Šeint Vera Health15

Šeint Vera Health15

Share

Health&Beauty,skincare Knowledges

Photos from Šeint Vera Health15's post 12/02/2025

🫵သင် ဘယ်အရွယ်ကစပြီးဒီရောဂါဖြစ်ဖူးတာလဲ?🤔🤔🤔
အများစုအဖြစ်များတာလဲ အမျိူးသမီးတွေတဲ့😮🙊
🌲နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေရတဲ့နေ့စဉ်ဘဝမှာ စိတ်နှောက်ယှက်ဖြစ်ဆံုးနဲ့ဆိုးရွားခံစားနေတာမျိူးက
👉!ခေါင်းကိုက်ခြင်း!👈
☝️ကစတာပါ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းအမျိူးမျိူးရှိပါတယ်👇
၁။အခြေခံခေါင်းကိုက်ခြင်း(primary headaches)ဦးနှောက်နဲ့ အာရုံကြောစနစ်ရဲ့ တုံ့ပြန်မှုကြောင့်ဖြစ်လာခြင်းဖြစ်တဲ့ အခြေခံခေါင်းကိုက်ခြင်းတွေကတော့👇




ိုတဲ့
headaches
-စိတ်ဖိစီးမှု၊ပင်ပန်းနွမ်းနယ်မှု၊ကြောတက်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း
headaches
-ဟိုမုန်းပြောင်းလဲ၊အစားသောက်၊အိပ်ရေးပျက်ခြင်း၊ပျိူ့အန်ခြင်းဖြစ်၍ ခေါင်းတခြမ်းကိုက်ခြင်း
headaches
-နှာခေါင်းနဲ့မျက်နှာရိုးများအတွင်းရှိလေအိတ်ငယ်များရောင်ရမ်းခြင်းကြောင့်ဖြစ်လာတဲ့‌ ဝေဒနာ တစ်ခု(ဥပမာ-နှာရည်ယို၊နှာပိတ်ခြင်း)ကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း
headaches
-မျက်လုံး၊မျက်စိအာရုံကြော အားနည်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ ခေါင်းကိုက်ခြင်း
headaches
-ဆေးဝါးများစွဲလန်းမှုကြောင့်ဖြစ်ရသောခေါင်းကိုက်ခြင်းတို့ပဲဖြစ်ပါတယ်ရှင့်💁
!ခေါင်းကိုက်ခြင်း အကြောင်းရင်းများ!🙋
-သွေးတွင်းသကြားဓါတ်လျော့နည်းတာ
-ရေဓါတ်ဆုံးရှုံးတာ
-အရက်၊ဘီယာများသောက်သုံးထားတာ
-ကဖင်းဓါတ်ပါသော အစာသောက်များကိုအများကြီးစားသုံးမိတာ
-ဖုန်း၊ကွန်ပြုတာအသုံးများတာ
-အိပ်ချိန်မမှန်၍အိပ်ရေးမဝတာ
-ရာသီဥတုပူလွန်း၊အေးလွန်းတာ
-အနံ့ခပ်ပြင်းပြင်းတွေရှုမိတာ
-ကြေကျက်ခဲတဲ့အစားစာတွေစားတာ
-သွေးတိုးတာ
-ဝမ်းချူပ်တာ
-မျက်စိအာရုံကြောနဲ့ပတ်သက်ပြီးရောဂါရှိနေတာစတဲ့ အကြောင်းရင်းအမျိူးမျိူးထဲမှာ သင်ဘယ်လိုအချက်တွေရှိနေလဲ?
!ဆောင်ရန်၊ရှောင်ရန်!🙅💁
-အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ
-ရေများများသောက်ပါ
-‌အိပ်ရေးဝဝသောက်ပါ
-စိတ်ဖိစီးမှုကိုထိန်းချူပ်ပါ
-နို့နဲ့နို့ထွက်ပစ္စည်းများရှောင်ပါ
-အရက်၊ဘီယာ၊လက်ဖက်ရည်၊စီးကရက်၊ကော်ဖီရှောင်ပါ
!ဆရာဝန်နှင့်ကုသမှုခံယူသင့်သောအချိန်!💊
-အသက်(၅၀)ကျော်မှ ပထမဆုံးကြိမ်ခေါင်းကိုက်ခြင်း
-လှုပ်ရှားတိုင်းခေါင်းကိုက်နေခြင်း
-နေ့စဉ် ခေါင်းကိုက်ပြီး တစ်နေ့တခြားပိုဆိုးလာခြင်း
-ခေါင်းကိုက်ပြီး တက်ကြွမှုမရှိခြင်း
-ရက်ဆက်ပြီး နစ်ရက်ထက်ကျော်လွန်ခေါင်းကိုက်ခြင်း
-ဆေးသောက်ပြီးမသက်သာခြင်း
-အမြင်ဝေဝါးခြင်းနဲ့မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာပါက💥
#သင့်ရဲ့ခေါင်းကိုက်ခြင်းကို ဆေးဝါးမသုံးစွဲပဲ ကုစားနိုင်တဲ့နည်းလမ်းများစွာရှိပါတယ်💁
#နီးစပ်ရာသိကျွမ်းနားလည်တဲ့ ဆရာဝန်၊ဆရာမများနဲ့တိုင်ပင် သင့်ပါတယ်ရှင့်🙂
#ခေါင်းကိုက်ခြင်းဝေဒနာအမျိူးမျိူးတွက် သိလိုသူ များ အကျိူးရှိပါစေရှင့်🙏🙏🙏


by seint

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Website

Address

Taunggyi