Poe Harmony Store -Skincare & Cosmetic
Welcome to my Page�
☀️ Saturday Morning Mini Vlog 🥞🤎
Weekend မနက်ခင်းလေးမှာ ဟိုဘက်လမ်းထိပ်ကမနက်တိုင်းလိုလို ဝယ်စားဖြစ်တဲ့ တိုရှည်လေး သွားဝယ်ဖြစ်ပါတယ်ရှင့် 🫶🏻
တစ်ချပ် 500 ကျပ် နဲ့ အကြီးကြီးလေးရပြီး အိအိစက်စက်လေးနဲ့ စားကောင်းတာမို့ မနက်စာအတွက် တော်တော်အဆင်ပြေပါတယ် 😋
Skincare အပြင် ကိုယ့်ရဲ့နေ့စဉ်ဘဝထဲက ရိုးရိုးရှင်းရှင်း အမှတ်တရလေးတွေကိုလည်း မျှဝေပေးသွားမယ်နော် 🌿🤍
မနေ့ကvideoခုမှ uploadလုပ်ဖြစ်တာလေး🥹
Friday Work Routine + Unboxing Vlog 💻✨
04/09/2026
သွားပွတ်တံ လဲဖို့ လိုနေပြီလား စစ်ကြည့်ရအောင် ✨
သွားပွတ်တံ တစ်ခုကို ဘယ်လောက်ကြာမှ လဲလေ့ရှိကြလဲဟင်? 🤔
အမှန်တော့ သွားပွတ်တံတွေကို အလွန်ဆုံး ၃ လ တစ်ခါ (သို့) အမွှေးတွေ ကော့ထွက်လာရင် လဲပေးရပါတယ်
အမွှေးမာလွန်းတဲ့ သွားပွတ်တံတွေသုံးရင် သွားဖုံးပါးပြီး သွားနာတာ၊ သွားဖုံးသွေးယိုတာတွေ ဖြစ်လာနိုင်ပါတယ်။
Poe ကိုယ်တိုင်လည်း သွားဖုံးခဏခဏ နာတတ်လို့ အမွှေးနုနုလေးတွေကိုပဲ ရွေးသုံးဖြစ်တယ်။ အခု Poe ရောင်းပေးချင်တဲ့ Elegant Touch သွားပွတ်တံလေးက အမွှေးမျှင်လေးတွေက ခပ်နုနု ခပ်အိအိလေးမို့ သွားဖုံးကို ထိခိုက်မှုမရှိဘဲ သန့်စင်ပေးနိုင်ပါတယ်ရှင်။
Halal Certificate ပါ ရထားတာမို့ သန့်ရှင်းစိတ်ချရမှုကတော့ ၁၀၀% ပါ💖
သွားပွတ်တံသစ်လေးနဲ့ မနက်ခင်းတိုင်းကို လန်းလန်းဆန်းဆန်း စတင်ချင်ရင်တော့ Poe ဆီမှာ Ready Stock အသင့်ရှိတာမို့ Messenger မှာ လာရောက်စုံစမ်းလို့ရပါတယ်
Sunday mood ✨
တစ်ခါတလေ ကိုယ့်ဘဝက နည်းနည်းနောက်ကျနေသလို ခံစားရတတ်တယ်…
သူများတွေနဲ့ နှိုင်းယှဉ်မိတဲ့အခါ
ကိုယ်လုပ်နေသမျှလေးတွေတောင် မလုံလောက်သလို ဖြစ်လာတတ်တယ်။
ဒါပေမယ့် လူတိုင်းရဲ့လမ်းက မတူဘူးလေ။
ကိုယ့်အရှိန်နဲ့ကိုယ် ဆက်သွားနေတယ်ဆိုရင်
အဲဒါနဲ့ပဲ လုံလောက်ပါတယ်။ 🤍
A little reminder for myself. 🌷
A little reset. 🤍
Sometimes, a slow morning is all we need to start again. 🌿
Still learning, still becoming ✨
24/08/2026
Skincare ကို ရွေးတဲ့အခါ “လူကြိုက်များတာ” ထက် “ကိုယ့်အသားအရေနဲ့ သင့်တော်တာ” ကို ပိုအရေးကြီးစဉ်းစားသင့်ပါတယ် 🤍
Oily Skin ဖြစ်ရင် ပေါ့ပါးတဲ့ texture တွေကို ဦးစားပေးနိုင်သလို၊ Dry Skin ဆိုရင် hydration နဲ့ moisture ကို အာရုံစိုက်ဖို့လိုပါတယ်။
Combination Skin ဆိုရင်တော့ မျက်နှာတစ်နေရာနဲ့တစ်နေရာ လိုအပ်ချက်မတူနိုင်တာကို သတိထားရပါမယ်။
Sensitive ဖြစ်လွယ်တဲ့ အသားအရေဆိုရင်တော့ Product အသစ်တွေကို တစ်ခါတည်း အများကြီးမစမ်းဘဲ ရိုးရှင်းတဲ့ routine + gentle products ကနေ စတာပိုကောင်းပါတယ်။ 🌷
ကိုယ့် Skin Type က ဘာလဲ?
Oily / Dry / Combination / Sensitive လား?
Comment မှာမန့်ခဲ့ပါအုံး🫶
20/08/2026
ကိုယ့် Skin Type ကိုမသိဘဲ Skincare ဝယ်နေမိပြီလား?
Skincare တွေ အများကြီးသုံးနေပေမယ့် အသားအရေက မကောင်းသေးဘူးဆိုရင်…
ကိုယ့် Skin Type ကို သေချာမသိသေးတာဖြစ်နိုင်ပါတယ် 🤍
🌿 Oily Skin
မျက်နှာတစ်ပြင်လုံးမှာ အဆီပြန်လွယ်ပြီး ချွေးပေါက်တွေ သိသာတတ်ပါတယ်။
🌿 Dry Skin
အသားအရေခြောက်သွေ့ပြီး တင်းတင်းကြပ်ကြပ်ခံစားရတတ်ပါတယ်။
🌿 Combination Skin
T-zone (နဖူး၊ နှာခေါင်း၊ မေးစေ့) မှာ အဆီပြန်ပြီး ပါးပြင်ဘက်မှာ ပိုခြောက်တတ်ပါတယ်။
🌿 Normal Skin
အဆီနဲ့ အစိုဓာတ် balance ကောင်းပြီး အရမ်းခြောက်တာ၊ အရမ်းအဆီပြန်တာ မရှိတတ်ပါ
SENSITIVE SKIN 🌷
ထိလွယ်ရှလွယ်တဲ့ အသားအရေ
• Product အသစ်သုံးရင် နီမြန်း၊ ယားယံလွယ်တတ်
• အချို့သော Ingredients တွေကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်တတ်
• Skincare ရွေးချယ်ရာမှာ Gentle formula တွေကို ဦးစားပေးသင့်
Tip: Product အသစ်ကို မျက်နှာတစ်ပြင်လုံးမသုံးခင် Patch Test လုပ်ပါ။ 🤍
ကိုယ့် Skin Type ကိုသိထားတာက ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ Skincare တွေရွေးချယ်ဖို့ ပထမဆုံးခြေလှမ်းပါ။ 🤍
ကိုယ့် Skin Type ကိုသိချင်ရင် Comment မှာ “Skin Type” လို့ရေးခဲ့ပါနော်
Telephone
Website
Alerts
Be the first to know and let us send you an email when Poe Harmony Store -Skincare & Cosmetic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.