JULY's collections

JULY's collections

Share

Local brand and Handmade ပစ္စည်းများရရှိနိုင်သည်

Photos from JULY's collections's post 19/07/2021

ဒါလေး က local brand လေးပါ နော် 🙆‍♀️

စျေးသက်သာပြီး သဘာဝပစ္စည်းစစ်စစ်ဖြစ်တဲ့ ကင်ပွန်းမှုန့် လေး ရပါပြီ ❤️180g ပါတာကိုမှ 3000ကျပ်နဲ့ Scrub တိုက်လို့ ရပြီနော် ရှယ်တန်ပဲ 😍

ကင်ပွန်းသီးမှုန့်၏အကျိုးအာနိသင်များ❤️

အမာရွတ်တွေကိုလဲသက်သာစေတယ်တံတောင်ဆစ်တို့ အဆစ်တွေ ည်ိုမဲတာကိုပွတ်တိုက်လ်ိမ်းပေးရင် နဂိုအသားရေနဲ့ပြန်လည်ညီမျှစေပါတယ် ❤️

အသားကြမ်း အသားပတ် သက်သာစေတယ် ချွေးပုတ်တွေ ကင်းပီးအသားအရည်ကြည်လာစေပါတယ်

ကင်ပွန်းသီး မစစ်ရင် သူံးလို့အဆင်မပြေဘူး အရောအနှောတွေပါရင် အရေပြားယားတတ်တာမို့ လုံးဝ စိတ်ချရတဲ့ပစ္စည်း စစ်စစ်မို့စိတ်ချလက်ချ အားပေးပါနော် ❤️

ကင်ပွန်းသီးမှုန့်အသုံးပြုနည်း

ရေချိုးပီးဆပ်ပြာမတိုက်ခင်လည်ပင်းမှခြေဖျားထိအမှုန့်လေးအား၃မိနစ်ခန့်လိမ်းပေးပီးရေပြန်ဆေးချပေးပါ ပီးလျှင်သုံးနေကျshowerပြန်သုံးပေးလို့ရပါတယ် (showerသုံးပီးမှတိုက်ပေးလည်းရ)
အသား အရည်လေးချောမွေ့သွားခြင်းကိုခံစားရမှာပါ 🥰

Scrubတိုက်ပြီးရင်တော့ moisturizer များများပါတဲ့ lotionပြန်လိမ်းပေးရပါမယ်နော် ❣️

မှာယူလိုပါက 09456625995 ကိုး ဖုန်းဆက်မှာယူနိုက်ပါသည်

17/07/2021

မင်မင်giveway လေးတွေပေးဖို့ရှိပါတယ် pageကိုlikeလုပ်ထားပေးနော်💛
သတင်းဖုံးသွားရင်တောင်းပန်ပါတယ်နော်❣️

Photos from JULY's collections's post 16/07/2021

Packaging ဆက်စပ်ပစ္စည်းများကိုလည်း စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးနေပါပြီ..

Newspaper packing paper (အညိုစာသား) - 350ks

Osလုပ်သူလေးတွေဝယ်ထားသင့်တယ်နော် packing သပ်သပ်ရပ်ရပ်လေးတွေ ထုပ်ပိုးပေးလို့ရတယ်နော်

ဆီစိမ်စက္ကူ -150ks

Tag ကြိုး အဝိုင်း/ဒေါင့် 10ခု-500ks

အောက် မှာပြထားသလို Packing ဘူးလေးတွေထုပ်ပိုးနိုင်ပါတယ်

Scrunchiesဘူးလေးတွေ မှာယူနိုင်ပါတယ်

60gsm paper-300ks
250gsm paper-500ks
#ဂျပ်ဖာစက္ကူပုံး #ဂျပ်ဖာ #ဂျက်ဖာ #စက္ကူပုံး #စက္ကူဘုံး

16/07/2021

မင်မင် Giveway လေးတွေပေးဖို့ရှိပါတယ် နော်💛

Photos from JULY's collections's post 15/07/2021

2000ks ကနေစပြီ boxလှလှလေးလက်ဆောင်ပေးလို့ရပါပြီနော်🧡

ကြိုက်တဲ့အရောင်လေးတွေ ပြပြီး orderတင်လို့ရပါတယ်

ပုံအောက် မှာစျေးလေးတွေပါတယ်နော်

Photos from JULY's collections's post 07/07/2021

Hello မင်မင်ဒီ pageလေးကနေပြီးတော့ packing ထုပ်ဖို့တွက် brown paper လေးတွေ paper bagလေးတွေ packing တွက် accessories လေးတွေ sticker လှလှလေးတွေကိုရောင်းပေးသွားမယ်နော်😘
cb or 0945662599သို့ဆက်သွယ်ပေးပါ💛

Photos from JULY's collections's post 07/07/2021

အုန်းဆံကြိုးလေးတွေလည်းရပါတယ်နော်

အသေးက တစ်လုံးကို ၂၁၀၀ပါ
အကြီးကတော့ ၂၃၀၀ပါ
cb or 09456625995ကိုဆက်သွယ်ပါ

Photos from JULY's collections's post 07/07/2021

thank you sticker

အကြီးဆိုဒ် 1.5 လက်မလေးတွေလိုချင်တယ်ဆိုတဲ့သူတွေအတွက်..

price-3000 kyats
500 ပါပါတယ်ရှင့်

ရန်ကုန်မြို့တွင်းနဲ့ ကားဂိတ်ချဆိုရင် ၃ရက်အတွင်းပို့ဆောင်ပေးပြီး
မန္တလေး နေပြည်တော်နှင့် မြို့ပေါင်း ၈၀ကျော်သို့လည်း အိမ်အရောက်ပို့ပေးပါတယ်ရှင့်

Photos from JULY's collections's post 07/07/2021

#မိုင်းကိုင်စက္ကူ လို့ လူသိများတဲ့ ရှမ်းစက္ကူ

ပင်ရင်းထုတ်လုပ်တဲ့ ဆီကတိုက်ရိုက်ကနေ မှာထားတာမို့ အရေအသွေးကောင်းပြီး ချိုသာတဲ့ ဈေးနှုန်းနဲ့ လက်လီလက်ကားရနိုင်ပါတယ်ရှင်

ပန်း၊ သစ်ရွက် အစစ်တွေနဲ့ လုပ်ထားပြီး ၁၀၀ရာခိုင်နှုန်း လက်နဲ့လုပ်တာဖြစ်တဲ့အတွက် ပန်းခြောက်လေးတွေရဲ့ အနံ့ကလည်း သင်းသင်းလေးနဲ့ မွှေးပြီး မြင်လိုက်တာနဲ့ သဘာ၀ဆန်ပြီးထူးခြားဆန်းသစ်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။

လက်‌ဆောင်ပစ္စည်း၊ ဟန်းမိတ် ပစ္စည်း၊ အ၀တ်အထည်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ထုပ်ပိုးမှုအတွက် အထူးလိုက်ဖက်ပါတယ်။

သဘာ၀နည်းအတိုင်းပြုလုပ်ထားတာကြောင့် ပတ်၀န်းကျင် ထိခိုက်မှုလျော့နည်းစေတဲ့ Eco friendly product ဖြစ်ပါတယ်။

သဘာ၀ကို နှစ်သက်သော နိုင်ငံခြားသားများ အထူးကြိုက်နှစ်သက် မြန်မ့ာထုတ်ကုန်စစ်စစ်လည်း ဖြစ်ပါတယ်။

မိမိတို့ရဲ့ ကုန်ပစ္စည်း ထုပ်ပိုးမှု အတွက်ဖြစ်‌စေ၊ ပြည်တွင်းကုန်ကြမ်းသုံး တန်ဖိုးမြှင့် ပစ္စည်းထုတ်လုပ်ဖို့အတွက်ဖြစ်စေ ရှမ်းစက္ကူများကို မိရိုးရာမှာ ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

🍀ပြောင် ( Plain paper)
🌼ပန်းဒီဇိုင်း (Flower pattern) ဆိုပြီး ၂မျိုးရနိုင်ပါတယ်။

Size 20"×22"

Plain 1500/-(10 sheets)
Pattern 900/- per sheet

50, 100,500 ဈေး အစားစားရှိပါတယ်
လက်ကားဈေး CB ကနေ စုံစမ်းနိုင်ပါတယ်

#ပြည်တွင်းဖြစ်ကိုအားပေးပါ။

ရှမ်းစက္ကူ အကြောင်းကိုလည်း လေ့လာဖတ်ရှုနိုင်အောင်တင်ပေးထားပါတယ်

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

*ရှမ်းစက္ကူအကြောင်းတစ်စေ့တစ်စောင်း*

ရှမ်းစက္ကူ (ခ) မိုင်းကိုင်စက္ကူ (Saa Paper) သည် ရှေးပဝေသနီ ကတည်းက ရှမ်းပြည်နယ်၏ အဓိကထုတ်ကုန်တစ်ခုဖြစ်ခဲ့သည်။ ကမ္ဘာ့စက္ကူသမိုင်းအရ AD ( 1 ) ရာစုကတည်းက တရုတ်ပြည်မှ ဆင်းသက်လာ သောစက္ကူ ပြုလုပ်သည့်နည်းသည် မြန်မာနိုင်ငံ အတွင်းရှိ ဂုံရှမ်းတိုင်းရင်းသားများထံ သို့စတင်ရောက်လာခဲ့ကာ ရှမ်းတိုင်းရင်းသားတို့၏ ဘာသာရေး စာပေယဉ်ကျေးမှု တို့တွင် အရေးပါ၍တွင်ကျယ်စွာ အသုံးပြုခဲ့သော ပစ္စည်း ဖြစ်ခဲ့သည်။

ရှမ်းလို
စေ့=စက္ကူ

ဆာ=ပိုက်ဆံလျော်

စေ့ဆာ ဆိုပိုပြီး အသံထွက်

နီးစပ် ပါတယ်

မြန်မာလို ခေါ် တာတော့

မိုင်းကိုင်စက္ကူ (သို့)မှိုင်းခံစက္ကူ

လို့ခေါ်ကြပါတယ်....

ရှမ်းစက္ကူ ပြုလုပ်ပုံမှာ ရှမ်းလို ဆာ ဟုခေါ်သော
( Broussonetia Papyrifera (L.) Vent ) အပင်တစ်မျိုး၏ အခေါက်ကို ဓားဖြင့်ခွာရေဆေးခြင်းဖြင့် ဖြူသော အတွင်းပိုင်းအလွာကို ရယူသည်။ ထိုဆာဖြူ များကို နေအိမ်အမိုး များအောက် တွင် (၄) ရက်ခန့်ထားကာ အခြောက်ခံရသည်။ ထိုသို့ခြောက်သွေ့လျှင် ထုံးနှင့် ပြာတို့ကို ရေနှင့်ရောကာ (၂ ) နာရီခန့်မီးပြင်းတိုက်၍ ပြုတ်ရသည်။ ထို့နောက်ပြုတ်အိုးမှ ထုတ်ယူပြီး တုတ်၊ တူစသည် တို့ဖြင့် ကြေညက် အောင်ထု ထောင်းရသည်။ ထိုပျော့ဖတ်ကို ရေနှင့် သမအောင်ရောပြီး မွှေတံဖြင့်မွှေကာ ဘောင်ကွပ်ထားသော ခြင်ထောင်စတပ် ဖရိန်တွင် ပြန့်အောင် လောင်းထည့်ပေးရသည်။ ထိုဖရိန်ကို နေပူထုတ်လှန်း ကာ နာရီအနည်းငယ်တွင် ခြောက်သွေ့ လျှင် ယောင်းမကဲ့သို့ အတံတစ်မျိုးဖြင့် ခွာယူကာ ရှမ်းစက္ကူများ ရရှိသည်။

ရှမ်းစက္ကူသည် အရုပ်များပြုလုပ်ခြင်း၊ ကျောက်စာကူးယူခြင်းတို့တွင် အသုံးပြုရသောပစ္စည်းဖြစ်သည်။ ရှမ်းစက္ကူသည် အက်ဆစ်ကင်းပြီး သိပ်သည်းကျစ်လစ်မှုအား ကောင်းလွန်းသဖြင့် အလေးချိန် ကြီးကြီးမားမား ကိုခံနိုင်သောကြောင့် မီးပုံးပျံပြုလုပ်ရာတွင် အဓိက ထားအသုံးပြု ရသည်။ ရှမ်းစက္ကူသည် ရေစုတ်အားကောင်း သဖြင့် ဆေးထည့်လျှင်ဘေးသို့ပြန့်နှံ့လွယ် သည်။ ပုရပိုက်ပြုလုပ် ရာတွင် အောက်ခံဆေးဦးစွာ ထည့်ရသည်။ ကင်ပွန်းစေ့ ၊ အင်တွဲ၊ ဖယောင်း၊ ကညင်ဆီ၊ ထုံးဖြူတို့ကိုရောစပ်ကာ ဂုံညင်းဖြင့် ဖိပွတ်ခြင်းဖြင့် ဆေးသားညီစေသည်။ ၄င်းအပေါ် မန်ကျည်းသား မီးသွေးအား စုတ်တံဖြင့် ရေးယူရသည်။ ဂျပန် ၊ ကိုးရီးယား၊ တရုတ်နိုင်ငံတို့တွင် ရှေးအိမ်တံခါးရွက် နံရံတို့အား ရှမ်းစက္ကူဖြင့် အကာအဖြစ် အသုံးပြု ကြသည်။ ဂျပန်သည် စက်မှုနိုင်ငံ ဖြစ်သည့်အလျောက် ၄င်းတို့နိုင်ငံ ထုတ် ရှမ်းစက္ကူသည် မြန်မာနိုင်ငံ ရှိရှမ်းစက္ကူထက် ( ၂ )ဆ ပိုမို သိပ်သည်းသည်။ ထိုင်းနိုင်ငံတွင် Saa Paper ကို အိမ်တွင်း အလှဆင်မီးပုန်း၊ ပန်းချီကားနှင့် အမှတ်တရ ပစ္စည်းမျိုးစုံပြုလုပ်ကာ စျေးကွက်ဖန်တီးပြီးရောင်းချကြသည်။

Want your business to be the top-listed Beauty Salon in Thaton?
Click here to claim your Sponsored Listing.

Telephone

Website

Address

Thaton