Buy4U
Selling at the best price!
25/09/2020
ဒီ page မှနေပီးတော့ စျေးတန်တန် ပစ္စည်းမှန်မှန် ရတနာထည် မျိုးစုံကို အာမခံဖြင့် စတင် မိတ်ဆက်ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်..🙏🙏🙏
အားပေးချင်တယ်ဆိုရင်တော့ဖြင့် ဖုန်းဖြင့်သော်၎င်း၊ messenger မှသော၎င်း စုံစမ်းမေးမြန်းနိုင်ပါတယ်..🗯🗯🗯
တဆင့်ပြန်ရောင်းလိုသူများလည်း ဆက်သွယ်နိုင်ပါတယ်..🤝🤝🤝
ဗိုင်းရပ်စ်မှာ သက်ရှိ အော်ဂင်းနစ် ပစ္စည်းမဟုတ်ဘဲ အဆီလွှာ ဖုန်းလွှမ်းထားသော ပရိုတင်း မော်လီကျူး (DNA) သာဖြစ်ပြီး မျက်ရည်၊ နှာရည်၊ ချွဲသလိပ်တို့တွင် ပါသောဆဲလ်များက ယင်းတို့ကို စုပ်ယူလိုက်သည့်အခါကျမှသာ လူကို တိုက်ခိုက်ဒုက္ခပေးနိုင်သော ဗီဇမျိုးပြောင်း မျိုးပွားသွားခြင်း ဖြစ်သည်။
ဘက္တီးရီးယားလို သတ် လို့မရပါ။ ။
ဗိုင်းရပ်စ်က ဘက်တီးရီးယားလို သက်ရှိ အော်ဂဲနစ် မဟုတ်ပါ။
ပဋိဇီဝဆေးများက သက်မဲ့(ဗိုင်းရပ်စ်)ကို သတ်၍ မရပါ။
ဗိုင်းရပ်စ်မှာ သက်ရှိ အော်ဂင်းနစ် ပစ္စည်းမဟုတ်ဘဲ ပရိုတင်းမော်လီကျူးသာဖြစ်သည့်အတွက် သတ်ပစ်၍ မရဘဲ သူ့သဘာဝ အတိုင်း ဆွေးမြေ့ ပျက်စီးသွားနိုင်ပါသည်။
မော်လီကျူးပြိုကွဲ ပျက်စီးရန် ကြာချိန်မှာ အပူချိန်၊ စိုထိုင်းဆ နှင့် ယင်းကပ်ငြိ တင်ကျန်နေသော မျက်နှာပြင် အမျိုးအစားပေါ်မူတည်၍ ကွဲပြားပါသည်။
ဗိုင်းရပ်စ်မှာ အလွန်နုနယ်ပြီး ယင်းကို အကာအကွယ်ပေးထားသောအရာမှာ အပေါ်ယံ အဆီလွှာသာ ရှိပါသည်။ ဆပ်ပြာနှင့် ပိုးသတ်ဆေးများက အကောင်းဆုံး ကုစားနိုင်ခြင်းမှာ ထိုအချက်ကြောင့်ဖြစ်သည်။
ဆပ်ပြာမြှုပ်များက ထိုအဆီလွှာကို ဖြိုခွဲပစ်ပါသည် (ထို့ ကြောင့် ဆပ်ပြာမြှုပ်များများဖြင့် စက္ကန့် ၂၀ အနည်းဆုံး ပွတ်တိုက် ဆေးကြောရန်လိုအပ်ခြင်းဖြစ်သည်။ )အပေါ်ယံ အဆီလွှာ ပျက်စီးသွားသောအခါ ပရိုတင်း မော်လီကျူးလည်း
သူ့ ဘာသာသူ ပြိုပျက်သွားပါသည်။
အပူဓါတ်က အဆီများကို အရည်ပျော်စေနိုင်ပါသည်။
အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုနွေးသော ရေဖြင့် လက်ဆေးခြင်း၊ အဝတ်လျှော်ခြင်း စသည်များ ပြုလုပ်ပါ။ ရေနွေးက ဆပ်ပြာအမြှုပ်များ ပိုထွက်စေသဖြင့် ပိုအသုံး တည့်ပါသည်။
အယ်လ်ကိုဟော ပါဝင်မှု ၆၅ ရာခိုင်နှုန်းထက် ပိုသော လက်ဆေးရည်များက အဆီများကို ပျော်ဝင် ပြိုကွဲစေပါသည်။
အထူးသဖြင့် ဗိုင်းရပ်စ်၏ အပေါ်ယံ အဆီလွှာကို ပြိုကွဲပျက်စီးစေပါသည်။
⚛️အရောင်ချွတ်ဆေး တစ်ဆ၊ ရေ ၅ဆ ပါ၀င်သော အရောအနှောကလည်း ပရိုတင်းဓါတ်ကို တိုက်ရိုက် ပြိုကွဲစေနိုင်ပါသည်။ ပရိုတင်း အတွင်းသို့ ဝင်ရောက် ဖြိုခွဲပါသည်။⚛️
⚛️ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်ကလည်း ဆပ်ပြာ၊ အယ်လ်ကိုဟော(အရက်ပျံ)၊ ကလိုရင်း (အရောင်ချွတ်ဆေး) တို့ကဲ့သို့ပင် ဗိုင်းရပ်စ်ရှိ ပရိုတင်းဓါတ်ကို ပြိုကွဲစေနိုင်ပါသည်။ ⚛️
ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်က ရေမရောဘဲသုံးမှ ရသဖြင့် လူ့အရေပြားကို ထိခိုက်စေနိုင်ပါသည်။
⚛️သုံးပြီးသား သို့မဟုတ် မသုံးရသေးသော အဝတ်အထည်များကို မခါပါနှင့်။ ⚛️
⚛️သေးငယ်သော အပေါက်ငယ်များပါသည့် (အဝတ်၊ ချည်ထည် ကဲ့သို့) မျက်နှာပြင်များတွင် ကပ်ငြိနေသည့်အခါ မလှုပ်မရှားထားလျှင် ၃ နာရီ အတွင်း ပြိုကွဲ ပျက်စီးပါသည်။ ⚛️
ကြေးနီ၊ သစ်သား မျက်နှာပြင်များတွင် ၄ နာရီ၊ ကပ်ထူပြားပေါ်တွင် ၂၄ နာရီ၊ အခြားသတ္တုမျက်နှာပြင် များပေါ်တွင် ၄၂ နာရီ နှင့် ပလတ်စတစ်များပေါ်တွင် ၇၂ နာရီ ကျော်ပြီးမှ ပြိုကွဲပျက်စီးနိုင်ပါသည်။
⚛️အဝတ်စသည်များကို ဖုန်ခါလျှင်၊ ရိုက်ခါလျှင် ဗိုင်းရပ်စ် မော်လီကျူးများ လေထဲတွင် ၃ နာရီ မျောပါကာ သင် ရှူရှိုက်မိ နိုင်ပါသည်။⚛️
လေအေးစက် ဖွင့်ထားသော အိမ်နှင့် ကားတွင်းကဲ့သို့ နေရာများတွင် ဗိုင်းရပ်စ် မော်လီကျူးများ ငြိမ်နေနိုင်ပါသည်။ ယင်း ငြိမ်ငြိမ်လေးနေနိုင်ရန် အမှောင်နှင့် စိုစွတ်မှု (စိုထိုင်းဆများရန်) လိုအပ်သည်။
ခြောက်သွေ့၊ နွေးထွေး၊ အလင်းများများ ရသော ပတ်ဝန်းကျင်တွင် ဗိုင်းရပ်စ် ပရိုတင်းများ လျှင်မြန်စွာ ပြိုကွဲနိုင်ပါသည်။
ခရမ်းလွန်ရောင်ခြည် (UV Light) ကို မျက်နှာပြင်များ အရာဝထ္တုများပေါ်သို့ ကျရောက်စေပါက ဗိုင်းရပ်စ် ပရိုတင်းများကို ဖြိုခွင်းနိုင်ပါသည်။ လူ့အသားအရေပေါ်သို့ တိုက်ရိုက် ကျရောက်လျှင် အရေပြားတွန့်ခြင်း အရေပြား ကင်ဆာဖြစ်ခြင်း ဖြစ်စေနိုင်ပါသည်။
* 🛑The virus CANNOT go through healthy skin.
ဗိုင်းရပ်စ်သည် ကျန်းမာကောင်းမွန်သော လူ့အရေပြားကို မဖေါက်ထွင်းနိုင်ပါ။🛑
ရှာလကာရည် အသုံးမတည့်ပါ၊ ဗိုင်းရပ်စ်၏ အဆီလွှာကို မဖေါက်ထွင်းနိုင်ပါ။
အရက်နှင့် ဗော့ဒဂါအရက်များက ဗိုင်းရပ်စ်၏ အဆီလွှာကို ထိရောက်စွာ မဖေါက်နိုင်ပါ။ အပြင်းဆုံး အရက်က အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်းသာရှိ၍ လိုအပ်ချက် ၆၅ ရာခိုင်နှုန်းကို မမီပါ။
နေရာ ကျဉ်းကြပ်လျှင် ဗိုင်းရပ်စ် ပိုမို ထူထပ်နိုင်ပါသည်။ ကျယ်ကျယ်ဝန်းဝန်း သဘာဝ လေကောင်းလေသန့် ရနိုင်ပါစေ။
အကြိမ်ကြိမ်ပြောပြီး ဖြစ်သော်လည်း အောက်ပါ အရာဝထ္ထုများအား မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း လက်ကို ဆေးကြောပါ။
ချွဲသလိပ်ရှိနိုင်သော အရေပြားလွှာများ၊ အစားအသောက်များ၊ သော့ခလောက်များ၊ တံခါးလက်ကိုင်ဘုများ၊ မီးခလုတ်များ၊ ရီမုတ် ကွန်ထရိုးများ၊ လက်ကိုင်ဖုန်းများ၊ လက်ပတ်နာရီများ၊ ကွန်ပျူတာများ၊ စာကြည့်စားပွဲများ၊ ရုပ်မြင်သံကြားစက်များ စသည်။ ) ရေအိမ်သာ အသုံးပြုခြင်းလည်း ပါဝင်သည်။
🛑လက်အရေပြား ခြောက်သွေ့သည် အထိ မထားပါနှင့်။ ဆပ်ပြာနှင့် အကြိမ်များများ ဆေးကြောပါ။ အရေပြား အသားအရေ အတွန့်အခေါက်များ၊ ထိရှ ဒဏ်ရာများ အကြားတွင် ဗိုင်းရပ်စ် မော်လီကြူးများ ခိုအောင်းနေနိုင်ပါသည်။🛑
🛑အရေပြားစိုစွတ်လေ ကောင်းလေ ဖြစ်ပါသည်။
လက်သည်းများကြားတွင် ဗိုင်းရပ်စ် မခိုအောင်းနိုင်အောင် လက်သည်း တိုတို ညှပ်ပါ။🛑
Credit
COVID -19 ကာကွယ်ရေး သိကောင်းစရာများ
(ကိုသီဟစော မြန်မာဘာသာပြန်ဆိုပေးပါသည်။)
27/04/2020
" #ဂျာမဏီနိုင်ငံမှအသုံးဝင်သဘာဝဆေး"
ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများနှင့်အအေးမိခြင်းတို့ကို ပျောက်ကင်းသက်သာစေရန်စေရန်အတွက် သဘာဝ အသီးအနှံများကို အသုံးပြု၍ သောက်သုံးခြင်း ဖြစ်ပါတယ်။
ယင်းနည်းကို ဂျာမဏီနိုင်ငံတွင် လက်ခံသုံးစွဲကြတယ်လို့ ဆိုပါတယ်။မိမိအနီးနားတွင်ရှိသော နေ့စဉ်ထိတွေ့နေရသည့် အစားအသောက် ၃မျိုးကို ရောစပ်လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်လာပါတယ်။
အဲဒီဖျော်ရည်မှာ လူအများသိထားပြီးဖြစ်တဲ့ သံပရိုသီး၊ချင်း(ဂျင်း)၊ ကြက်သွန်ဖြူနှင့်ရေ တို့ပဲဖြစ်ပါတယ်။ဒီသဘာဝ ဆေးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ထူးခြား စုံလင် များပြားလှပါတယ်။
အထူးအလေးပေး သုံးစွဲနိုင်တာကတော့ သွေးလွတ်ကြောများ ဆို့ပိတ်ခြင်းကို ကာကွယ်ခြင်းနှင့်ကုသခြင်းတို့မှာ အသုံးပြုနိုင်သည်။ ထို့ပြင် အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးဆက်မှုများနှင့် အအေးပတ်ခြင်းများကို ကုသခြင်းနှင့်ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊
အသဲနှင် အသဲအင်ဇိုင်းများ တိုးတက်ကောင်းမွန် သန့်ရှင်းအောင် ပြုလုပ်ပေးရာတွင် အခန်း၊ကဏ္ဍတခုမှ ပါဝင်ဆောင်ရွက်ပေးခြင်း၊ သွေးလှည့်ပတ်မှု မြှင့်တင်ပေးနိုင်ခြင်းနှင့်အထွေထွေ ပင်ပန်း နွမ်းနယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။
သွေးလှည့်ပတ်မှု စနစ်နှင့်ပက်သက်သော ရောဂါများ၊နှလုံးနှင့် ပက်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။
ပါဝင် ပစ္စည်းများကတော့
ရေသန့် ၂လီတာ
သံပရိုသီး ၄လုံး အခွံနွာရန် မလို။
ကြက်သွန်ဖြူ ၄လုံး (၄မွာ မဟုတ်ပါ၊)
ချင်းတက် ၄ဆင်တီမီတာခန့်တို့ လိုအပ်ပါတယ်။
သံပရိုသီးကို ရေဆေး၍ ထက်ခြမ်းခွဲပါ။ကြက်သွန်ဖြူများကို အခွံနွာပါ။ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူနှင့်သံပရိုသီး အားလုံးကို မွှေစက်ထဲထည့်၍ မွှေပါ။
ထိုမွေထားပြီးသား အရောအနှောကို ဒန်အိုးတခုခုတွင် ရေ ၂လီတာနှင့်အတူ ထည့်၍ ဆူလာသည်အထိ ကျိုချက်ပါ။ ဆူလာသည်နှင့် တပြိုင်နက် ကျိုချက်ခြင်းကို ရပ်တန့်လိုက်ပြီး အအေးခံပါ။ပြီးလျှင် အစိတ်အကျဲ အနေတော်ရှိသော စစ်စရာတခုခုနှင့် စစ်လိုက်ပြီး လေလုံဗူးများအတွင်း ထည့်သွင်း ထား၍ ရေခဲသေတ္တာတွင်း သိမ်းပြီး သောက်သုံးနိုင်ပါတယ်။
ယင်းကျိုချက်ထားသော ဖျော်ရည်ကို နေ့စဉ် ၁ဖန်ခွက်(250-300ML) အစာမစားမှီ အနည်းဆုံး ၂နာရီစော၍ သော်၎င်း အစာအိမ်တွင်း အစာမရှိသောအချိန် နံနက် စောစောတွင်သော်၎င်း သောက်သုံးနိုင်ပါသည်။
မသောက်မှီ ပုလင်း၊ဗူးအောက်တွင် အနယ်ထိုင်နေသော သံပရိုနှင့် ကြက်သွန်ဖြူများပါ ပါဝင်စေရန်အတွက် သေချာစွာ လှုပ်ပြီးမှ သောက်သုံးပါ။
အလွယ်တကူနဲ့ ထိရောက်တဲ့ဆေးမို့ ကိုယ်တိုင်သောက်သုံး နေရာကနေ ပြန်လည် ဝေငှလိုက်ရပါတယ်။
Heat Stroke ကိုသတိထား
လွန်ခဲ့သောရက်ပိုင်းအတွင်းမှာ
အသက် ၂၃ နှစ်အရွယ်လူငယ်တစ်ဦး နေပူပြင်းချိန်တွင်
အပြင်မှပြန်လာပြီး
ရေခဲသေတ္တာထဲက ရေသန့်ဗူးကိုယူသောက်မိပါတယ်တဲ့
ခဏအကြာမှာပဲ နုတ်ခမ်းတွေပြာနှမ်းလာပြီး
စကားမေးမရဖြစ်လာတဲ့အတွက်ဆေးရုံကိုပို့ဆောင်နေစဉ်မှာပဲ
သေဆုံးသွားခဲ့ပါတယ်တဲ့
သူသောက်ခဲ့တဲ့ရေကိုစစ်ကြည့်တော့လဲ ရိုးရိုးရေပါပဲ၊
အလောင်းကိုခွဲစိပ်စစ်ဆေးကြည့်တဲ့အခါမှာတော့
ဦးနှောက်သွေးကြောပြတ်ပြီးသေဆုံးကြောင်း
ဆရာ၀န်ကြီးတွေကအတည်ပြုခဲ့ပါတယ်တဲ့
အခုလိုပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာ
ပြင်းထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေတဆင့်
ခန္ဓာကိုယ်သွေးကြောထဲကိုရောက်ရှိသွားပြီး၊
အပူအအေးဆန့်ကျင်ဘက်ဖြစ်စဉ်
ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတတ်ပါတယ်တဲ့ ။
နေပူထဲက နေ အအေးထဲကိုရုတ်ချည်း၀င်ရောက်ခြင်း၊
ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊အအေးခန်းတွင်း
ကနေရုတ်တရက်ပူပြင်းတဲ့နေရောင်ထဲကိုထွက်ခြင်းတွေကြောင့်
လူ့ခန္ဓာကိုယ်မှာအပူအအေးရုတ်တ
ရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်ပြီး
Heat Stroke မြန်မာလို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါတယ်တဲ့
Heat Stroke ဖြစ်ပြီဆိုရင် အပူအအေးရုတ်ချည်းပြောင်းလဲတဲ့အတွက်
ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေဟာပူလို့
ကျယ်တဲ့ဒဏ်၊အေးလို့ကျုံ့တဲ့ဒဏ်တွေကြောင့်
သွေးစိးကြောင်းအကျဉ်းအကျယ်ဖြစ်တဲ့ဒဏ်ကို
မခံနိုင်တော့ပဲသွေးကြောကြီးတွေဆိုအက်ကွဲလာပြီး၊
သွေးကြောငယ်လေးတွေဆိုပြတ်ထွက်တာတွေ
ဖြစ်နိုင်ပါတယ်တဲ့။
အသက်ကြီးတဲ့သူတွေရဲ့ သွေးကြောတွေဟာဟောင်းနွမ်းပြီး
မာဆတ်နေပြီဖြစ်တဲ့အတွက် ပလတ်စတစ်ပိုက်တွေ
ဟောင်းနွမ်းလာတဲ့အခါ မာကျွတ်လာသလို
ကွဲလွယ်ပေါက်လွယ်ဖြစ်လာတာကြောင့်
အသက်ကြီးတဲ့လူတွေမှာပိုဖြစ်လွယ်ပါတယ်တဲ့။
အထူးသဖြင့်အသက် ၅၀ ကျော်လူကြီးတွေ၊ သွေးတိုးရောဂါသမားတွေ
အထူးသတိထားသင့်ပါတယ်တဲ့။
လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် Heat Stroke ဖြစ်ပြီဆို
သတိလစ်တာ၊အဖျားကြီးပြီးတက်တာ၊
ဖျားပြီးဦးနှောက်အမြေးရောင်တာ၊
အူတွင်းသွေးကြောတွေ၊ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေ
ဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်တဲ့။
Heat Stroke မဖြစ်အောင် ဒါတွေကိုရှောင်ရပါမယ်တဲ့-
(၁) နေပြင်းချိန်အပြင်မထွက်ပါနှင့်၊
မလွဲသာလို့ထွက်ရမယ်ဆိုရင်လည်း
အဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါရမည်။
(၂) စောင့်ဆိုင်းရသောအလုပ်ဖြစ်လျင်
သစ်ပင်အရိပ်၊အမိုးအကာအောက်မှ စောင့်ပါ။
(၃)ရေသောက်လျင်ရိုးရိုးရေသောက်ပါ။ရေခဲရေမသောက်ပါနှင့်။
(၄)အဲကွန်းကားစီးပြီး၊နေပူရှိန်ပြင်းသောနေရာတွင်ဆင်းရမည်ဆိုလျင်
မဆင်းမီကကြိုတင်ရေသောက်ထားပါ။
အစာအိမ်အတွင်းရေရှိလျင်သွေးကြောများက
ရေကိုစုပ်ယူထားသဖြင့်သာမန်အပူဒဏ်ကို
ခံနိုင်ရည်ရှိသည်။
(၅)နေပူထဲမှလာပြီးခန္ဓာကိုယ်မအေးမီချက်ခြင်းရေမချိုးပါနှင့်၊
မျက်နှာမသစ်ပါနှင့်၊ခြေထောက်မဆေးပါနှင့်။
(၆)ပူစပ်တဲ့အစာစားရင်ကိုယ်အပူရှိန်တက်တတ်ပြီး၊
ပူပြင်းတဲ့နေ့လည်နှင့်ညနေစောင်းတွေမှာ
အရက်သေစာမသောက်စားသင့်ပါ။
(၇)ရေနွေးကြမ်းမှာဆားလှော်အနည်းငယ်ခပ်သောက်တာဟာ
ရှေးလူကြီးများ၏အပူဒဏ်ကာကွယ်နည်းတစ်မျိုးဖြစ်တဲ့အတွက်
ကျင့်သုံးသင့်ပါတယ်တဲ့.
ယခုနှစ်မှာ အယ်နီညိုရာသီဥတုကြောင့်မြန်မာနိုင်ငံဟာ
အပြင်းထန်ဆုံးအပူချိန်ကိုခံစားရမှာဖြစ်တဲ့အကြောင်း
မိုးလေ၀သပညာရှင်တွေကခန့်မှန်းထားကြသလိုပဲ
ပူပြင်းလွန်းတာကြောင့် မီလောင်မှုတွေကို ဆက်
တိုက်ကြုံတွေ့နေကြရပါပြီ။
အပူဒဏ်ဟာ မီးလောင်မှုအပြင် HeatStroke ကိုပါဖြစ်စေနိုင်ပြီး
အသက်အန္ဒရာယ်ကိုပါထိခိုက်နိုင်တာကြောင့်
လုပ်ရိုးလုပ်စဉ်အလုပ်တွေကို ပုံမှန်ရာသီဥတုမှာလို
ပေါ့ပေါ့ဆဆ သွားလာနေထိုင်လုပ်ကိုင်နေရုံနဲ့
မလုံလောက်ပါကြောင်းနှင့် Heat Stroke မဖြစ်အောင်
သတိထားပြီးနေထိုင် သွားလာသင့်ပါကြောင်း
နိုးဆော်တင်ပြလိုက်ပါတယ်ခင်ဗျား။
မှီငြမ်းကိုးကား;
၅-၃-၂၀၁၆ နေ့ထုတ်ကြေးမုံသတင်းစာပါ
ဆောင်းပါးရှင်ကြည်လွင်မြင့်(မုဒြာ)၏
Heat Stroke ရောက်လာပြီ ဆောင်းပါး
ရွှေကြာ
02/04/2020
တစ်ခုကို 2500 ကျပ် နဲ့ order တင်လို့ရပါမည်...တစ်ပတ်ကြာပါမည်...အနည်းဆုံး အခု ၁၀၀ မှာရပါမည်...စရံငွေ တစ်ဝက်ပေးထား ရပါမည်....
