Favorite Person သို့

Favorite Person သို့

Share

မီ့ရဲ Page အသစ်လေးပါ

10/09/2025

တစုံတယောက်ကိုတော့
ပိုင်ဆိုင်ခွင့် ရချင်‌သေးတယ်လေကွာ🤧

27/07/2023

ကျနော် သိပ်ချစ်တဲ့သူ့ကို
အမြဲနာကျင်အောင် လုပ်ခဲ့မိတယ်
လက်လွှတ်ဖို့ ကြိုးစားတိုင်းလဲ
ပြန်ပြန်ဆွဲထားတတ်တဲ့
သူ့ရဲ့လက်လေးတစ်စုံကြောင့်သာ
ကျနော်တို့ မြဲနေခဲ့တာပါ။

ချစ်သောရေ...
မင်းရဲ့အချစ်တွေကြောင့်
ကိုယ်လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့
တခုတည်းသောအရာက
ချစ်သောမှန်း သိခဲ့ရပီမို့
အခုကစ စိတ်ချလက်ချချစ်လို့ရပါပီလို့ ပြောရင်း
အရမ်းအရမ်းချစ်ပါတယ်ဗျာလို့...


Photo

26/07/2023

တကယ်တော့
ကျနော် သူ့ကို သိပ်ချစ်တာဗျ

06/05/2023

လုပ်ရက်လိုက်တာ အချစ်ရယ်
ကိုယ့်ဘဝကြီး အမှောင်ကျသွားသလိုပါပဲကွယ်😔

07/08/2022

စားနေကြ ချောကလက်တစ်ခုရဲ့ အရသာကို
ကြာလာရင် မေ့သွားတတ်ကြတယ်
ခါးတဲ့အရသာကို စားဖူးလိုက်မှသာ
ချိုတယ်ဆိုတဲ့အရသာကို
ပြန်တန်ဖိုးထားတတ်သွားကြပြန်ရော

27/07/2022

လူတိုင်းမှာ favorite person ဆိုတာရှိပါတယ်

လူတစ်ယောက်နဲ့ စကားပြောရတာဖြစ်ဖြစ်

အပြန်အလှန်စာပို့ကြတာပဲဖြစ်ဖြစ်

သူနဲ့ပြောနေရရင်ကို ပတ်ဝန်းကျင်ကိုမေ့ပြီး
အလိုလိုပြုံးမိတာမျိုး☺️

စကားပြောနေရရင် စာပို့နေရရင်ကို
အလိုလိုစိတ်ကြည်နူးနေမိတာမျိုး 🥰

ဒီစာကိုဖတ်နေရင်း
တယောက်ယောက်ကို သတိရမိသွားရင်တော့
သေချာပါတယ်
အဲ့ဒီလူကမင်းရဲ့ Favorite Person ပါပဲ 🖤

21/07/2022

ချစ်သောရေ
ဘယ်ချိန်ကတည်းက
အဆုံးသတ်ချင်နေမှန်းမသိခဲ့မိတဲ့
ကိုယ့်ရဲ့အလိုက်ကန်းဆိုးမသိမှုတွေကို ခွင့်လွှတ်ပေးပါ.....

အခုလောက်ဆိုရင်တော့
အရမ်းလွတ်လပ်ချင်နေခဲ့တဲ့ မင်းလေးလဲ
ကိုယ်မရှိတဲ့အရပ်မှာ ပျော်ရွှင်နေရောပေါ့.....

ကိုယ်ကတော့
11:11 ကိုတွေ့မိတိုင်း မင်းကိုလွမ်းတယ်လို့
ခုထိ ရေရွတ်မိတုန်း.....

အသက်မဝင်တော့တဲ့ ကိုယ်တို့ရဲ့ Conversation လေးကိုလဲ အကြိမ်ကြိမ် ပြန်ရှာပီးဖတ်မိနေရင်း.....

Add Friend လို့ပေါ်နေတဲ့ ကိုယ့်ရဲ့အရင်းနှီးဆုံးသူစိမ်းလေးကို လိုက်ရှာမိနေရုံလေးသာသာပေါ့...............

15/07/2022

ချစ်သောလေးရေ...

ဒီနေ့လဲ အရမ်းလွမ်းနေမိပြန်ပီနော်😙

13/07/2022

Contact ထဲ မရှိတော့တဲ့
မင်းရဲ့ဖုန်းနံပါတ်လေးနဲ့
Telegram ကတော့
ကိုယ့်ရဲ့ ရင်ခုန်သံတွေကို
ပြန်နှိုးဆွသွားပြန်တယ်

12/07/2022

ကိုယ့်ရဲ့ အရင်းနှီးဆုံးသူစိမ်းလေးရေ
မင်း Unfriend လုပ်သွားသည့်တိုင်
ကိုယ့်ရဲ့ Favorite List ထဲမှာ
ရှိနေဆဲပါ 🤗

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon