Bone Bone Blogs
여러분,안녕하세요�welcome from Bone Bone blogs �cutie လေးတို့သိလိ?
Hello..အားလုံးပဲ LTNS ပါရှင့်😍❤️…
ဒီနေ့ကတော့ office Activity Day မှာ ရာသီစာ’’ထမနဲ’’ထိုးပြိုင်ပွဲလေးရှိလို့ ဆရာကြီးဝင်လုပ်ထားတာကို Blogsလေးရိုက်ထားပါတယ်ရှင့်🤪
Ps:Blogsပဲရိုက်တာမဟုတ်ဘူးအလုပ်လည်းလုပ်တယ်နော်😒
Budget Saving လဲဖြစ်ရမယ် Quality လည်းမိုက်ရမယ်ဆိုတဲ့သူတွေအတွက်…❤️ Red Collagen Series
⭐️သူလေးက Toner,Serum,Cream သုံးမျိုးပါတာကိုမှ ၃၇၅၀၀ကျပ်ပဲကျသင့်တာမို့ Budget savingဖြစ်တယ်နော်💯
⭐️အရင်ဆုံးTonerလေးအကြောင်းပြောပြမယ်နော်😚👇🏻
⭐️သူကNiacinamideနဲ့Pantothenicအပြင်
Sodium Hyaluronic တို့ပါဝင်တာမို့
အရေးအကြောင်းတွေကိုလျှော့ချပေးပြီးအသားအရည်ကြည်စေတယ်🥰အနံ့လေးကလည်းသင်းသင်းလေးနဲ့အရမ်းမိုက်တယ်…ပြီးတော့
ရေဓာတ်ဖြည့်ပေးတာဖြစ်တဲ့အတွက်
ချွေးပေါက်ကျယ်တာလဲသက်သာစေတယ်နော်❤️
⭐️ Booster Serum လေးက Niacinamide 5% နဲ့
Sodium Hyaluronicပါဝင်တာမို့အသားအရေကို ကြည်ပြီး Glowတယ်နော်😍
Texture က မပစ်မကျဲလေးနဲ့ အသားထဲကိုစိမ့်ဝင်လွယ်ပြီးall skin type သုံးလို့ရပါတယ်။
College booster serumဖြစ်တဲ့အတွက်skin တင်းတင်းလေးဖြစ်နေမှာပါနော်။
⭐️နောက်ဆုံးအဆင့်မှာတော့Collagen Boosting Hydrating Cream လေးကိုသုံးပေးရမှာဖြစ်ပါတယ်။သူကအစိုဓာတ်ပြည့်ပြည့်ဝဝပေးပြီး
အသားအရေကိုချောမွေ့စေတဲ့ Shea Butterပါဝင်တဲ့အပြင်100% Vegan Collagen
ပါဝင်တာမို့အသားအရေကိုတင်းတင်းလေးဖြစ်စေပြီး collagenထုတ်နှုန်းပိုတိုးပါတယ်နော်❤️
⭐️အကြိုက်ဆုံးကတော့သူ့ Textureပဲ..အရမ်းကြီးစေးကပ်ကပ်ကြီးမဖြစ်ပဲ ပေါ့ပေါ့ပါးပါးနဲ့အရမ်းမိုက်တယ်❤️အခုဆောင်းတွင်းနဲ့ဆိုကွက်စတိပဲ❤️
ကောင်လေးကပါကိုက်စားချင်စိတ်ပေါက်သွားမယ့် Shower gel.....🌚(Watch the video)🩷
Hello မတွေ့တာကြာပြီနော် ဘုံလည်းအလုပ်တစ်ဖက်နဲ့မို့ pageလေးကိုသိပ်မ runဖြစ်ဘူး..
ဒါပေမယ့်အရမ်းကောင်းတဲ့ shower gelလေးကို မပြောပဲမနေနိုင်တော့လို့🫢❤️
အဲ့ဒါကတော့ Vaslineကအသစ်ထုတ်ထားတဲ့ shower gelလေးပဲဖြစ်ပါတယ်…
⭐️သူလေးကစျေးကလည်း400mlကိုမှ-13000ပဲရှိတယ်(budget saving ကတော့ရှယ်ဘဲ)
⭐️ အရောင်သုံးမျိုးလာပြီး သုံးမျိုးလုံးမှာ Gluta 10xပါဝင်ပြီး Niacinamideလည်းပါတယ်။
(Niacinamideဆိုတာ အမဲစက် အမာရွတ်ပါးစေပါတယ်)
⭐️အနံ့လည်း Freshဖြစ်တယ် အမြုပ်ထွက်အားကတော့အသင့်အတင့်ပဲ..
⭐️ဘုံကတော့ဆောင်းတွင်းရောက်ပြီဆိုတော့အသားခြောက်တက်လို့ ခရမ်းရောင်လေးသုံးတာ အရမ်းထိမိဂွိပဲ💯(Scrub တိုက်ပီး moisture ပေးတဲ့ Shower Gel ကိုရှာနေတယ်ဆိုဒါလေးသုံးကြည့်နော်)
⭐️ကောင်လေးနဲ့သွားတွေ့ရင်ပြန်မလွှတ်ပဲဖြစ်သွားမယ်..😝
(Videoလေးကပုံရိုက်တာ sq နဲ့ portrait ရောသွားလို့sorryပါ)
03/05/2023
Lotion လိမ်းပြီးတာနဲ့ ကောင်လေးက ကိုက်စားချင်
မယ့် Lotion🍒…😝
🍒Vaseline Superfood Freshlook🍒
ဘုံတို့တွေခုတလော ရာသီဥတုကလည်းအရမ်းပူလာတော့ ဒီလို lotion အေးအေးလေးလိမ်းရင်
ပိုအဆင်ပြေတယ်🍑🍒
Vaseline ရဲ့ ဒီ Supervitamin Series ကို
tryချင်ခဲ့တာကြာပြီ..
အခု Cranberryလေးစသုံးကြည့်တာပေါ့နော်..
သူက သုံးမျိုးထွက်တယ်
🍒cranberry
🍑Peach
🍊Grapefruit ရယ်ဆိုပြီး သုံးမျိုးလာတယ်textureကတော့အတူတူပဲ..
🍒အကြိုက်ဆုံးကတော့လိမ်းလိုက်ရင်
သူ့ရဲ့ smellလေးပဲ 🤤
ဘုံကချိုအီတဲ့အနံ့လေးတွေကြိုက်တော့ Cranberry ရဲ့အနံ့လေးကချိုအီအီလေးနဲ့ဆွဲဆောင်မှုအရမ်းရှိတယ်လို့ခံစားရတယ်
🍒သူ့ရဲ့ Textureကလိမ်းလိုက်ရင်အေးအေးလေးနဲ့စိမ့်ဝင်သွားတဲ့ typeမျိုးလေးစေးကပ်တာမျိုးလည်း မရှိဘူး
🍒အနံ့လေးလဲတော်တော်လေးစွဲတယ် ဒါသုံးပြီးထဲက Perfumeတောင်မသုံးဖြစ်တော့တဲ့အထိပဲ
🍒သူကအသီးတွေရဲ့Extract ကရတဲ့
Vitamin Cထည့်ပေးထားလို့ရေရှည်စွဲသုံးရင်
အသားကြည်လာစေလာနိုင်တယ်
(ဘုံဆိုသုံးတာ တစ်ဘူးကုန်တော့မယ် အသားတော်တော်လေးကြည်လာတယ်)
Freshဖြစ်တာမျိုးကြိုက်တယ်ဆိုရင်တော့ Grapefruitနဲ့peachလေး tryသင့်ပါတယ်ရှင့်
-သတိထားရမှာက သူကserum typeဖြစ်တဲ့
အတွက်Scrub တိုက်ပြီးရင်တော့မသုံးသင့်ပါဘူးနော်
-Price ကလည်း1သောင်းဝန်းကျင်လောက်ပဲရှိတော့သုံးရတာအဆင်ပြေတယ်လို့ပြောလို့ရတယ်
Ps:ကောင်လေးရှိတဲ့သူတွေကတော့ cranberry အနံ့လေးကြောင့် အကိုက်ခံရတက်တယ်နော်😝
ကောင်လေးမရှိတဲ့သူတွေအတွင်လည်း cranberryလေးကြောင့် ဖြတ်သွားရင်းအငေးခံရနိုင်တယ်နော်😝😝
ဝယ်လို့မမှားမယ့် အနံ့ကတော့ Cranberry ပါပဲ 😝🍒
04/04/2023
Page လေးပြန်ရပါပြီရှင့်🥰..
Pageပျက်သွားတာ တော်တော်ကြာပြီ ပြန်ရတာ 1 weeks လောက်ပဲရှိပါသေးတယ်🥺
Btw reviewအစုံနဲ့ပြန်လာတာပါနော် ဒီတစ်ခါတော့🥰
မကြာခင် Activeပြန်ဖြစ်တော့မှာမို့တွေ့ကြမယ်နော်
#ပုံကမေ့နေ့မှာစိုးလို့ထည့်ထားတာ😛❤️
05/07/2022
မင်္ဂလာပါ cutieလေးတို့ Welcome back to Bone Bone blogs 🥳ဘုံက ဒီနေ့တော့Budget save ဖြစ်တဲ့ lotion ဖြစ်တဲ့ Mistine Bulgarian yogurt lotion ကို review လုပ်ပေးမှာပါနော်❤️
ဒီyogurt lotion ကOS တွေမှာဆို အရမ်းရောင်းကောင်းတဲ့ lotion ထဲမှာ ပါပါတယ်။ သူ့က ဆောင်းရာသီ အတွက်တင် မဟုတ်ပဲ ကျန်တဲ့ရာသီတွေမှာလည်း သုံးလို့ရတယ်နော် ပြီးတော့သူက ဒိန်ချဉ်ပါတော့ အသားအရေ ကို အစိုဓာတ်ရှယ်ပေးပါတယ်💯
⭐️သူ့ရဲ့ texture က ပျစ်တယ် ဒါပေမယ့် လိမ်းလိုက်ရင် အေးပြီး စိမ့်၀င်လွယ်တဲ့ပုံစံမျိူးပါ
⭐️ အနံ့ကလည်း သင်းသင်းလေးရယ်အရမ်းမိုက်တယ်။ whitening effect ပါတယ် ဆိုပေမယ့် သိသိသာသာကြီး ဖြူသွားတာမျိူးတော့မရှိဖူး ဖြူသွားတယ်ဆိုတာထက်သူက အသားကြည်လာတဲ့ type ပါနော်.. whitening effect ထက် moisturizing effect ပိုရတယ့် lotion မျိူးလေးပါ
⭐️ ရေချိုး scrub တိုက်ပြီး လိမ်းရင်
ပိုသိသာတယ်.....
အသားအရမ်းကြည်တယ်.....
နေလောင်တာတွေ ညစ်နေတာတွေသက်သာလာတယ်ဒါလေးသုံးရင်
⭐️ သူ့မှာ SPF & UV ကိုမကာပေးနိုင်တဲ့အတွက်ကြောင့် မနက်ပိုင်းထက် ညပိုင်းလိမ်းရင် ပိုကောင်းပါတယ်။
မနက်ပိုင်းသုံးချင်တယ်ဆိုရင်တော့ SPF & UV ပါတဲ့ lotion တစ်မျိူးနဲ့ တွဲလိမ်းလို့ရပါတယ်။ body scrub တိုက်ပြီးရင် လည်းသုံးလို့ရပါတယ်။ တခြားသော body serum တွေနဲ့လည်း တွဲသုံးလည်း ရပါတယ်..ဘုံကတော့ မနက်ဆို uv ပါတာနဲ့တွဲသုံးပြီး ညဆို Gluta serumလေးနဲ့တွဲသုံးပါတယ် 🥰 ညဘက်သုံးတာ ပိုပြီး resultsပိုသိသာတယ်လို့ခံစားရပါတယ်
⭐️ဘုံကတော့ 500mlဝယ်သုံးတယ်ပေါ့နော် စျေးကလည်း 7000ဝန်းကျင်ပဲရှိတယ် ဒါတောင်တချို့နေရာတွေမှာပိုသက်သာတယ်🫢🤫500ml ဆိုတော့ အကြိုက်သုံးပဲ❤️
⭐️ ကို့ကောင်လေးကတော့ သူ့နားကပ်ရင် ဒီ lotionအနံ့လေးကိုအရမ်းသဘောကျပါတယ်😝ဒါကြောင့် ကို့ကောင်လေးနားသွားချွဲတော့မယ်ဆို ဒါလေးဆောင်ထားဖို့လိုမယ်နော်😝
(နောက်နေ့မှာပြန်တွေ့ကြမယ်နော် လှပတဲ့နေ့ရက်လေးတွေမှာအလှပဆုံးဖြတ်သန်းနိုင်ကြပါစေ girlsတို့ရေ😘)
03/06/2022
မင်္ဂလာပါ cutieလေးတို့ Welcome back to Bone Bone blogs 🥰 ဘုံက ဒီနေ့တော့ ခြေထောက်အသားမာတက်တာတွေ ခြေထောက်အသားရောင်မညီတာတွေ လက်လေးတွေနေလောင်ထားတာတွေကို ဘ်ိုင်းဘိုင်း လုပ်လို့ရတဲ့ productလေးကို sharingလုပ်ပေးသွားမှာဖြစ်လို့ အဆုံးထိကြည့်ပေးပါအုံးနော်🥳
⭐️Hokkoki Baby Horse Milk Hand & Foot massage cream⭐️
ဘုံကအရင်ကခြေထောက်လေးက အသားလေးတွေကြမ်းပြီး ဖိနပ်စားထားတဲ့အသားမာတွေလဲတက်
Lotion တွေလိမ်းပေမဲ့လဲမသက်သာတာနဲ့
Hokkoki Baby လေးနာမည်ကြီးနေတာနဲ့ ရောင်းတဲ့အမတစ်ယောက်က reviewပေးလို့ဝယ်သုံးဖြစ်တာ ၁ဘူးတောင်မကုန်သေးဘူး
တော်တော်သိသိသာသာ သက်သာသွားတယ်
အရင်လိုခြေထောက်နုနုလေးပြန်ရလာတယ်🤍ခုဆိုသုံးနေတာ 3ဘူးမြောက်ပါရှင်🥰ပြီးတော့ covidထဲက ဘုံတို့တွေ hand gel တွေသုံးတော့လက်လေးကနုနုလေးမဖြစ်တော့ဘူးပေါ့နော် ဒါပေမဲ့ ဒီရဲ့ Hokkoki babyလေးကိုသုံးကြည့်တာ အသားလေးတွေပြန်နုလာတယ် ပီးတော့ကြည်ကြည်လေးပါ ဖြစ်လာတာ အပိုမပြောဘူးသိလား သုံးကြည့်ရင်ကိုယ်တိုင်သိလိမ့်မယ်🥺
⭐️အဓိကသူ့ကိုကြိုက်တာလေးက အနံ့လေးကအရမ်းမိုက်တယ် သင်းသင်းလေးနဲ့အရမ်းလည်းမပြင်းဘူး ဘုံဆိုကြိုက်လို့ lotionလိမ်းသလိုကိုလိမ်းတာ😂 ဘုံက သူ့ကို lotionတွေနဲ့တွဲလိမ်းတယ် မနက်1ခါ ည1ခါသုံးပါတယ်
⭐️ပြီးတော့ 1ဗူးမကုန်ခင်ကို သိသိသာသာလေးစိုစိုတင်းတင်းနုနုလေးဖြစ်လာတာ တကယ်ခံစားရပါတယ်
⭐️ essenceလေးနဲ့တွဲသုံးရင်ပိုပြီးမိုက်တယ်သူလေးက
Priceလေးကလည်း ဘုံဝယ်တာတော့ 100gကို 9000ဝန်ကျင်လောက်ပေးရတယ် အကြာကြီးသုံးရတယ်ကွာသိလား ❤️ဒါကြောင့်မို့ ခြေ/လက် ကလေးတွေ အိအိနုနုလေးဖြစ်ချင်တယ်ဆို ဒီရဲ့ Hokkoki baby creamလေးကို သုံးကြည့်ကြည့်ပါနော် resultsသိသိသာသာရလာပါလိမ့်မယ်နော်🥳
လက်လေးတွေနုအိနေတော့ ကိုယ့်ကောင်မလေး/ကောင်လေးကပါ အသဲယားပြီး ကိုက်ရင်တော့ ဘုံမသိဘူးနော်😝.ဒီနေ့အတွက်တော့ဒီလောက်ပါပဲရှင် ဘုံ့ရဲ့ cutieလေးတွေ လှပတဲ့နေ့ရက်တွေမှာ အလှပဆုံးဖြတ်သန်းနိုင်ကြပါစေရှင်😘
02/06/2022
ယောရောဘွန်း အာညော် 🥰 welcome back to Bone Bone blogs 🥳ဘုံတို့မတွေ့တာကြာပြီနော် ဘုံလည်းအလုပ်လေးတွေရှုပ်နေတာနဲ့ page လေးကိုပစ်ထားသလိုဖြစ်သွားပေမဲ့ အခုအသစ်အသစ်တွေနဲ့ပြန်လည်ရောက်ရှိလာတာပါရှင်👏
ဒီနေ့တော့ ဘုံကသုံးနေတာကြာပြီဖြစ်တဲ့ innisfreeရဲ့ clay mask အကြောင်းလေး ပြောပြပေးသွားမှာဖြစ်ပါတယ်🥰ဘုံကဒီclay maskလေးကို Whiteheads အတွက်ဆိုပီးစသုံးဖြစ်ခဲ့တာပါ။
သူကချွေးပေါက်အတွင်းပိုင်းထိ Deep cleansingလုပ်နိုင်တယ်လို့ပြောရမယ်
သူ့မှာ Exfoliate လုပ်ပေးနိုင်တဲ့ Lactic Acid ပါတယ်
Exfoliate က အရမ်းမပြင်းပါဘူး Clay ဖြစ်တာကြောင့် အဆီပြန်တာ သက်သာတယ် Detoxလုပ်ပေးတယ်။သူ့ကိုကြိုက်တဲ့အချက်လေးကတော့ သုံးလိုက်ရင် မျက်နှာနဲ့ ချွေးပေါက်တွေမှာရှိတဲ့ အဆီနဲ့ အညစ်အကြေးတွေကို စုပ်ယူသွားပြီး Skinက ပိုပြီး smooth & bright ဖြစ်တယ်ခံစားရတယ်💯ဒါကြောင့်မို့ ဒီ clay maskလေးကို sharingလုပ်ပေးချင်တာပါ..So ဒီ productလေးအကြောင်းဆက်သွားကြမယ်နော်❤️
⭐️Innisfree ထဲမှာ အသစ်ထွက်ထားတဲ့ volcanic calming pore clay mask ရှိပါသေးတယ်
-ဘုံကတော့ 30ml လေးကနေ စtryဖူးတယ်
ခုနောက်ပိုင်း sample ထုတ်လေးတွေလာလို့ ၁၀၀၀ကျပ်ထဲနဲ့ စမ်းကြည့်လို့ရပါတယ်နော်
⭐️သူကကျ AHA,PHA ပါတဲ့ အတွက် gentle exfoliate သဘောမျိုး mild peeling ပုံစံလေးဘက်သွားတာမို့သုံးပီးသွားရင်skinခြောက်ခြောက်ကြီးမကျန်ခဲ့ဘူး
⭐️safe for sensitive skin နဲ့ prone skin ပါ flaky skin ဖြစ်နေတာတို့ sebum တွေ blackheads တွေ pores clogged ဖြစ်တာတွေ သက်သာစေတယ် လုံးဝအရှင်းမရှိတော့တာ တော့ မဟုတ်ဘူးနော်စွဲသုံးရင်တော့သိသာပါတယ်ရှင့်
⭐️သူကingredient ဖြစ်တဲ့ madecassoside နဲ့ Korea နိုင်ငံ jeju island က carbonated hot spring water နဲ့ formulate ထားလို့ skin ကို soothing effect နဲ့ hydrating effect ရစေတယ် Skin irritation လဲမဖြစ်ဘူး
⭐️ဘုံကတော့ 10 minutes လောက်ထားပီး ရေဆေးချပါတယ်
⭐️စျေးက ဘုံက 30ml ကို1000ပါ 100mlဆိုရင်တော့21000ဝန်ကျင်ပါအကြာကြီးသုံးခံတာမို့ စိတ်ချလက်ချနဲ့သာ ဝယ်ပါနော်🥳
(ဒီနေ့အတွက်တော့ဒီလောက်ပါပဲရှင် နောက်နေ့တွေမှာ အသစ်လေးတွေနဲ့ထပ်လာခဲ့မယ်နော် ဘုံ့ရဲ့ cutieလေးတွေ လှပတဲ့နေ့ရက်တွေမှာအလှပဆုံးဖြတ်သန်းနိုင်ကြပါစေနော်)
21/04/2022
ယောရောဘွန်း အာညော်🥰Bone Bone blogs ကနေပြန်လည်ကြိုဆိုလိုက်ပါ🥳 ဘုံ့ ရဲ့the last post အပြီးဘာ review မှမတင်တာကြာသွားတဲ့အတွက်မီးယာနဲ❤️ ဘုံ productလေးတစ်ခု သေချာ tryနေလို့ကြာသွားတာပါ...so ဒီ productလေးအကြောင်းသွားကြမယ်နော် 🧖🏻♀️ ဘုံ့ကို ခုတလော Budget saving ဖြစ်တဲ့ဟာလေးတွေလာမေးတာတွေရှိတာမို့ ဒီ productလေးကလည်း budget savingဖြစ်တဲ့အပြင် သုံးရတဲ့ qualityကလည်းမိုက်တာမို့ sharingလုပ်ပေးလိုက်ပါတယ်နော်🌸
X Cute Me HairTreatment🧖🏻♀️
——————————————
X Cute Me ဆိုတဲ့ brand လေး review တွေများလို့ သိပီးသားဖြစ်မှာပါနော် ။ဘုံ က cosmeticတွေမှာရင်း အမတစ်ယောက်ကညွှန်းလေး အစိမ်းလေးကနေစသုံးဖြစ်ခဲ့တာ….သူက အရောင် (3)ရောင်နဲ့လာတယ် အစိမ်းရယ်/အပန်းရယ်/လိမ္မော်လေးရယ် ..ဘုံကတော့(3)ရောင်လုံး သုံးကြည့်ပြီးပြီ ..အက်ထဲမှာ ဘုံနဲ့အကိုက်ညီဆုံးကတော့ လိမ္မော်ရောင်လေးကပိုအဆင်ပြေတယ် ဘုံကဆံပင်အရမ်းကျွတ်တာမို့ ကိုင်လိုက်တာနဲ့ကိုအထွေးလိုက်ကျွတ်ခဲ့တာ ။ခုတော့ လိမ္မော်လေး သုံး ပြီး 1ပတ်အကြာမှာသိသိသာသာကိုဆံပင်အကျွတ်နဲသွားခဲ့တယ်❤️
⭐️ဒီ treatmentလေးကို First Impression အနေနဲ့ သဘောကျတာကတော့သူ့ရဲ့အနံ့လေးပါ✨သူ့အနံ့က အရမ်းကောင်းတယ် ပြောရရင် luxury ဆန်တယ်လို့ပြောလို့ရတယ်💯
⭐️ ပြီးတော့ treatmentလေးကပျစ်ပျစ်ခဲခဲလေး၊ အိအိလေးနဲ့ မိုက်တယ် ။သုံးပြီးလို့ ရေဆေးချလိုက်ရင်အိအိစင်းစင်းလေနဲ့ ဘုံက 15 min လောက်ထားပြီးမှရေဆေးချပါတယ်
⭐️ဘုံကတော့ ဆံပင်ကျွတ်တဲ့အဖွဲ့ကမို့ vatika က အနက်ရောင် shampooလေးနဲ့ x cute me က
လိမ္မော်ရောင် treatmentလေးနဲ့တွဲသုံးတယ် ( vatika oilကတော့ အရင်ကသုံးတာ အဖုတ်လိုက်ကျွတ်တဲ့အဖွဲ့ထဲရောက်သွားလို့ဆက်မသုံးပါဘူး🥲)
⭐️ price ကလည်း 450ml ကို6900 ဆိုတော့ တန်တယ်ကွာသိလား results ကကောင်းတာမို့
(ဒါနဲ့ခုချိန်ဝယ်ရင်ပိုတန်တယ် Promotion ရှိလို့ Buy 1 Get 1ရတယ်😋 ဘုံလည်းသွားဝယ်pp 😂❤️
⭐️နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ Treatmentကောင်းကောင်းလေးလည်းသုံးချင်ပြီး budget savingဖြစ်ချင်တယ်ဆိုရင်တော့ x cute me treatmentလေးကိုသုံးကြည့်ပါ သုံးပြီးရင်နောက်ဆို x cute meမှ x cute meဖြစ်နေမယ် ဘုံ့လို😝❤️
💓အပန်းလေးကတော့ ဆံသားကိုရေဓာတ်ဖြည့်ပေးတာကြောင့် moistureကောင်းကောင်းရတယ်🌸
💚အစိမ်းလေးကကျတော့ ပျက်ဆီးနေတဲ့ဆံသားတွေအတွက်ကောင်းပြီးတော့ ဆံပင်နှစ်ခွဖြစ်တာတွေသက်သာတယ် 🫧
🧡လိမ္မော်လေးကတော့ ဆံပင်ကျွတ်တာအတွက် လုံးဝကောင်းပါတယ်💯
(ဒါကြောင့်မို့ treatment ပြောင်းသုံးချင်ပြီး budget saving ဖြစ်ချင်တယ်ဆိုရင်တော့ ဒါလေးကို ပြောင်းသုံးကြည့်ကြပါနော်😘 ဘုံ့ရဲ့ cutieလေးတွေလှပတဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေရှင်🥳
16/04/2022
အာညော် ယောရောဘွန်း🥰Bone Bone blogs ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်…ဘုံက ဒီနေ့တော့ cleaning oil လေးကို sharingလုပ်ပေးမှာဖြစ်ပါတယ်🥳 ဒါလေးမစခင် ဘုံ တို့က skin careမလုပ်ခင် double cleaningလုပ်ပေးသင့်ပါတယ်နော်💯
ဘုံကအရင်ကCleansing Oil ထက် Micellar Water ပိုသုံးဖြစ်တယ်cleaning oil ကိုတခါမှမသုံးဖြစ်ဘူးပေါ့နော်..Cleansing Water ကုန်တော့မှာမို့မှာရင်းနဲ့ အမတစ်ယောက်ကဒါလေးညွှန်းတာမို့ သုံးကြည့်မယ်ပေါ့ဆိုပြီး မှာလိုက်ရင်း သုံးဖြစ်သွားတာ…
ဘူးကတော့ ပိစိလေးနဲ့ 5000 အစပိုင်းတော့နဲနဲနှမျောမိပေမဲ့ သုံးကြည့်ပြီးတော့ကြိုက်သွားတာမို့ ပိစိလေးဆိုပေမဲ့ resultsကြောင့်တန်ပါတယ် ပြီးတော့Cleansing Oil တွေက တခြားဟာတွေထက်ပိုပြီး Gentle ဖြစ်တယ်အသားနီမြန်းတာ ဆားဝက်ခြံတွေကအစသက်သာတယ်။Budget တော့နည်းနည်းလေး ပိုပေမဲ့ Skin Type တိုင်းနဲ့ သင့်တော်တာမို့ သုံးကြည့်သင့်ပါတယ်နော်..
So productလေးအကြောင်းဆက်သွားကြမယ်နော်
⭐️သူက JoJoBa Oil Sunflower Seed Oil , Olive Fruit Oil,Sweet Almond Oil တွေပါ၀င်တာမို့သုံးပြီးရင်ခြောက်ခြောက်ကြီး မကျန်ခဲ့ဘဲ Moisturizing & Softening လုပ်ပေးနိုင်တယ် (jojoba oil ကAntioxident ကြွယ်၀စေပါတယ်)
⭐️ ဒါလေးသုံးပြီးရင် ဆားဝက်ခြံတွေကအစ ပါလာတာတွေ့ရတယ် ပြီးတော့အသားနီမြန်းတာသက်သာပြီး အသားစိုစိုလေးဖြစ်တယ်🥰
⭐️အနံ့လေးကတော့ သင်းသင်းလေးမို့ ဘုံကတော့ကြိုက်တယ်
⭐️ Grape Seed Oilလည်းပါတာမို့ Wound Healingဖြစ်စေတယ်
⭐️All skin typesလည်းအသုံးပြုလို့ရပါတယ်
အသုံးပြုပုံ
——————
ဘုံကတော့ သူကို double cleaningလုပ်တဲ့အခါ cleaning oilနဲ့အရင်မျက်နှာတစ်ခုလုံးကို messageလုပ်ပေးတယ် ခနကြာမှCotton Pad နဲ့ သုပ်လိုက်တယ် ပြီးရင် micellar waterသုံးတယ် အက်ဒါတွေပြီးမှ မျက်နှာသစ်ဆေးနဲ့မျက်နှာသစ်တယ်🌸ပြီးတော့ ဒါသုံးပြီးရင် အသားလေးကအိအိလေးနဲ့ brightဖြစ်တယ်လို့ခံစားရတယ် သုံးပီးလို့ cotton padနဲ့သုတ်လိုက်ရင် blackheadတွေပါလာတာ တွေ့ရတယ် ..(pad နဲ့မသုံးလည်းရတယ်နော်)
🫒 ဒီcelimax oil လေးက 20ml mini size ဆိုပေမဲ့အရမ်းမသေးပါဘူးနော် ဘုံ ကတော့ 3လလောက်အထိသုံးလို့ရတယ်..ဒါကြောင့်မို့ cleaning oil စမ်းသုံးဖို့စဉ်းစားနေတယ်ဆိုရင်ဒါလေးကို tryကြည့်ပါနော်🥰 ဒါဆို ဘုံ့ရဲ့ cutieလေးတွေ နေ့ရက်တိုင်းမှာ ပိုလှပကြပါစေရှင်🌸နောက်ရက်မှာပြန်ဆုံကြမယ်နော် တာ့တာ
Click here to claim your Sponsored Listing.