Bouncy Skin - Skin Care Collections
USA/UK/Korea/Japan/BKK Authentic Products
12/06/2026
Srichand Super Fix 18H Oil Control Foundation Powder SPF35 PA+++ 🩷
18 hrs Oil control မို့ oily skin တွေအကြိုက်တွေ့မယ့် powder လေး✔️
နာမည်အတိုင်း Foundation powder မို့ အချိန်မရရင် သူ့တခုတည်းလိမ်းရုံနဲ့ကို မျက်နှာပေါ်က အပြစ်အနာဆာတွေကို သေချာဖုံးနိုင်ပြီး အဆီပြန်တာလေးလဲ သက်သာ✔️
Sunscreen လိမ်းပြီးရင် ပြောင်ပြောင်ဝင်းဝင်းဖြစ်နေတာ မကြိုက်တဲ့သူတွေ အတွက် ဒီ powder လေး ဆောင်ထား✔️
မင်တို့ မြန်မာအသားရည်နဲ့လိုက်တဲ့ N10 8 ဘူး
Y10 7 ဘူးပဲရမယ်နော် မ တို့
12/06/2026
Facial cleanser ထဲက ဘာလေးတွေရလဲဆို ဒီ ၃ မျိုး instock ရှိပါတယ် ရှင်🩷
COSRX Salicylic Acid Gentle Daily Cleanser 150 ml
Soap&Glory Vitamin C facial Wash 350 ml
L’Oréal Glycolic Bright Glowing Foam Cleanser
12/06/2026
Micellar Cleansing Water ထဲက instock ရတာလေးတွေ😍
12/06/2026
နွေမိုးဆောင်း သုံးရာသီလုံးအတွက် အဆင်ပြေတဲ့ Toner ပြပါဆိုရင် isntree Green Tea Toner ပဲ🤎
နွေရာသီအဆီပြန်တာထိန်းပေးတဲ့ ဒုတိယတစ်ခေါက်ထပ်ဝယ်ဖြစ်သော My Favourite Toner
Isntree Brand က popular ဖြစ်ပြီးသားမို့ အထူးတလည်မိတ်ဆက်ပေးတော့ဘူးပေါ့နော်။ Instree ရဲ့suncream ကနေနာမည်စကြီးလာတာ အခု ဒီ toner က Isntree ရဲ့ Brand တစ်ခုလုံးမှာ suncream ထက်ကိုပိုကြိုက်သော toner ပဲရယ်။
Kelly ရဲ့ Toner fan မဟုတ်တာလည်းဟိုးအရင်က Kelly ရဲ့ blog တွေဖတ်နေကျသူဆိုသိမယ်ရယ်။ toner ဟာ မရှိမဖြစ် skin care မဟုတ်ကြောင်း၊ skin care စသုံးမယ့်သူတွေအနေနဲ့ Basic skin care ဖြစ်တဲ့ Cleanser , Moisturizer နဲ့ suncream ကိုသာ အဓိကသုံးသင့်ကြောင်း အမြဲ ရေးပေးဖြစ်ပါတယ်။
kelly ရဲ့ review တွေမှာ toner review ရေးပေးတာရှားတယ်ရယ်။ ဒါပေမယ့် ဒီ Toner ကိုကြိုက်ရတာက oil control အဆီပြန်တာကိုထိန်းတဲ့ နေရာမှာ သုံးနေကျ ပုံမှန် serum ထက်ကိုအလုပ်ဖြစ်တယ်ပေါ့နော်။
သူ့ထဲမှာ Green Tea Extract ကိုအဓိကသုံးထားတယ်။ Green teaက antioxidant တစ်မျိုးဖြစ်တဲ့ အပြင် ဝက်ခြံသမားတွေနဲ့ အဆီပြန်တဲ့ သူတွေအတွက် ingredient ကောင်းတစ်ခုပါ။