31/03/2020
3 ply Face Mask မှာချင်သောသူများ ဆက်သွယ်မှာယူနိုင်ပါသည်...
တခု 350 လောက်ကျပါမည် တစ်ပတ်လောက်ကြာနိုင်ပါသည်...
Ph: 09799112122
31/03/2020
PPE မှာချင်သောသူများ ဆက်သွယ်မှာယူနိုင်ပါသည်...
ရိုးရိုးသာမန်သုံး တစုံ ၁၂၀၀၀ လောက်ကျပါမည် ၈/၁၀ ရက် လောက်ကြာနိုင်ပါသည်...
ခြေစွပ် လက်စွပ်မပါပါ...အပြင်သွားလာသူများ ကာကွယ်ရန် အတွက်ပါ...
ICU နှင့် ဆေးရုံသုံးအတွက်ကတော့ ၂၇၀၀၀ လောက်ကျနိုင်ပါသည်....
ဆက်သွယ်ရန်- 09799112122
15/01/2020
AVOCADO (ထောပတ်သီး)
Credit - Detox with MooN
ထောပတ်သီးဟာ အဆီအနှစ် ပြည့်ဝတဲ့ အရသာရှိတာကြောင့် တော်တော်များများ ကြိုက်ကြတဲ့ ပြိုင်ဘက်ကင်း အသီး တမျိုးဖြစ်ပါတယ်။ အခြား အသီးတော်တော်များများမှာ carbohydrate အဓိက ပါဝင်နေပေမယ့် ထောပတ်သီးကတော့ ကျန်းမာသော အဆီ(healthy fats) များစွာ ပါဝင်နေပါတယ်။ ထောပတ်သီးမှာ အာဟာရများစွာပါဝင်ပြီး အရသာကောင်းလွန်းသည့်အပြင် ဗီတာမင်နဲ့သတ္တုဓာတ် အမျိုး ၂၀ လောက်ပါဝင်တာကြောင့် သူ့ကို superfood လို့လဲ သတ်မှတ်ကြပါတယ်။
ထောပတ်သီး အမျိုးအစား များစွာထဲကမှ Hass Avocado က လူကြိုက်အများဆုံး ဖြစ်ပါတယ်။ သူ့ကို သစ်တော်သီးပုံစံ နဲ့ အခွံက မိချောင်းသားရေ ဆိုပြီး 'alligator pear' လို့လဲ ခေါ်ကြပါတယ်။ ထောပတ်သီးကို လှီးပီးရင် မမဲသွားအောင် သံပုရာရည်လေးနဲ့ သုတ်ထားပြီး သိမ်းလို့ ရပါတယ်။
ထောပတ်သီး 3.5ounce (100g) မှာ ဆိုရင် ခန္တာကိုယ်အတွက် တနေ့တာ လိုအပ်ချက်များရဲ့
• Vitamin K: 26%
• Folate: 20%
• Vitamin C: 17%
• Potassium: 14%
• Vitamin B5: 14%
• Vitamin B6: 13%
• Vitamin E: 10%
• Magnesium, manganese, copper, iron, zinc, phosphorous တို့ အပြင် vitamins A, B1 (thiamine), B2 (riboflavin) နဲ့ B3 (niacin) တို့လဲ အနည်းငယ်စီ ပါဝင်ပါသေးတယ်။
ထောပတ်သီးဟာ ငှက်ပျောသီးထက်ကို potassium ဓာတ် များစွာပါဝင်ပါတယ်။ Potassium ဓာတ်ဟာ လူအများစု မလုံလောက်တဲ့ အာဟာရ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ potassium များများစားပေးခြင်းက သွေးပေါင်ချိန်ကို ကျစေသည့် အပြင် heart attack ဖြစ်နိုင်ချေကို လျော့ချ ပေးပါတယ်။ ဒါ့အပြင် လေဖြတ်ခြင်းနဲ့ ကျောက်ကပ် ထိခိုက်ခြင်းများကိုလဲ ကာကွယ်ပေးပါတယ်။
