Lae yee mon
ဘာရှာလဲ�
20/01/2026
ဒို့ကတော့ ဆန့်ကျင်ဘက်🙂↔️
သိဖို့
16/01/2026
မပျောါတော့ဘူး
မေးပေးအုန်း
ဆေးကုလို့မရတဲ့ ဒဏ်ရာ
✅စကားလုံးတွေမှာ အလေးချိန် ရှိတယ်။
✅စကားလုံးတွေမှာ အစွမ်းသတ္တိ ရှိတယ်။
ဓားနဲ့ ထိုးလိုက်ရင် ခန္ဓာကိုယ်မှာပဲ အမာရွတ်ကျန်ခဲ့မှာပါ။
စကားနဲ့ ထိုးနှက်လိုက်ရင်တော့ နှလုံးသားထဲမှာ တစ်သက်လုံး အမာရွတ်ကျန်သွားလိမ့်မယ်။
ကိုယ့်ရဲ့ စကားလုံးတွေက သူတစ်ပါးကို အားပေးတဲ့ လက်နက်ဖြစ်ပါစေ၊ နာကျင်စေတဲ့ လက်နက် မဖြစ်ပါစေနဲ့။"
ဓားဒဏ်ရာက ဆေးထည့်ရင် ပျောက်နိုင်ပေမဲ့... စကားလုံးကြောင့်ရတဲ့ ဒဏ်ရာကတော့ ဆေးကုလို့မရဘူး။
ဓားသွားက အသားကိုပဲ နာကျင်စေတာပါ။ စကားလုံးကတော့ လူတစ်ယောက်ရဲ့ 'စိတ်ဓာတ်' ကို သတ်ပစ်နိုင်သလို၊ 'ဂုဏ်သိက္ခာ' ကိုလည်း အပိုင်းပိုင်း ဖြတ်တောက်ပစ်နိုင်တယ်။
ဒါကြောင့် ကိုယ့်ရဲ့ စကားတစ်ခွန်းက သူတစ်ပါးအတွက် အဆိပ်မဖြစ်ပါစေနဲ့။
မပြောခင် ခဏလောက် စဉ်းစားပေးတာဟာ အကောင်းဆုံး မေတ္တာပါပဲ။
#ချစ်တဲ့ဖူး 🐻🤎
ကိုယ့်နာကျင်မှု
အတိမ်အနက်ကို
ကိုယ်ကိုယ်တိုင်ပဲ သိခဲ့ရသလို
ကိုယ်ကိယ်တိုင်ပဲ ကုခဲ့ရတာပါ
ကျွန်မမှာ စာနာသူ မဲ့တယ်လေ
စာနာပါတယ်ပြောပြီး
နာကျင်စရာတွေ ထပ်ပေးမယ့်
လူတွေရှိတယ်
နာကျင်နေလားမေးပြီး
အနာကို တုတ်နဲ့ထိုးမယ်
လူတွေရှိတယ်
ကျွန်မဘ၀မှာ
ကျွန်မသာ လူနာ
ကျွန်မသာ ဒေါက်တာပါ ။
#သျှင်ယွန်း
ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း📝
==============
လူတချို့နဲ့ ကိစ္စတချို့ကို မေ့လိုက်ပါ။
မှားနေတဲ့ မျော်လင့်ချက်တွေ မထားမိစေနဲ့။
ချစ်ခြင်း မေတ္တာမှာလည်း ငတုံး မဖြစ်စေနဲ့။
ကိုယ့်နှလုံးသားကို သေခြာစောင့်ရှောက်ပါ။
လူတိုင်းကို ယုံကြည်မှုတွေ မလွန်ကဲစေနဲ့
တစ်ခုခုဆို အားနာတတ်တဲ့ အကျင့်ကိုပြင်ပါ။
ကိုယ့်ကိုယ်ကိုယ် သန်မာအောင် ကြိုးစားပါ။
စိတ်ရော ကိုယ်ပါ ကျန်းမာအောင် ဂရုစိုက်ပါ။
ဘဝ ကို ကိုယ့်ပုံစံတိုင်း ဆက်လျှောက်လှမ်းပါ။
ဘယ်သူ့ကြောင့်မှ ခေါင်းအရှုပ် မခံပါနဲ့။
ကိုယ့်ကိုယ်ကိုယ်သာ မျော်လင့်ပါ အားကိုးပါ။
လောကဓံ လှိုင်းတွေကို ရင်ဆိုင်ဖို့ သတ္တိ မွေးပါ။
သူများ ဘဝတွေကို သွားမနှောင့်ယှက် ပါနဲ့
အကျိုးမရှိတဲ့ ကိစ္စတွေနဲ့ အချိန်မဖြုန်းပါနဲ့။
ဘဝမှာ မတန်တာတွေ အများကြီးရှိတယ်"
ဒါကြောင့် မို့ ~~
နွေ ၊ မိုး ၊ ဆောင်း ၊ ပြောင်းလဲ သွားတိုင်း
ကျန်းကျန်းမာမာ ရှိအောင် သေချာဂရုစိုက်ပါ။
အဓိက"က တော့ ~~~
ဘယ်သူတွေ ကိုယ့်ကို ချစ်ချစ် မ ချစ်ချစ်။
ကိုယ့်တန်ဖိုးကို ကိုယ်တိုင် မြင်အောင်ကြည့်ပါ။
ကိုယ့်ပျော့ညံ့ချက်ကို မျက်ရည်နဲ့ ထုတ်မပြနဲ့။
ကိုယ့်အပေါ်ကိုယ် ပြန်ကောင်းဖို့ မမေ့ပါနဲ့။
ဘဝ တစ်သက်တာလုံး မှာ
ကိုယ့်ကိုယ်ကိုယ် ကာကွယ် စောင့်ရှောင့်ရင်း
လုပ်စရာရှိတာကို အာရုံစိုက် လုပ်ဆောင်နေပါ။
အသိတရားတွေ ရင့်ကျက်အောင် သင်ယူပါ။
အသိတရား ရင့်ကျက်လာတဲ့ နောက်ပိုင်းမှာ
နောင်တ ကင်းတဲ့ ဘဝကို ပိုင်ဆိုင်ရ ပါတယ်"
ဘဝ ဆိုတာ ရန်မရှာဖို့နဲ့ သန်မာဖို့ပါ။
#မေတ္တာဖြင့်
Crd
10/01/2026
ပေးတဲ့လက်ပဲ ဖြစ်ချင်တဲ့ လူမျိုးပါ။
တစ်ခုခုဆို ငါဘာလုပ်ပေးနိုင်လဲ
ဆိုတာပဲ တွေးပြီး လုပ်ပေးနိုင်တာဆို
လုပ်ပေးလိုက်တယ်။
လူတစ်ဦးကို ချစ်တာပဲဖြစ်ဖြစ်
ခင်မင်တာပဲဖြစ်ဖြစ် သူတို့ဆီကနေ
ငါဘာရမလဲဆိုတဲ့ စိတ်မျိုး မရှိဘူး။
ငါ့ဖက်က ဘာပေးနိုင်မလဲဆိုတာပဲ
စဉ်းစားပါတယ်။
မိသားစုမှာဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေး
မှာဖြစ်ဖြစ် သူတို့လိုအပ်လာချိန် ငါဘာ
ကူညီပေးနိုင်မလဲပဲ အမြဲတွေးထားတယ်။
ကူညီပြီးရင် တစ်ဖက်လူဆီက ဘာပြန်ရမလဲလို့
မမျှော်လင့်တတ်ဘူး။
ငါအကောင်းဆုံး ကူညီပေးလိုက်နိုင်တယ်။
တစ်ဖက်မှာလည်း အဆင်ပြေသွားတယ် ဆိုရင်
ရပါပြီ ။ ကိုယ့်စေတနာကို အသိအမှတ်ပြုခြင်း၊
မပြုခြင်းတွေ ၊ ကိုယ်မတွေးဘူး ။ အဓိက က ကိုယ်သည်
စေတနာသန့်သန့်နဲ့ ဖြူစင်သော မေတ္တာများဖြင့်သာ
ကူညီပေးကမ်းနိုင်ဖို့ကိုပဲ အမြဲရှေးရှုထားသည်။
ပေးကမ်းနိုင်သော လက်တစ်စုံအဖြစ်နဲ့
အမြဲကြိုးစားရှင်သန်နေပါမယ်။
Click here to claim your Sponsored Listing.