Baby William's

Baby William's

Share

Happy and healthy baby world 🐻🎊🎊

Photos from Baby William's post 08/01/2021

Share #

မိုးမခပန်းပင် (Flaming katy)

စိုက်သာစိုက်ပြီး အပင်အကြောင်းသေချာမသိသေးတဲ့သူတွေ နဲ့
အပင်အကြောင်းကို သေချာသိပြီးမှသေချာစိုက်ချင်တဲ့သူတွေ ၊ ဗဟုသုတအနေနဲ့ သိချင်လို့ဖတ်ချင်တဲ့သူတွေအတွက် အသေးစိတ်ပြောပြပေးထားပါတယ်။

သိပ္ပံအခေါ်က 𝙆𝙖𝙡𝙖𝙣𝙘𝙝𝙤𝙚 𝙗𝙡𝙤𝙨𝙨𝙛𝙚𝙡𝙙𝙞𝙖𝙣𝙖 လို့ခေါ်ပြီးတော့
အရပ်အခေါ်အနေနဲ့က Flaming katy/ Widow's thrill/ Christmas Kalanchoe စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ်။

ဒီအပင်ရဲ့သဘာဝပေါက်ရောက်ရာနေရာက ခြောက်သွေ့ဒေသဖြစ်ပြီး succulent အနွယ်ဝင်အပင်မျိုးဖြစ်တာကြောင့် ခြောက်သွေ့ဒဏ် ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အပင်မျိုးဖြစ်တယ်။ ထိန်းသိမ်းရလွယ်တဲ့အပင်တွေထဲမှာလည်း ပါပါတယ်။
အပင်အမြင့်က ၆လက်မကနေ ၁၂လက်မအထိရှိနိုင်ပြီးတော့ အပင်ဘေးအကျယ်က ၆လက်မလောက်ထိရှိတတ်ပါတယ်။
အပွင့်အရောင်တွေက အနီ ၊ လိမ္မော် ၊ ပန်းရောင် ၊ အဖြူ စသဖြင့်ရှိပါတယ်။
ယေဘုယျအားဖြင့် ၆လတခါပွင့်ပြီး တခါပွင့်ရင် ၆ပတ်ထိခံတတ်ပါတယ်။

အပင်အကြောင်းအကြမ်းဖျင်းသိရပြီဆိုတော့ စိုက်ပျိုးပြုစုပုံလေးကို ပြောပြပေးမယ်နော်။

🌱မြေက ရေဆင်းကောင်းတဲ့ မြေ၊ လေခိုပေါက် / လေဝင်ပေါက်ရှိတဲ့မြေ (cactus/succulentစိုက်မြေမျိုး) နဲ့စိုက်ရပါတယ်။
(မြေစပ်နည်းကောင်းတစ်ခုကတော့ Peat moss 50% + perlite 40% ပါ)
Succulent အသင့်စပ်မြေသုံးပြီးလည်းစိုက်လို့ရပါတယ်။

🔆အပင်ကောင်းကောင်းရှင်သန်ကြီးထွားဖို့ဆိုရင် အလင်းရောင် ၊နေရောင်ရတဲ့နေရာမျိုး ဖြစ်ရပါမယ်။ တိုက်ရိုက်နေရောင်ပေးလို့ရပေမယ့် အရမ်းပူတဲ့အခါမျိုးမှာ အပင်နေလောင်တတ်တာကိုသတိပြုရပါမယ်။
ပန်းဖူးပွင့်တဲ့ရာသီ ပေါ်မူတည်ပြီးလည်း အလင်းလိုအပ်မှုပြောင်းလဲတတ်တတ်ပါတယ်။
ပန်းပွင့်တဲ့ ရာသီမျိုးမှာ အလင်းကောင်းကောင်းရဖို့ထက် အမှောင်ကိုပိုလိုလားကြပါတယ်။
ဒါကြောင့်မို့လို့လည်း နေ့တာတိုပြီး ညတာရှည်တဲ့ ဆောင်းရာသီမှာ အပွင့်တွေပွင့်တာကို တွေ့မြင်ရတတ်ပါတယ်။
ဒါကြောင့်မို့ ပန်းမပွင့်ဘဲဖြစ်နေတဲ့အပင်တွေကို တစ်ရက်ကို ၁၄-၁၆နာရီလောက် အမှောင်ထဲမှာထားတာမျိုးကို ၄ပတ်ကနေ ၆ပတ်ထိ လုပ်ပြီး အပွင့် ပွင့်လာတာကိုစောင့်ကြည့်လို့ရပါတယ်။

💧ရေကိုတော့ မြေခြောက်ရင်လောင်းပေးလို့ရပါတယ်။ ရေလောင်းတဲ့အခါမှာ အပင်အောက်ခြေ အရင်းကိုပဲလောင်းရပြီး အရွက်တွေကို ရေမထိစေရပါဘူး။
အရွက်တွေမှာ စိုစွတ်မှုရှိလာရင် မှိုရောဂါစွဲတတ်လို့ပါ။

🌡အပူပိုင်းဒေသနဲ့ အပူလျော့ပိုင်းဒေသတွေမှာ အဓိကပေါက်ရောက်တဲ့အတွက် 65°F - 85°F မှာကောင်းကောင်းရှင်သန်ကြီးထွားပါတယ်။
အပြင်မှာကောင်းကောင်းရှင်သန်ဖို့ဆိုအပူချိန်က 45°F အထက်မှာရှိနေရပါမယ်။ အရမ်းအေးတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။
ရေငွေ့စိုထိုင်းမှုကိုလည်း မနှစ်သက်ပါဘူး။

💊 အပင် အပွင့်အားဆေးက အရမ်းမလိုအပ်ပေမယ့် သုံးချင်ရင်တော့ အရည်အားဆေးတို့ အားဆေးအလုံးတို့ကို တလတခါ ထည့်ပေးနိုင်ပါတယ်။

🌿အပင်ပွားချင်တယ်ဆိုရင် ပင်စည်ဖြတ်စိုက်ပြီးပွားလို့ရပါတယ်။ ဖြတ်ပိုင်းဟာ ၂လက်မ ၃ လက်မခန့်ရှိရပါမယ်။
အဲ့လိုဖြတ်လိုက်တဲ့အခါမှာ အပင်အနာကျက်အောင်လေသလပ်ပြီးမှ စိုစွတ်နေတဲ့မြေမှာ ထည့်စိုက်ပြီး အမြစ်မွေးရပါမယ်။ အကိုင်းရဲ့အောက်ခြေအရွက်တွေကိုဖယ်ပစ်ရပါမယ်။ အပွင့်ရှိရင်လည်း ဖြတ်လိုက်ရပါမယ်။ အပေါ်ကနေ ပလတ်စတစ်အကြည်အုပ်ပြီး စိုထိုင်းမှုကို ထိန်းထားရပါမယ်။ အဲ့လို အုပ်တဲ့အခါ greenhouse effect ကိုရစေပါတယ်။ အမြစ်မွေးထားတဲ့အိုးကို နွေးပြီး နေမထိတဲ့နေရာမှာထားရပါတယ်။ ၂ပတ်ကနေ၃ပတ်ကြာလို့ အမြစ်ထွက်လာတဲ့အခါ အိုးခွဲပြီးစိုက်လို့ရပါပြီ။

ဒါကတော့ သေချာထိန်းသိမ်းပြုစုချင်တဲ့သူတွေအတွက် အသေးစိတ်ဖော်ပြထားတာဖြစ်ပြီး
ဒီလိုအချက်တွေနဲ့ အကုန်မပြည့်စုံနေလည်း ခံနိုင်ရည်ရှိပြီး ရှင်သန်နိုင်ပါတယ်နော် ။

အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
သိချင်တဲ့အပင်တွေရှိရင်လည်း page cb ကနေတောင်းဆိုနိုင်ပါတယ်။
Admin လည်းတတ်နိုင်သလောက်အကောင်းဆုံးဖြစ်အောင်ကြိုးစားတင်ဆက်ရေးသားပေးသွားပါမယ်။

တိုက်ရိုက်copyကူးယူဖော်ပြခြင်းသည်းခံပါ။
တိုက်ရိုက် (သို့မဟုတ်) link ကူး၍share နိုင်ပါသည်။

Photos from Baby William's post 07/01/2021

Cactus စိုက်ပျိုးနည်း

၁။ ရေဆင်းလွယ်ဖို့ အောက်ခြေအပေါက်များတဲ့ အိုးကို ရွေးချယ်ပါ။

၂။ အိုးမှာ စိုက်မည့်အပင်အရွယ်အစားနှင့် အလွန်ဆုံး ၂ ဆ လောက်သာကြီးသင့်တယ်။
အိုးအလွန်ကြီးပြီး အပင်သေးလျှင်လဲ မြေအစိုဓာတ်များကာ
အပင်ငယ်မှာ သေနိုငိပါတယ်။

၃။ အိုးအောက်ခြေမှာ အုန်းဆံတုံးထဲ့ပါ။
ရေဝပ်တာခံနိုင်ရည်ရှိအောင် နဲ့ အပင်အမြစ်တွယ်နိုင်အောင်
စတဲ့ ရည်ရွယ်ချက် နဲ့ပါ။

၃။ မြေဆွေး ၂ ဆ ၊ ကျောက်ပွ ၁ဆ ၊ ဖွဲပြာ ၁ ဆ ရောပါ။
ရေမဝပ်ဖို့ အဓိကပါ။ ရေဆင်းကောင်းရန် အဓိကပါ။ မြေကို ပွပြီး ပေါ့ပါးနေပါစေ။ ကျောက်ပွကို ပုံတွင် ကြည့်ပါ။

၎။ မြေဩဇာအဖြစ် နောက်ချေး အနည်းငယ် ( သို့မဟူတ်) လင်းနို့ချေး အနည်းငယ် ( သို့မဟုတ်)
၁၃ ပတ်လည် အားဆေးကို စပ်မြေတွင်ရောပါ။
လင်းနို့ချေး နောက်ချေးများပါက အပင် အမြစ်လောင်ပြီး သေနိုင်ပါတယ်။

၅။ မြေအောင်း ပိုးများကာကွယ်ရန် မြေအောင်း ပိုးသတ်ဆေး အနည်းငယ် ကို စပ်မြေမှာ ရောစပ်ပါ။

၆။အပင်ကို အိုးအဟောင်းမှ နှုတ်ပြီး အမြစ်တွင်ကပ်နေသော အုန်းဆံမှုန့်များ ရှိနေပါက ရှင်းလင်းပြီးမှ မြေအသစ် နှင့်စိုက်ပေးပါ။
အမြစ်အောင်းပိုး ရှိ မရှိ စစ်ဆေးပါ။

၇။အနည်းဆုံး နေရောင်ရချိန် ၅၀% ရှိသည့်နေရာတွင်ထားပါ။ နေရောင်ရလေ အပင် ပိုကြိုက်လေ ဖြစ်ပါသည်။
သို့ပေမဲ့ နွေရာသီ direct sunlight ခပ်ပြင်းပြင်းက cactus ရဲ့ skinကို လောင်ကျွမ်းပျက်စီနိုင်တဲ့ အတွက်အစိမ်းမိုးလို နေကာ မိုးထားပေးတာ အကောင်းဆုံးပါ။
နေရောင်မလုံလောက်ပါက grow light သုံးပေးပါ။
နေမရ grow lightမပေးပဲ Indoor ထားမယ်ဆိုရင်တော့ ခံနိုင်ရည်နည်းလာပြီး မုချ သေမှာပါ။

၁၀။ ရေကို မြေခြောက်တိုင်း ပုံမှန်ပေးပါ။ ရေလောင်းကာနီး မြေခြောက်မခြောက်စစ်ပါ။
ကန္တာရပင်မို့ရေလုံးဝမလောင်းးရဘူး စသည့်အယူအဆအမှားများကို မေ့ပြစ်ပါ။
ကျနော်က ၃ရက်တစ်ခါ လောင်းပေးပါတယ်။
ရေနည်းရင် အပင်ပွင့်လာဖို့ ထွားလာဖို့ အလွန်နှောင့်နှေးစေပါတယ်။

၁၁။ လေဝင်လေထွက် ကောင်းတဲ့ နေရာထားပေးပါ။

ကျနော် အယူအဆအရဆို cactus စပ်မြေထဲ အုန်းမှုန့်လုံးဝ မထဲ့ပါ။
တခြားလူတွေ အယူအဆနဲ့ တူချင်မှ တူမှာပါ။
မိုးတွင်း အလွန်အကျွံ မိုးမိမခံပါနဲ့။
ပျပိုး အမြစ်ပိုး ပုံမှန်စစ်ဆေးပါ။
အပင် အပေါ်မှာ အလှကျောက်လေးတွေtopping အဖြစ်ထားရင် မြေခြောက်မခြောက် မသိရလို့ ရေဂရုစိုက်လောင်းပေးပါ။

ဒီရက်ပိုင်း မေးတဲ့လူ များလို့postတင်ပေးတာပါ။

အားလုံး သစ်ပင်လေးတွေနဲ့ အတူ အေးချမ်းပျော်ရွင်ပါစေဗျာ။


Credit. Wunna Ko(Myanmar Cactus)

တဆင့်ပြန်လည်ကူးယူတင်ပြခြင်းဖြစ်ပါတယ်ရှင်

မူရင်းရေးသားသူအားလေးစားစွာဖြင့်
(pol)

Photos from Baby William's post 04/01/2021

Mapleေ လး လှ ချက်🤩🤩🤩

Photos from Baby William's post 03/01/2021

စတားခတ္တာပန်း🌸
အရမ်းမွှေးတယ်နော် လက်ေ ဆာင်ေ ပး လဲလှ🤩
ဖန်အိုး Price-4,500

29/12/2020

🍊🍊🍊

Photos from Baby William's post 28/12/2020

🌺 တောင်ဇလပ်

🌺 မနက်ခင်းနေောာင်ခြည်ရတဲ့နေရာမှာထားပေးရပါမယ်
🌺 နေ့လည်နေ နှင့်ကျနေလိုနေပြင်းတာမကြိုက်ပါ
🌺ပန်းပွင့်နေစဉ်ကာလအတွင်း အပင်ရဲ့အောက်ခြေကို မြေသားစိုနေအောင်ဖြေးဖြေးချင်းရေလောင်းပေးရပါမယ် Cr

Price6,500(ေ ကာ္အိုးပါ)
11,000(ေ ကြွ ထူ Sizeကြီး)

Photos from Baby William's post 28/12/2020

#ထီပေါက်ပင် (Money Bonsai ) 🌲

မင်မင်ကတော့ ဒီအပင်လေး ဝင်ပီဆိုရင် အရင်ထက် ဈေးပိုရောင်းကောင်းတာတော့ အမှန်ပဲ☺️

အရောင်းအဝယ်သမားတွေ လာဘ်ဝင်နည်းနေသူတွေ ဆောင်သင့်တဲ့အပင်လို့ recommenced ပေးပါရစေနော် ☺️

- လာဘ်ခေါ်ပင် ၊ လာဘ်ရွှင်ပင်တဲ့ နာမည်လေးကိုက
သိပ်ကို ဆွဲဆောင်လွန်းအား ကြီးလွန်းတယ် 🤗 ။

- အပင်လေးက နာမည်လေးအတိုင်းဘဲ
တစ်ကယ်ကို ကောင်းကျိုးစီးပွားတွေကိုလဲ
ဖြစ်ထွန်းစေတယ် ။

- 🌴ထီပေါက်ပင်လေး ဝယ်စိုက်ထားတဲ့အိမ်မှာဆိုလျှင် မနက်အိပ်ယာထတဲ့အချိန် 🖼️ ဒါမှမဟုတ်
ဈေးဆိုင် အရောင်းအဝယ်လုပ်သူတွေဆိုလျှင် 🌤️
မနက်အိပ်ယာကထပြီး ဆိုင်ဖွင့်တဲ့အချိန်မှာ
အပင်လေးကို ရေလောင်းပေးပြီး 💦
ဆုတောင်းမေတ္တာတွေ ပို့သလိုက်တဲ့အခါမှာ 🙏 အလုပ်အကိုင် စီးပွားရေးတွေ အဆင်ပြေစေပြီး
လာဘ်လာဘတွေကိုလည်း 💰💵
ထီပေါက်သလိုကို တိုးတက်စေပါတယ် ။ 😎

- လုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေ တစ်ကယ်ကို
ဆောင်ထား စိုက်ပျိုးသင့်တဲ့ အပင်လေးပါ

- ဒါတွေအပြင် ထိုထီပေါက်ပင်လေးကို 🌴
အခန်းတွင်းမှာ စိုက်ပျိုးထားနိုင်သလို
ပတ်ဝန်းကျင်ရှိ လေထုကိုပါ သန့်စင်ပေးနိုင်ပြီး
အကြမ်းလဲခံနိုင်ပါတယ် ။ 👍

- ထိုအပင်လေးစိုက်ပျိုးမှုနဲ့ပတ်သတ်ပြီး
သတိထားရမှာလေး တစ်ခုဘဲရှိပါတယ် ‼️။

အဲ့တာကတော့ ....
လိုတာထက်ရေကို ပိုမလောင်းမိစေဖို့နှင့် 🙅‍♂️
ထိုအပင်လေး ထည့်ထားသော အိုးနှင့်မြေက
ရေဆင်းကောင်းဖို့ လိုပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ လိုတာထက်ရေပိုလောင်းမိရင် အပင်လေးရေမွန်းပြီးသေသွားနိုင်သလို 🤕
ရေဆင်းပေါက် မကောင်းရင်လည်း
အမြစ်ပုပ်တက်လို့ဘဲ ဖြစ်ပါတယ် 😿 ။

ပျော်ချင်လျှင် သစ်ပင်စိုက်ပါ 🌴🌴
သစ်ပင်စိုက်ရင်း ပျော်လာပါလိမ့်မယ်🍀
Price-9,500(ေ ကြွ ထူ အိုး)
6,000(ေ ကာ္အိုးပါ)

Photos from Baby William's post 25/12/2020

ပိုင် ရှင် အသစ် ဆီ ဩား ေ တာ့ မဲ့ 🥰🥰🥰အသဲေ လးေ တြ့🌲🎄🌲

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon