Thukha Yeik Nurse Service

Thukha Yeik Nurse Service

Share

သူနာပြုအကျိုးဆောင်လုပ်ငန်း

04/07/2023

သူနာပြုလိုအပ်သူများ ခေါ်ယူနိုင်ပါတယ်ရှင့်😊😊😊
မင်္ဂလာပါရှင့်....
Thukha Yeik Nurse Serviceမှ
အတွေ့အကြုံရှိသော အကူသူနာပြုများမှ လူကြီးမင်းတို့၏ ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှုနှင့်ပတ်သက်၍ အရည်အသွေး
ပြည့် ဝန်ဆောင်မှု့များ ပေးလျှက်ရှိပါသည် ...

Thukha Yeik Nurse Service မှရရှိနိုင်သော ဝန်ဆောင်မှုများမှာ
(၁) ကလေးပြုစုစောင့်ရှောက်မှု ( Child Care Services)
* မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း
* အသက်၃ နှစ်အောက်ကလေးများ ပြုစုစောင့်ရှောက်ခြင်း

(၂) သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း
* လေဖြတ် လေငန်း လူနာများပြုစု စောင့်ရှောက်ခြင်း
* ခွဲစိတ်ပြီးစ လူနာများပြုစုစောင့်ရှောက်ခြင်း
* အရိုးကျိုးထားသော လူနာများပြုစုစောင့်ရှောက်ခြင်း
* ကိုယ်ဝန်ဆောင်သည်နှင့် မီးဖွားပီးလူနာများနှင့် ပတ်သက်၍ပြုစုစောင့်ရှောက်ရန်
လိုအပ်သောလူနာများ ( လူကြီးမင်းတို့၏ မိသားစုဝင်များ၏
ကျန်းမာရေးအတွက် Yhukha Yeik. nurse Service မှ အကူသူနာပြုဆရာ/ဆရာမ များမှ ဝန်ဆောင်မှု့ပေးရန် အသင့်ရှိနေပါသည်..

*** အထူးဝန်ဆောင်မှု့များ ***
ကျန်းမာရေးဝန်ဆောင်မှုများကို ၂၄နာရီဖြည့်ဆည်းပေးလျှက်ရှိပါသည် Day Duty နှင့် Night Duty စ
သည့် Shift နှစ်ခုခွဲထားသည့်အတွက် လူကြီးမင်းတို့လိုအပ်သည့်
Duty အတွက် ဝန်ဆောင်မှု့ပေးနေပါသည်
လပြတ် ခေါ်ယူလိုသူများအတွက်လည်းလပြတ်ဝန်ဆောင်မှုပေးသည်။

ဆက်သွယ်ရန်...09974777162

21/06/2023

#ဒူးခေါက်ကြောနာ/ ဒူးခေါက်ကြောရောင်ရောဂါအကြောင်းသိကောင်းစရာ (Baker's cyst)

✅Baker's cyst ဆိုတာဘာလဲ?

Baker's cyst ဆိုတာ ဒူးခေါင်းအနောက်ဖက်မှာ အရည်အိတ်တည်တာကိုခေါ်တာပါ။

✅Baker's cyst ဖြစ်ရင်ဘာလက္ခဏာတွေတွေ့ရမလဲ?

ဒူးအနောက်ဖက်မှာ ရောင်နေမယ်။

ဒူးခေါင်းကွေးရင်တင်းနေမယ်၊ နာနေမယ်။

တခါတလေမှာ ခြေသလုံးကြွက်သားထဲအထိတင်းနေတတ်ပါတယ်။

✅Baker's cyst ဘာကြောင့်ဖြစ်တာလဲ?

ဒူးဆစ်နာရောဂါအမျိုးမျိုး(ဒူးကျီးပေါင်း၊ သွေးလေးဖက်နာ စသည်)၊ ဒူးခေါင်းထဲက အရိုးနုပြားပြဲတာ(meniscal tear) မှတဆင့် ဒူးခေါင်းထဲကအရည်ဟာ ဒူးခေါက်ကွေးထဲလာစုပြီးဖြစ်ရတာပါ။

✅Baker's cyst ကဘယ်လိုလူတွေမှာအဖြစ်များတာလဲ?

အမျိုးသားအမျိုးသမီးကွဲပြားမှုမရှိပဲ အတူတူဖြစ်နိုင်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေပိုများလာပါတယ်။
အသက် ၃၁ မှ ၆၀ အတွင်းလူတွေမှာ ၂၆% ဖြစ်နိုင်ခြေရှိပြီး
အသက် ၅၁ မှ ၉၀ အတွင်းလူတွေမှာတော့ ၅၃% အထိ ဖြစ်နိုင်ခြေမြင့်လာတယ်လို့စာတမ်းတွေကပြဆိုပါတယ်။

✅Baker's cyst ကဘာအန္တရာယ်တွေရှိနိုင်လဲ?

ပုံမှန်အားဖြင့် အန္တရာယ်မရှိနိုင်ပါ။

တခါတရံမှာတော့ အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ဆိုးနိုင်ပါတယ်။

ဘယ်လိုအချိန်တွေမှာလဲဆိုတော့ အရည်အိတ်ကသိပ်ကြီးပြီး သွေးပြန်ကြောကိုဖိမိရာမှ သွေးပြန်ကြောပိတ်ရောဂါ (deep vein thrombosis) ဖြစ်တတ်လို့ပါပဲ။

နောက်တခုက အရည်အိတ်ပေါက်သွားတဲ့အခါမှာ ခြေသလုံးကြွက်သားထဲက တင်းပြီးနာတာ၊ ရောင်တာ၊ နီတာတွေဖြစ်နိုင်ပါသေးတယ်။

✅ဘယ်အချိန်မှာကုသမှုခံယူရမလဲ?

ဘာလက္ခဏာမှမပြရင် ချက်ချင်းကုသမှုခံယူရန်မလိုပါ။

ရောင်တာနာတာတွေဆိုးပြီး နိစ္စဓူဝလုပ်ငန်းဆောင်တာတွေထိခိုက်ရင်တော့ ကုသမှုခံယူဖို့လိုပါပြီ။

✅ဘယ်လိုကုထုံးတွေက သက်သာစေမှာလဲ?

⭐️အရင်ဆုံးရောင်တာသက်သာအောင်ပြုလုပ်ရမှာပါ။
အနားယူပါ၊ ရောင်နေတဲ့ခြေထောက်ကို ခုံခုပြီးမြှောက်ထားပါ။

⭐️ကျွမ်းကျင်တဲ့ အကြောအဆစ်ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အရည်အိတ်ကို စုပ်ထုတ်တာ၊ ရောင်ရမ်းတာကျစေတဲ့ steroid ထိုးဆေးထိုးတာတွေကို ပြုလုပ်ရမှာပါ။(လိုအပ်မှသာ)၊ကြပ်ထုပ်ထိုးအနားယူတာ စသည်လုပ်နိုင်ပါတယ်

⭐️အရမ်းဆိုးတဲ့အခြေအနေ သို့မဟုတ် လိုအပ်လျှင် ခွဲစိတ်ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အရည်အိတ်ကိုထုတ်ပစ်တာမျိုးတွေလုပ်ရမှာပါ။

✅ဒူးခေါက်ကြောနာ/ ဒူးခေါက်ကြောရောင်ရင် ဘာလေ့ကျင့်ခန်းတွေလုပ်ရမလဲ?

ဆေးခန်းသွားဖို့အချိန်မပေးနိုင်သေးဘူး၊ နာတာလဲသိပ်မဆိုးဘူးဆိုရင်တော့ အောက်မှာပြထားတဲ့
လေ့ကျင့်ခန်းလေးတွေကို အိမ်မှာကိုယ်တိုင်လုပ်ခြင်းအားဖြင့် သက်သာနိုင်ပါတယ် ရှင့်..

original uploader

Photos from Dr. Phonesithulwin's post 06/09/2022

ို_အိပ်မပျော်ဘူး
#မော_သလိုလို_ကြပ်သလိုလို
#လည်ချောင်းမှာတစ်ဆို့ဆို့_နဲ့_နင်နင်နေသလိုပဲ

နှလုံးရောဂါလား ???
Covid များလား ???
ဆေးခန်းတွေလည်း ပတ်ပြနေတာပဲ ရောဂါရှာမတွေ့ဘူး 😰

(ကျွန်တော့ ပထမစာအုပ်ရဲ့ ဆောင်းပါး အပုဒ် (၅၀) ကို တစ်နေ့ တစ်ပုဒ်နှုန်း တင်ပေးသွားပါမယ်)

လူငယ်လူရွယ် အများစုဖြစ်တတ်ပါတယ်၊ အဖြစ်များတာတော့ မိန်းကလေးတွေပါ။
(လူလတ်ပိုင်းတွေလည်းဖြစ်တတ်ပါတယ်)

😥 ပြိုင်ဆိုင်မှုတွေပြင်းထန်၊
😢လိုချင်စရာတွေများ၊
😥ရည်မှန်းချက်တွေက ကြီး၊
😥ချစ်ရေးချစ်ရာတွေကလည်း ရှုပ်လို့ကောင်းတဲ့ အရွယ်၊
😥 အိမ်ကလည်းလက်မလွှတ်သေးတော့ ချုပ်ချယ်တယ် မြင်ကြပြီး တစ်ခုတစ်လေကိုမှ စိတ်တိုင်းမကျကြဘူးလေ

ဖိစီးမှုတွေ အရမ်းများလာတော့ စိတ်က သူ့ရဲ့ ဒဏ်ရာကို
👉 ခန္ဓာကိုယ်ကို ဆီကို လွှဲပေးလိုက်ပါတယ်

😢 ဖိစီးမှု Stress များတော့ Stress hormone က ထွက်တော့
- (နှလုံးခုန်မြန်တော့) ရင်တုန်တယ်

Smooth muscle ကြွက်သားလေးတွေ ညှစ်တော့ လည်ချောင်းထဲတစ်ဆို့ဆို့လိုလို၊ အာခေါင်တွေခြောက်သလိုလို၊ လည်ချောင်းပဲ နာလာသလိုလို
👉 အဲ့တော့ အသက်ရှူရတာ ကြပ်လာပြီး မောလာ သလိုလိုဖြစ်ရော
👉 အဲ့ထက်မှ ပိုလန့် ပိုကြောက်ပြီး ပိုရှူရင်တော့ Carbon dioxide တွေ အလွန်အကျွံထွက်ကုန်ပြီး လက်တွေခြေတွေကျဉ်/ကပ်၊ ကြွက်တက်ကုန်ရော

😢 ဟိုတွေး ဒီတွေး အတွေးတွေများတော့ ညက အိပ်မပျော်၊ အိပ်မပျော်တော့ ပိုတွေး ပိုအိပ်မရ

😢 တစ်ယောက်ထဲရှိနေတဲ့ အချိန် အားတွေငယ်

😥 အသံလေးတစ်သံလောက်ကြားရင်ကို လန့် လန့် နေတက်တယ်

😢 ရင်ထဲလည်းတင်းကြပ်ကြပ်ကြီးနဲ့၊ ခဲကြီးဆွဲထားသလိုလေးနေတယ်

👉👉👉👉👉

😰 အဲ့ဒါတွေကို သူတို့တတွေ ***တကယ် #ခံစားရတာပါ 😰

ကျွန်တော်တို့ နားလည်ပါတယ်

အဲ့လို အချိန်ဆိုရင် ကျွန်တော်တို့ က ရှင်းပြတတ်ပါတယ်
#အဲ့ဒါရောဂါမဟုတ်ဘူး
#စိတ်ကြောင့်ဖြစ်တာဆိုရင်

ခံစားနေရတဲ့ သူအများစုက လက်မခံ နိုင်ကြပါဘူး

ဘာလို့လဲ ဆိုတော့ သူတို့ #တကယ်ခံစားနေတာကိုး

ညီလေးတို့ ညီမလေးတို့ အစ်ကို အစ်မတို့များ အဲ့လိုခံစားနေရတယ် ဆိုရင်

#စိတ်မပူကြပါနဲ့ စိတ်ပူရင် နဂိုရှိရင်စွဲ Stress ထက်ကို Stress တွေပိုများပြီး ခံစားရတာ ပိုဆိုးလာမှာပါ

အာလုံးသိကြသလို နှလုံးရောဂါရဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ် မောတယ်၊ကြပ်တယ်၊ရင်ပတ်အောင့်တယ်

ဒီမှာ သေချာနားလည်ဖို့လိုတာက
နှလုံးရောဂါ ဆိုတာ ❤️ နှလုံးမကောင်းလို့ဖြစ်တာဆိုတော့ နှလုံးပို အလုပ်လုပ်ရတဲ့ အခြေအနေ လှုပ်ရှားနေရင်၊ အားစိုက်ထုတ်နေတဲ့ အချိန်တွေမှာ ပိုဆိုးပါတယ်

ပုံမှန်ပဲ လှုပ်ရှားနေနိုင်တယ်၊ စားနိုင်သောက်နိုင်ပဲ
🤷‍♂️ ညအိပ်ခါနီးအချိန်
🤷‍♂️ တစ်ယောက်တည်းရှိနေတဲ့ အချိန်
🤷‍♂️ ရုပ်ရှင်ကြည့်စရာ၊ဖုန်းပွတ်စရာ မရှိတဲ့ အချိန်
🤷‍♂️ ခြုံပြောရရင်တော့ အားနေတဲ့ အချိန် ဖြစ်တယ် ဆိုရင်တော့

#နှလုံးရောဂါ (လုံးဝ)မဟုတ်ပါဘူး။

နည်းနည်းတော့ သဘောပေါက်ကြမယ်ထင်ပါတယ်

#စိတ်ဖိစီးမှုကြောင့်ပါ

>>>>>>>

Photos from Thukha Yeik Nurse Service's post 04/09/2022

လူ 100 မှာ 20 လောက် ဖြစ်ဖူးတဲ့ Urticaria/ Hives

Urticaria ဆိုတာဘာလဲ?
What is urticaria?
အကြမ်းဖျဉ်း ဖြေရရင် allergic reaction ကြောင့် ဖြစ်တဲ့ အရေပြား ရောဂါ တစ်မျိုးပေါ့
ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်ပိုင်းမှာမဆို ဖြစ်နိုင်ပါတယ်
ပေါ်လိုက် ပျောက်လိုက်နဲ့ပေါ့
—————
သူ့ရဲ့ ရောဂါ လက္ခဏာတွေက ဘာလဲ?
What are the symptoms of urticaria?
တအားယားယံစေမယ့် အနီရောင် အဖုတွေ အင်ပျဉ်တွေထမယ်။
အနီရောင်အဖုတွေ (red itchy bumps)က
တစ်ခုချင်းလည်းဖြစ်နိုင်သလို အဖုသေးသေးလေးတွေ
အများကြီးပေါင်းသွားပြီး အင်ပျဉ်လိုက်ကြီးလည်း ဖြစ်နိုင်ပါတယ။
————
ဘာတွေက urticaria ကို ဖြစ်စေနိုင်သလဲ?
What are the causes of urticaria?
ဖြစ်နိုင်ချေအများကြီးရှိပါတယ်

-အစားသောက်မတည့်ခြင်း
-ဆေးနဲ့ ဓာတ်မတည့်ခြင်း
-ဖုန်မှုန့်တွေ မှိုတွေကို ရှူမိခြင်း/ထိမိခြင်း
-ချွေးထွက်လွန်ကဲခြင်း
-အပူချိန် လွန်ကဲခြင်း/ အအေးလွန်ကဲခြင်း
-အိမ်မွေးတိရစ္ဆာန်များ၏ အမွှေးများ
၎င်းတို့ ခန္ဓာကိုယ်မှ ကွာကျသော
အရေပြား ဖတ်များနဲ့ အမှုန့်များ အား ရှူမိ/ထိမိခြင်း
-စိတ်ကျရောဂါ (depression)
-အပူပင်များလွန်းခြင်း (anxiety)
-အသည်းရောဂါ
- thyroid ရောဂါ
-ရေမွှေး/ဆပ်ပြာ မတည့်ခြင်း
-သန်ကောင်တွေရှိနေခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်

တစ်ခါတလေ မှာတော့
အကြောင်းရင်း မယ်မယ်ရရမရှိသလို
အကြောင်းရာ ရှာမရဘဲလည်း ဖြစ်တတ်ပါတယ်
ထိုအရာကို Idiopathic urticaria လို့ခေါ်ပါတယ်

ဒါကြောင့် အကြံပေးချင်တာက
ဒိုင်ယာရီလေး လုပ်ထားပါ
အဖုလေးတွေ ထ လာခဲ့ရင် ဘာကြောင့်ထရသလဲ
ဘာကြောင့်ဖြစ်ရသလဲ?မိမိမှတ်မိသလောက် ရေးမှတ်ထားပါ
နောင်ဆို ရှောင်လို့ ရတာပေါ့
————-

ဒါဆို urticaria က စိုးရိမ်ရလား
Should I be worried?
ပုံမှန်အားဖြင့် မစိုးရိမ်ရပါ။
အင်ပျဉ်တွေထပြီးရင် ၂၄ နာရီအတွင်း
ဆေးသောက်စရာတောင် မလိုဘဲ အလိုလျောက် ပျောက်သွားတတ်ပါတယ်
Acute urticaria လို့ခေါ်ပါတယ်

တစ်ခါတလေမှာတော့ ပေါ်လိုက်ပျောက်လိုက်နဲ့ပဲ ရက်တွေ လတွေ ချီသွားတတ်ပါတယ်
ဒါကို chronic urticaria လို့ခေါ်ပါတယ်
6 weeks (၆ပတ်မြောက်) ထိ မပျောက်ရင်
ရေတာရှည် chronic urticaria လို့ သတ်မှတ်လို့ရပါတယ်

*Urticaria က မစိုးရိမ်ရပေမယ့် ပတ်ဝန်းကျင်နဲ့ နေ့စဉ် ဆက်ဆံ ကူးလူးသွားလာနေရတဲ့ လူတွေ အတွက်တော့ အနှောက်ယှက်ဖြစ်နိုင်စေပါတယ်
Quality of life ကို ကျဆင်းစေပါတယ်
အဖုတွေထ နေလို့ ရှက်ရခြင်း ကြောက်ရခြင်းဖြစ်စေနိုင်လို့ urticaria ဝေဒနာရှင်များကို အားပေးခြင်းများ မကြာခဏ လုပ်ဆောင်ပေးသင့်ပါတယ်
(စကားချပ်)
————
ဘယ်လိုအချိန်တွေမှာ urticaria က စိုးရိမ်ရသလဲ
When should I be worried?
ဒီမှာ ပြဿနာက စတာပါပဲ
အဖုထခြင်း ရောင်ရမ်းခြင်း တွေက ခန္ဓာကိုယ်အရေပြားမှာတင်မကဘဲ လည်ချောင်းအတွင်းပိုင်းမှာထိ ဖြစ်နိုင်လို့ အရေးပေါ် လေပြွန်ပိတ်ကာ အလွန်အမင်း အသက်ရှူရခက်ခဲစေပါတယ်
အသက် အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်စေတတ်ပါတယ်
မပေါ့ဆသင့်ပါ။
ဆရာဝန်ဆီ အချိန်မီ သွားပါ
———-
ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေလို့ allergy တွေထတာလဲ
Histamine လို့ခေါ်တဲ့ neurotransmitter တွေထွက်လို့ပါ
ရှိလည်း မကောင်း မရှိလည်းမကောင်းတဲ့ Histamine အကြောင်းနောက်မှ အကျယ်တဝင့်ရေးသားပါ့မယ်
———-
Urticaria ကို ဘယ်လိုကုမလဲ
How to cure urticaria?
အရှင်းကြီးပျောက်သွားအောင် ကုမရပါ
ဒီလိုပြောလို့ စိတ်ဓာတ်ကျမသွားပါနဲ့
Histamine တွေထွက်နေသရွေ့ urticaria က ဖြစ်နိုင်တုန်းပါ
အဲ့တာကြောင့်လည်း ရှိမကောင်း မရှိမကောင်း လို့ပြောတာပါ
အင်ပျဉ်တွေ ထလာရင် ရေခဲကို အဝတ်နဲ့ ပတ်ပြီး ကပ်ပေးရင် ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းကို
အထိုက်လျောက် သက်သာစေပါမယ်။

လုံးဝသွား မကုတ်မိပါစေနဲ့
ပိုသာ ဆိုးစေသည်

Aloe Vera ပါတဲ့ lotion လေးလိမ်းပါ

ပွရောင်းရောင်း ရှိမည့် ချည်သားများ ဝတ်ဆင်ပေးပါ
ကျပ်သော အဝတ်စားများ မဝတ်ရ

ယားယံခြင်းကို သက်သာစေရန် topical corticosteroids cream တွေ လိမ်းလို့ရပါမယ်

(oatmeal bath နည်းကတော့ မြန်မာမှာ မလွယ်လို့ မရေးတော့ပါ)

Histamine တွေ မထွက်အောင် တားစီးပေးမယ့် antihistamine ဆေးတွေသောက်ရပါမယ်

ဆေးဆိုင်တွေမှာ အလွယ်တကူပြောဝယ်လို့ရတဲ့
ဆေးများကို ပုံနှင့်တကွ ဖော်ပြပေးထားပါတယ်
ပုံအောက်မှာ စာပါလို့ ဖတ်ပေးပါ
———-

Urticaria ဝေဒနာရှင်များကို မရှက်မကြောက်ဖို့
အားပေးရင်း ပိုမြင့်မားသောလူနေမှု အဆင့်အတန်း
တစ်ခုကို တည်ဆောက်နိုင်ကြပါစေ

အသက်ရှည် အနာကင်းတဲ့ ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေးရင်း ဒီနေရာမှာ တဖြတ်နားမယ်နော်

-KM- 👨🏼‍⚕️
——

(လိုင်းပေါ်ကနေ ဆေးကုပေးလို့မရပါ
မည်သည့် ဆရာဝန်မှလည်း လိုင်းပေါ်မှာ ဆေးကုမပေးပါ
အများဆုံး လုပ်နိုင်လှ consultancy ခေါ် အကြံပေးလို့သာ ရပါမည်)

(မိမိတွင် ကျန်းမာရေး အခြေနေ ဆိုးဆိုးဝါးဝါးရှိပါက အထူးကုဆရာဝန်ကြီးများနှင့် သွားရောက်ပြသကြပါရန်)

04/09/2022

#ခန္ဓာကိုယ်ရဲ့_အိုမင်းရင့်ရော်မှု_နာတာရှည်ရောဂါများနဲ့_နာမကျန်းမှုကို_လျော့ပါးစေနိုင်သူ
ို့မဟုတ်_CoQ10

ိုတာဘာလဲ ❓

အရင်ဆုံးသိရမယ့် အခြေခံ (၂) ခုရှိပါတယ်။

ပထမတစ်ခုက Mitochondria အကြောင်းပါ

ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးရဲ့ လုပ်ငန်းဆောင်တာတွေလုပ်ဖို့၊ အသက်ရှင်ရပ်တည်ဖို့၊ လှုပ်ရှားသွားလာဖို့ အတွက် စွမ်းအင်လိုအပ်ပါတယ်

- နှလုံးခုန်ဖို့
- ဦးနှောက်က ခန္ဓာကိုယ်ကြီးကို ထိန်းချုပ်ဖို့
- အသည်း၊ အဆုတ်၊ ကျောက်ကပ် စတာတွေ သူတို့အလုပ် သူတို့လုပ်နိုင်ဖို့
- ကြွက်သားတွေ အလုပ်လုပ်ပြီး လှုပ်ရှားသွားလာဖို့
အားလုံး အားလုံး သော Cells တွေမှာ အသုံးပြုတဲ့ စွမ်းအင် (Energy) ကို ATP လို့ခေါ်ပါတယ်။
တနည်းပြန်ပြောရရင် ခန္ဓာကိုယ်က Cells တိုင်းက ATP ဆိုတဲ့ စွမ်းအင်အသုံးပြုပြီး လည်ပတ်နေတာပါ။

အဲ့ဒီ ATP ဆိုတဲ့ စွမ်းအင် ကို အများဆုံးထုတ်ပေးနေတာက Mitochondria လို့ခေါ်တဲ့နေရာကပါ
Cells တိုင်း လိုလိုမှာ ပါပါတယ်။

စွမ်းအင်ထုတ်ပေးနိုင်တာကြောင့် Mitochondria ကို Power House လို့ခေါ်ပါတယ်။

(အခုအခြေအနေနဲ့ မြင်သာအောင်ပြောရရင် အိမ်က
- မီးချောင်းတွေ မီးလင်းဖို့
- TV ကြည့်ဖို့
- ရေခဲသေတ္တာလည်ဖို့
- Aircon လည်ဖို့

👉 လျှပ်စစ်မီးလိုပါတယ်
👉 လျှပ်စစ်ကို ထုတ်ပေးနိုင်တာက မီးစက်ပေါ့
👉 မီးစက်လည်ဖို့ ကတော့ ဓာတ်ဆီ/ဒီဇယ်ဆီ လိုပါတယ်။

ခန္ဓာကိုယ်ကြီး က Cells တွေ သူ့အလုပ်သူလုပ်ဖို့
👉 လျှပ်စစ် နဲ့တူတဲ့ စွမ်းအင်က ✳️
👉 ATP ထုတ်ပေးဖို့ မီးစက်လို လုပ်ပေးတာက ✳️
👉 Mitochondria (မီးစက်) အလုပ်လုပ် ဖို့ လိုတဲ့ ဓာတ်ဆီ/ဒီဇယ်ဆီ က ✳️ ကျွန်တော်တို့ ရှူသွင်းတဲ့ Oxygen နဲ့ စားသောက်လိုက်တဲ့ အာဟာရတွေပေါ့။

ဒီအထိက ပထမ တစ်ချက်ပါ။ Mitochondria (မီးစက်) အကြောင်းပေါ့။
___________
ဒုတိယတစ်ချက်က

အပေါ်က ပြောတဲ့ Oxygen တွေသုံးပြီး စွမ်းအင်ထုတ်တဲ့ အခါ ဘေးထွက်အနေနဲ့ Free Radicals ဆိုတာတွေ ထွက်လာပါတယ်။

- အသက်အရွယ်အိုမင်းလာခြင်း
- ရုပ်ရင့်လာခြင်း
- စွမ်းဆောင်ရည်ကျဆင်းလာခြင်း
- သွေးတိုး၊ ဆီးချို၊ ကင်ဆာ စတဲ့ ရောဂါများဖြစ်ပွားလာခြင်း စသည်တို့ဟာ အဲ့ဒီ တွေကြောင့်ပါ။

Free Radicals တွေက Oxidation ဆိုတဲ့ ဓာတ်ပြုမှုက ထွက်လာတာမို့ Oxidants (ဓာတ်တိုးပစ္စည်းတွေ) လို့လည်း ခေါ်ပါတယ်။

Oxidants (ဓာတ်တိုးပစ္စည်းတွေ) က ခန္ဓာကိုယ်ကို ပျက်စီးစေလို့ မပျက်စီးရအောင် ကာကွယ်ပေးတဲ့ ပစ္စည်းတွေက်ို Anti-oxidants (ဓာတ်တိုးမှုကိုကာကွယ်တဲ့ပစ္စည်း တွေ) လို့ခေါ်ပါတယ်။

✳️ တို့တွေ နုပျိုရအောင်၊ လှပအောင်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ စျေးအများကြီး ပေးပြီး သောက်နေကြတဲ့ Anti-oxidants တွေဆိုတာ 👉 အပေါ်ကပြောထားတဲ့ Oxidants (free radicals ) တွေကို ဖယ်ထုတ်ပေးတာပါ။

✳️ Oxidants (free radicals ) တွေ ဆိုတာ အိုမင်းရင့်ရော်မှုကိုပဲ ဖြစ်စေတာမဟုတ်ပဲ ရောဂါတွေလည်း ဖြစ်စေလို့ Anti-oxidants တွေဟာ ရောဂါတော်တော်များများကို အထိုက်အလျောက် ကာကွယ်နိုင်သလို ၊ ဖြစ်ပြီးရောဂါတွေကို ထပ်ပြီး ဆိုးမသွားရအောင် အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။
___________
အခုအထိ အများကြီးပြောပြီးတော့ မှ လိုရင်းရောက်ပါပြီ။

ို့မဟုတ်_CoQ10 ဟာ

👉 Mitochondria ကနေ ATP စွမ်းအင်ထုတ်ပေးတာကို အကူညီပေးပါတယ်
👉 အိုမင်းရင့်ရော် နာမကျန်းမှုတွေ ဖြစ်စေတဲ့ Oxidants တွေကို ဖယ်ပေးတဲ့ Anti-oxidants အနေနဲ့ လုပ်ဆောင်ပေးပါတယ်။

