HomeSpa by T

HomeSpa by T

Share

Our products are mainly made of organic fruits,coffee,sugar & 100% safe!!

We will always provide you body&facial scrubs with cheap price,good quality & customer care!

01/11/2021

🍁 HELLO NOVEMBER 🍁
ပုံမှန်ဆိုရင်တော့ November လလေးဟာ မြန်မာနိုင်ငံရဲ့နာမည်ကြီးတန်ဆောင်တိုင်ပွဲ၊တောင်ကြီးမီးပုံပျံပွဲ စတာတွေကျင်းပလေ့ရှိတဲ့လ ဖြစ်ပါတယ်⭐️
ဒီနေ့ ကတော့November လအစဖြစ်တာကြောင့် ဒီ 1ရက်နေ့ကစပြီးအားလုံးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာနဲ့ ကံကောင်းမှုတွေအားလုံးရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ် 🥰

Photos from HomeSpa by T's post 31/10/2021

🧐🔎 HomeSpa by T scrubလေးတွေနဲ့ကိုယ့်personality ကိုရှာကြည့်ရင်းဆော့ကြရအောင်

🧸 ဒီနေ့ကတော့For Sweet & Bubbly character ပါ🍭
နှစ်လိုဖွယ်အကောင်းဆုံးအသီးရနံ့လေးနဲ့ scrub တိုက်တိုင်းချိုချိုမွှေးမွှေးစိတ်ပျော်ရွှင်စရာ အနံ့လေးကိုပေးစွမ်းနိုင်တဲ့ Grapefruit scrub လေးက ချစ်စရာကောင်းတဲ့အသွင်ကိုဆောင်တာမို့ Sweet & Bubbly ဖြစ်ပြီးအမြဲပျော်ရွှင်နေတတ်တဲ့ cutieကောင်မလေးအတွက်အလိုက်ဖက်ဆုံးscrubဖြစ်စေမှာပါ🥰

📍Price : 5000ks
📍Delivery : available

20/10/2021

Happy Thadinkyut Festival to everyone 🥳🏮🕯
အားလုံးပဲသီတင်းကျွတ်အခါသမမှာ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ လို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။
ဒါနဲ့ ညကျရင် မီးထွန်းဖို့လည်းမမေ့ကြနဲ့အုံးနော် 😚❤️

🍁 🇲🇲 🇲🇲

Photos from HomeSpa by T's post 12/10/2021

HEYYY!!! Any coffee lovers out there ???? 🥰☕️
🛁Homespa by T ရဲ့Coffee scrubလေးကတော့ Bubble bathထဲမှာဇိမ်ခံရင်းအရသာကောင်းမွန်ပြီးမွှေးကြိုင်တဲ့Coffee ကောင်းကောင်းတစ်ခွက်ကိုသောက်လိုက်ရသလိုခံစားရစေမှာနော်။
ဒီCoffee scrub တိုက်ပြီးတာနဲ့ အသားအရည်က baby skin လေးလိုနူးညံ့အိစက်သွားစေတဲ့အပြင် သုံးတဲ့အကြိမ်ရေများလာတာနဲ့အမျှ ဒဏ်ရာအမာရွတ်လေးတွေကအရောင်မှိန်လာတော့ coffee scrub လေးကတော့customer တိုင်းအမြဲမှာနေကျ item လေးတစ်ခုပါ💫

Price-5000ks
မှာယူချင်ရင်တော့chat box ကမှာယူနိုင်ပြီး ရန်ကုန်ရှိမြို့နယ်တိုင်းdeliveryရှိပါတယ်။နယ်မြို့များကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်။

01/10/2021

Hello “OCTOBER “ everyone!!!!
ပုံမှန်ဆိုရင်တော့ အရင်နှစ်တွေမှာOctober လကသီတင်းကျွတ်ပွဲတော်🎉🕯နဲ့ Halloween ပွဲ 🎃 ဆင်နွှဲဖို့အတွက်စိတ်လှုပ်ရှားနေကျ Festive month လေးနော်။

