May Theint 's cancer journey
about cancer patients
23/05/2024
နောက်တခေါက် ကီမို ပြန်စရပြန်ပြီပေါ့
အခုမှ သေချာတွက်ကြည့်တာ
chemo cycle 45ကြိမ်ပြီးသွားခဲ့တာပဲ
အခု 46ကြိမ်ပေါ့
မှတ်ဉာဏ်တွေကလဲ မကောင်းဘူး 😁
ဒီတခေါက် ဆေးက dose တိုးတယ်
မနက် 3လုံး ည 3လုံး
တနေ့ ၆လုံးသောက်ရမှာ
ဆေးက တလုံးကို 5500
ဒီနေ့ ကာကာဆိုင် လို့ခေါ်တဲ့ မနက်စာဆိုင်လေးမှာ သွားစားခဲ့ပါတယ်
ဘူးထဲက sticker က ဘာအတွက်လဲ ???
#အစာဟောင်းအိမ်ကင်ဆာ
ကင်ဆာဆေးသွင်းရင်
ရေချိုးလို့ရလား
ကိုယ်တိုငိထမင်းဟင်းချက်စားလို့ရလား
အညှော်ရှောင်ရလား
လေတိုက်ခံလို့ရလား
ရေခဲရေသောက်လို့လား
အစားရှောင်ရလား
သကြားရှောင်ရလား
ကော်ဖီ လက်ဖက်ရည်သောက်လို့ရလား
ကိတ်မုန့် ပေါင်မုန့်စားလို့ရလား
အဖြေ ပြောပြပါမယ်
💦ရေချိုးလို့ရတယ် လူတယောက်မှာ တကိုယ်ရည်သန့်ရှင်းမှူက အရေးကြီးဆုံးပဲ သန့်ရှင်းမှ စိတ်ကြည်လင်မယ် စိတ်ကြည်လင်မှ ခွန်အားအသစ်တွေပြန်မွေးလို့ရမယ်
အူလမ်းကြောင်းသမားတွေသွင်းတဲ့ဆေးက သူများတွေနဲ့ သိပ်မတူတဲ့အတွက် ရေအေးချိုးရင် အသားကျဉ်တယ်
အုတ်ကန်ထဲက အေးစက်နေတဲ့ရေဆို မချိုးနိုင်ဘူး
ရေနွေးနွေးနဲ့ ချိုးလို့ရပါတယ်
💦ကိုယ်တိုင်ထမင်းဟင်းချက်စားလို့ရတယ် လုပ်နိုင်တယ်ဆိုရင် တနိုင်တပိုင်အိမ်အလုပ် အကုန်လုပ်လို့ရတယ်
အလှူကြီးတွေမှာ အိုးကြီးချက် တွေတော့ ထိုင်ချက်မနေနဲ့ပေါ့ ပင်ပန်းပြီး အိပ်ယာထဲ လဲသွားလိမ့်မယ်
💦အညှော်ရှောင်ရလားဆိုတာ ဟင်းချက်လို့ ဆီသတ်တာလောက်တော့ ကိစ္စမရှိပေမယ့် ငပိကြော် ငါးခြောက်ကြော်တို့လို တအားညှော်တာတော့ မလုပ်ပါနဲ့
ရိုးရိုးပုံမှန်ဟင်းချက်တာတော့ ရပါတယ် ဟင်းချက်တတ်တဲ့သူတွေ သိပါတယ် မညှော်ပဲ ဘယ်လိုချက်စားလို့ရလဲဆိုတာ
နောက်ပြီး ခြင်ပြေးအောင် ဆနွင်းမှိုင်းတိုက်တာတို့ သစ်ရွက်တွေ မီးပုံရှို့တာတို့ မလုပ်ပါနဲ့
💦အူလမ်းကြောင်းဆေးသွင်းထားသူတွေက ရေခဲရေ ရေအေး နဲ့ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ အေးနေတဲ့ စားစရာတွေ မစားနိုင် မသောက်နိုငိပါဘူး
တသက်လုံး မစားနိုင်မသောက်နိုင်တာမဟုတ်ပါဘူး
ဆေးသွင်းပြီး တပတ်လောက်က ရေအေးနဲ့ အေးတာတွေ စားလိုက်ရင် လည်ချောင်းကျဉ်ပြီး နေရခက်လို့ပါ
ဆေးသွင်းတာအားလုံးပြီးရင် စားလို့ရပါတယ်
💦အစားရှောင်စရာ လုံးဝမလိုပါ
ပူနွေးပြီး အာဟာရရှိတာ အကုန်စားနိုင်ပါတယ် မွေးတည်းက စားလာတာအကုန်စားလို့ရပါတယ်
(တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အစားအစာ
စည်သွပ်ဘူး အစားအစာ
gas ပါတဲ့ အချိုရည် energy drink ) စတာတွေ လုံးဝမစားပါနဲ့
ကျန်တဲ့ အသီးအရွက် အသီးအနှံ ပဲမျိုးစုံ ဥအမျိုးမျိုး ကုန်းနေရေနေ အကုန်စားလို့ရပါတယ်
💦သကြားကို အထူးတလည်ရှောင်စရာမလိုပါ
သကြားတွေကို ဇွန်းနဲ့ ခပ်မစားရင် ရပါတယ် 🤣
နဂို ဆီးချိုရှိသူတွေ ပုံမှန်အတိုင်း အချိုရှောင်ရပါတယ်
ကင်ဆာကလွဲပြီး ဘာရောဂါမှမရှိသူတွေ ပုံမှန်အတိုင်း အကုန်စားလို့ရပါတယ်
💦ကော်ဖီ လက်ဖက်ရည်သောက်လို့ရပါတယ်
coffee mix tea mix တို့မသောက်ပါနဲ့
ကော်ဖီမှုန့်ကြမ်း လက်ဖက်ခြောက်တို့ကို နိူ့နဲ့ သောက်ကောင်းအောင် ဖျော်သောက်လို့ရပါတယ်
💦ပေါင်မုန့် ကိတ်မုန့်စားလို့ရပါတယ်
ဒါပေမယ့် တနေ့စာတနေ့လုပ်ပြီး အခုလုပ် အခုရောင်း အခုစား တဲ့ ဆိုင်ကြီးတွေက ဝယ်စားပါ
လမ်းထိပ်မုန့်ဆိုင်တွေက ပေါင်မုန့်ကိတ်မုန့်တွေ နယ်တကာကို ဖြန့်ချီနေတဲ့ ပေါင်မုန့်ကိတ်မုန့်တွေ မစားပါနဲ့
တာရှည်ခံဆေးတွေ ပါလို့ပါ
လတ်လတ်ဆတ်ဆတ်ဖုတ်ရောင်းတဲ့ ဆိုင်ကြီးတွေက ဝယ်စားပါ
13/04/2024
အကြိုနေ့ ဖရဲသီးဖျော်ရည် လှူဒါန်းပါတယ်
အစာဟောင်းအိမ်ထဲက အကြိတ်ရှိနေစဉ် စအိုလဲ မပိတ်ရသေးတဲ့ ကာလတုန်းကဆို
အိမ်သာထဲတနေ့ အခါ ၂၀လောက် ဝင်ထွက်နေရတယ်
အကြိတ်ကို ခွဲမထုတ်ရသေးတော့ အဲ့အကြိတ်ကြီးကို အီးတုန်းကြီးလို့ ဦးနှောက်က ဘာသာပြန်နေသမျှ စအိုကြွက်သားတွေကပါ လိုက်ညှစ်နေ
အဲ့လို ညှစ်ချင်စိတ်ဖြစ်ဖြစ်နေတော့ မထွက်ဘူးဆိုတာကို သိနေပေမယ့် အိမ်သာထဲပဲ သွားသွားပြေးထိုင်နေမိတာ
ဝမ်းအိတ်ထဲကို သူ့ဘာသာ အလိုအလျှောက် ထွက်နေတယ်ဆိုပေမယ့်
ဖင်မှာ sensor မိနေတော့ ညှစ်ညှစ်မိနေတယ်လေ
အိမ်သာထဲ ထိုင်ပြီး မထွက်ဘူးဆိုတာကို သိပေမယ့်မျက်ရည်တောက်တောက်ကျအောင် ညှစ်ရတယ်
အဲ့တုန်းကဆို ခါးအောက်ပိုင်းမှာ အားအင် လုံးဝမရှိဘူး
တင်ပါးတွေကိုက်တယ်
ခါးနာတယ်
အထိုင်အထ တွေမှာ ဖင်မှာ တစ်ဆို့ဆို့ နဲ့ ဖြစ်နေတယ်
ပေါင်ရင်းတွေ ခြေသလုံးတွေမှာ အားမရှိပဲ နုန်းချိနေတယ်
အဲ့လို ခံစားမှုမျိုးကို ၃နှစ်ကျော် ခံစားခဲ့ရတာ
ဖင်မှာ သွေးစုနာပေါက်ရင်တောင် နေရထိုင်ရခက်ပြီး နာကျင်နေတာ
ကျွန်မ ဘယ်လောက်နာမလဲ တွေးသာကြည့်တော့
အခု အဲ့အကြိတ်ကြီးကို ခွဲထုတ်နိုင်ခဲ့ပြီး စအိုကြွက်သားတွေ အကုန်ထုတ်နိုင်တော့မှ အဲ့ဒုက္ခကြီးက လွတ်ငြိမ်းချမ်းသာတော့တယ်
အစာဟောင်းအိမ် ကင်ဆာ အူမကြီး ကင်ဆာ တို့မှာ ဝမ်းချုပ်တယ်ဆိုတာကို ရှင်းပြမယ်နော်
ကျွန်မက ငယ်တည်းက ဝမ်းချုပ်တယ် ဆေးသောက်မှ သွားတယ် မသောက်ပဲ နေကြည့်ရင် မသွားဘူး
အဲ့ဟာက ကင်ဆာလက္ခဏာမဟုတ်ဘူး အကျင့်တခုလိုဖြစ်နေတဲ့ အိမ်သာသွားအလေ့အကျင့်တခု
ပုံမှန်ဝမ်းသွားနိုင်နေရာကနေ ဘယ်လိုညှစ်ညှစ် စိတ်ကျေနပ်မှု မရဘူးဆိုရင် နည်းနည်းသတိထားတော့
အိမ်သာသွားပြီးလဲ ဝမ်းကျန်သလို ခံစားရတယ်ဆိုတဲ့ နေရာမှာလဲ
ဟုတ်ပြီ ဝမ်းကျန်သလိုခံစားရတယ်ဆိုပြီး တနေကုန်ကော အီးပါချင်စိတ်ဖြစ်နေသေးလား
တနေကုန် ထပ်ပါချင်စိတ်မရှိဘူးဆိုရင်လဲ ကင်ဆာလက္ခဏာ မဟုတ်သေးဘူး
ကင်ဆာလက္ခဏာရဲ့ ဝမ်းကျန်တာကို ရှင်းပြမယ်
အိးပါချင်လွန်းလို့ အိမ်သာပေါ်ထိုင်တယ်
ကလေးမွေးသလို အစွမ်းကုန်ညှစ်တယ်
ဝမ်းက သေးသေးမျှင်မျှင်ပဲ ထွက်မယ်
စိတ်ကျေနပ်မှု မရဘူး
ချွေးတောက်တောက်ကျလာမယ်
ဆက်ထိုင်နေရင် မဖြစ်တော့ဘူးဆိုလို့ အိမ်သာထဲကထွက်လာပေမယ့်
အိမ်သာထဲက ထွက်တာနဲ့ ထပ်ပါချင်ပြန်ပြီ
ဘာလို့လဲဆိုတော့ အူနဲ့ အစာဟောင်းအိမ်တနေရာရာမှာ ပိတ်ဆို့နေတဲ့ ကင်ဆာအကြိတ်ကြီး ကို အီးတုန်းကြီးပါလို့ ဦးနှောက်က ဘာသာပြန်လိုက်တာ
အဲ့အချိန်မှာ အဲ့ အီးတုန်းလို့ ထင်တဲ့ အကြိတ်ကြီးကို စအိုကြွက်သားတွေက အမြဲတမ်း ညှစ်ထုတ်ချင်နေတာ
အဲ့လို တနေ့ကို အိမ်သာထဲ အခါ ၂၀လောက် အမြဲတမ်း ညှစ်ထုတ်မိနေတော့ စအိုကြွက်သားတွေ ပေါင်တွေ တင်ပဆုံဂွင် တွေ ကိုက်ခဲပြီး ဘိုထိုင်အိမ်သာပေါ်ကတောင် ပြန်မထနိုင်လောက်အောင် အောက်ပိုင်းတွေ ကိုက်ခဲလာတယ်
ဝမ်းထဲ သွေးပါတယ် ဆိုတာက တချို့တွေက မြင်ရပေမယ့်
တချို့တွေက Lab စစ်မှ တွေ့ရတယ်
ဒါဆိုရင် ရှည်ရှည်ဝေးဝေး တွေးမနေနဲ့တော့
ဆရာဝန်ဆီသွားပြီး မှန်ပြောင်းသာကြည့်တော့
သန့်ရှင်းရေးဘယ်လိုလုပ်လဲဆိုတာ ရှင်းပြထားပါတယ်
ဝမ်းအိတ်အထဲကို ဘယ်လို သန့်ရှင်းရေးလုပ်လဲ မေးကြတဲ့ သူတွေ အတွက်ပါ
သိချင်ရင်နောက်တပုဒ် ထပ်တင်ပေးပါ့မယ်
Click here to claim your Sponsored Listing.