KYI Clinic
A dermatologist's clinic
28/03/2025
ယနေ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းအချိန်အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအတွင်း ဒေသအချို့၌ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများ ရင်ဆိုင်ခဲ့ရသည့် မိဘပြည်သူများအတွက် KYI Clinic မိသားစုအနေနှင့် လွန်စွာမှပင် ဝမ်းနည်းကြေကွဲရပါသည်။
🤍 ငလျင်ဒဏ်နှင့် နောက်ဆက်တွဲပြဿနာများကြောင့် ထိခိုက်ဆုံးရှုံးရမှုများ နည်းနိုင်သမျှ နည်းပါစေကြောင်းနှင့်
🤍 ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း ထိထိရောက်ရောက်နှင့် အမြန်ဆုံးလုပ်ကိုင်နိုင်ပါစေကြောင်း
🤍 နောင်အနာဂတ်တွင်လည်း သဘာဝဘေးအန္တရယ်များကင်းရှင်းနိုင်ပါစေကြောင်း
KYI Clinic မိသားစုမှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
ထို့ပြင် KYI Clinic ရှိရာ တာချီလိတ်မြို့ နှင့် ရန်ကုန်မြို့တို့တွင်လည်း ငလျင်နှင့်ဆက်စပ်သောနောက်ဆက်တွဲပြဿနာများ ကင်းရှင်းနိုင်ကြပါစေကြောင်းလည်း ထပ်လောင်းဆုတောင်းအပ်ပါသည်။
Photo credit: various sources from internet
22/02/2025
Sensitive skin ရှိတဲ့ ကလေးငယ်လေးတွေအတွက် ဒေါက်တာညွှန်လေ့ရှိတဲ့ ကလေးသုံး skincare လေးတွေ KYI Clinic မှာ ကြိုတင်မှာယူလို့ရနေပြီဖြစ်ကြောင်း ရပ်နီးရပ်ဝေးမှ ဖေဖေမေမေတို့ကို အကြောင်းကြားအပ်ပါတယ်နော် 💙👨👩👧👦❤️
14/04/2024
ပျော်ရွှင်စရာသကြင်္န်အခါသမယလေးဖြစ်ပါစေကြောင်း KYI Clinic မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
10/02/2024
Happy Chinese New Year Everyone
11/01/2024
🎉 Happy Karen New Year 🎉🎊
( 11.1.2024 ) ကြာသပတေးနေ့မှာကျရောက်သော “ကရင်နှစ်သစ်ကူး ''နေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။ 💛
ကရင် တိုင်းရင်းသားများနှင့်တကွမြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကျန်းမာ ချမ်းသာ၊ စီးပွားဥစ္စာများ တိုးတက်၍ ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေကြောင်း
KYI Clinic မိသားစုမှ
ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ 🙏🙏
-KYI Clinic-Tachileik အရေပြားအထူးကုဆေးခန်းคลินิกโรคผิวหนังและความงาม
10/01/2024
🌺🌺🌺 KYI Clinic တွင် လေဆာမလိုဘဲ ဝက်ခြံအမာရွတ်ချိုင့်ခွက်များသက်သာအောင် လာရောက်ဆွေးနွေးကုသနိုင်ပါတယ်🌺🌺🌺
ဝက်ခြံအမာရွတ်ချိုင့်ခွက်တွေဟာ ပုံစံအမျိုးမျိုး၊ အဆင့်အမျိုးမျိုး ရှိနေနိုင်တာကြောင့် တစ်ဦးနဲ့တစ်ဦး ကုသမှုခြင်းမတူညီနိုင်တာမို့ ကျွမ်းကျင်သောအရေပြားဆရာဝန်နှင့် သေသေချာချာဆွေးနွေးပြီး ကုသမှုခံယူတာအကောင်းဆုံးပါ။
ပုံပါ client ကတော့ လေဆာမပါဝက်ခြံအမာရွတ်ကုထုံး (၂)ကြိမ်အပြီး ရရှိလာတဲ့ တိုးတက်ပြောင်းလဲမှုလေးတွေပါ။ KYI Clinic မိသားစုမှ ဝမ်းသာစွာဖြင့် client ခွင့်ပြုချက်ရယူပြီး share လိုက်ပါတယ်နော်။
☺️ KYI Clinic ဆီ ယုံကြည်စွာဖြင့်လာရောက်ကုသမှုခံယူတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ် ☺️
-KYI Clinic-အရေပြားအထူးကုဆေးခန်း
06/01/2024
KYI Clinic ရဲ့ “Korea ကြိုးမျိုးစုံ” စပါယ်ရှယ့် စပါယ်ရှယ် discount လာပါပြီ။
21.1.24 မှ 31.1.24 ထိ (၁၀)ရက်ပဲမို့ page messenger မှာ ကြိုတင်ရက်ချိန်းယူထားကြပါနော်။
▫️မျက်နှာပင့်တင်ကြိုး၊ မေးရိုးပုံဖော်ကြိုး တစ်ကြိုး 65,000 MMK only
▫️နှာခေါင်းကြိုး တစ်ကြိုး 40,000 MMK only
▫️Smile line ဖြည့်ကြိုး၊ မျက်တွင်းဖြည့်ကြိုး တစ်ကြိုး 30,000 MMK only
▫️ကော်လာဂျင်လှုံ့ဆော်ကြိုးသေး 3,500 MMK only
မျက်နှာလေး တင်းရင်းချပ်ကပ်ပြီး shape လေးထင်ပေါ်စေဖို့၊ အသားအရေတွေကြည်လင်တောက်ပစေဖို့ Korea Thread treatment များအတွက် KYI Clinic ဆီ အမြန်သာလှမ်းခဲ့လိုက်ပါတော့နော်။
Korea FDA နှင့် Myanmar FDA, CE, ISO, GMP အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် ကြိုးများကိုအသုံးပြုပြီး ကျွမ်းကျင်ဆရာဝန်မှပြုလုပ်ပေးတာမို့ quality ပိုင်းဆိုင်ရာအတွက် စိတ်ချပါနော်။
25/12/2023
🎄🎁🌸 Merry Christmas To You All 🌸🎁🎄
" 𝗪𝗶𝘀𝗵𝗶𝗻𝗴 𝘆𝗼𝘂 𝘁𝗵𝗲 𝗵𝗮𝗽𝗽𝗶𝗲𝘀𝘁 𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀 𝗵𝗼𝗹𝗶𝗱𝗮𝘆 𝗲𝘃𝗲𝗿! "
ယနေ့ကျရောက်သော ခရစ္စမတ်နေ့လေးမှာ အားလုံးပျော်ရွှင်ကြပါစေလို့ KYI Clinic မိသားစု မှ ဆုတောင်းပေးအပ်ပါတယ်❤️
🎄⛄🎅🏼🤶🦌❄ 🎅🎄❄️☃️🎁🦌✨ 🌲🥂🎁🎉 🧸
30/11/2023
26/11/2023
❄️❄️ ရာသီဥတုပြောင်းလာပြီနော် ချစ်တို့ ❄️❄️
ရာသီအကူးအပြောင်းမှာ နှာစေးချောင်းဆိုး ဂရုစိုက်ဖို့လည်းလိုသလို 🤧အသားအရေခြောက်ကပ်ကြမ်းတမ်းလာတတ်တာကိုလည်း လျစ်လျူမရှူကြပါနဲ့နော် ☃️
ဒီလိုချိန်မှာ ဘာတွေဖြစ်တတ်လည်းဆိုတော့
အသားအရေတွေ ခြောက်သွေ့လာမယ်၊ ကြမ်းတမ်းလာမယ်၊ တင်းကြပ်ကြပ်ဖြစ်လာမယ်၊ ယားယံလာတာမျိုးတွေ ခံစားရနိုင်ပါတယ်
အဲ့လိုစဖြစ်ရာကနေ အသားအရေ sensitive ဖြစ်တဲ့သူ၊ အရေပြားရောဂါအခံရှိတတ်တဲ့သူမျိုးတွေဆို နှင်းခူရောဂါအမျိုးမျိုး၊ လက်ကွဲ ဖနောင့်ကွဲ နှင့် Dyshidrosis ရောဂါတွေ၊ Xerosis ခေါ်တဲ့ အဆီဓာတ်ရေဓာတ်ခြောက်ခမ်းတဲ့ အရေပြားအခြေအနေအမျိုးမျိုး၊ ဦးရေပြားဘောက်ထခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ နှုတ်ခမ်းကွဲခြင်းများ စတဲ့ အရေပြားရောဂါတွေ တစ်စခန်းထလာနိုင်ပါတယ်။ ပုံမှန်အသားအရေရှိသူများလည်း အသားပပ်လို့ ယားရာကနေ ကုတ်မိပြီး အရေပြားတွေပြဲ ပိုးဝင်ရောင်ရမ်းတာတွေလည်း ကြုံရနိုင်ပါတယ် 🙎♂️🙍♀️
ကာကွယ်ခြင်းသည်သာအကောင်းဆုံးမို့ မိမိအသားအရေနှင့်ကိုက်ညီသည့် Moisturizer ကိုလုံလောက်စွာ ထိရောက်စွာ မှန်ကန်စွာသုံးစွဲဖို့သာ ခဏခဏ သတိပေးပါရစေနော်။
Body Moisturizer ကို မှန်ကန်ထိရောက်စွာ ဘယ်လိုလိမ်းကြမလဲ?
၁။ အမျိုးအစားရွေးချယ်မှု 🧴🧴🧴
မျက်နှာအသားအရေသာ oily, dry, combination စသည်ဖြင့် သိသိသာသာကွဲပြားကြပေမယ့် ခန္ဓာကိုယ်ကတော့ ယခုလို ဆောင်းတွင်းဆို အသားခြောက်တာသာများကြပါတယ်။ ဒါကြောင့် ဆောင်းတွင်းရဲ့ အေးမြခြောက်သွေ့လေတိုက်တဲ့ ရာသီဥတုပုံစံပြောင်းပြီဆိုတာနဲ့ Body moisturizer ကို lotion လို အရည်ကျဲကျဲကနေ အဆီဓာတ်ပြည့်ပြည့်ဝဝပါဝင်တဲ့ cream type, oil type အမျိုးအစားမျိုးကို ရွေးချယ်သင့်ပါတယ်။ တစ်မျိုးတည်းနဲ့ မထိရောက်ရင် oil ကို အရင်ခံလိမ်းပြီး နောက်အဆင့်မှာ cream တို့ lotion တို့လိမ်းတာမျိုး ပြုလုပ်ပေးပါ။
ခပ်ပျစ်ပျစ်အမျိုးအစားဆို body cream, body butter, body mask စသည်ဖြင့် သုံးနှုန်းတတ်ကြပြီး အဆီထဲကဆို သံလွင်ဆီ၊ အုန်းဆီ၊ အလှဆီ၊ glycerin၊ body oil စသည်ဖြင့် ရှိပါတယ်။
၂။ ထိရောက်အောင်ဘယ်လိုအချိန်တွေမှာလိမ်းမလဲ? 💦🛀🚿
ရေချိုးပြီး ရေသုတ်ပြီးပြီးချင်း ခန္ဓာကိုယ်မှာ ရေငွေ့ဓာတ်အစိုဓာတ်လေးတွေကျန်နေတုန်း လုံလုံလောက်လောက်ပမာဏကိုယူပြီး တစ်ကိုယ်လုံးအနှံ့လိမ်းခြယ်ပါ။ လည်ပင်းနဲ့ဂုတ်တွေ၊ ကျောကုန်း၊ ရင်ဘတ် နဲ့ ဗိုက်တွေ၊ တင်ပါးတွေ၊ ပေါင်အနောက်တွေကိုလည်း မမေ့ကြေးနော်။
၃။ အဆင့်ဆင့်ဘယ်လိုလိမ်းမလဲ? ➡️➡️➡️
အဆီနဲ့ lotion နဲ့ လက်ထဲမှာရောလိုက်ပြီးမှ လိမ်းတာမျိုးထက်စာရင် အဆီကို ပထမအဆင့် သူ့ထဲပျစ်တာလျော့တဲ့ cream သို့မဟုတ် lotion ကို ဒုတိယအဆင့်အနေနဲ့လိမ်းတာမျိုးက ပိုကောင်းပါတယ်။ နေ့ဘက်ဆိုရင် နောက်ဆုံးအဆင့်မှာ sunscreen လေးပါလိမ်းဖို့ မမေ့နဲ့နော်။
၄။ special area လေးတွေ 🖐️🦶🍑
လက်ဖဝါး ခြေဖနောင့်တို့မှာ အသားမာကွဲတတ်တာမျိုးဆို ထိုနေရာတွေအတွက် အထူးသီးသန့်ထုတ်ထားတဲ့ hand and foot cream လေးတွေ လိမ်းပေးပါ။ private part လိုမျိုးနေရာလေးတွေလည်း လိမ်းဖို့မမေ့ပါနဲ့နော်။ အဲ့နေရာလေးတွေကတော့ မွေးညင်းပေါက်ပိတ်လွယ်တဲ့ oil type cream type မသင့်တော်ပါဘူး၊ လိမ်းရင်လည်း အတွင်းအသားနုတိုက်ရိုက်မထိအောင် သတိထားလိမ်းပေးပါနော်။
၅။ ပိုပြီးထိရောက်စေချင်ရင် 🫧🧽🧖♀️
အပေါ်ယံအရေပြားမှာ dead cells တွေများနေရင် moisture absorb လုပ်ရတာ ထိရောက်မှု အားနည်းနိုင်ပါတယ်။ dead cells လေးတွေကို ကြမ်းတမ်းတဲ့နည်းတွေနဲ့မဟုတ်ဘဲ ညင်သာစွာဖယ်ရှားနိုင်တဲ့ နည်းလမ်းလေးတွေလည်း အခါအားလျော်စွာ ပြုလုပ်ပေးခြင်းဖြင့် moisture စုပ်ယူထိန်းသိမ်းမှုပိုကောင်းစေပါတယ်။ ထိုနည်းလမ်းလေးတွေကတော့ sauna ပြုလုပ်ခြင်း၊ ခန္ဓာကိုယ်ပေါင်းတင်ခြင်း၊ body peeling ပြုလုပ်ခြင်းတို့ပဲဖြစ်ပါတယ်။
KYI Clinic မှာ မိမိနဲ့သင့်တော်မည့် body moisturizer များရွေးချယ်ခြင်း၊ body peeling ပြုလုပ်ခြင်းတို့ကို တတ်ကျွမ်းနားလည်တဲ့အရေပြားအထူးကုနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ
Click here to claim your Sponsored Listing.