ကဲ အားလုံးလည်းOctober လအစကစပြီးကံကောင်းမှုတွေအများကြီးရရှိပါစေ💗

28/09/2021

Homespa By Tရဲ့ Grapefruit scrub လေးကတော့ ရေဓါတ်ကိုဖြည့်စွမ်းပေးနိုင်တဲ့ moisturizing effect ပါတာကြောင့် scrub သုံးပြီးရင်အသားကိုချောမွတ်စေပြီး စိုစိုအိအိ လေးဖြစ်နေစေမှာပါ။
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊သူကelectrolytes ပါတယ်။Antioxidant ဖြစ်တဲ့ VitC လဲပါတော့အသားအရေညစ်နွမ်းပျက်စီးတာတွေ အဓိကကတော ့နေလောင်တာနဲ့pollutionကြောင့်ဖြစ်လာတဲ့
အသားအရည်ညိုမည်းတာကို သိသာစွာ သက်သာစေ​ြပီးအသားအရေကိုညီစေတယ်။
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
အခုခေတ်စားနေတဲ့ Radiant,glowing skinကိုလိုချင်ရင်တော့ဒီ Grapefruit scrubလေးကအသင့်တော်ဆုံးဖြစ်မှာပါ။အသားကိုဝင္းေစပြီးတော့ အသားနီမြန်းတာကိုလဲအမြန်ဆုံးကုသပေးတယ်။
Collagen formation effectလဲပါတော့ အသားအရေအိုမင်းနွမ်းနယ်မှုကြောင့်ဖြစ်လာတဲ့ wrinkles,fine lines တွေကိုသက်သာ စေတာပေါ့။
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
Anti ageing effect လဲရှိတော့ လေထု,နေ ရောင်ကြောင့်ပင်ပန်းနွမ်းနယ်နေတဲ့အသားအ ရေ အ တွက်
Baby skin ကိုပြန်ရ စေမှာပါ။
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
နောက်ထပ်ဒီ ​scrubလေးရဲ့ ထူးခြားချက်ကတော့ အားလုံးသဘောကျကြတဲ့ သူ့ရဲ့ ရနံ့ပါ။ Grapefruit အသီးရဲ့ essential oil ကိုထည့်ထားတာကြောင့် တကယ့်fruity smell လေးနဲ့ ခေါင်းကြည်စေတဲ့ရနံ့မျိုးပါ။ အချို့နာမည်ကြီးရေမွှေးရနံ့တွေရဲ့ notes မှာလည်း Grapefruit ကိုတွေ့နိုင်ပါတယ်နော်။
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
Relieve Sunburnt skin,Tanned skin, Smoothing effect ,Even skin toneကတော့၄မျိုးလုံးမှာရှိတဲ့အာနိ သင်ပါ။
Homemade organic မို့quality ကစိတ်ချရပါတယ်
ယောကျာ်းလေးရော မိန်းကလေးရော သုံးလို့ရတော့ အသားအရေအတွက် ကိုယ်တိုင်ဆို care မလုပ်ဖြစ်တဲ့ ကိုယ့် သူငယ်ချင်း၊မောင်နှမ တွေကိုလက်ဆောင်ပေးရင်လည်းအသုံးဝင်ပြီး ideaဆန်းတဲ့ လက်ဆောင်ကောင်းလေးဖြစ်နေမှာပါ။
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
မှာယူချင်ရင်တော့chat box ကအချိန်မရွေးမှာယူနိုင်ပြီး ရန်ကုန်ရှိမြို့နယ်တိုင်းdeliveryရှိပါတယ်။နယ်မြို့များကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်။
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
စျေးနှုန်းကလဲတဘူးမှ၅၀၀၀ကျပ် ,
​အများကြီးလဲပါတယ်ဆိုတော့စမ်းသုံးကြည့်ချင်တဲ့သူတွေကိုဖိတ်ခေါ်ပါတယ်နော်

27/09/2021

ဒီလတွေမှာ admin အခြေအနေအရပ်ရပ်ကြောင့်page active ဖြစ်အောင်မလုပ်မိတာ sorry ပါနော် 🙇🏻‍♀️ Old customers လေးတွေညွှန်းလိုက်တာpage active မဖြစ်လို့ဆိုပြီး cb ထိလာမေးပေးကြလို့ ညွှန်းပေးတဲ့အမာခံလေးတွေရော၊ လာမေးဝယ်ကြတဲ့အသစ်လေးတွေရော အားလုံးကိုတကယ်ကျေးဇူးပါရှင်။တကူးတကကြီးလာမေးနေရလို့အားလဲနာလှပါတယ်။

ကြားထဲမှာ knowledgeable post လေးတွေရော၊ sale post လေးတွေတတ်နိုင်သလောက်နည်းနည်းပါးပါးတင်နိုင်အောင်ကြိုးစားပါ့မယ်နော်။ အများကြီးတင်ရင်လည်း စိတ်အနှောင့်အယှက်ဖြစ်ကြမှာစိုးလို့ပါ။Thank you so much from us 😁❣️

Photos from HomeSpa by T's post 11/07/2021

Assessing Covid-19 symptoms

ခု NUG ကပြနေတဲ့ Webinar မှာနားထောင်ပြီး ပြန်ရေးထားတာပါ
Non medical personnel တွေအတွက်လည်း အဆင်ပြေမယ်ထင်ပါတယ်။

ဒါလေးတွေသိထားရင်တော့ ဆရာဝန်နဲ့ teleconsultation call ပြောရင် ဟိုဘက်က ဆရာဝန်အတွက်လည်း အဆင်ပြေပြီး ဘာလုပ်ရမလဲဆိုတာ မြန်မြန်ဆုံးဖြတ်ပေးနိုင်ပါတယ်။

Feel free to copy and repost. Credit ပေးစရာမလိုပါ။

🔴History of contact

Symptom က ဘာနဲ့စတာလဲ
ဖြစ်တာဘယ်လောက်ကြာပြီလဲ
ဖြစ်နေတဲ့ symptom တွေထဲမှာ ဘယ် symptom က အဆိုးဆုံးလဲ

🔴Symptoms
ချောင်းဆိုး (dry or wet cough)
ဆေးလိပ်သောက်လား
ချောင်းဆိုတာ အရမ်းဆိုးလား
(စစချင်းနဲ့ အခုနဲ့ ယှဥ်ပြီးပြောပါ)
-မျက်နှာရဲတဲ့ထိဆိုးလား
-သွေးပါလား
-သလိပ်ထွက်လား

✅ဖျား
(low grade fever)
ချမ်းတုန်ဖျားလား
fever ဘယ်လောက်ရှိလဲ

✅Breathing
အခု အသက်ရှူနေရတဲ့ အခြေအနေကိုပြောပေးပါ
အရင်တုန်းကရော ဖြစ်ဖူးလား (မောတာမျိုးရှိဖူးလား)
-လမ်းနည်းနည်းလျှောက်ရုံနဲ့ မောလား

✅စစချင်းဖြစ်တဲ့နေ့ကနဲ့ symptom တွေပိုဆိုးလာလား
(ပိုနှုံလာလား၊ ချောင်းပိုဆိုးလာလား၊ အဖျားကရော တက်လိုက်ကျလိုက်လား၊​ ဆက်တိုက်ဖျားနေလား)

ကိုယ်ပေါ်မှာ အစက်အပျောက်တွေထွက်လား

🔴တခြားရှိတဲ့ရောဂါများ
ဆီးချို သွေးတိုး ပန်းနာရင်ကြပ် နှလုံး
ကိုယ်အလေးချိန်က ပုံမှန်လို့ပြောမလား ပိန်လွန်းနေတာ
ငှက်ဖျားဖြစ်ဖူးလား

စွဲသောက်နေတဲ့ဆေးတွေရှိလား
မတည့်တဲ့ဆေးရှိလား

🔴How do you feel right now?
လူက ခုချိန်မှာ လန်းလား တက်တက်ကြွကြွရှိလား

🔴Severity (ပိုဆိုးလာလား ဆန်းစစ်ရန်)

နှုတ်ခမ်းအရောင် လက်ချောင်းအရောင် ပြောင်းလဲတာမျိုးရှိလား
လက်ချောင်းတွေ ခြေချောင်းတွေ အေးတာမျိုးရှိလား
အသက်ရှူတဲ့ချိန်မှာ ပုံမှန် အသက်ရှူသံမဟုတ်တဲ့ တရွှီရွှီမြည်သံကြားလား
လမ်းလျှောက်ရင်မောတယ်လို့ပြောတော့ အိမ်ထဲမှာပဲ ခြေလှမ်း ၄၀ လောက်လျှောက်ကြည့်ပေးပါ
(နည်းနည်းပိုမောသွားလား၊ ခဏလေးနားပြီးရင်ရော စကားပြောတာပိုမောသွားတာမျိုး၊​ နားလိုက်ရင်သက်သာသွားလား
ရုတ်တရက်ထလိုက်ရင် မူးသွားတာမျိုးရှိလား

ဆီးနည်းသွားတာမျိုးရှိလား

မမောပဲနဲ့ oxygen တွေဆက်တိုက်ကျနေတာမျိုးသတိထားပေးပါ (Silent hypoxia)

🔴Examination

ခုလက်ရှိ spO2 and pulse rate

ခြေလှမ်း ၄၀ လောက်လျှောက်ပြီး ရတဲ့ spO2 နဲ့ pulse rate

နားလိုက်ရင် ပုံမှန်ပြန်ဖြစ်သွားလား

အသက်ရှူနှုန်းတိုင်းပါ

🔴Danger signs (ဒီလိုရောဂါလက္ခဏာတွေပေါ်လာရင် ပိုပြီးသတိထားပါ)

မောလို့စကားတစ်ကြောင်းကို ဆုံးအောင်မပြောနိုင်ဘူး
၁ နာရီလောက်အတွင်းမှာ ရုတ်တရက်ဆိုးရွားသွားတယ်
အောက်စီဂျင် ၉၂ အောက်ရောက်သွားတယ်
ချောင်ဆိုးရင် သွေးပါလာတယ်
နှုတ်ခမ်းတွေ မျက်နှာတွေပြာလာတယ်
အသားတွေအေးစက်လာပြီး ဖြူဆုတ်ဆုတ်ဖြစ်လာတယ်
မူးလဲချင်သလိုခံစားရတယ်
တအားနှုန်းပြီး မထနိုင်လောက်အောင်ဖြစ်လာတယ်
ဆီးနည်းသွားတယ် သို့မဟုတ် ဆီးကိုမသွားတော့ဘူး

🔴Oxygen level တစ်ခုထဲတင်မဟုတ်ဘဲ temperature (ကိုယ်ပူချိန်) pulse rate (သွေးခုန်နှုန်း) respiratory rate (အသက်ရှူနှုန်း) blood pressure (သွေးပေါင်ချိန်) urine output (ဆီးသွားတာနည်းသွား/မသွား)

ဆီးချိုရှိတဲ့သူဆို သွေးတွင်းသကြား level (RBS) ခါတိုင်း တိုင်းသလိုတိုင်းပါ။ (dexa သောက်နေတဲ့သူဆိုရင် အနည်းဆုံး alternate day လုပ်ပေးပါ)

✅မှောက်ရက်အိပ်တာမျိုးကို ၄ နာရီလောက်ထိ ကြားထဲမှာ ၁ နာရီလောက်နားပြီး အိပ်ပေးပါ။ (ICU care အထူးကြပ်မတ်ကုသဆောင်ရောက်နိုင်စွမ်းကို လျော့စေပါတယ်)

❌❌❌ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးတွေ၊ dexa တွေသောက်တာ၊ oxygen ကိုတိုးရှူတာမျိုးမလုပ်ပါနဲ့။
✅✅✅ရောဂါရှိနေကြောင်းမလိမ်ပါနဲ့ ကိုယ့်ကူးစက်နိုင်ချေကိုလျော့မတွက်ပါနဲ့ ရောဂါလက္ခဏာ contact history တွေကိုလည်း လျှော့ပြီးမပြောပါနဲ့ အရှိကိုအရှိအတိုင်းပြောပါ စိတ်အပူလွန်းပြီး တိုးပြောတာမျိုးလည်း မဖြစ်ပါစေနဲ့
Crd to op

08/07/2021

COVID-19 third wave လည်း ဖြစ်နေပြီး COVID-19 Antigen test kit တွေလည်း အပြင်မှာ ဝယ်လို့ရနေပြီဆိုတော့ Antigen test kit ကို အိမ်မှာ စနစ်တကျ စစ်နည်းလေး share ပေးပါရစေ။ Technique မှန်မှ safe procedure and correct result ဖြစ်မှာပါ.

** COVID-19 Antigen test စစ်ရန်အတွက် ကြိုတင်စုဆောင်းထားရမည့်ပစ္စည်းများ

1) Test kit (device အဖြေထုတ်ပေးမည့်ကိရိယာအပြား, swab stick နှာခေါင်းနှိုက်မည့်တုတ်တံ, buffer bottle ရောစပ်ရမည့်အရည်ဗူး, nozzle အစက်ချလွယ်သည့်ခေါင်း)

2) mask, face shield

3) sealed bag for safe disposal (အန္တရာယ်ကင်းစွာလွှင့်ပစ်ရန်)

4) တခါသုံးရာဘာလက်အိတ် (၂-၃ စုံ)

5) ပိုးသတ်ဆေးရည်တမျိုးမျိုး (ဟိုက်ပိုကလိုရိုက်ဖျောရည် or dettol ဖျော်ရည် or အရက်ပြန်)

6) marker pen (ကိရိယာအပြားပေါ် or ကိရိယာအပြားထည့်ထားသည့် အိတ်အပေါ်တွင် အမည်ရေးရန်၊ အစစ်ခံမည့်သူတယောက်ထက်ပိုသောအခါတွင် test kit များ မရောစေရန်)

** စစ်ဆေးပုံနည်းစနစ် နှင့် လွှင့်ပစ်ပုံ

၁) လေဝင်လေထွက်ကောင်းသောနေရာတွင် လုပ်ပါ
၂) စစ်ခံမည့်သူကို နောက်မှီပါသောခုံတွင် ထိုင်ခိုင်းပါ။ ကိရိယာများတင်ရန် ခုံတခုထားပါ။
၃) စစ်ပေးမည့်သူက mask face shiled glove ဝတ်ပါ
၄) ပိုးသတ်ဆေးရည် တခုခု ready ပြင်ထားပါ
၅) sealed bag ကို ready ပြင်ထားပါ
၆) buffer bottle ကို ကြိုဖွင့်ထားပါ (swab ယူပြီးမှ ဖွင့်လျင် swab stick ကြီး တရမ်းရမ်းဖြစ်မည်) (တချို့ test kit များတွင် buffer အရည်က သပ်သပ်၊ ထည့်ရမယ့် ဗူးက သပ်သပ်လာသည်၊ အဲလိုမျိုးဆိုလျင် အရည်ကို ဗူးထဲကြိုထည့်ထားပါ)
၇) လူနာကို ခေါင်းမော့ခိုင်းပါ။ swab stick ကို ခဲတံကိုင်သည့်အတိုင်းကိုင်ပါ။ နှာခေါင်းထဲသို့ horizontally ဖြည်းဖြည်းချင်းထည့်ပါ။ resistance ရှိလျင် နောက်နည်းနည်း ပြန်ဆုတ်ပြီးထည့်ပါ။ နှာအဆုံးထိဆိုလျင် stick တဝက်ကျော်ကျော်လောက်ဝင်သည်။ နှာအဆုံးရောက်လျင် ၅ စက္ကန့်ခဏထားပြီး stick ကို 360 degree ၃-၄ ပတ်လောက်လှည့်ပေးပါ။ ပြီးလျင် ပြန်ဆွဲထုတ်ပါ။
နောက်တဖက်ကို အထက်ပါအတိုင်းလုပ်ပါ။
၈) swab ယူပြီးလျင် swab stick ကို အဖုံးဖွင့်ထားသည့် buffer bottle ထဲ တန်းထည့်ပါ။ အထက်အောက် ၄ ၅ ကြိမ်လောက်အရည်ထဲတွင်မွှေပါ။ ပြီးလျင် swab stick ကိုထုတ်ပြီး sealed bag ထဲ တန်းထည့်ပါ။
၉) buffer bottle ကို nozzle တပ်ပါ။ တပ်ပြီးလျင် အနည်းငယ် shake ပါ။
၁၀) glove လဲပါ။ glove အဟောင်းကို sealed bag ထဲ လွှင့်ပစ်ပါ။
၁၁) device ရှိ အဝိုင်းပေါက်ထဲသို့ ၃ စက်ချပါ။
၁၂) device ကို စက္ကူ or တခုခုနှင့်အုပ်ထားပါ။ (အရည်တွေ လေထုထဲသို့ အ‌ငွေ့မပျံအောင် ကာကွယ်ရန်)
၁၃) မိနစ် ၂၀ ကြာလျင် အဖြေကို ဖတ်ပါ။
၁၄) အဖြေဖတ်ပြီးလျင် device buffer bottle အားလုံးကို sealed bag ထဲထည့်ပါ။
၁၅) sealed bag ထဲသို့ disinfectant အရည်ကို ခုနက ပစ္စည်းများ မြှုပ်သည်အထိထည့်ပါ။
၁၆) seal လုပ်ပြီး သေချာစွာ လွှင့်ပစ်ပါ။
၁၇) လက်ဆေးပါ။

Crd to dr min soe

Photos from HomeSpa by T's post 06/07/2021

ရှူနေတဲ့oxygen အိုးဘယ်လောက်အချိန်အတိုင်းအတာအထိလုံလောက်ဦးမလဲ၊ဘယ်ချိန်အိုးအသစ်ပြောင်းရတော့မလဲ။ဒါတွေမသိလို့O2 ပြတ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။ ခုဒီ application ထဲ ဖြည့်ကြည့်ရင်အဲ့ဒါတွေသိနိုင်ပါတယ်။ O2 ဘယ်လောက်ကျန်လဲ ပြပေးပါတယ်။ လွယ်လွယ်လေးရယ်။
၄ခုပဲ ဖြည့်ဖို့လိုတာ။ လူတိုင်းလုပ်တတ်ပါတယ်။ သင်္ချာမတတ်လည်း ရတယ်။

၁) adult regulator ကိုပဲ ရွေးပါ။

၂) အောက်ဆီဂျင်အိုးအရွယ်စားက ပုံမာချိန်ကြည့်ပါ။ မြင်တာနဲ့ ဘယ် size လဲဆိုတာ သိသာပါတယ်။
ကျနော်က D,E,MM အရွယ်စား၃မျုိး သုံးဖူးပါတယ်။

၃) ကိုယ်ပေးမဲ့ flow က ပြဒါးလုံးလေးကို ကြည့်ပီး 5L/min လား 10L/min လားရွေးရုံပဲ။

၄) Cylinder % က PSI ကိုကြည့်ပီး ရွေးလိုက်ရုံပဲ။ အိုးနဲ့တွဲလျက် pressure gauge လေးမာ မျှားလက်တံ ညွှန်ပြတဲ့ နံပတ်ကို ထည့်လိုက်ရုံပဲ။

credit:

27/06/2021

HomeSpa by T မှာလဲ ဆခွက် တွေမှာလို့ရပါပြီ🤣🤣🤣
Customers လေးတွေအတွက် ဒီမှာ ၄မျိုးတောင်ထုတ်ထားပေးပါတယ်။
သုံးပုံသုံးနည်းနဲ့အာနိသင်ကတော့သူပြောသလိုပါပဲ😂

# Photo credit

First Aid/CPR - ရှေးဦးအသက်ကယ်ပြုစုနည်း 22/06/2021

သွေးထိန်းပတ်တီးစည်းနည်း
https://youtu.be/HzVbp0sVa8I
ခြေပြတ်လက်ပြတ်လူနာစီမံနည်း
https://youtu.be/9jfrJQ3gqro
အရိုးကျိုးဒဏ်ရာအရေးပေါ်ဖြေရှင်းနည်း
https://youtu.be/Nc51l0Qk7M4
လူနာကျောပိုးသယ်ယူနည်း
https://youtu.be/upqTa66mBj8
ဝမ်းတွင်းအင်္ဂါအစိတ်အပိုင်းများသယ်ယူနည်း
https://youtu.be/K2eIK5HTqh0
လူနာစနစ်တကျဆွဲထုတ်နည်း
https://youtu.be/zpaYWRe8Zso
အသက်ရှူလမ်းကြောင်းဖွင့်နည်း
https://youtu.be/uBWmqgYeZ9M
ရှေးဦးအသက်ကယ်ပြုစုနည်း
https://youtu.be/fGKNNTf3D6w
Crd

First Aid/CPR - ရှေးဦးအသက်ကယ်ပြုစုနည်း ကိုယ့်ရှေ့မှာ ဒဏ်ရာရရင် (သို့မဟုတ်) ရုတ်တရက် လဲကျသွားရင် ဘာလုပ်ပေးရမလဲ?သူရဲကောင်း ပြည်သူအပေါင်း ဘေးရန်ကင်း.....

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon