို့ပတ်လမ်း၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ တာချီလိတ်မြို့။

☎️ Hotline- 09650007999 ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

20/03/2026

မျက်နှာပေါ်က အမဲစက်နဲ့ တင်းတိပ်တွေ... ဘာကြောင့် ဖြစ်ရတာလဲ? 🤔

ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်ပေမဲ့ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အမဲစက်နဲ့ တင်းတိပ်တွေက ဘာကြောင့် ပေါ်လာတာလဲဆိုတာ သိထားဖို့ လိုပါတယ်။

အမဲစက်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းများ

⚠️Skin Care တွေရဲ့ ပါဝင်ပစ္စည်းကြောင့်ဓာတ်မတည့်နိုင်သလို တစ်ချို့ Skin Care တွေကဆေးပြင်းတွေပါဝင်တာကြောင့်အမဲစက်ထွက်နိုင်ပါတယ်။

⚠️မျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို အသားအရေခြောက်ရင်လည်းတင်းတိပ်နဲ့အမဲစက်တွေထွက်နိုင်ပါတယ်။

⚠️နေလောင်ဒဏ် (Sun Damage)၊ ခရမ်းလွန်ရောင်ခြည် (UV Rays) နဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့် အရေပြားက Melanin ဓာတ်တွေ အလွန်အမင်း ထုတ်လုပ်ရာကနေ တင်းတိပ်တွေ ဖြစ်လာတတ်ပါတယ်။

⚠️အချို့သော သောက်ဆေးများ သို့မဟုတ် ထိုးဆေးများရဲ့ တုံ့ပြန်မှုကြောင့် အရေပြားမှာ အမဲစက်တွေ ထွက်လာနိုင်ပါတယ်။

⚠️ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် ဟော်မုန်းဆေးများကြောင့်လည်း တင်းတိပ်ပြဿနာ ကြုံတွေ့ရနိုင်ပါတယ်။

💡ထိထိရောက်ရောက် ကုသနိုင်မလဲဆိုရင်

ဒီလို အရေပြားပြဿနာတွေကို အိမ်မှာတင် ပျောက်ကင်းဖို့ ခက်ခဲတတ်ပါတယ်။ Dr. May Aesthetic Clinic မှာတော့ သင့်ရဲ့ အသားအရေအခြေအနေပေါ် မူတည်ပြီး အထိရောက်ဆုံးသော Advance Treatments များဖြင့် စနစ်တကျ ကုသပေးနေပါတယ်။

Dr. May မှာ ကုသရင် ကျွမ်းကျင်ဆရာဝန်ကိုယ်တိုင် အသားအရေအမျိုးအစားအလိုက် ညှိနှိုင်း ကုသပေးပေးနေပြီဖြစ်လို့ မြန်မြန်လေးလှမ်းခဲ့လိုက်နော်။

☘️ 𝗬𝗼𝘂𝗿 𝗯𝗲𝗮𝘂𝘁𝘆 𝗶𝘀 𝗯𝗲𝘆𝗼𝗻𝗱 𝘆𝗼𝘂𝗿 𝗶𝗺𝗮𝗴𝗶𝗻𝗮𝘁𝗶𝗼𝗻.

🏡အမှတ် 6/34၊ အနောက်မြို့ပတ်လမ်း၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ တာချီလိတ်မြို့။

☎️ Hotline- 09650007999 ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

18/03/2026

✨ Dr. May Clinic မှာလူကြိုက်အများဆုံး Top 3 Treatments ✨

1️⃣ အမဲစက်ကင်းစင် Treatment (รักษาจุดด่างดำ )
နေလောင်ဒဏ်ကြောင့်ဖြစ်စေ၊ အသက်အရွယ်ကြောင့်ဖြစ်စေ ဖြစ်ပေါ်လာတဲ့ အမဲစက်၊ တင်းတိပ်နဲ့ အသားအရောင်မညီညာမှုတွေကို အမြစ်ပြတ် ဖယ်ရှားပေးပြီး မျက်နှာ တစ်ခုလုံး ဖြူဝင်းကြည်လင်လာပြီး အမဲစက်ကင်းစင်တဲ့ Skin ကို ပိုင်ဆိုင်စေမှာပါ။

2️⃣ Skin Rejuvenation Treatment(การฟื้นฟูผิว)
အသားအရေ တွဲကျတာ၊ ရေဓာတ်ခမ်းခြောက်တာနဲ့ အရေးအကြောင်းတွေကို ပြန်လည်ပြုပြင်ပေးတဲ့ Treatment ပါ။ ဆဲလ်အသစ်တွေကို လှုံ့ဆော်ပေးပြီး အသားအရေကို တင်းရင်းဝင်းပစေပါတယ်။ Glass Skin လို ပြောင်ပြောင်တင်းတင်းလေးဖြစ်ပြီး နုပျိုတဲ့ မျက်နှာသွင်ပြင်ကို ရရှိစေပါတယ်။

3️⃣ Weight Loss Package (โปรแกรมลดน้ำหนัก)
ခွဲစိတ်စရာမလို၊ အားကစားအပြင်းအထန် လုပ်စရာမလိုဘဲ ဝိတ်ချချင်သူတွေအတွက် အကြိုက်ဆုံး Treatment ပါ။ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပြီး ခန္ဓာကိုယ်အချိုးအစားကို ဘေးကင်းစွာ ကျစ်လျစ်စေပါတယ်။ မပင်ပန်းပဲ ကိုယ်အလေးချိန် လျော့ကျစေပြီး ပေါ့ပါးလှပတဲ့ Body Shape ကို ရရှိမှာပါ။

Dr. May ရဲ့ လုကြိုက်အရမ်းများတဲ့ Treatment တွေကိုပြောပြပေးထားပြီပြီဆိုတော့ ကိုယ့်နဲ့ အသင့်တော်တဲ့ Treatment ကို "Dr may မှ ဆရာဝန်များနှင့်တိုင်ပင်ပြီး Treatment ရယူနိုင်ပါတယ်။

📍 Book Your Appointment Now! စိတ်ဝင်စားတဲ့ Treatment လေးကို Comment မှာ ရေးခဲ့ပေးပါဦးနော်။ (သို့မဟုတ်) Messenger ကနေတစ်ဆင့် အသေးစိတ် မေးမြန်းနိုင်ပါတယ်။

☘️ 𝗬𝗼𝘂𝗿 𝗯𝗲𝗮𝘂𝘁𝘆 𝗶𝘀 𝗯𝗲𝘆𝗼𝗻𝗱 𝘆𝗼𝘂𝗿 𝗶𝗺𝗮𝗴𝗶𝗻𝗮𝘁𝗶𝗼𝗻.

🏡အမှတ် 6/34၊ အနောက်မြို့ပတ်လမ်း၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ တာချီလိတ်မြို့။

☎️ Hotline- 09650007999 ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။



# အမဲစက်ကင်းစင်_Treatment
# Skin_Rejuvenation_Treatment
# Weight_Loss_Treatment

13/03/2026

ဘာကြောင့် ဗောက်ပိုထတာလဲ❓

ဗောက်ပြဿနာဟာ ရေဓာတ်ခမ်းခြောက်မှုနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ အဓိကအကြောင်းရင်း (၃) ချက်ကတော့

❌လေထုထဲမှာ စိုထိုင်းဆနည်းတာကြောင့် ဦးရေပြား ခြောက်သွေ့ပြီး အရေပြားဆဲလ်ဟောင်းတွေ အဖတ်လိုက် ကွာကျလာတတ်ပါတယ်။

❌ရေပူပူနဲ့ ခေါင်းလျှော်တာက ဦးရေပြားမှာရှိတဲ့ သဘာဝအဆီ (Natural Oils) တွေကို ခမ်းခြောက်စေပြီး ပိုမိုယားယံစေပါတယ်။

❌ခြောက်သွေ့တဲ့အခါ ခန္ဓာကိုယ်က အဆီတွေပိုထုတ်ပေးတတ်ပြီး အဆိုပါအဆီကြောင့် Malassezia လို့ခေါ်တဲ့ မှိုပိုးတွေ ပိုမိုပွားများကာ ဗောက်ထခြင်းကို ဖြစ်စေပါတယ်။

ဗောက်ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ?

✅ ခေါင်းအုံးစွပ်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် လဲလှယ်ပေးပါ။ ခေါင်းလျှော်ပြီးတိုင်း သန့်ရှင်းတဲ့ မျက်သုတ်ပုဝါကိုသာ အသုံးပြုပြီး ဦးရေပြားကို ခြောက်သွေ့အောင် သေချာသုတ်ပေးပါ။

✅ဗောက်ဟာ မှိုပိုးကြောင့် ဖြစ်တတ်တာမို့ တခြားသူနဲ့ ဘီး၊ မျက်သုတ်ပုဝါ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

✅ အိမ်တွင်းကုသမှုတွေနဲ့ မသက်သာဘူးဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဦးရေပြားကို အာဟာရဖြည့်တင်းပေးမယ့် Treatment တွေ ခံယူခြင်းက အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပဲဖြစ်ပါတယ်။

✅ရေပူလွန်းတာက ဦးရေပြားကို ဒဏ်ရာရစေပါတယ်။ ရေခပ်နွေးနွေးကိုသာ အသုံးပြုပြီး ခေါင်းလျှော်ပါ။

✅ခေါင်းမလျှော်ခင် မိနစ် ၂၀ ခန့်အလိုမှာ အုန်းဆီ (သို့) သံလွင်ဆီနဲ့ ဦးရေပြားကို နှိပ်နယ်ပေးခြင်းက အစိုဓာတ်ကို

✅Zinc Pyrithione, Ketoconazole (သို့) Selenium Sulfide ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေကို တစ်ပတ် ၂ ကြိမ်ခန့် အသုံးပြုပေးသင့်ပါတယ်။

✅အပြင်ပန်းက ကုသရုံတင်မကဘဲ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပေးပါ။
အခုခါမှာတော့ ဗောက်ပြဿနာတွေကို ဖြေရှင်းနိုင်မယ်ထင်ပါတယ်။

☘️ 𝗬𝗼𝘂𝗿 𝗯𝗲𝗮𝘂𝘁𝘆 𝗶𝘀 𝗯𝗲𝘆𝗼𝗻𝗱 𝘆𝗼𝘂𝗿 𝗶𝗺𝗮𝗴𝗶𝗻𝗮𝘁𝗶𝗼𝗻.

🏡အမှတ် 6/34၊ အနောက်မြို့ပတ်လမ်း၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ တာချီလိတ်မြို့။

☎️ Hotline- 09650007999 ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

10/03/2026

Category

Website

Address

6/34, West Circular Road, San Sai (Ka) Quarter
Tachileik

Alerts

Be the first to know and let us send you an email when Dr May Tachileik Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Tachileik.