Kelly က သူ့ကို မနက်ပိုင်း toner အဖြစ်သုံးတယ်။ နွေရာသီဆို Kelly က အဆီပြန်တဲ့ ပိုင်းရောက်တော့ oil control serum သုံးနေကျပေါ့နော်။ အခု ဒီ green tea fresh toner သုံးကထဲ မနက်ဆို toner ရယ် gel type moisturizer ရယ် suncream ရယ် တစ်ခါတစ်လေ moisturizer ကျော်ပြီး suncream လိမ်းဖြစ်တယ်။
အဆီပြန်တဲ့ သူတွေအပြင် antioxidant ကြွယ်ဝတာမို့ မျက်နှာဘာလိမ်းလိမ်း မဲသွားတယ် oxidized ဖြစ်သွားတယ်သူတွေအတွက်လည်းအဆင်ပြေလိမ့်မယ်ရယ်။
ဒီတစ်ဘူးက Kelly အတွက် နှစ်ဘူးမြောက်ပေါ့နော်။ မနှစ်က နွေကထဲကသုံးလာတာ အခုနွေမှာ ထပ်ဝယ်ထားတာ။
ကောင်းတာလေးတွေဆိုလက်တို့ပေးတာမို့ ဒီကောင်လေးကိုကြိုက်ကြမယ်ထင်ပါတယ်။
BeautyHolics မှာဝယ်လို့ရပါတယ်။
Loads of love ,
Kelly
12/06/2026
ဝက်ခြံသမားတွေ sensitive skin တွေအတွက် သင့်တော်သော
Isntree Green Tea Fresh Toner Review
Skincare လိမ်းပြီးတိုင်း မျက်နှာကအဆီတဝင်းဝင်းနဲ့ အဆီပြန်တယ်၊ မျက်နှာရဲလွယ်၊ ရောင်ကိုင်းနေတဲ့ဝက်ခြံတွေလည်း ခဏခဏပေါက်တတ်တယ်ဆိုရင် ဒီ toner လေးက သင့်အတွက်ပါ။🤭
2022 ထဲက မေရေးတာတွေဖတ်လာတဲ့သူဆိုရင် Isntree green tea toner ကို သေချာပေါက်ရင်းနှီးပြီးသားဖြစ်မှာ။နွေရာသီမှာ oily acne prone skin အတွက် အရမ်းအဆင်ပြေလို့ မေဝယ်ထားတာ ဒါကနှစ်ဘူးမြောက်ပေါ့နော်။
ဒီ Toner လေးမှာက alcohol,essential oil ရေမွှေး,ဆိုးဆေးတွေမပါဘဲ ဂျယ်ဂျူကျွန်းက Green tea extract ကို 80% ထိ ပေါပေါသီသီထည့်ပြီး သဘာဝအတိုင်းပဲထုတ်ထားတယ်။ ဒါကြောင့်သူ့အရောင်က ရေနွေးကြမ်းအကျရောင် အညိုရင့်လေး။အညိုရောင်အရည်ပေမဲ့ လိမ်းလိုက်ရင်ညိုမနေပါဘူးနော်။အနံ့ကလည်း လက်ဖက်ခြောက်ကိုရေစိမ်ထားသလို သူ့သဘာဝအနံ့လေးပဲပါတယ်။
မျက်နှာပေါ်လိမ်းလိုက်ရင် စိမ့်ဝင်လွယ်တယ်၊ သူက အဆီပြန်တဲ့သူအတွက်ရည်ရွယ်ထားတဲ့ sebum control toner ဆိုတော့လေ hydration အသင့်တင့်ရပေမဲ့ စိုအိပြီးမကျန်ဘဲ သိပ်သိပ်လေး matte ဖြစ်ပြီးကျန်တယ်။ဒါကို dry skin ကတော့ သိပ်မကြိုက်လောက်ဘူး။
Anti sebum P နဲ့ antioxidant ကြွယ်ဝတဲ့ green tea ကြောင့် အဆီပြန်တာတော့ တကယ်သက်သာတယ်။ဒါကြောင့် အဆီပြန်လွန်းပြီး ချွေးပေါက်အရမ်းထင်းတာ၊ အဆီဖုမကြာခဏဖြစ်တာကိုပါ ကာကွယ်ပေးနိုင်သလို စွဲသုံးရင် skin texture လေးက အဖုအထစ်တွေနည်းပြီးချောချောလေးဖြစ်လာတာ ခံစားမိပါတယ်။ဒါကလည်း BHA အပျော့စား natural form ဖြစ်တဲ့ မိုးမခပင်အခေါက်ပါလို့ ဖြစ်နိုင်တယ်ပေါ့နော်။
ရောင်ရမ်းနီမြန်းနေတဲ့ ဝက်ခြံရှိရင်ပဲဖြစ်ဖြစ်၊ ဝက်ခြံပေါက်ခါနီး နီရဲပြီးနာနေတာခံစားမိရင်ပဲဖြစ်ဖြစ် cotton pad လေးထဲဆွတ်ပြီး မိနစ်နှစ်ဆယ်လောက်ကပ်ကြည့်၊ ရောင်တာရဲတာတွေလျော့တယ်သိလား။🥰
ဒီ toner လေးက နွေရာသီမှာကြုံရလေ့ရှိတဲ့ skin problem အများစုနဲ့ အသင့်တော်ဆုံးပဲ။ဘယ်လိုလူတွေသုံးသင့်လဲဆိုရင်
အဆီပြန်တတ်တဲ့ oily,combination skin တွေ
အဆီဖု၊ ချွေးပေါက်ကျယ်၊ ဝက်ခြံမကြာခဏပေါက်တတ်သူအပြင် sensitive skin အတွက်လည်း safe ဖြစ်ပါတယ်။
200 ml ပါပေမဲ့ တာရှည်ခံဆေးဘာညာ အများကြီးမသုံးထားလို့ ခြောက်လနဲ့ကုန်အောင်သုံးပေးရပါတယ်နော်။တည့်မတည့်စမ်းချင်ရင်လည်း 20 ml mini လေးတွေ ရှိပါတယ်။
12/06/2026
ဒီ toner လေးကလေ အသားရေကို stress မပိစေတဲ့ ingredient green tea ကြောင့် သုံးလို့ အရမ်းကောင်းတာလေးနော်🤎
💢instock💢
12/06/2026
Customer orders လေးတွေတဖြတ်😍
11/06/2026
ရဲ့ အသစ်စက်စက် Snowy Dreams Cheek Palette 🤤🥹
7 သောင်းကျော်လောက်ကနေ sales ချထားတာ💢18,500 💢နဲ့ special price ပါပဲရှင်🙂↕️
Powder type ဖြစ်ပြီး အရောင်ထွက်လေးလဲလှ တဘူးတည်းမှာ shimmer လေးရော ပါလို့ ပါးနီ အတွက်ရော highlighter အတွက်ရော အဆင်ပြေရော✔️
Blend ရအရမ်းလွယ်ကူပြီး ပါးပေါ် သဘာဝကျကျနဲ့ကို လှစေတာရှင်✔️
Thai blogger တွေကြား 9.5 out of 10 review ရထားတာလေး😍✔️
ရွေးချယ်စရာ Shades (၃) မျိုးလုံးကလဲ ပစ်ရက်စရာမရှိ🥹
01 Aurora Petals: ပန်းရောင်စိုစိုလေးနဲ့ ချစ်စရာကောင်းတဲ့ Look အတွက် အသားဖြူတဲ့ ကောင်မလေးတွေနဲ့လိုက်ဖက်
🍂 02 Warm Night: အညိုဘက်သန်းပြီး စမတ်ကျစေမယ့် Look အတွက် warm tone လေးနဲ့တွေလိုက်ဖက်
🍓 03 Crimson Chill: အနီဘက်သွားတဲ့ အရောင်စိုစိုအိအိလေး တအားလှသော
10/06/2026
အိုပါးတို့အတွက် ဒါလေး လိုချင် 💢 preorder 💢မှာလို့ရတယ်နော် 🙂↕️
သူတို့ကိုလက်ဆောင်ပေးဖို့ စဉ်းစားရတာ ခေါင်းကိုက်ရင် ဒါမျိုးလေးပဲ ပေး နားအေးရော🫠🤣
10/06/2026
ကဲ Marvis သွားတိုက်ဆေး အစိမ်းရောင် ဘူးအရေတွက် အနည်းငယ်ပဲပါပါတယ်ရှင့်🙂↕️
💯 Authentic
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Tamwe