magic shop
love
စွဲလမ်းမှုဟာ ဘယ်လောက်အထိလဲမမေးနဲ့။
ကိုယ်သင်းရနံ့လေး ပျောက်မှာစိုးလို့ ရှင်နဲ့ထိတွေ့
ထားသမျှကို ဘီရိုထဲ ခပ်ဖွဖွသိမ်းခဲ့ဖူးတယ်။
အခွင့်မရှိကာမှ ပြန်လွမ်းနေရမှာစိုးလို့
အဲ့လက်တစ်စုံကို အမြဲဆုပ်ကိုင်ထားတတ်တာလဲ
ရှင်အသိပဲ။
တန်ဖိုးကြီးမှအဖိုးတန်တာမဟုတ်ဘူး။
ကိုယ်ကတော့ ရှင်ခွံကျွေးတဲ့ ထမင်းတလုတ်စာကိုပဲ
ပိုမက်မောတယ်။
လွမ်းတိုင်း ဓာတ်ပုံလေးခိုးနမ်းခဲ့တာပါလို့ ပြောရင် ကလေးဆန်လိုက်တာလို့ လှောင်ဦးမယ်မလား။
ကိုယ်က ရှင်နဲ့ပတ်သက်လာရင် မုန့်တထုပ်ကအစ
တယုတယသိမ်းထားတတ်တဲ့ မိန်းကလေးပဲ။
ဒါဟာအချစ်ကိုရူးသွပ်ခြင်းလား၊ရှင့်ကို ရူးသွပ်ခြင်းလားကိုယ်မသိဘူး။သေချာတာတော့ ဒီခံစားချက်မျိုး ရှင်ကလွဲလို့ ဘယ်သူကမှလဲ မပေးနိုင်ဘူး။
အရုပ်တွေကိုတောင် စောင်ခြုံပေးတတ်တဲ့ကောင်မလေး
က ရှင့်အပေါ် နွေးထွေးတယ်ဆိုတာ ငြင်းနိုင်စရာမရှိ။
အမျိုးမျိုးသော စိတ်လုံခြုံမှုတွေပေးပြီး ချစ်ဖို့ပဲ
အာသီသရှိပါတယ်။ဒါကို ဆံစလေး လက်နဲ့သပ်တင်ပေးတိုင်း ရှင်ခံစားမိမှာပါ။
မျက်ဝန်းတွေကိုလဲ ရှင်သိသားနဲ့။
မခွဲနိုင်တော့တာယုံ။ကျွန်မက တကယ်မခွဲနိုင်တော့ဘူးဆို အဲ့ဒါသိပ်ကို ပိုင်ဆိုင်ချင်လို့ပဲ။
အကြောတင်းတဲ့ မိန်းကလေးကလဲ ရှင့်အတွက် အရာရာဖြစ်ပေးဖို့ ခခယယရှိတာမို့ အပြန်အလှန်အားဖြင့်လဲ
ကိုယ့်ကိုပဲလိုအပ်နေစေချင်တယ်ကွယ်။
အဲ့သည်လောက်ပါပဲ။
ငါ့ဘ၀ရဲ့နောင်တအရဆုံးအရာဟာ
မထိုက်တန်တဲ့သူကို
ကိုယ့်အမြတ်နိုးဆုံး
နာမ်စားနဲ့ခေါ်မိတာဘဲ🥴
ကိုယ့်ရဲ့အကျင့်ဆိုးတွေ dark side တွေနဲ့သူ့ကိုပြုမူတိုင်း အမြဲ စိတ်ရှည်ပြီ သည်းခံပေးတယ်❤
ကိုယ်က မကောင်းမှန်းသိတယ် ပြင်မရဘူးဖြစ်နေတယ်လို့ပြောတိုင်း..
သူစိတ်အေးစွာပြောရှာတယ် အချိန်တွေ အခြေနေတွေအရ ပြောင်းလဲသွားပါလိမ့်မယ် အလျင်မလိုပါနဲ့ အဆင်ပြေသွားမှာပါတဲ့❤
ကိုယ်က စောဒကတက်မေးကြည့်သေးတယ် မပြင်နိုင်ခဲ့ရင်ကော အဆင်မပြေဘူးမလား.မေးတော့...
ရတာေပါ့ဗျာ ကိုယ့်ပုံစံအတိုင်းသက်သောင့်သက်သာလွတ်လပ်စွာနေပါ မင်းကိုချစ်တဲ့သူတွေက မင်းဘယ်လိုပုံစံဖြစ်ဖြစ်ချစ်ပေးနေမှာတဲ့ အာ့ထဲမှာတော့...
မောင်က ထိပ်ဆုံးကပါတာပေါ့တဲ့❤🌚
လူတယောက်ချစ်ပုံကျတော့......
တလောကလုံးမှန်နေပါစေအုံး မင်းမျက်နှာကြည့်ပြီပဲ ကိုယ်မှားတယ် မှန်တယ် ဆုံးဖြတ်ချက်ချမယ့်ဆိုတဲ့ လူတမျိုး❣
လူတမျိုးချစ်ပုံကျတော့....
မင်းမှားရင် ကိုယ်အမှန်ပြင်ပြီ မင်းနောက်နောင်အမှားကိုအမှန်မထင်စေချင်ဘူးဆိုတဲ့ လူတမျိုး❣
လူတွေကကိုယ့်စိတ်တိုင်းကျကိုအကုန်လိုက်လုပ်ပေးတဲ့သူကို အချစ်စစ်လို့ထင်သလို တချို့လူတွေကျတော့လည်း ကိုယ့်ကိုလမ်းမှန်ပြပေးလို့ အချစ်စစ်လို့ ထင်ကြတယ်❣
တကယ်တော့ ..
တယောက်နဲ့တယောက်ချစ်ပုံမတူညီတာနဲ့ အချစ်ခံရပုံနည်းမတူညီတာပါပဲ❣❣
အိပ်မက်တွေပဲ စျေးကြီးတာမဟုတ်ဘူး
အချစ်တွေလည်း စျေးကြီးတယ်၊
"လူရွေးမှားရင်ပေါ့"
📬🌻
zaw
ဘာအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်
ရွေးချယ်ဖို့ အဆင်မပြေလို့ ချန်ရစ်ခဲ့တဲ့အခါ
အသာတကြည်ပဲ နေခဲ့လိုက်ပါ ။
ချစ်ခြင်းမေတ္တာဟာ
အတင်းကြိုးစားယူလို့ရတဲ့အရာမှ မဟုတ်တာ
ကိုယ်တို့..ချစ်ရတဲ့သူတွေကို
သူတို့ ချစ်တဲ့သူတွေအနားမှာပဲ ပျော်ပါစေ.. ။
- ရိပ်ငြိမ်
လူရွေးမှန်သွားပြီဆိုတဲ့အဖွဲ့နှင့်
လူရွေးမှားနေတုန်းဆိုတဲ့အဖွဲ့တွေ
ကိုယ်ကတော့ တဖွဲ့ထဲမှာမှမပါသေးဘူး..
ဘာလို့ဆို
ကိုယ့်က လူရွေးမှန်တယ်☺
ကိုယ့်ကို ရွေးတဲ့သူပဲမှားတာ😂😅🤣
shop
အသေးအဖွဲလေးတွေကြောင့်ပဲ ချစ်ရသလို
ဘာမဟုတ်တဲ့ အဲ့ဒီ့အသေးအဖွဲလေးတွေကြောင့်ပဲ နာကျင်ရပြန်ပါတယ်။
📬🌻
လူတိုင်းက မပြီးပြည့်စုံနိုင်ပါဘူး❤
တယောက်ကိုတယောက်...
အားသာချက် အားနည်းချက်တွေကို မျှဝေနားလည်ပေးရင် ချစ်ခင် ပေါင်းဖက်ကြတာပါ❣
အားသာချက်တွေ အတွက်ပြောစရာသိပ်မတွေ့ပင်မဲ့..
အားနည်းချက် မှာတော့ အမျိုးမျိုးရှိပြန်တယ်...
လူတွေ သတ်မှတ်ထားတဲ့လူ့စည်း လူ့ပတ်ဝန်းကျင် ၊ဉပဒေ ဘောင်တွေ လက် မခံနိုင်တဲ့ အားနည်းချက် မျိုးလည်းတွေ့ဖူးတယ်။
လူတိုင်း အားနည်းချက်ကိုယ်စီရှိကြတယ်ဆို တာလက်ခံတယ် လူအသိုင်းဝိုင်းက လက် မခံနိုင်တဲ့ အားနည်းချက်တော့ မဖြစ်စေနဲ့ပေါ့❣
(မိသားစုပြိုပျက်ရတာတို့၊ မူးယစ်စေသော အရာတွေသုံးပြုတာတို့...)
shop
အတိတ်က ကျွန်မကိုအရမ်းချစ်ခဲ့သူတယောက်💔
ခင်ဗျားက ကျွန်တော်အတွက်တော့ နားလည်ရအခက်ဆုံး လူတယောက်ပါ။
ကျွန်မကိုယ်တောင်ကျွန်မ နားမလည်နိုင်တဲ့စိတ်အခြေနေကို နားလည်ပေးခဲ့သူတယောက်။
ကျွန်မအတွက်ဆို တလောကလုံးဂရုမစိုက်စွာ ကျောခိုင်းခဲ့တဲ့သူ။
ကျွန်မအမှားလုပ်မိတဲ့အခါတိုင်း အော်ငေါက်ဖို့ထက် ပြသနာကိုဖြေရှင်းဖို့ပဲကြိုးစားခဲ့သူ။
ကျွန်မ တောင်းဆိုစရာမလိုအောင် အမြဲအရိပ်တကြည့်ကြည့်ဂရုစိုက်ပေးခဲ့သူ။
ကျွန်မ ဘဝမှာ ပြောဆို အမူအရာ ဆိုးသမျှကို သည်းခံနိုင်သူတယောက် မှ မရှိခဲ့တာတောင် သူကတော့...
ကျွန်မအတွက်အံ့အားသင့်စရာကောင်းလောက်အောင် သည်းခံနိုင်သူပါ။
သူ့အတွက်ဆိုတာ ဝေး.. မိသားစုနဲ့ယှဥ်လာရင်တောင် ကျွန်မကိုပဲ ဦးစားပေးသူတယောက်....မလိမ်ပါဘူး ကျွန်မ တကယ်...
အာ့လိုလူမျိူး ကို ဘဝမှာ ပထမဆုံးတွေ့ဖူးခဲ့သော တယောက်သောသူ ဖြစ်မယ်
ကျွန်မနဲ့ ပတ်သတ်လာရင် ယောကျာ်း တန်မဲ့ မျက်ရည်လွယ်လင့်တကူ ကျတတ်တဲ့သူဖြစ်သွားပြန်တယ်။
ကျွန်မစကားတိုင်းကို အမြဲကတိတည်ပြီ တာဝန်ယူပေးတတ်သောသူ။
ကျွန်မနှင့်ပတ်သက်လာရင် ပတ်ဝန်းကျင်မှာ စကားအမှားမခံနိုင်လောက်အောင် တန်ဖိုးထားချစ်ပေးခဲ့သူ တယောက်။
သူဟာ သူ့မိသားစု သူ့ပတ်ဝန်းကျင်က မရင့်ကျက်တဲ့သူတယောက်လို့ ပြောကျပင်မဲ့....
သူက ကျွန်မအတွက်ဆို နည်းနည်းလေးတောင်အမှားမခံ နိုင်လောက်အောင် ချစ်ပြပေးခဲ့သူ တယောက်ပါ။
အချစ်ဆိုတာ နားလည်မှု ၊မျှတမှု ၊လေးစားမှု၊ ပိုင်ဆိုင်မှု၊ ပေးဆပ်မှု အမျိုးမျိုး လူတွေ အဓိပ္ပါယ် ဖွင့်ကြတယ်
သူကတော့.....
ကျွန်မအဖို့ အချစ်ဆိုတာဘာလဲလို့ကို ခေါင်းစဉ် တပ်စရာမရှိလောက်အောင် ချစ်ပေးခဲ့သူတယောက်ပါ။
ကျွန်မနဲ့ချစ်ခဲ့စဥ် တလျှောက် ကျွန်မကိုနည်းနည်းလေးတောင် ငြိုငြင်မှုမရှိ စိတ်ပျက်ကြောင်း ပါးစပ်ကမပြောနဲ့ အမူအရာနဲ့တောင် မပြခဲ့သူတယောက်ပါ။
ကျွန်မကို နောက်ဆုံးတိုင်အောင် လက် မလွှတ်ဖို့ အမျိုးမျိုး တောင်းဆိုခဲ့သူတယောက်။
ကျွန်မအာ့လို လူကိုလမ်းခွဲခဲ့တယ်...မချစ်ေတာ့ဘူး ၊အိမ်ကသဘောမကျလို့ဆိုတဲ့အကြောင်းပြချက်ပေါ့... ရူးကြောင်ကြောင်နဲ့တကိုယ်ကောင်းဆန်တဲ့မိန်းမတယောက်ပေါ့..
တကယ်တော့...
ကျွန်မသူ့ကို မချစ်တော့တာလား မချစ်ခဲ့တာလား အာ့လိုအကြောင်းပြချက်ဆိုပိုမှန်မယ်။
ကျွန်မအတွက်တော့ သူ့အချစ်တေွနဲ့ အမှတ်တရတွေဖန်တီးပေးခဲ့တဲ့ အမြဲကျေးဇူးတင်မိနေမဲ့ အမျိုးသားတယောက်ပါ👱
shop
ကျွန်မအတွက်နဲ့လည်း ရှင့်ပုံစံပြောင်းလဲဖို့မလိုသလို ကျွန်မလည်း ရှင့်အကြိုက် မပြောင်းလဲနိုင်ဘူး ။
ဘာလို့လဲဆိုတော့
ကျွန်မ နားလည်ထားတဲ့အချစ်က တယောက်နဲ့တယောက်သက်သောင့်သက်သာ လွတ်လပ်စွာနဲ့ ချစ်ခြင်းပဲ။
နားလည်ပေးနိုင်တဲ့အတိုင်းတာ အလွန်ထိတော့ ရှင့်ကို ကျွန်မနားလည်ပေးမှာပါ။
နားလည်မှုကုန်ဆုံးစွာ မချစ်တော့တဲ့ တနေ့တော့ ရှင်ကိုလည်းထွက်သွားခွင့်ပြုသလို ကျွန်မကိုလည်း ရှင့်ဘဝထဲထွက်သွားခွင့်ပေးပါ။
shop
ကိုယ်အရမ်းချစ်ရတဲ့သူနဲ့လည်းတွေ့ဖူးပြီးသွားပြီ။
ကိုယ့်ကိုအရမ်းချစ်တဲ့သူနဲ့လည်းတွေ့ဆုံခဲ့ပြီးပြီ။
မင်းနဲ့ တော့အချစ်တွေထပ်တူကျပါရစေ။
မင်းကတော့ ယခုကော နောင် အနာဂတ်ေကာ ငါ့ဘဝထဲပါဝင်စေချင်တဲ့ နောက်ဆုံးအချစ်နဲ့ တယောက်သောသူပါ❣
shop
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Taunggyi
AYETHARYAR