ထောပတ်သီးဟာ အဆီဓာတ်များစွာပါဝင်တဲ့ အသီး ဖြစ်ပါတယ်။ ထောပတ်သီးရဲ့အဆီဟာ မှာအဓိကပါဝင်တဲ့ oleic acid ဟာ သံလွင်ဆီမှာလဲ အဓိကပါဝင်သော acid ဖြစ်ပါတယ်။ Oleic acid ဟာ ဖောရောင်ခြင်းများကို လျော့ကျစေသည့် အပြင် ကင်ဆာရောဂါများအတွက်လဲ အလွန်ကောင်းပါတယ်။ ထောပတ်ဆီဟာ သံလွင်ဆီကဲ့သို့ပင် ချက်ပြုတ်ဖို့ အသင့်တော်ဆုံး အဆီဖြစ်ပါတယ်။ ထောပတ်ဆီဟာ သူကိုယ်တိုင် အာဟာရ ပြည့်ဝနေသည့် အပြင် အခြားသော အသီးအရွက်များရဲ့ အာဟာရများကိုပါ ခန္တာကိုယ်မှ စုပ်ယူအားကို ကောင်းစေပါတယ်။ ဒါကြောင့် salad များတွင် ထောပတ်သီးကို အဓိက ထည့်ကြခြင်း ဖြစ်ပါတယ်။
ထောပတ်သီးဟာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ခန္တာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များကို ကောင်းစွာ အကျိုးပြုသည့် အပြင် ဝိတ်ချရာတွင်လဲ အလွန်ထိရောက်တာကို လေ့လာတွေ့ရှိရပါတယ်။
ထောပတ်သီးတွင် မြင့်မားစွာပါဝင်သော antioxidants များထဲမှ lutein နဲ့ zeaxanthin ဟာ မျက်လုံး ကျန်းမာရေး အတွက် အလွန်းအရေးကြီးသော antioxidant များ ဖြစ်ပါတယ်။ ထောပတ်သီးတွင် ပါဝင်သော အာဟာရများဟာ အမျိုးသားများ သုတ်ရည်ထုတ်ပေးသော အကျိတ်တွင် ဖြစ်သော ကင်ဆာကို ကာကွယ်ပေးသည့်အပြင် ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုသမှုများရဲ့ ဘေးထွက်ဆိုးကျိုးများကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။
Credit - Detox with MooN
15/12/2019
ထန်းရည်...Toddy Juice
ကင်ဆာအန္တရာယ်ကနေတောင် ကာကွယ်ပေးနိင်သော ထန်းရည် (ကျန်းမာရေး အာနိသင်) ကင်ဆာအန္တရာယ်ကနေတောင် ကာကွယ်ပေးနိင်သော ထန်းရည်ရဲ့ ကျန်းမာရေး အာနိသင်များ ဖတ်ထားနော် ထန်းရည် ထန်းရည်ဆိုတာက ....
Contact the business
Telephone
Website
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 19:00 |
| Thursday | 09:00 - 19:00 |
| Friday | 09:00 - 19:00 |
| Saturday | 09:00 - 19:00 |