Ko Kyaw Soe Win

Ko Kyaw Soe Win

Share

ဖုန်းအမျိုးမျိုး ပြုပြင်ရေး အရောင်းအဝယ်

20/07/2023

🐟ငါးနဲ့ ထန်းလျက်ရှိရုံနဲ့တင် ကိုယ်တိုင်ဖျော်စပ်နိုင်တဲ့ ငါးအမိုင်နို သဘာဝမြေဩဇာအရည်ဟာဆိုရင် အပင်အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်၊ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ်နဲ့ အပင်ကို ကြီးထွားဖွံ့ဖြိုးစေတဲ့ အခြားသော ဓာတ်ပေါင်းများစွာ ပါဝင်တာကြောင့် စိုက်ပျိုးသီးနှံတွေရဲ့ ပင်ပိုင်းကြီးထွားမှုကို အံ့ဩစရာကောင်းလောက်အောင် အားဖြည့်ပေးပါတယ်။

🐟ငါးအမိုင်နို ဖျော်စပ်ပုံ🐟
ငါးနဲ့ထန်းလျက်ကို ဆတူထည့်ပါ။ (ဥပမာ - ငါးတစ်ပိဿာထည့်ရင် ထန်းလျက် တစ်ပိဿာ) ငါးကြီးနေရင် သေးအောင် နုတ်နုတ်စဉ်းပါ။ ထန်းလျက်ကို ကျိုပြီးအအေးခံထားပါ။ ငါးထည့်ထားတဲ့ ပလတ်စတစ်ပုံး (စဉ့်မြေအိုး) ထဲကို ကျိုထားတဲ့ထန်းလျက်ရည်ထည့်ကာ သမအောင် မွှေပြီး အပေါ်တစ်ဝက်ခန့်ကို လေဟာနယ်ထားပေးပါ။ ယင်ကောင်တွေမဝင်စေဖို့ ပိတ်ပါးစဖြင့် အဝကိုအုပ်ပြီး ကြိုးဖြင့်စည်းပြီး အဖုံးကို အပေါ်မှာ လုံအောင်တင်ထားပါ။ အရိပ်ရပြီး နေရောင် တိုက်ရိုက်မကျရောက်တဲ့ နေရာမှာထားပါ။

အချဉ်ဖောက်မှုပိုကောင်းစေဖို့ ၇ ရက် (၁ ပတ်) လောက်ကြာလျှင် တုတ်သန့်သန့်ဖြင့် သေချာစွာ မွှေပေးပြီး အဖုံးပိတ်ပါ။ ၁၅ ရက် (၂ပတ်ကျော်) ခန့်အကြာ ချဉ်စူးစူးနံ့ ရရှိလာမှာဖြစ်ပါတယ်။ ၄ ပတ် မှ ၆ ပတ် (၁ လ မှ ၁ လခွဲ) ထိထားပြီးပါက ကောင်းစွာအသုံးပြုနိုင်တဲ့ ငါးအမိုင်နို ရရှိမှာဖြစ်ပါတယ်။

ရရှိလာတဲ့ ငါးအမိုင်နိုအနှစ်တွေကို အဖတ်နဲ့အရည်ခွဲခြားဖို့ ဆန်ခါ (သို့) ပိတ်ပါးစဖြင့်စစ်ပါ။ စစ်ကျရည်များကို သန့်ရှင်းတဲ့ ပုလင်း (ဘူး) ