It's Healing Time

It's Healing Time

Share

I'm with you

13/12/2022

𝘾𝙝𝙚𝙚𝙧 𝙐𝙥 🎉

ကဲ ကျွန်တော်တို့ ပေါ့ပေါ့ပါးပါး K Drama လေးနဲ့ စလိုက်ကြရအောင်။ အမိတက္ကသိုလ် နဲ့ ဝေးနေတဲ့ ကျွန်တော်တို့တွေ သိပ်ကိုကြည့်သင့်တဲ့ကားပေါ့ဗျာ။ ကျောင်း activities တွေ ပါဖူးတဲ့လူဆိုရင်တော့ သေချာပေါက် မျက်ရည်ပါကျမှာ ။

လူငယ်ဆိုတာနဲ့ တက်ကြွသန်မာရမယ်ဆိုတဲ့ အမြင်တွေဟာ မှားယွင်းပါတယ်။ ကျွန်တော်တို့ လူငယ်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ လဲပြိုကျနေတဲ့ အခြေအနေတွေကို ဒီကားမှာ ဖော်ပြထားတယ်။

လူငယ်တွေမှာ အိမ်မက်တွေ ကိုယ်စီ ရှိကြပါတယ် ။ ဒါပေမဲ့ အဲ့ အိပ်မက်တွေကို အကောင်အထည်မဖော်နိုင်ဘဲ မက်ခွင့်မရတဲ့ လူတွေ တစ်ပုံကြီးပါ။

အဆင်မပြေတဲ့အရာတွေကြားကနေ ရှင်သန်နေတဲ့ လူငယ်တွေအတွက် ဒီကားက healing အပြည့်အဝဖြစ်‌စေမှာပါ။

13/12/2022

ကျွန်တော့် page ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စိတ်ညစ်နေတဲ့ လူတွေအတွက် နွေးထွေးမှု တစ်ခုပေးနိုင်ဖို့ပါ။ ✨အဲ့အရာက ရုပ်ရှင်၊ ဂီတ၊ စာအုပ်၊ ပုံရိပ်၊ ကဗျာ၊ ဝတ္ထု စသဖြင့် Category ကွဲပြားနိုင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း မပျော်နေတာဖြစ်လို့ ကျွန်တော်နဲ့ အတူ ပျော်ရွှင်မှု နွေးထွေးမှု တွေ ကို ရှာဖွေကြရအောင်။ 🤝

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon