Nway Moe Saung
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nway Moe Saung, Health/Beauty, Khapaung Natsingone, Taungoo.
28/10/2024
ဒီနေကွေ့သယိုရပါတယ်ရှင်😋
30/08/2024
အထောင်းမှာပါဝင်တဲ့ပစ္စည်းစျေးက
တစ်မျိုးတစ်လေမဟုတ်ပဲ
အားလုံးတက်နေတာကြာပါပြီ
စျေးမတက်ပဲထိန်းရောင်းခဲ့ပါတယ်
ခုလက်ရှိ အရင်စျေးနဲ့ရောင်းလို့
အဆင်မပြေတော့တဲ့အတွက်
စျေးအနည်းငယ်တက်ပါမယ်ရှင်
အားပေးကြတဲ့၇ရက်းသမီးများအားလုံး ကပ်၃ပါးမှကင်းဝေးကြပါစေရှင်🙏
ချဥ်ငံစပ်အထောင်းကောင်းကောင်းလေးသုံးဆောင်ချင်လျှင် ``နွေမိုးဆောင်´´ကိုလှမ်းခဲ့ပါရှင်👩🍳
13/07/2024
အိုးအမျိုးမျိုး
#
13/07/2024
မနေ့က ဗီယက်နမ်ဆိုင်မှာ ကြာဇံသုပ် သွားဝယ်တော့ ဆိုင်ရှင် ဗီယက်နမ် အမျိုးသမီးက ငရုတ်ဆီအပို ထပ်ထည့်မလား လို့ မေးတယ်။ ကြည့်ရတာ ဥရောပသားတွေ အတွက် သိပ်မစပ်အောင် ပြင်ဆင်ထားပုံ ရပါတယ်။ ကိုယ့်လို အာရှသားက ပိုစပ်တာ ကြိုက်မလားပေါ့။ ကိုယ်ကလည်း အစပ်မစားနိုင်တော့ ထပ်မထည့်ဖို့ တားလိုက်တယ်။ စားကြည့်တော့ အနေတော်ပါပဲ။
အာရှသားတွေ အစပ်ပိုစားနိုင်တာ မှန်ပေမဲ့ တကယ်တော့ ငရုတ်သီးဟာ ဥရောပ ကို အရင်ရောက်ခဲ့တာပါ။ ငရုတ်သီးသမိုင်း ကလည်း အဆန်းသား။ တကယ်တော့ ၁၆ရာစု မတိုင်ခင်မှာ အာရှတိုက်မှ ငရုတ်သီး မရှိခဲ့ပါဘူး။ ငရုတ်သီးရဲ့ မူရင်းဒေသက တောင်အမေရိက ပါ။ ပီရူး၊ ဘိုလီဗီးယား ဒေသတွေမှာ သဘာဝအတိုင်း စတင်တွေ့ရတယ် လို့ ဆိုပါတယ်။ သုတေသနတွေအရ မက်ဆီကိုဒေသမှာ လွန်ခဲ့တဲ့ နှစ်၆၀၀၀လောက်က ပထမဆုံး စတင်စိုက်ပျိုးပြီး သုံးဆောင်ကြတယ်တဲ့။
အဲဒီကနေမှ တဆင့် ၁၅ရာစုမှာ ခရစ်တိုဘာကိုလန်ဘတ် (Christopher Columbus) က ဥရောပကို မျိုးစေ့ယူလာခဲ့တယ်။ အဲဒီတုန်းက ဥရောပမှာ အစားအသောက်မှာ ပူအောင်ထည့်လို့ရတာ ဆိုလို့ ငရုတ်ကောင်း (black pepper) ပဲ ရှိတယ်။ ဒါကြောင့်လည်း ငရုတ်သီးကို Chilli pepper လို့ စခေါ်ခဲ့တာ။ ဒါပေမဲ့ ငရုတ်သီးက ပူတဲ့နေရာမှာပဲ စိုက်လို့ ရတော့ ဥရောပ တခုလုံး စိုက်လို့ မရဘူး။ နေသာတဲ့ စပိန်၊ ပေါ်တူဂီလို နေရာတွေမှာပဲ စိုက်လို့ အောင်မြင်တယ်။ ဒီတော့ စပိန်တွေ၊ပေါ်တူဂီတွေက ငရုတ်သီး စစားကြတယ်။
၁၆ရာစု ရောက်တော့ စပိန်၊ ပေါ်တူဂီ ကုန်သည်တွေက ရေကြောင်းကနေ အာရှကို ရောက်လာတယ်။ အထူးသဖြင့် ပေါ်တူဂီတွေက အာရှမှ ကိုလိုနီနယ်တွေ စထောင်လာတယ်။ အိန္ဒိယက ဂိုယာ၊ သီရိလင်္ကာ၊ မလကာ စတဲ့ နယ်တွေမှာ အခြေချတယ်။ ပြောရရင် မြန်မာပြည်ကိုလည်း ငရုတ်သီးယူလာတာ ပေါ်တူဂီ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ စပိန်နဲ့ ပေါ်တူဂီက အပြိုင် ရေကြောင်း ကုန်ကူးကြရင်းနဲ့ ငရုတ်သီးဟာ အာရှတိုက်မှာ ပြန့်သွားတာပါ။ ၁၆ရာစုထက်စောပြီးတော့ အာရှတိုက်မှာ ငရုတ်သီး မစားတတ်ကြသေး၊ မရှိသေးလို့ သုတေသီတွေက ဆိုပါတယ်။
စဥ်းစားစရာက အဲဒီ ၁၆ရာစုမတိုင်ခင်က မြန်မာပြည်က ဟင်းတွေ ဘယ်လိုအရသာနေမလဲ လို့။ ပေါ်တူဂီ ငဇင်ကာ တို့ မြန်မာပြည် ရောက်တော့ ညောင်ရမ်းခေတ် ဖြစ်နေပြီ။ ပုဂံ၊ အင်းဝ၊ တောင်ငူခေတ်တွေမှာ အစပ်မစားရင် ဘာစားကြလဲ။ ပုဂံနောက်ဆုံး မင်းဆက် နရသီဟပတေ့က ဟင်းခွက်သုံးရာနဲ့ ပွဲတော် တည်လေ့ ရှိတယ် ဆိုတော့ ဘယ်လိုတွေများ ချက်ကျွေးကြသလဲ။ အချို၊ အကြော်တွေပဲ ဆိုရင်တော့ ဘယ်ဟန်ပါ့မလဲ။
တခု ရှိတာကတော့ ငရုတ်သီး မရှိသေးပေမဲ့ ငရုတ်ကောင်းတော့ ရှိမှာပါ။ စီချွမ်ငရုတ်ကောင်း လို ပူစပ်တဲ့ ငရုတ်ကောင်းတွေ သုံးပြီး ဟင်းချက်ကြမယ် ထင်ပါတယ်။ မြန်မာ့ရာဇဝင်မှာလည်း အစားအသောက်အကြောင်း ရေးထားတာ သိပ်မတွေ့မိဘူး။ ကိုယ်မလေ့လာမိတာလည်း ပါပါတယ်။ ဒီတော့ ရှေးမြန်မာပြည်သားတွေ ဘာတွေ စားကြသလဲ ဆိုတာက ပဟေဠိ ဆန်တယ်။ သေချာတာကတော့ အနော်ရထာ၊ ကျန်စစ်သား ငရုတ်သီး မစားဖူးဘူး ဆိုတာပါပဲ။
_______________________
AKMoe 2024/07/12
(ပုံကတော့ မြန်မာပြည်က ငရုတ်သီးပုံ ကို ကူးယူဖော်ပြပါတယ်။)
#
08/07/2024
ဓါတ်ဆားထုပ်ဝယ်မရတဲ့အခါ၊ ဈေးအလွန်အကျွံတင်ရောင်းကြလို့ ဝယ်ဖို့ခက်ခဲတဲ့အခါ သုံးဖို့ပါ။
ဓာတ်ဆားဖျော်ရည်ပြုလုပ်နည်း
၁။ ကျိုချက်အအေးခံထားတဲ့ ရေကျက်အေး တစ်လီတာ (1 litre of boiled water)
၂။ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တစ်ဝက် (half level teaspoon of salt)
၃။ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်း (6 level teaspoons of sugar)
ကျိုချက်အအေးခံထားတဲ့ ရေကျက်အေး တစ်လီတာထဲသို့ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းကိုထည့်ပါ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ကိုထပ်ထည့်ပါ။ ကောင်းစွာ ပျော်သွားသည့်အထိဖျော်ပါ။
မှတ်ချက်။ ။ ဖျော်ထားပြီးတဲ့ ဓါတ်ဆားရည်ကို ၂၄နာရီအတွင်း ကုန်အောင် သောက်သုံးပါ။ ဒီဓါတ်ဆားဖျော်ရည် ပြုလုပ်နည်းကို ဓါတ်ဆားထုပ်ဝယ်ယူဖို့ ခက်ခဲတဲ့နေရာဒေသများအတွက် သာသုံးသင့်ပါသည်။ (ဓါတ်ဆားထုပ်ထဲပါဝင်ပစ္စည်းများ sodium chloride, potassium chloride, trisodium citrate and glucose)
#မည်သူမဆိုကော်ပီယူနိုင်ပါသည်။
23/06/2024
ချဥ်ငံစပ်စားချင်နေသူများဆိုင်ဖွင့်ပါတယ်ရှင်👩🍳
ဆိုင်ဖွင့်ပါပြီရှင်👩🍳
အထောင်းဆိုင်နေ့တိုင်းဖွင့်ပါတယ်နော် လိုင်းမကောင်းလို့
page နဲ့ fb မှာ မရေးဖြစ်တာပါရှင်👩🍳
11/05/2024
ချစ်မိတ်ဆွေတို့ရေ ဆိုင်ဖွင့်ပါတယ်ရှင်👩🍳
ချစ်မိတ်ဆွေတို့ရေ ဆိုင်ဖွင့်ပါတယ်ရှင်👩🍳
😋Spicy မာလာအကင်သုပ် Menu အသစ်လေးပါရှင်👩🍳
တစ်ပွဲ-2500 ကျပ်
10/05/2024
ချစ်မိတ်ဆွေတို့ရေ ဆိုင်ဖွင့်ပါတယ်ရှင်👩🍳
Click here to claim your Sponsored Listing.
Category
Website
Address
Taungoo
80201