MS. Care
selling supplements as needed
26/05/2026
အသက် ၅၀ အထက် အမျိုးသမီးများအတွက် Vitamin & minerals များ အချိုးကျပါ၀င်ပေါင်းစပ်ထားသော One a day Women's 50+ (300 tablets) instock ပါ။
တစ်နေ့ တစ်လုံးသောက်ပေးရုံဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အထောက်အပံ့ကောင်းများကို ပေးစွမ်းနိုင်ပါတယ်။
အလုံး ၃၀၀ ပါ တစ်ဘူး - 155,000ကျပ် Exp 10/27
25/05/2026
No prepaid
No waiting time
MK cross body bag
မိုးပြာလေးနဲ့ အနက် instock နော် 🤩
24/05/2026
Pants Kids Formula 180 gummies ပြန်ရပါပြီရှင် 💕
သားသားမီးမီးတို့ ကျန်းမာသန်စွမ်းပြီး မှတ်ဥာဏ်အားကောင်းစေဖို့ Vitamins & minerals တွေ မျိုးစုံပါ၀င်ပြီး ကလေးတွေအကြိုက် လီမွန်၊ လိမ္မော်၊ စတော်ဘယ်ရီ နဲ့ ငှက်ပျောသီး အရသာများနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ Gummy လေးတွေပါ။
🐟 ငါးလေးတွေက ထုတ်လုပ်ထားတဲ့ Omega 3 က ကလေးတွေ အတွက် မှတ်ဥာဏ်အားကောင်းစေပြီး အမြင်စွမ်းအားလည်း ကောင်းစေပါတယ်။
💪Vitamin D3 နဲ့ K က ကိုယ်ခံအားကောင်းမွန်စေပြီး အရိုးသန်မာစေပါတယ်။
✔️ Vitamin B12 က အာရုံကြောများ သန်စွမ်းစေပါတယ်။
🍋 Vitamin C က Antioxidants ကြွယ်ဝလို့ ကိုယ်ခံအားကောင်းစေပြီး ရောဂါများကို တိုက်ထုတ်ပေးပါတယ်။
🎈 Iodine က လည်ပင်းကြီးရောဂါကိုကာကွယ်ပေးပါတယ်။
👨👦အသက် ၄ နှစ်မှ စတင် တိုက်ကျွေးနိုင်ပြီး တစ်နေ့ ၄ လုံး စားသုံးနိုင်ပါတယ်။
Exp 6/27
💯 Authentic from 🇺🇸 USA
23/05/2026
nutrition powder 400g from US In-stock (တစ်ဘူး 1.10lb အလေးချိန်ရှိ)
✔️ နလန်ထစ လူနာများ၊ အသက် အရွယ်ကြီးပြီး အစားအသောက်နည်းလာသော လူကြီး မိဘများအတွက်
✔️ အာဟာရဓါတ်မျိုးစုံပါ၀င်ပြီး ခွန်အားပြည့်၀စေသော
✔️ powder ဇွန်း တ၀က်ကို ကို ရေကျက်အေးဖြင့်သာ အလွယ်တကူဖျော်ပြီး သောက်သုံးနိုင်ပါသည်။
Exp 10/26
Exp 7/27 ၂ မျိုး ရှိပါမည်ရှင်။
22/05/2026
📣📣 အသစ်များ directly from USA (In stock) ချက်ချင်း၀ယ် ချက်ချင်းသုံး၊ စိတ်အချမ်းသာဆုံးပဲနော် 😊
USA ပစ္စည်း စစ်စစ်တွေကို ၃သောင်း ကျော်လေးတွေနဲ့ စိတ်ကြိုက်ရွေး၀ယ်ပြီး ချက်ချင်းသုံးလို့ရပါမယ်ရှင်။
🔹️ချွေးထွက်များပြီး အနံ့အသက် မကောင်းတာတွေ၊ ရိုးရိုး roll-on တွေ သုံးပြီး အင်္ကျီမှာ စွန်းတာတွေ၊ ချွေးကွက်တွေဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရတာတွေ ကင်းေ၀းဖို့ qualityရော စျေးပါတန်တဲ့ ဒီလို deodorant stick လေးတွေသာ ဆောင်ထားလိုက်ရင် ရပါပြီနော်။
🔹️ လုံး၀ fresh & clean ဖြစ်တဲ့ အနံ့လေးနဲ့ ၇၂နာရီကြာအထိ လှုပ်ရှားလိုက်တိုင်း မွှေးပျံ့စေပါတယ်။
🔹️သာမန် roll-on တွေလိုမဟုတ်ဘဲ Anti yellow stain ဖြစ်တာကြောင့် အင်္ကျီတွေမှာအစွန်းအထင်းဖြစ်တာမျိုးတွေလည်း ကင်းေ၀းပါတယ်နော်။
🔹️Solid type မို့ စေးကပ်ခြင်းများ ကင်းေ၀းစေပြီး မွှေးပျံ့တဲ့ အနံ့ကြောင့် စိတ်ကြည်လင် လန်းဆန်းစေမှာပါနော်။
ဒီလို စျေးနှုန်းလေးနဲ့ USA ပစ္စည်းကောင်း၊ US အစစ်များကို သုံးရတာမို့ ပစ္စည်းေကာင်း ကြိုက်သူများ စိတ်ချသာ ၀ယ်ယူလိုက်ပါနော်။
19/05/2026
ရာသီဥတု ပူပူမှာ mask လေးတွေ ကပ်ပြီး အသားအရေကို ထိန်းသိမ်းကြရအောင်နော်။
Mask ကို တပတ် မှာ ၂ကြိမ်/၃ကြိမ် အသုံးပြုဖြစ်ရင် ရေရှည်မှာ သိသာ၊ ကောင်းမွန်တဲ့ အသားအရေ စိုပြည်တောက်ပ တင်းရင်းမှုကို ရရှိမှာ မလွဲမသွေပါနော် 😘
Mask အသုံးပြုခြင်းရဲ့ ကောင်းကျိုးလေးတွေကတော့ ---
✔️ Mask လေးတွေက အစိုဓာတ်ထိန်းပေးတဲ့ ပါဝင်ပစ္စည်းများနဲ့ ပြည့်နှက်နေတာမို့ အသားအရေကို နူးညံ့ပြီး တင်းရင်းစေပါတယ် (Keana Tightening Mask)
✔️ ကြမ်းတမ်းတဲ့ အသားအရေကို ချောမွေ့စေပြီး ခြောက်သွေ့မှုကို လျှော့ချပေးတာမို့ မျက်နှာကို ပိုမိုညီညာပြီး လန်းဆန်းစေပါတယ်
✔️ ဗီတာမင်စီ သို့မဟုတ် Rice serum များ ပါဝင်တာမို့ ချွေးပေါက်များ ကျဥ်းစေပြီး အသားအရေကို တောက်ပ စိုပြေ တင်းရင်းစေပါတယ် (Keana Rice Mask)
✔️ Mask ပုံမှန် အသုံးပြုခြင်းက အိုမင်းရင့်ရော်မှုကို ကာကွယ်ခြင်း၊ အသုံးပြုနေချိန်လေးက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးချိန်လေးမို့ စိတ်ရော ကိုယ်ပါ အပြည့်အ၀ အနားယူ အပန်းဖြေရန် ကူညီပေးပါတယ် (must do) 💕💕
✔️ Japan imported စစ်စစ် mask များမို့ ချစ်မတို့ စိတ်ချ လက်ချသာ ၀ယ်သုံးပြီး တောက်ပနေတော့နော် 🥰
18/05/2026
E
📍အသားအရေတင်းရင်း လှပပြီး အရွယ်တင်နုပျိုစေပါတယ်။ အရေးအကြောင်းများ လျော့ပါးစေပါတယ်။
📍အမဲစက်နဲ့ တင်းတိပ်များကို တဖြေးဖြေး မှေးမှိန်သက်သာစေပါတယ်။ အသားအရေ စိုပြေ၀င်းလက်လာစေပါတယ်။
📍ကလေးယူဖို့ကြိုးစားနေတဲ့ မိခင်လောင်းများ သောက်သုံးပါက မွေးဖွားလာမယ့်ရင်သွေးငယ်များကို ပိုမိုကျန်းမာပြီး ဥာဏ်ရည်ထက်မြက်စေပါတယ်။
📍 Antioxidants တစ်မျိုးမို့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။
ညစာစားပြီး တစ်နေ့ တစ်လုံး မှီ၀ဲရုံနဲ့ ရွယ်တူတွေကြား ကြယ်ပွင့်လေးလို လင်းလက်စေမှာပါ 🥰
Kirkland Vitamin E 400iu (500)
16/05/2026
ကောင်းကျိုးများတဲ့ B12 ကို မမေ့မလျှော့ ခုထဲက စ သောက်သုံးသင့်ပါတယ်နော်။
B12 ရဲ့ အကျိုးကျေးဇူးများ
B12 သောက်ပေးခြင်းဖြင့်
♦️သတိမေ့ခြင်းမဖြစ်အောင်၊ အေဇိုင်းမားရောဂါ နှင့် သတိမေ့ရောဂါဖြစ်ပွားနှုန်း လျော့ကျစေတယ်ဆိုပါတယ်။
♦️ စွမ်းအင်ပမာဏ၊ မှတ်ဉာဏ်အပါအဝင် ကျန်းမာရေးတိုးတက်ကောင်းမွန်စေပါတယ်။
♦️ Adrenal fatigue ကာကွယ်ရေးအပါအဝင် အင်ဇိုင်းထုတ်ပေးခြင်း၊ DNA တည်ဆောက်ခြင်း၊ ဟိုမုန်းမျှတစေခြင်းအတွက်ပါ အရေးပါ ပါတယ်။
♦️အစာအစားကို စွမ်းအင်ဖြင့်ပြောင်းလဲပေးခြင်းမှာ ကူညီပြီး၊ ဇီဝဖြစ်စဉ်ကိုအကျိုးပြုပါတယ်။
♦️ဦးနှောက်အတွက် သတင်းအချက်အလက်ပို့ဆောင်ပေးခြင်းအတွက် လိုအပ်ပြီး ဗိုက်တာမင် B12 က စွမ်းအင်ပမာဏကိုမြင့်စေခြင်း၊ ဆာလောင်မှုကို ထိန်းချုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကျစေပါတယ်
♦️ကောင်းမွန်သော အာရုံကြောစနစ်ထိန်းသိမ်းခြင်းအတွက် အကျိုးပြုပြီး သောကများခြင်း နှင့် စိတ်ဓာတ်ကျခြင်းကို လျော့နည်းစေတယ်ပြောပါတယ်။ အာရုံစိုက်မှုလည်းကောင်းလာစေပါတယ်။
♦️သွေးတွင်း homocysteine ပမာဏကိုလျော့ချပေးပြီး နှလုံးရောဂါဖြစ်ပွားနှုန်းမှ လျော့နည်းစေတယ်။ သွေးတွင်းကိုလက်စထရောများခြင်း နှင့် သွေးပေါင်တက်ခြင်းတွေကို ထိန်းသိမ်းပေးပါတယ်။
♦️ကျန်းမာသော အရေပြား၊ ဆံပင် နှင့် ခြေသည်း၊ လက်သည်းဖြစ်ပေါ်ခြင်းကို အကျိုးပြုတယ်။ ဆံပင်ကျိုးကျေခြင်းကို လျော့နည်းစေတယ်။ လက်သည်း၊ လက်သည်းကိုလည်း သန်စွမ်းစေတယ်။
♦️အစာခြေအင်ဇိုင်းထုတ်လုပ်မှုကို ကူညီပေးပြီး အစာအိမ်အတွင်အစာကြေစေတယ်။ ကျန်းမာသော ဇီဝဖြစ်စဉ်ကို ဖြစ်စေတယ်။
♦️ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်တာမင် B12 ကို folate နှင့်တိုက်လျှင် neural tube defects အပါအဝင်မွေးရာပါချို့ယွင်းချက်ဖြစ်ပေါ်ခြင်းကို လျော့နည်းစေတယ်။
♦️သုသေတနတွေအရ ခုခံစွမ်းအားကို အကျိုးပြုပြီး သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နှင့် အူမကြီးကင်ဆာများဖြစ်ပွားခြင်းက ကာကွယ်ပေးနိုင်ပါတယ်။
♦️သွေးအားနည်းရောဂါကိုလည်း ပျောက်ကင်းစေတယ်ဆိုပါတယ်။
♦️အသက်ကြီးသူများ၊ သတ်သတ်လွတ်လွတ်စားသူများ ၊ ဆေးလိပ်သောက်သူများ၊ အရက်သောက်သူများ နှင့်သွေးအားနည်းသူ အချို့ သောက်သင့်ပါတယ်။ Cyanocobalamin (B12) ထက် methylcobalamin (B12) က ခန္ဓာကိုယ်အတွက်ပိုအဆင်ပြေတယ်ပြောပါတယ်။
Crd. Dr Phyo Maung Maung post မှ ထုတ်နုတ်ထားပါသည်။
13/05/2026
& body body cream directly from USA
Instock ပါရှင်
12/05/2026
'il Critters Gummy Vites လေးတွေ ရောက်ပါတယ်ရှင်။
ဆေးလုံးတွေ မကြိုက်တဲ့ကလေးတွေအတွက် ၀ါးစားရလွယ်၊ ဆေးတိုက်ရခက်တဲ့ ကလေးတွေအတွက် Jelly လေးမို့ ၀ါးစားရလွယ်ကူပြီး ကလေးတိုင်းကြိုက်တဲ့ US No.1 'il Critters Gummy Vites
🧸ကလေးများအတွက် နေ့စဥ် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် မျိုးစုံ အချိုးကျ ပေါင်းစပ်ပါဝင်ပါတယ်။
🧸 Cherry, Strawberry, Orange, Pineapple နဲ့ Blueberry စတဲ့ သဘာ၀ အသီးအနှံများမှ ထုတ်လုပ်ထားတာမို့ ကလေးတွေကို စိတ်ချစွာ ကျွေးလို့ရပါတယ်။
🧸 Vitamin A, B6, B12, Vit C, Vit D3, Vitamin E, Lutein တို့အပြင် တခြား ဗီတာမင်နဲ့ သတ္တုဓာတ် များစွာ ပါဝင်တာကြောင့် တကယ် ပြီးပြည့်စုံတဲ့ multivitamin ဖြစ်ပါတယ်။
✔️ အသက် ၂နှစ် မှ ၃နှစ် ကလေးများအတွက် တစ်နေ့ ၁ လုံး
✔️ အသက် ၄နှစ်အထက် ကလေးများအတွက် တစ်နေ့ ၂လုံး
08/05/2026
Trunature Ginkgo (340)
🍀 ဦးနှောက်အတွင်း သွေးလည်ပတ်မှုကောင်းမွန်စေခြင်း
🍀 စိတ်ကြည်လင် လန်းဆန်းစေခြင်း
🍀 မှတ်ဉာဏ်များ ပြန်လည်ကောင်းမွန်စေရန် အထောက်အကူပေးခြင်း
🍀 တစ်နေ့ တစ်လုံးသောက်ပေးရုံနဲ့ အကောင်းဆုံး စွမ်းရည်များ ရရှိစေပါတယ်။
Click here to claim your Sponsored Listing.