Houm_Beauty Story
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Houm_Beauty Story, Beauty, cosmetic & personal care, YaeHtwatOo Road, Taunggyi.
ရှူဆေးကိုဘယ်လောက်ကြိုက်လဲ
31/03/2024
🩸📌
အမျိုးသမီးတွေ period ဖြစ်ချိန် အကျိုးရှိစေမယ့်အလုပ်
*****************************************************
အကြောင်းကို သိသလောက်လေးမျှဝေပေးပါမယ်
အမျိုးသမီးတွေမှာ
Menstruations Phase (Days 1-7)
Follicular Phase (Days 7-12)
Ovulation Phase (Days 12-17)
Luteal Phase (Days 18-28) ဆိုပြီး phase 4 ခုရှိတယ်။
Menstruations Phase က
အမျိုးသမီးတွေအတွက် အရေးကြီးဆုံးအချိန် လို့
ပြောလို့ရတယ်။ ကြာချိန်က တစ်ယောက်နဲ့တစ်ယောက်
မတူဘူး ။ယေဘူယျအားဖြင့် 5 days long ပေါ့။
ခန္ဓာကိုယ်ထဲကနေ သွေးလဲတာဖြစ်တဲ့အတွက်ကြောင့် Energy အားဖြင့်ရော၊ ခန္ဓာကိုယ်အားဖြင့်ပါ
အားနည်းတဲ့ အချိန်ဖြစ်တယ်။
ပြောရရင်တော့
Energy အားနည်းပြီး Feminine intuition က အမြင့်
ရောက်နေတဲ့အချိန် ဖြစ်တာကြောင့် သူ့တစ်ယောက်
တည်းနေတာတောင် စိတ်ကဆိုးချင်နေပြီဆို တော့
(မိသားစုတွေ၊ သူငယ်ချင်း၊ချစ်သူ၊အိမ်ထောင်ဖက်အနေ
နဲ့ သတိထားရမယ့် အချိန်ပါပဲ ☺️)
ဆီလိန်တို့
ကိုယ်တိုင်ကျတော့ ဒီအချိန်က ပညာရှိတစ်ယောက်ဖြစ်နေတာပဲ.....
------------------------------------------------------------------------------------
အဲ့တော့ ရှောင်သင့်တာလေးကို စပြောပါမယ်❌
❌Social Media သုံးတာ တတ်နိုင်ဆုံးရှောင်ပါ။
(ဘာလို့လဲ ဆိုတော့ Social media ပေါ်မြင်နေရတဲ့ negative ဆန်တဲ့အရာ သွားကြည့်မိရင် စိတ်အခြေအနေ
ပိုဆိုးသွားစေနိုင်တာကြောင့်ပါ)
❌လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ခြင်း ရှောင်ပါ။
❌အစားအသောက်ကို အေးတဲ့အစားအစာ နဲ့ ဖန်တာရှောင်ပါ။
❌ရေအေးချိုးတာ ရှောင်ပါ
(ရေနွေးနွေးလေးနဲ့ ချိုးလို့ရပါတယ်)
_________________________________________________
ကဲအရေးကြီးဆုံး နဲ့အလုပ်သင့်ဆုံးအရာကို ပြောပါမယ်
✅slow down လုပ်ပြီး ကိုယ့်ရဲ့အတွင်းစိတ်ကို ကြည့်ရမယ့်အချိန်ဖြစ်တယ်။ intuition အားကောင်းနေတဲ့အချိန်မှာ ကိုယ့်ရဲ့အတွင်းထဲက ဘာဖြစ်နေတာလဲ သိဖို့
ဥပမာ-
ကိုယ်က အကြောင်းရင်းမရှိ တစ်ခုခုကို စိတ်တိုတာ၊စိတ်ဆိုးတာ ဖြစ်တဲ့အခါမှာ ဘာမေးခွန်းမှ ကိုယ့်ကို
မမေးပဲ journaling လုပ်ပါ။
(Journaling လုပ်တယ်ဆိုတာ ကိုယ့်ရဲ့စိတ်ထဲ ဖြစ်သမျှ
ကိစ္စတွေအကုန်လုံးကို ဘာမှမတွေးပဲ ရေးချခြင်း ကိုဆိုလိုတယ်)
✅ဒုတိယ ကိုယ်ရေးထားတာ ပြန်ဖတ်ပြီး reflective
ပြန်လုပ်ကြည့်ခြင်းပါ။
ကိုယ်က လူတစ်ယောက်ကို ကြည့်မရနေတဲ့အခါမှာ
ဘာကြောင့် အဲ့လူကို ကြည့်မရတာလဲ ?
ကိုယ်မကြိုက်တဲ့ ကိုယ့်ပုံစံက သူ့ဆီမှာ မြင်နေရလို့လား ?
ကိုယ့်ရဲ့ အတွင်းနက်နက်ထဲက ကိုယ်မမြင်ချင်လို့ ဖုံးဖိထားတဲ့ ကိုယ့်ရဲ့ dark side ကို သူကပြနေလို့လား ?
ဆိုတာ ရဲရဲပြန်ကြည့်ပြီး let's go meditation လုပ်ပြီးကိုယ့်ရဲ့ inner self ကို growth ဖြစ်အောင် လုပ်ပါ။
✅ပြောရရင်
ဒီအချိန်က ကိုယ့်ရဲ့စိတ်ကို triggers အဖြစ်စေဆုံးအချိန်ပဲ။ဒါကြောင့် တခြားပြင်ပက အလုပ်တွေထက် ကိုယ့်ရဲ့
Self-Care ကို focus လုပ်ရမယ့်အချိန် နဲ့ inner shifts လုပ်သင့်ဆုံးအချိန်ပါပဲ။
✅Goals setting ချတာနဲ့ ကိုယ့်ရဲ့ပန်းတိုင်ကို ပြန်လည်
အကဲဖြတ်တာတွေ လုပ်လို့ကောင်းတဲ့အချိန်ပါ။
✅နောက်phase အတွက် နည်းဗျူဟာဆွဲတာတွေ၊intentions ချထားတာတွေ လုပ်လို့ရတယ်။
✅ကိုယ်လုပ်ထားတဲ့ အလုပ်တွေပြန်လည်ဆန်းစစ်ကြည့်တာမျိုး လုပ်လို့ရတယ်။
✅ကိုယ့်ရဲ့ intuition ကိုနားထောင်ပြီးသူလုပ်ချင်တဲ့အရာကိုလုပ်တာမျိုးလုပ်ပါ။ ခန္ဓာကိုယ်က နားချင်တယ်ဆိုရင်
နားပေးပါ။ ပုံမှန်ထက် ပိုအိပ်ချင်တာတွေဖြစ်ရင် အိပ်လိုက်ပါ။ကိုယ့်ရဲ့ body ကို ညင်သာပါ။feminine ဆန်ဆန်ဝတ်တာမျိုးတွေ လှလှပပနေချင်လား နေလိုက်ပါ။
✅အစားအစာကတော့ carrot, cucumber,beets, banana and kiwi 🥝တွေစားပေးနိုင်ရင် ပိုကောင်းတယ်။
အစေ့အဆန်ကတော့ ဖရုံစေ့ နဲ့ flax seed တွေကောင်းတယ်။
✅အနားယူတာမျိုး၊ နေ့လယ်နေ့ခင်း တရေးအိပ်တာမျိုး
နားပေးပါ။
အမျိုးသမီးတွေအနေနဲ့က ကိုယ့်ရဲ့ phase အလိုက် အလုပ်လုပ်တတ်သွားနိုင်ရင် ပိုကောင်းတဲ့ ရလဒ်ဆီကို
ခေါ်ဆောင်ပေးသွားနိုင်ပါလိမ့်မယ် ✨🍀🤎
With Unconditional Love 🍀🤎
Hsilurn (CH)✨🍀
P.s အမ AY ပြောတာကြားဖူးပြီးထပ်ပြီးလေ့လာထားတာလေးကို အကျယ်ချဲ့မျှဝေပေးထားခြင်းဖြစ်ပါတယ်။
18/03/2024
လောကကြီးကို မျက်မှန်တပ်ပြီး ဘောင်ခတ်ကာမကြည့်မိပါစေနဲ့
သူ့ဘေးနားက အလှတရားကို မမြင်နိုင်ပဲ
ဖြစ်သွားမယ်
P.S သွားတိုက်ပြီး အိပ်ဖို့လည်း မမေ့နဲ့နော် 😝
စျေးသည်ပီပီ စျေးလည်းရောင်းဦးမှလေ 🤣
ဈေးထဲမှ ကိုယ်ဝ်ဘယ်နှစ်လ လဲဟုမေးခံရသောအခါ 🥴
13/03/2024
ငါပြိုလဲကြည့်ပြီးပြီ။
ဘယ်သူမှ ငါ့ကို အဖက်မလုပ်ကြဘူး။
ဒါကြောင့် ငါ့ကိုယ်ငါပြန်ဆွဲထူရတယ်။
12/03/2024
Healthy Living
ကို ပိုပြီးဦးစားပေးဖြစ်လာတဲ့နှစ်လို့ ပြောရမယ်✅
အမြဲကျန်းမာနေမှ အမြဲချမ်းသာသုခခံစားရမယ်
မျက်လုံးအရေးအကြောင်းကင်းစင်ဖို့
Eyecream မှန်မှန်ကန်ကန် လိမ်းနည်း လေးတင်ပေးလိုက်ပါတယ်
video
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Telephone
Website
Address
Taunggyi