အဲ့ဒါကြောင့်

စွမ်းအင်ထုတ်တဲ့နေရာမှာ ကူပေးတဲ့အတွက် နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ ကြွက်သား၊ အရေပြား စတဲ့ အစိတ်အပိုင်းတွေ စွမ်းအင်ပြည့်ဝ ကျန်းမာသန်စွမ်း ဖို့ရာ ကူညီပေးသလို

အဆိုပါ အစိတ်အပိုင်းတွေကို ပျက်စီးစေမယ့် Oxidants တွေကိုလည်း ဖယ်ရှားပေးလို့

" #တော်တော်ကြီးကိုအသုံးဝင်တဲ့_ပစ္စည်းဖြစ်ပါတယ် "
___________
အဲ့တော့
်သောက်ရမှာလား ⁉️

✳️ CoQ10 ကို ခန္ဓာကိုယ်က #သူ့ဟာသူထုတ်ပေးပါတယ်။
ဒါပေမယ့် အသက်အရွယ်ကြီးရင့်လာတဲ့အခါ ခန္ဓာကိုယ်က CoQ10 ထုတ်ပေးနိုင်တဲ့ ပမာဏလျော့ကျလာတဲ့အတွက် အပြင်က ဖြည့်စွက်ပေးဖို့ လိုအပ်လာပါတယ်။

ဖြည့်စွက်စာအနေ နဲ့ သောက်လို့ရပါတယ် ရောဂါအခြေအနေ နဲ့လိုအပ်ချက်ပေါ်မူတည်ပြီး 90 mg ကနေ 200 mg ထိ သောက်ကြပါတယ်။
(တချို့မှာ ဒီထက်ပိုပေးကြတာတွေလည်း ရှိပါတယ်)

ကောင်းတယ်ဆိုပေမယ့် ကျွန်တော်တို့အတွက် ပြဿနာက #စျေးကြီးတာပါ။

CoQ10 က #ဆေးသောက်မှ_ရတာလား ❓ဆိုတော့
*** မဟုတ်ပါဘူး ***

" #အစားအသောက်တွေက" ရပါတယ်

🥩 ဝက်သား၊ အမဲသား၊ ကြက်သား
🍖 ကလီစာ ဝမ်းတွင်းသား
🥜 ပဲအမျိုးမျိုး
🍤 ပင်လယ်စာ ငါးအမျိုးမျိုး
🥦 ဟင်းသီးဟင်းရွက် (ဂေါ်ဘီထုပ်၊ ပန်းပွင့်စိမ်း)
🍊 အသီးများ ( လိမ္မော်သီး၊ စတော်ဘယ်ရီ)
🧀 ပဲပိစပ်ဆီ၊ canola oil စတဲ့ အစားအသောက်တွေက CoQ10 ပြည့်ဝတဲ့ အစာတွေပါ။

သွေးတိုး၊ ဆီးချို ၊ ဂေါက် စတဲ့ ရောဂါ အတွက်ပါ အဆင်ပြေအောင် (ကလီစာ တွေက လွဲရင်) ကျန်တဲ့ အစားအစာတွေ များများ စားကြပါ။

✳️ လိုအပ်နေတဲ့ CoQ10 တွေ ပြည့်ဝလာပါလိမ့်မယ် ✳️
__________
ပြန်ချုပ်ရရင်

* ခန္ဓာကိုယ်ရဲ့ Cells တွေ စွမ်းအင် (ATP) ရဖို့ Mitochondria (မီးစက်) က ထုတ်ပေးဖို့ မှာ CoQ10 က ကူညီပေးပါတယ်
* အိုမင်းရင့်ရော်မှု၊ သွေးတိုး ဆီးချို ကင်ဆာ စတဲ့ နာတာရှည်ရောဂါဖြစ်ပွားမှု၊ နာမကျန်းဖြစ်မှု တွေအတွက် တာဝန်ရှိတဲ့ Free Radicals (Oxidants) တွေကို ဖယ်ရှားပေးတဲ့ Anti-oxidants အနေနဲ့လည်း CoQ10 က ကူညီပေးပါတယ်
* အသုံးဝင်တဲ့အတွက် လိုအပ်ချက်မရှိ ရအောင် CoQ10 ပြည့်ဝတဲ့ အစားအစာ တွေ များများစားပါ။
* ငွေကြေးတတ်နိုင်သူများကတော့ ဖြည့်စွက်ဆေး အနေ နဲ့သောက်လို့ရပါတယ် (ဘယ်လောက်သောက်ရမလဲ ကတော့ ပြသနေကြ မိသားစုဆရာဝန် နဲ့တိုင်ပင်ပါ)
* CoQ10 က အဆီမှာပျော်ဝင်လို့ အစားစားပြီးတဲ့ အချိန်သောက်က အသင့်တော်ဆုံးဖြစ်ပါတယ်။

စာအရှည်ကြီးဖတ်ရတာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

မမြင်သာမှာစိုးလို့ နောက်တစ်ခါထပ်ရေးပါမယ်
*** " CoQ10 က ဆေးသောက်မှ ရတာ မဟုတ်ပါဘူး အစားအသောက်ကနေလည်း ရပါတယ် "***

(Original Post; March,2022 👉 https://www.facebook.com/104993831383029/posts/442564277625981/?d=n)

(Ref ; Healthlines)
(Photo credit; MAFYNS)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

04/09/2022

မင်္ဂလာပါရှင့်..
မိမိရဲ့ မိသားစုဝင်တွေထဲက နာမကျန်းဖြစ်နေတဲ့ ဖိုးဖိုး ဖွားဖွား ဦးဦး ဒေါ်ဒေါ် တို့အတွက် အရည်အချင်းပြည့်ဝတဲ့ သူနာပြု သို့မဟုတ် သူနာပြုအကူများကို ဝန်ဆောင်ခ အခမဲ့ဖြင့် ယုံကြည်စိတ်ချစွာ ခေါ်ယူနိုင်ပါတယ်ရှင့်☺☺
phone. .09974777162

Photos from Thukha Yeik Nurse Service's post 04/09/2022

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး
ဆီးအိမ်ရောဂါများ
ဆီးပိုက်ထည့်ထားတဲ့ သူတွေ သိထားသင့်တဲ့ အချက်များ ။ ။

ဆီးပိုက်ထည့်ထားတဲ့ သူတွေ သိထားသင့်တဲ့ အချက်များ ။ ။
ဆီးမသွားနိုင်လို့ ဘယ်သူကတော့ ဆီးပိုက်ကြီးနဲ့ နေရတာ၊ ဆီးမထိန်းနိုင်လို့ ဆီးပိုက်တန်းလန်းနဲ့နေမှ အဆင်ပြေတယ်ဆိုတာမျိုးတွေ ကြားဖူးမှာပါ။ တကယ်တော့ ဆီးပိုက်ထည့်တယ်ဆိုတာ အထည့်ခံရတဲ့သူအတွက် တကယ်ကို နေရထိုင်ရတာ သက်တောင့်သက်သာ မရှိစေတဲ့ အရာတစ်ခုပါ။ ခံစားနေရတဲ့ ဝေဒနာသက်သာအောင် လုပ်ပေးတယ်ဆိုပေမယ့် ဆီးပိုက်ကို သေချာ ဂရုမစိုက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ကလည်း အများကြီးပါ။ ဘာဆိုးကျိုးတွေ ရှိလဲဆိုတာသိမှ သေချာ ဂရိုစိုက်လို့ရမှာဖြစ်တာကြောင့် ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ။

ဆီးပိုက်ထည့်ထားတာကို သေချာ ဂရုမစိုက်ရင် ရလာနိုင်တဲ့ ဆိုးကျိုးတွေ ။ ။
ဆိုးကျိုးတွေကို အရင်မပြောခင် ဘာကြောင့် ဆီးပိုက်ထည့်ရတာလဲဆိုတာကို အရင်ပြောရအောင် ။ ရောဂါအခံကြောင့်၊ ဆီးကျောက်တည်နေလို့၊ ဆီးအိမ်ကြွက်သားအားမကောင်းလို့၊ အသက်ကြီးလာလို့ ဆီးလမ်းကြောင့် မလုံလို့နဲ့ ခွဲစိတ်ပြီးခါစမှာ

ဆီးလုံးဝ မပေါက်နိုင်တဲ့သူတွေ
ဆီးမထိန်းနိုင်တဲ့သူတွေ
ဆီးသွားရခက်နေတဲ့သူတွေ အတွက် ဆီးပိုက်သည့်သာ အကောင်းဆုံး ပြဿနာဖြေရှင်းနိုင်တဲ့ အရာတစ်ခုပါ။
ဆီးပိုက်ထည့်ခြင်းကြောင့် ရနိုင်တဲ့ဆိုးကျိုးများ ။ ။
ဆီးလမ်းကြောင်းပိုးဝင်ခြင်း – ဆီးပိုက်ထည့်တာကြောင့် ရလာနိုင်တဲ့ အဖြစ်အများဆုံး ဆိုးကျိုးတစ်ခုပါ။ ဆီးလမ်းကြောင်းပိုးဝင်တာရဲ့ လက္ခဏာတွေကတော့

ချမ်းတုန်ပြီဖျားမယ်
ခေါင်းကိုက်မယ်၊ ဆီးစပ်တစ်ဝိုက်မှာလည်း ကိုက်ခဲနေမယ်
ဆီးထဲမှာလည်း ပြည်တွေ သွေးတွေ ပါတတ်ပြီး
ဆီးပိုက်ကနေ မဟုတ်ဘဲ ဆီးတွေထွက်နေမယ်။ ဒါတွေကတော့ ဆီးပိုက်ကို သေချာ မသန့်ရှင်းတာ၊ ဆီးပိုက်ကို မှန်မှန်မလဲတာတွေကြောင့် ရလာတဲ့ ဆီးလမ်းကြောင့်ပိုးဝင်ခြင်းဆိုးကျိုးတွေ ဖြစ်ပါတယ်။
ဆီးပိုက်ထည့်ထားတာကြောင့် အခြားရနိုင်သေးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက

ဆီးပိုက်မှာသုံးထားတဲ့ latex ( ရော်ဘာ တစ်မျိုး) နဲ့ ဓါတ်မတည့်ခြင်း
ဆီးတွေအနည်ကျပြီး ဆီးကျောက်တည်ခြင်း
ဆီးပိုက်ထည့်တဲ့အချိန် ထိခိုက်မိသွားပြီး ဆီးထဲသွေးပါတာ
ကျောက်ကပ်ထဲကိုပါ ပိုးတွေဝင်သွားနိုင်ပြီး ကျောက်ကပ်ရောင်ခြင်း
ဆီးလမ်းကြောင်း ပိုးဝင်ပြီး သွေးဆိပ်တက်ခြင်း တွေက ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပါတယ်။
ဆီးပိုက်ကို ဘယ်လို ဂရုစိုက်ရမလဲ။ ။
မထည့်လို့ကလည်းမရတော့ ဆီးပိုက်ထည့်လိုက်ရပြီ ဆိုပါတော့။ အပေါ်မှာ ပြောထားတဲ့ ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မရအောင် ဆီးပိုက်ကို ဘယ်လိုဂရုစိုက်ရမလဲ။ ။

ဆီးပိုက်တွေမှာ တစ်ခါသုံး ဆီးပိုက်နဲ့ ပြန်ဆေးပြီး သုံးလို့ရတဲ့ ဆီးပိုက်ဆိုပြီး ၂ မျိုးရှိပါတယ်။

တစ်ခါသုံး ဆီးပိုက်တွေကတော့ ရှင်းပါတယ်။ သုံးပြီးတာနဲ့စွန့်ပစ်လိုက်ရုံပါပဲ။

ပြန်ဆေးပြီးသုံးလို့ရတဲ့ ဆီးပိုက်ထည့်တဲ့ သူဆိုရင်တော့ ဆီးပိုက်ကို ရေတွေ၊ ဆပ်ပြာတွေနဲ့ သေချာသန့်စင်နေအောင် ဆေးဖို့ဆိုတာ တော်တော်လေးကို အရေးကြီးပါတယ်။ ဆီးပိုက်တင်မဟုတ်ပါဘူး။ ဆီးပိုက်ထည့်ခါနီးတိုင်း ဆီးခုံနားတစ်ဝိုက်ကိုလည်း သေချာ သန့်ရှင်းပေးဖို့လိုပါတယ်။ ဒါမှဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်နိုင်မှာပါ။

ဆီးပိုက်နဲ့ဆက်ထားတဲ့ ဆီးအိတ်ကို ၈နာရီတစ်ခါ ဒါမှမဟုတ် ဆီးအိတ်ပြည့်သွားတိုင်း အထဲက ဆီးတွေကို ဖောက်ထုတ်ပေးပါ။ ရှာလကာရည် + ရေ ( ဒါမှမဟုတ်) အရောင်ချွတ်ဆေး + ရေ ရောပြီး ဆီးအိတ်ကို သန့်စင်ပေးလို့ရပါတယ်။

နောက်တစ်ခုကတော့ ရေများများသောက်ဖို့ပါ။ ရေများများသောက်မှ ဆီးများများသွားပြီး ဆီးအနည်ထိုင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေ နည်းသွားမှာပါ

ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။
ဆီးမထိန်းနိုင်ခြင်း
ကလေးလည်း မဟုတ်ဘဲ အိပ်ကောင်းတုန်း ညဘက်အိပ်ရာထဲ ဆီးတွေသွားမိတာ ဘာကြောင့်လဲ ။ ။
ဆီးသွားချင်တာကို အောင့်ထားတတ်တဲ့ လူတွေရှိလား။ ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်လဲ ။ ။
ဆီးက ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။
ဆီးသွားချင်နေပေမယ့် ဆီးပေါက်လို့မရတာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းကြမလဲ ။ ။
ဆီးမထိန်းနိုင်ခြင်း တို့ကို ဆေးရုံဆေးခန်းများကို အမြန်ဆုံးပြသင့်ပါတယ်။



#လူနာပြုစုပေးခြင်း
#လူနာစောင့်ရှောက်မှု

04/09/2022

Pulse ( သွေးခုန်ခြင်း)
************************

အဓိပ္ပါယ်ဖွင့်ဆိုချက် -

သွေးခုန်ခြင်းဆိုသည်မှာ နှလုံး၏ ဘယ်အောက်ခန်းမမှ ညှစ်သည့်အတွက် သွေးများကို သွေးကြောမအတွင်းသို့ တွန်းပို့ခြင်းဖြင့် သွေးလွှတ်ကြောတွင် တင်းလာစေကာ လှိုင်း
သဖွယ်ကဲ့သို့ဖြစ်ပေါ်လာခြင်းကို ခေါ်သည်။ ထိုလှိုင်းကို အရိုးပေါ်ဖြတ်ဆင်းသွားသော သွေးလွှတ်ကြောကို လက်ဖြင့်စမ်းသပ်ခြင်းအားဖြင့် သိနိုင်သည်။

ရည်ရွယ်ချက် -

(၁) ပြန်လည်ဆန်းစစ်ခြင်းအတွက် အခြေခံ
အချက်အလက်အဖြစ် ရယူရန်။

(၂) လူနာ၏ နှလုံးနှင့် သွေးကြောတို့၏ အဆင့်
အခြေကို စစ်ဆေးရန်။

(၃) ကုထုံးအပေါ် လူနာ၏ တုံ့ပြန်မှုကို စစ်ဆေး
ရန်။

လိုအပ်သောအရာများ -

စက္ကန့်လက်တံပါသော နာရီတစ်လုံး

ပြုလုပ်ရေးအစီအစဉ် -

(၁) လူနာသည် သက်တောင့်သက်သာရှိပြီး
လျှော့နေရမည်။

(၂) လက်ချောင်း နှစ်ချောင်း သို့မဟုတ် သုံး
ချောင်းဖြင့် လက်ကောက်ဝတ် အရှေ့
ဘက် မျက်နှာစာဘေးဘက်ကျကျ၌ တင်
ပြီး စမ်းသပ်ပါ။

(၃) လက်ကောက်ဝတ်သွေးလွှတ်ကြော၏
သွေးခုန်ခြင်းကို စမ်းသပ်သိရှိရန် အသင့်
အတင့်သော ဖိအားကို အသုံးပြုပါ။

(၄) လူနာ၏သွေးခုန်နှုန်းကို တစ်မိနစ်တိတိရေ
တွက်ပါ။ မမှန်သည့် သွေးခုန်နှုန်း ရှိခဲ့လျှင်
သွေးခုန်ခြင်း၏ စည်းချက်နှင့် သွေး
ထုထည်ကို မှတ်သားပါ။

(၅) သွေးခုန်နှုန်းကို လူနာမှတ်တမ်းတွင် မှတ်
တမ်းတင်ပါ ။သာမန်မဟုတ်သည်များ
ရှိခဲ့လျှင် သက်ဆိုင်ရာကို အကြောင်းကြား
ပါ။

မှတ်သားရန် -

သာမန်သွေးခုန်နှုန်းများ
*************************

အသက် တစ်မိနစ်ခုန်နှုန်း
********* *******************

အရွယ်ရောက်သူ (၆၀ မှ ၁၀၀)

Tachycardia - တစ်မိနစ်လျှင် သွေးခုန်နှုန်း
၁၀၀ ထက်ကျော်ခြင်း။

Bradycardia - တစ်မိနစ်လျှင် သွေးခုန်နှုန်း
၆၀ အောက်နည်းခြင်း။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00