My Health
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Health, Health/Beauty, Building (11), MICT Park, Hlaing Campus, Hlaing Tsp, Yangon.
27/05/2021
သွေးတိုးရောဂါအကြောင်းသိကောင်းစရာ
သွေးတိုးရောဂါဆိုတာ....
Hypertension ဆိုတာကို သွေးတိုးတယ်လို့ လူသိများပါတယ်။ သွေးပမာဏမြင့်မားပြီး သွေးလွှတ်ကြောနံရံတွေကို ဆန့်ကျင်တွန်းကန်လာတဲ့အခါဖြစ်ပေါ်တဲ့ အခြေအနေဖြစ်ပါတယ်။ နှလုံးကနေ သွေးလွှတ်ကြောသို့ သွေး ညှစ်ထုတ်လိုက်တာနဲ့ သွေးစီးဆင်းမှုက သင့်ရဲ့သွေးကြောနံရံတွေကို တွန်းတဲ့အခါ သွေးဖိအားအဆက်မပြတ်ပြောင်းလဲစေပါတယ်။ ဒီလို သွေးဖိအားမြင့်တက်ခြင်းက အချိန်ကြာမြင့်စွာဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ကိုယ်မှာ အန္တရာယ်ဖြစ်နိုင်ပါတယ်။
သင့်ခန္ဓာကိုယ်မှာ လည့်ပတ်နေတဲ့ သွေးကြိမ်နုန်းကို တိုင်းတာတဲ့ သွေးပေါင်ချိန်မှာ ဂဏန်း၂မျိုး ပါဝင်ပါတယ်။
✓ Systolic (အပေါ်ကိန်း) ကတော့ပိုများတဲ့ပမာဏတစ်ခုပါ။ နှလုံးခုန်တဲ့အခါ သွေးကြောထဲမှာဖြစ်သွားတဲ့ ဖိအားကို တန်ဖိုးကိုတိုင်းတာတာပါ။ ဒါဟာ နှလုံးကြွက်သားကျုံ့ညှစ်တဲ့အချိန်မှာ ဖြစ်လာပါတယ်။
✓Diastolic (အောက်သွေး) ကတော့ ပိုနည်းတဲ့ပမဏဖြစ်ပြီး နှလုံးခုန်သံ တစ်ချက်နဲ့တစ်ချက်ကြားထဲက သွေးကြောထဲမှာဖြစ်သွားတဲ့ ဖိအားကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒီအချိန်ဟာ နှလုံးက ခဏနားနေပြီး သွေးပြန်ဖြည့်နေတဲ့အချိန်ဖြစ်ပါတယ်။
ပြင်းထန်မှုပေါ်မူတည်ပြီး သွေးတိုးခြင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်
American Heart Association ၏အဆိုအရ 120/80 mmHg နဲ့ 90/60 mmHg ကြား ပမာဏကို သွေးပေါင်ချိန်ပုံမှန် ဖြစ်တယ်လို့ မှတ်ယူပါတယ်။ တစ်ခါလေးတိုင်းရုံနဲ့ သွေးတိုးရှိတယ်လို့ မှတ်လို့မရပါ။ 15 မိနစ်အကြာမှာ တစ်ခါထပ်တိုင်းပြီး result ကိုပါ သုံးသပ်မှ သွေးတိုးနေပြီလို့ သတ်မှတ်ရမှာပါ။ သင့်ရဲ့သွေးပေါင်ချိန်ဟာ တသမတ်တည်း 140/90 mmHg အထက်ရောက်နေရင် သွေးတိုးရောဂါဖြစ်နေပြီလို့ ဆိုနိုင်ပါသည်။ ဒါဟာ သွေးတွေက ဖိအားပိုမြင့်နေပြီး သွေးကြောတွေရော ကိုယ်တွင်းအင်္ဂါအပေါ်ပိုပြီးဖိအားပေး ထိခိုက်နေပြီလို့ဆိုလိုပါတယ်။
သွေးတိုးရောဂါသည်…..
🔹အမျိုးသမီးများက အသက်အရွယ် ၆၅ နှစ်နောက်ပိုင်းမှာဖြစ်နိုင်ချေ များပြီး အမျိုးသားတွေကတော့ အသက် ၄၅ နောက်ပိုင်းမှာ ဖြစ်တာပိုများပါတယ်။
🔹အသက် ၅၅ မတိုင်ခင် ယောက်ျားလေးတွေက သွေးတိုးဖြစ်ဖို့ ပိုများပြီး ၅၅ နောက်ပိုင်းမှာတော့ မိန်းကလေးတွေက ပိုဖြစ်ပါတယ်။
🔹သင့်ရဲ့ မိသားစုဝင်များ (မိဘသို့မဟုတ်မောင်နှမ) တွေမှာ သွေးတိုးရှိနေပြီဆိုရင် သင့်မှာ ဖြစ်နိုငိချေ များနေပါပြီ။
🔹ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ် အဝလွန်ခြင်း သို့မဟုတ် သင့်အလေးချိန်နဲ့ သင့်ရဲ့အရပ် အမြင့်က မကိုက်ပဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့အခါ သွေးတိုးရောဂါဖွံ့ဖြိုးဖို့ ဖြစ်နိုင်ခြေရှိပါတယ်။
🔹အစားအသောက် မညီမျှခြင်း ၊ ဆားများခြင်း သို့မဟုတ် ပိုတက်စီယမ်ဓါတ် နည်းခြင်းတွေက ခန္ဓါကိုယ်မှ အရည်များဆွဲယူထားမှုကြောင့် သွေးတိုး စေနိုင်ပါတယိ။
🔹အရက်သို့မဟုတ်ဆေးလိပ်အလွန်အကျွံ သုံးစွဲတာက သွေးပေါင်ချိန်မြင့်တက်စေနိုင်ပါတယ်။
သွေးတိုးရောဂါ၏ရောဂါလက္ခဏာများ....
သွေးတိုးရောဂါဟာ အန္တရာယ်ရှိတယ်လို့ မခံစားရပေမဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ, နှလုံးရပ်ခြင်း လေဖြတ်ခြင်းနှင့်ကျောက်ကပ်ပျက်ခြင်း စတဲ့အခြေအနေများဖြစ်ပေါ်စေနိုင်ပါတယ်။ သွေးတိုးဝေဒနာရှင်လူအများစုဟာ ရောဂါလက္ခဏာမပြပဲရှိတတ်ပါတယ်။
ရောဂါလက္ခဏာများအနေနှင့် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊အသက်ရှူမြန်လာခြင်း၊ အမြင်အာရုံဝေဝါးခြင်း ၊ ရင်တုန်ခြင်း သို့မဟုတ် နှာခေါင်းသွေးလျှံခြင်း စတာတွေ ဖြစ်ပွားတတ်ပါတယ်။
သွေးတိုးရောဂါကို စောစောသိနိုင်ဖို့ ဖြစ်နိုင်ချေ မြင့်စေတဲ့ အချက်များကို သတိထားသိရှိပါက မှန်မှန် သွေးပေါင်ချိန်တိုင်းတာပြီး နီးစပ်ရာ ကျွမ်းကျွင်ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြသသင့်ပါတယ်။
Reference Source - https://bit.ly/3fq2g1C
11/05/2021
ကျီးပေါင်းရောဂါ အကြောင်း သိကောင်းစရာ
~~~~~~~~~~~~~
ကျီးပေါင်းရောဂါသည် အရိုးလေးတစ်ခုနှင့်တစ်ခု အကြားတွင် ရှိသော intervertebral disc များ တဖြည်းဖြည်းနှင့် ပါးလွှားလာပြီး ထို လည်ပင်း အရိုးလေးများပေါ်တွင် အရိုးအသစ် သေးသေးလေးများ ထွက်ပေါ်လာပြီး အဆစ်များတောင့်တင်းလာခြင်း၊ ဇက်ကြောတက်ခြင်း၊ အာရုံကြောများကိုသွားဖိမိလျှင် နာကျင်ခြင်း စတဲ့ ဝေဒနာများ ခံစားရခြင်း ဖြစ်ပါတယ် ။ကျီးပေါင်းတက် ရောဂါသည် အာရုံကြောနှင့် အများဆုံး သက်ဆိုင်သည့် ရောဂါ ဖြစ်သောကြောင့် အထူး ဂရုစိုက်၍ ကုသသင့်ပါသည်။
ကျီးပေါင်းရောဂါသည် အသက်အရွယ် မရွေး ဖြစ်ပွားနိုင်သော ရောဂါတစ်မျိုးပါ။ အရင်တုန်းကတော့ ကျီးပေါင်းရောဂါက လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ မိုဘိုင်းဖုန်းများ၊ အိုင်တီပစ္စည်းများအသုံးပြုမှုများလာတဲ့ လူငယ်တွေလည်း အဖြစ်များလာတာ တွေ့ရပါတယ်။
၎င်းရောဂါသည် အိုမင်းရင့်ရော် လာခြင်း၊ ခံနိုင်ရည် ဝန်အားနှင့် မမျှတသော ဒဏ်ဖိအားများခြင်း၊ ပုံသဏ္ဌာန် မကျသော ကိုယ်နေဟန်ထားများ၊ အဆစ်အိမ် အတွင်းရှိ အရိုးနုများ၏ အာဟာရ ဖွဲ့စည်းပုံ နှင့် စွမ်းဆောင်ရည် တဖြည်းဖြည်း ကျဆင်းလာရာမှ အရိုးနုများ အလွှာလိုက် တစ်စတစ်စ ပျက်စီးခြင်း၊ ပုံသဏ္ဌာန် မမှန်သော အရိုးအတက်များ ထွက်လာခြင်း၊ အဆစ်အိမ် နံရံ ရောင်ရမ်းခြင်း၊ အကြောအဆစ်များ တောင့်တင်းခြင်း စတဲ့ လက္ခဏာများခံစားလာရပြီး အာရုံကြောကို တိုက်ရိုက်ဖိအားပေးတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အားနည်းခြင်း ၊ လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း ၊ ခန္ဓာကိုယ်ဟန်ချက်မညီခြင်းစတဲ့ ဝေဒနာများကိုလည်း ခံစားရတတ်ပါတယ်။
ကျီးပေါင်းရောဂါ သက်သာအောင် ပြင်ထန်းသော လှုပ်ရှားမှုများလုပ်ခြင်း၊ ကားမောင်းခြင်း၊ တီဗွီကြည့်ခြင်း၊ ကွန်ပျူတာအလုပ်များခြင်း၊ သကြားလုံးစားခြင်း ၊ ချဉ်သော အစားအစာများ ၊ ငန်လွန်းသော အစားအစာများစားခြင်း၊ ဂျုံမှုန့်၊ ရွှေချီမှုန့်၊ ရေအေးနှင့်ရေချိုးခြင်း၊ အအေးခံခြင်း၊ စာရေးစာဖတ်ရာတွင် အနေအထားမမှန်ခြင်း ၊ ပြင်းထန်သောလည်ပင်း လေ့ကျင့်ခန်းများလုပ်ခြင်း၊ ဆေးရွက်ကြီး ၊ စီးကရက် ၊ ဆေးလိပ်သောက်ခြင်းများ ရှောင်ကြဉ်ပြီး လတ်ဆတ်သော သစ်သီးများ ၊ ကော်ဖီ ၊ ခရမ်းချဉ် ၊ ဆလတ် ၊ မုန်လာဥဖြူ ၊ သခွာသီးအစရှိသည့် ဟင်းသီး ဟင်းရွက်များ၊ ခါးသက်သော ဟင်းသီး ဟင်းရွက်များ ၊ ဥပမာ ဒန့်သလွန် ၊ ကြက်ဟင်းခါးသီး၊ ကြက်သွန်ဖြူ များကို နေ့စဉ်ပုံမှန် စားသုံးပေးနိုင်ပါတယ်။
ဒါ့အပြင် ယောဂလေ့ကျင့်ခန်းများကို တစ်နေ့လျှင် (၂)ကြိမ် (၅)မိနစ်မှ (၁၀)မိနစ်ခန့် ပုံမှန်ပြုလုပ်ပေးပြီး လည်ပင်းနဲ့ ပခုံးက ကြွက်သားတွေကို သန်မာစေဖို့ လည်ပင်းကအဆစ်တွေကို စက်ကိရိယာသုံးပြီး ဆွဲဆန့်ပေးနိုင်ခြင်း၊ လည်ပင်းလေ့ကျင့်ခန်းလုပ်ပေးခြင်း၊ အေးတဲ့ရာသီဥတုတွင် ရေချိုးဆင်ခြင်ခြင်း၊ လည်ပင်းကြွက်သားတွေ နာကျင်တောင့်တင်းခြင်းကို သက်သာဖို့ အပူ (သို့) ရေခဲကပ်ပေးခြင်းများကိုလည်း လိုအပ်သလို ပြုလုပ်ပေးနိုင်ပါတယ်။
Reference Source - https://bit.ly/3uOZBn6
#ကျီးပေါင်းရောဂါ
05/05/2021
သရက်သီးစားခြင်း၏ကောင်းကျိုးများ
အသီးမှာ သရက် ဆိုပြီး တင်စားရတဲ့ သရက်သီးတွေဟာ စားအကောင်းဆုံးအသီးဖြစ်သလို ဒီလိုရာသီမှာအပေါများဆုံး အသီးလည်း ဖြစ်ပါတယ်။ သရက်သီးကို စားကောင်းတာလူတိုင်းသိကြပေမယ့် သရက်သီးစားတဲ့အခါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို သိရှိနိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။
(၁) ကိုလက်စထရော ကျဖို့ အထောက်အကူဖြစ်ခြင်း။
သရက်သီးမှာ ဗီတာမင်စီ၊ Pectin နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်မှုကြောင့် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းဖို့ အထောက်အကူပြုပါတယ်။ထို့ပြင် ဗီတာမင်နဲ့ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် အချိန်ကြာမြင်စွာ ဗိုက်ပြည့်နေစေပြီး သဘာဝအတိုင်း အဆီများကိုလည်း လောင်ကျွမ်းစေတဲ့ phytochemicals ဓာတ်လည်း ပါဝင်ပါတယ်။
(၂) သွေးဖိအားများခြင်းကို လျော့ကျဖို့ ကူညီနိုင်ခြင်း။
သရက်သီးက မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးဖိအားလျော့ကျစေဖို့ ကူညီနိုင်ပါတယ်။
(၃) အယ်ကာလိုင်းဓာတ်ပါဝင်သော အစားအစာဖြစ်ခြင်း။
အစာခြေပြီးတဲ့နောက်မှာ သရက်သီးက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အယ်ကာလိုင်းဓာတ်ကိုချန်ခဲ့ပါတယ်။ အယ်ကာလိုင်းက သဘာဝအလျောက်ဆဲလ်တွေကို ပြန်လည်ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ tartaric acid ၊ malic acid နဲ့ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးထဲက pH level ကိုလည်း ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။
(၄) အမြင်အာရုံကောင်းဖို့ ကူညီနိုင်ခြင်း။
ဗီတာမင်အေနဲ့ ဘီတာကရိုတင်းပါဝင်ခြင်းကြောင့် မျက်စိကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး အမြင်အာရုံကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
(၅) အစာခြေစနစ်ကောင်းမွန်စေခြင်း။
သရက်သီးမှာ ပရိုတင်းဓာတ်ကိုဖြိုခွဲနိုင်ဖို့ အင်ဇိုင်းတွေပါဝင်ပါတယ်။ အမျှင်ဓာတ်လည်းပါဝင်ပြီး အစာခြေစနစ်ကိုလည်း အထောက်အကူ
ဖြစ်စေပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၆) သံဓာတ်မြင့်မားစွာပါဝင်ခြင်း။
သရက်သီးမှာ သံဓာတ်မြင့်မားစွာပါဝင်သောကြောင့် အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးလို့ ပိုအဆင်ပြေပါတယ်။ သံဓာတ်အပြင် ကယ်လဆီယမ်ဓာတ်လည်း ပါဝင်ပါသေးတယ်။
(၇) အိုမင်းရင့်ရော်ခြင်းကို နှေးစေခြင်း။
ဗီတာမင်အေနဲ့ စီပါဝင်ခြင်းကြောင့် ကောလိပ်ဂျင်တွေကို ထုတ်လုပ်ဖို့ ကူညီပေးနိုင်ပြီး အရေပြားကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ အိုမင်းရင့်ရော်ခြင်းကို နှေးစေပြီး အရွယ်တင်နုပျိုပါတယ်။
(၈) ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်စေခြင်း။
ဗီတာမင် ဘီဆစ် ပါဝင်မှုကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်စေနိုင်ပါတယ်။ glutamine acid ပါဝင်ပြီး မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကောင်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။
(၉) ခန္ဓာကိုယ်တွင်း ခုခံအားတိုးစေခြင်း။
ဗီတာမင်အေနဲ့ ဘီတာကရိုတင်းက သင့်ရဲ့ခန္ဓာကိုယ်ခုခံအားကို ကောင်းမွန်စေပါတယ်။ သင့်ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ free radicals တွေကို တိုက်ဖျက်နိုင်ပါတယ်။
(၁၀) အရိုးကျန်းမာရေးကို ကောင်းမွန်ဖို့ကူညီနိုင်ခြင်း။
အဆစ်အမြစ်အတွက် ကောင်းမွန်စေတဲ့ lupeol ဓာတ်ပါဝင်ပြီး ဗီတာမင်ကေလည်း ပါဝင်ပါတယ်။ ဗီတာမင်ကေက ကယ်လဆီယမ်စုပ်ယူမှုကိုလည်း အားကောင်းစေပါတယ်။
reference source - https://bit.ly/2RnVjVi
#သရက်သီး
26/01/2021
ကော်ဖီသောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသလား ?
ဒါကတော့ လူတိုင်းအမေးများတဲ့ မေးခွန်းတစ်ခုပါ။ လေ့လာစမ်းသပ်မှုများအရ တစ်နေ့ကို အနည်းဆုံးကော်ဖီ ၃ ခွက်လောက်သောက်ခြင်းဟာကျန်းမာရေးကို မထိခိုက်နိုင်ဘူးလို့ ဆိုထားပါတယ်။ ကော်ဖီသောက်ခြင်းက ပင်ပန်းနွမ်းလျှမှုတွေကိုဖြေလျော့ပေးနိုင်ရုံမျှမက ကျန်းမာရေးကို အနည်းနဲ့အများ အထောက်အကူပြုနေကြောင်း လေ့လာစမ်းသပ်မှုများအရ သိရှိရပါတယ်။ပုံမှန်ကော်ဖီသောက်သုံးခြင်းက နှလုံးရောဂါနဲ့ အရွယ်မလွန်ခင် သေဆုံးမှု အန္တရာယ်မှ ကာကွယ်ပေးပါတယ်။ ဦးနှောက်ပိုင်းဆိုင်ရာရောဂါဖြစ်တဲ့ ပါကင်ဆန်ရောဂါ, အသည်းဆိုင်ရာ ရောဂါများနဲ့ ဆီးချိုရောဂါ စတဲ့ ရောဂါအန္တရာယ်များကိုလဲ လျော့ချပေးနိုင်ကြောင်း သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
အရာရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေသလိုမျိုးပဲ…
ကော်ဖီသောက်ခြင်းကြောင့် အမျိုးသမီးများတွင် အရိုးကျိုးလွယ်ခြင်း , ကိုယ်ဝန်မမြဲခြင်း နှင့် လမစေ့ပဲ ကလေးမွေးနိုင်ခြင်း ,စိတ်ကစဉ့်ကလျား ဖြစ်နိုင်ခြင်းကြောင့် ကော်ဖီကိုလိုအပ်တာထပ် ပိုမသောက်မိဖို့ လိုအပ်ပါတယ်။အမျိုးသမီးများလည်း ဓမ္မတာလာစဉ်တွင် ဝမ်းပျက်ချင်သလိုလို ဖြစ်ချင်နေတယ်ဆိုရင် ကော်ဖီသောက်တာကို လျှော့ချလိုတာက ဝမ်းပျက်တာကို ရပ်သွားစေနိုင်ပါတယ်။ဒါ့အပြင်ကဖိန်းဓာတ်က ဆီးရွှင်စေပါတယ်။ ဒါမှမဟုတ် ခန္ဓာကိုယ်က အလျင်မှီအောင် ပြည့်ပြည့်၀၀ ခြေဖျက်နိုင်ခြင်း မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ဟာ အထဲမှာရှိတဲ့ ကဖိန်းဓာတ်ပမာဏကို ထိန်းညှိဖို့အတွက် ရှိနေတဲ့ ကဖိန်းဓာတ်အချို့ကို ကျောက်ကပ်ကနေ အညစ်အကြေးအဖြစ် စွန့်ထုတ်လိုက်ရာမှ ဆီးဟာကော်ဖီနံ့သင်းသွားရခြင်းဖြစ်လို့ ဆီးမှာကော်ဖီနံ့ရနေတတ်ခြင်းဟာ ကျေနပ်ဝမ်းမြောက်စရာ ကိစ္စတော့ မဟုတ်ပါဘူး။
ဒါ့ကြောင့် ကော်ဖီအလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများမှ ကင်းဝေးပြီး သင့်ရဲ့ မနက်တိုင်းမှာ ကော်ဖီတစ်ခွက်သောက်ခြင်းဖြင့် အင်အားရှိသော တစ်နေ့တာကို ဖြတ်သန်းလိုက်ကြရအောင်။
Dr.San San Oo( Quality Care Laboratory)
21/01/2021
နဂါးမောက်သီးနှင့် အလှအပကျန်းမာရေး
နဂါးမောက်သီးလို့ပြောရင် နှမ်းစေ့လေးတွေကပ်ထားသလို အသွင်အပြင်ကို လူတိုင်းမြင်ဖူးပြီး အရသာကလည်း မချိုလွန်း မစိမ့်လွန်းတဲ့ အရသာကိုပေးစွမ်းလို့ ကျန်းမာရေးနှင့် အထူးသင့်လျှော်တဲ့ အသီးတစ်မျိုးပါ။ အရောင်အားဖြင့် အဖြူရောင်၊ အနီရောင် ၊ အဝါရောင်ဆိုပြီး သုံးမျိုးရှိပါတယ်။
နဂါးမောက်သီးမှာ ဗီတာမင်စီ နှင့် ဘီ အုပ်စုတွေအပြင် သံဓာတ်၊ အိုင်ရွန်း၊ဖော့စဖိတ် နှင့် ကယ်လ်ဆီယမ်ဓာတ်များကြွယ်ဝသလို ပရိုတိန်းနှင့် အမျှင်ဓာတ်များလည်းပါဝင်တာကြောင့် ဆီးချိုသမားများအတွက် အကောင်းဆုံးအသီးဖြစ်သလို ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက်လည်း စားသုံးဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ဒါ့အပြင် ကင်ဆာဖြစ်စေတဲ့ အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်စွမ်းရှိသလို အသားအရေနှင့် အလှအပကျန်းမာရေးအတွက်လည်း အထောက်အကူပြုနေတာမို့ နဂါးမောက်သီးနဲ့လည်း သဘာဝအတိုင်း လှပကျန်းမာအောင် ဂရုစိုက် ထိန်းသိမ်းနိုင်ပါပြီ။
အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတယ်
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေဖြစ်နေပြီဆိုရင် နဂါးမောက်သီးတစ်ခြမ်းကို အတွင်းသားတွေကိုယူပြီး ဒိန်ချဉ်နည်းနည်းနဲ့ ရောမွှေပြီး မျက်နှုနှင့်လည်ပင်းကိုလိမ်းပြီး မိနစ် 20 လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးရုံဖြင့် နဂါးမောက်သီးရဲ့ အာဟာရဓာတ်တွေက အရွယ်တင်နုပျိုစေဖို့ ကူညီပေးမှာပါ။
ကိုယ်အလေးချိန်ကို လျော့ကျစေတယ်
ကိုယ်အလေးချိန်လျော့ချဖို့အတွက်ဆိုရင် နဂါးမောက်သီးကို အစာမစားခင်စားပေးပါ။နဂါးမောက်သီးမှာပါ၀င်တဲ့ ကယ်လ်ဆီယမ်နှင့် ဖော့စဖိတ်ဓာတ်တွေဟာ ခန္ဓာကိုယ်အတွင်းဖြစ်စဉ်တွေကိုကောင်းမွန်စေပြီး အစားအစာတွေမှာပါ၀င်တဲ့အဆီဓာတ်နဲ့ ကိုလက်စထရောတွေကို လျော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျော့ချချင်သူနှင့် ထိန်းသိမ်းချင်သူများအတွက် အထူးပဲ သင့်တော်ပါတယ်။
ဝက်ခြံကို သက်သာစေတယ်
ဝက်ခြံတွေသက်သာလျော့ပါးချင်တယ်ဆိုရင် နဂါးမောက်သီး ရဲ့အသားတွေကို ချေပြီး မျက်နှာမှာ ပေါင်းတင်ပေးပါ။ ဗီတာမင်စီ ပါဝင်မှုကြောင့် ဝက်ခြံတွေသက်သာစေပြီး ထပ်မဖြစ်အောင်လည်းတားဆီးနိုင်ပါတယ်။
အသားအရည် ကြည်လင်စေတယ်
နဂါးမောက်သီးတွင် ဗီတာမင်စီ ကြွယ်၀စွာပါ၀င်မှုကြောင့် အသားအရည်မွဲခြောက်ခြင်းက ကာကွယ်ပေးပြီး အသားအရည်ကို အသစ်ပြန်လည် လှပစေပါတယ်။ဒါ့ကြောင့် နဂါးမောက်သီးဖျော်ရည်သောက်သုံးခြင်း၊ အသီးစားသုံးပေးခြင်းနှင့် နဂါးမောက်သီးနှင့် skincare treatment များလုပ်ပေးနိုင်ပါတယ်။
သဘာ၀ moisture အာနိသင်ရှိပါတယ်။
နဂါးမောက်သီးမှာ ရေဓာတ် 80% ပါ၀င်တာကြောင့် အသားအရည်ကို သဘာ၀အတိုင်း အစိုဓာတ်ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ဒါ့ကြောင့် နဂါးမောက်သီးကိုစားသုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေရုံသာမက အသားအရည်အတွက်ရော အလှအပအတွက်ပါ အထူးသင့်တော်တာမို့ နဂါးမောက်သီးကိုနေ့စဉ်စားသုံးပြီး ကျန်းမာလှပကြစို့နော်။
Credit Original Sources
20/01/2021
HIV/AIDS ရောဂါနဲ့ ပက်သက်ပြီး သင်ဘယ်လောက်ထိ သိထားပြီလဲ?
ဒီရောဂါနဲ့ ပက်သက်ပြီး သင်ရော သိသင့်ပါတယ်လို့ သင့်ကိုယ် သင် မတွေးမိဘူးလား?
ဟုတ်ပါတယ် လူတိုင်း ဒီရောဂါနဲ့ ပက်သက်တဲ့ ဗဟုသုတတွေ ရှိသိသင့်ပါတယ်ခဗျ .........HIV/AIDS ရောဂါဆိုတာနဲ့ လူအတောများများက နှာခေါင်းရှို့ကျ ကြောက်ကျပါတယ်။ ဘာလို့လဲဆိုတော့ HIV/AIDS ရောဂါကို ဒီနေ့ထိ လုံးဝ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမျိုး မရှိသေးလို့ပါ.......သို့သော်လည်း ရောဂါကူးစက် ခံရရင်တောင် လူတန်းစေ့ အသက်ရှင်နေထိုင်နိုင်တဲ့ နည်းလမ်းလေးတွေတော့ ရှိနေပါပြီ.......
HIV/AIDS ရောဂါဆိုတာ ဘာလဲ ?
HIV ဆိုတာ Human Immunodeficiency Virus လို့ခေါ်တဲ့ AIDS ( ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးဘဲ ဖြစ်ပါတယ်။
ဘယ်ကနေ တစ်ဆင့် ကူးစက်တာလဲ ?
ဒီ ရောဂါပိုးဟာ အဓိကအားဖြင့် လူတွေရဲ့ သွေး၊ သုတ်ရည်နဲ့ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါကနေ ထွက်တဲ့ အရည်တွေမှာ ရှိနေတက်ပါတယ်...
ဒါကြောင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ မသန့်ရှင်းတဲ့ ဆေးထိုးအပ် သွေးများကို သွင်းမိခြင်း၊ ရောဂါပိုး ရှိတဲ့ မိခင်ကနေပြီး ကလေးကို ကူးစက်စေခြင်း စတာတွေကနေတဆင့် ရောဂါပိုးကူးစက်နိုင်ပါတယ်...... HIV ပိုးက အဓိကအားဖြင့် သွေးကနေ တစ်ဆင့် ကူးစက်တဲ့ ရောဂါဆိုသော်ငြားလည်း ခြင်ကနေတစ်ဆင့်တော့ လုံးဝ မကူးဆက်နိုင်ပါဘူး......HIV ပိုးကူးဆက်ခံရသူအများဆုံးကတော့ အကာအကွယ်မဲ့ လူဆက်ဆံခြင်းကနေ ကူးစက်ခံကြရတာပါ........ ဒီနေရာမှာ တခုပြန် သတိထားရမှာက Oral S*x က HIV ကူးစက်မှု ဖြစ်ပွါးမှုနှုန်း နည်းသည်ဆိုသော် ငြားလည်း ကူးစက်နိုင်သေးတယ်ဆိုတဲ့အချက်ပါ.......
လိင်ဆက်ဆံခြင်းကနေ HIV ပိုးကူးစက် ခံရသူ တွေကို ပြန်လည်မေးမြန်းကြည့်ရာမှာ အများစုက မိမိ Partner မှာ ရောဂါပိုး ရှိမယ်လို့ မယူစ ထားမိတဲ့အတွက် အကာအကွယ်ကို မသုံးဘဲ ဆက်ဆံခဲ့ကြရာကနေ ကူးစက်ခဲ့ကြတာလဲ ဖြစ်ပါတယ်။ မှန်ပါတယ် လူတစ်ယောက်ကို အပေါ်ယံကြည့်ရုံနဲ့ အဲ့လူ HIV ပိုး ကူးစက် ခံထားရလား ဆိုတာကို မသိနိုင်ပါဘူး။ ရောဂါကူးစက်ခံရတဲ့ထဲက တစ်ချို့လူနည်းစုတွေကလဲ အကာအကွယ်ကို သုံးပါတယ် သို့သော် ကွန်ဒုံးကို နည်းစနစ်တကျ မသုံးစွဲမှု သေချာ မသုံးတက်တဲ့အတွက် ရောဂါ ကူးစက်ခံရတယ်ဆိုတာကိုလဲ စိတ်မကောင်းစရာ ပြန်လည် သိရပါတယ်။ ဒါကြောင့် မသိရင် သိအောင်လုပ်ပါ ရှက်စရာ မဟုတ်ပါ။ ကွန်ဒိုးကို နည်းစနစ်တကျ အသုံးပြုတက်ဖို့လဲ လိုပါသေးတယ် ခဗျ......
မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေ၊ သွေးတွေကနေ တဆင့်လဲ ကူးစက်နိုင်ပါတယ်...... အခုခေတ်ကြီးထဲမှာက Tattoo ထိုးခြင်းကနေ တစ်ဆင့်လဲ ရောဂါပိုးကူးဆက်လာတာကလဲ များပါတယ်..... စနစ်တကျ ဆိုင်ကောင်းတွေမှာ တခါထိုး ဆေးထိုးအပ်တွေနဲ့ ထိုးပေးတဲ့ tattoo တွေကို မဆိုလိုပါဘူး...... ဘုရားပွဲတွေလိုမျိုးမှာ အပ် တစ်ချောင်းနဲ့ လာသမျှသူတွေကို ထိုးပေးတဲ့ Tattoo ဆိုင်မျိုးမှာ ထိုးရင်းနဲ့လဲ HIV/AIDS ရောဂါကို ကူးစက်နိုင်ပါတယ်........
HIV ရောဂါက မိခင်ကနေတစ်ဆင့် ကလေးကို ကူးစက်နိုင်တယ်ဆိုသော်လည်း ယနေ့လို ဆေးပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အဖေရော အမေရော HIV ရောဂါပိုး ကူးစက်ခံထားရသော်လည်း ဆရာဝန်များနဲ့ ကြိုတင်တိုင်ပင် ကုသမှုတွေ ခံယူထားရင် ကလေးကို မကူးဆက်နိုင်ပါဘူး.......
အကြောင်း အမျိုးမျိုးကြောင့် မိမိဟာ HIV/AIDS ရောဂါကို ကူးစက်ခံခဲ့ရရင်တောင် စိတ်ဓာတ်ကျပြီး ဘဝကို အရှုံးပေးစရာ လုံးဝ မလိုပါဘူး......နီးဆက်ရာ AZG ဆေးခန်းတွေကို သွားရောက်ပြီး အခမဲ့ ဆရာဝန်များရဲ့ ဆွေးနွေးကုသမှုတွေကို ရယူပြီး Antiretroviral Therapy ဆိုတဲ့ ART ဆေးတွေကို ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ သောက်သုံးပြီး သာမန်လူတစ်ယောက်လိုဘဲ လူတန်းစေ့ အသက်ရှင်နေထိုင်သွားလို့ရပါတယ် ခဗျ။
HIV/AIDS ရောဂါဟာ အတူတကွ နေထိုင်စားသောက်ခြင်း၊ ရောဂါကူးစက်ခံရသူနဲ့ ပွေ့ဖက် နှမ်းရှုပ်ခြင်း ၊ အိမ်သာ တစ်ခုထဲအား အသုံးပြုခြင်း စတာတွေကနေ တဆင့်် မကူးဆက်နိုင်တဲ့အတွက် မိမိပါတ်ဝန်းကျင် မိတ်ဆွေ အသိုင်းဝိုင်းတွေထဲမှာ ဒီရောဂါပိုးကို ကူးဆက်ခံရတဲ့သူ တစ်ဦးတစ်ယောက်များ ရှိခဲ့ရင် ရှောင်ဖယ် ပစ်ပယ်ထားခြင်း မရှိဘဲ စိတ်ဓာတ်ခွန်အားတွေပေးပြီး လက်တွဲကူညီ ကြပါလို့တိုက်တွန်းရင်း ဒီတစ်ပါတ်ရဲ့ ဆောင်းပါးကို ဒီနေရာမှာ ရပ်လိုက်ပါတယ်ခဗျ။
/AIDS
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11051