Ko Phyo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Phyo, Health/Beauty, No. L108. Kan Yeik Tar Street 6. FMI City. Hlaingtaryer Township., Yangon.
29/09/2024
ကိုယ်တက်ကျွမ်းခဲ့ဖူးတဲ့ မှို စိုက်ခြင်းပညာလေးကို တက်သလောက်သင်ပေးမယ် စိတ်ကူးပါတယ် နေရာ ဒေသ အခြေအနေ အချိန်အခါက ကောင်းမယ်ထင်လို့ပါ တစ်ခါမှမသင်ဖူးပါဘူး ပညာတစ်ခုဟာ မနမှန်းသိစေချင်ယုံပါ ဘာပြောလဲဆိုတော့ သူ့မိန်းမက အသစ်အဆန်းအရမ်းအရမ်းထွင်ချင်တာပဲတဲ့ ဘာမှလဲမဟုတ်ပဲနဲ့တဲ့ ခုပညာက သူတို့ခုနေနေတဲ့ဘဝတဲ့သာနိုင်ပါတယ် ဘာတလွဲမာနလဲတော့မသိပါဘူးကွာ ခု၆နှစ်အတွင်းမှာ သင်ပေးဖို့ ပထမဆုံးစိတ်ကူးခြင်းပါ
16/06/2024
ဘာသာတရားတိုင်းရဲ့ နောက်ကွယ်တွေမှာ ငြိမ်းချမ်းခြင်းတွေ ရှိတယ်🙏🙏🙏
29/05/2024
ငါ့ဟာငါ ဒစ်လည်နေတာ သူတို့မသိ
15/04/2024
ခုလက်ရှိ ငါ့မျက်လုံး အခြေအနေ
လမ်းတွေ့လို့ နှုတ်မဆက်မိရင် စိတ်မဆိုးကြပါနဲ့
🦾🦾🦾ကြောက်တတ်တဲ့ကျွဲမှာလဲ
ဦးချိုပါတာမမေ့ကြပါနဲ့🦾🦾🦾
အစွမ်းအစဆိုတာ ကိုယ်စီရှိပါတယ် ဒိအချိန်မှ ထုတ်မသုံးရင်
ဘယ်အချိန်သုံးမှာလဲ...
"ဒီ အချိန်နဲ့လိုက်ဖက်တဲ့ ခွန်းအား.စာ"
ကင်မရာက ခြင်္သေ့ကိုတလှည့်
ကျွဲ အုပ်ကိုတလှည့် ရိုက်ပြတယ်
ကျွဲအုပ် ဟာ ....
အန္တရာယ်ကို မသိခင် သူ့စားကျက်မှာသူ...
စားသူစား ၊ကစားသူကစား
မေထုံမှီဝဲ ၊ရေစုန် မှာ တနေကုန်
အေးအေးလူလူ ရေစိမ်မြဲ
ကင်မရာက ကျွဲအုပ်ကိုတစ်လှည့်
ချောင်းမြောင်းနေတဲ့
ခြင်္သေ့ကို တလှည့်ရိုက်ပြတယ်...။
ကျွဲအုပ်ဟာ ရုတ်တရက် ဆိုသလို
ခြင်္သေ့ကို တွေ့လိုက်ရချိန်
လဲသူလဲ
ကွဲသူကွဲ
ကျွဲအုပ်ဟာ ကစဉ့်ကလျား
ကျွဲအုပ်ဟာ ဦးဂျိုကိုမေ့လို့
ထွက်ပြေးတယ်....။
ကျွဲတွေဟာ နေ့စဉ်ထွက်ပြေးတယ်....။
သူတို့ထဲက တစ်ကောင်ကို မမိမချင်း
ထွက်ပြေးတယ်....။
ကျွဲအုပ်ထဲဟာ သူတို့ထဲက
တစ်ကောင်ကောင်ကို မိသွား တာနဲ့ ချက်ခြင်း အပြေးရပ်တယ်....။
သူတို့..အပြေးရပ်ပုံက ထူးထူးဆန်းဆန်း
ဘယ်ဘက်ခြေလှမ်း မလှမ်းခင်
ကျွဲအုပ်ထဲက တစ်ကောင်ကောင်ကိုမိပြီဆိုတာနဲ့....
ညာဘက်ခြေလှမ်းဟာ ဆက်မပြေးတော့ပဲ...
သူတို့ မပြေးခဲ့ရသလိုမျိုး အပြေးကိုချက်ခြင်း ရပ်လိုက်ကြတယ်....။
ယခုပြေးခဲ့မှုဟာ သူတို့နဲ့မဆိုင်ကြောင်း သေချာမှုမျိုးနဲ့
ချက်ချင်း အပြေးရပ်လိုက်တယ်.....။
နေ့စဉ်ပုံမှန်
သူတို့အပြေးရပ်ကြတယ်....။
ဒီလိုနဲ့ နေ့စဉ်နေတိုင်း
ကျွဲအုပ်ထဲက အပြေးမသန်လို့ကျန်ခဲ့သူ
(ဒါမှမဟုတ်)
ဝ ဝခဲခဲ ကျွဲတစ်ကောင်ဟာ...
ခြင်္သေ့ရဲ့ညစာဖြစ်မြဲ....။
တစ်ခုသော အစီအစဉ်တစ်ခုမှာတော့
ကျွဲတစ်ကောင်ဟာ ထွက်ပေါက်ပိတ်
ခြင်္သေ့တွေအများကြီးအဝိုင်းခံလိုက်ရတယ်....။
ကျွဲဟာ မလွတ်မြောက်တော့တဲ့နောက်ဆုံး
တအဲအဲ အာခေါင်ခြစ်အော်
အကူအညီတောင်းရှာတယ်
ဒါပေမယ့်....
တစ်စုံတစ်ကောင်မှ ရောက်မလာ....
ကျွဲဟာခြင်္သေ့တွေရဲ့စတင်တိုက်ခိုက်ခြင်း ခံလိုက်ရချိန်
နာကျင်သွားဟန်
အကြောက်တရားအစား ဒေါသထွက်သွားခြင်းလား
ဒါမှမဟုတ် အဖြေကိုသေသေချာချာ သိလိုက်မှုလား မပြောတတ်
ကူရာမဲ့တဲ့အခါ
ကိုယ့် တိုင်ကယ်တင် ရှင်သာဆိုသလို
သူ့ဦးချိုကို သတိရသွားပုံရသွားတာလား
(ငါသေသေချာချာမသိ)
ကျွဲဟာ စတင် တန်ပြန်တိုက်ခိုက်တယ်....။
အသက်ကို အသက်နဲ့လဲတဲ့ပွဲ
ရေကုန်ရေးခမ်း
ကျွဲကိုတစ်လှည့်
ခြင်္သေ့အုပ်ကို တလှည့် ကင်မရာ ကရိုက်ပြတယ်...
ငါက အသက်ရှူဘို့တောင် တဒင်္ဂ မေ့လျှော့
သဲထိပ်ရင်ဖို.....။
ကျွဲက ခတ်ပြီ
ကြောက်ကျွဲဟာ ခတ်ခဲ့ပြီ...။
သူစတင် တိုက်ခိုက်ချိန်မှာ ထုံးစံအတိုင်း တစ်ကောင်ကောင်ကို မိသွားလို့ အပြေးရပ်လိုက်ကြတဲ့ ကျွဲတွေဟာ
ဒီအသက်လုပွဲကို ပထမ ရပ်ကြည့်နေတယ်....
တဖြည်းဖြည်း
တဖြည်းဖြည်း နှာမှုတ်လာတယ်
တဖြည်းဖြည်း ရှေ့တလှမ်း လှမ်းတက်တယ်...။
တဖြည်းဖြည်း တစ်ကောင်စ နှစ်ကောင်စ...
တဖြည်းဖြည်း ကျွဲအုပ်ဟာ ဦးဂျိုတွေကို သတိရသွားပုံပေါ်ရဲ့
ခြင်္သေ့တွေကို ပြန်လိုက်တယ်
ခြင်္သေ့တွေသွေးရူးသွေးတမ်း
ပေါင်ပြတ်သူပေါင်ပြတ်
အူပွင့်သူ အူပွင့်
လဲသူလဲ
သေသူသေ.....
ခြင်္သေ့တွေရဲ့ ပြေးခန်းက....ကင်မရာတဆုံး ဖုန်လုံးကြီးတွေ လိမ့်လို့.....။
ကျွဲအုပ်ဟာ ဦးဂျိုကို သတိရသွားသလိုပေါ့....
ငါတို့ကအားနည်းသူတွေပါ....။
ထွက်ပြေးလို့ မလွတ်မြောက်တော့တဲ့အခါ.....
အရာရာရင်ဆိုင်လိုက်ကြရုံပါပဲ....။
မေတ္တာဖြင့်
ပန်း တော် ဆက်
01/01/2024
19/07/2023
သဘာဝနဲ့နေထိုင်ခြင်း
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon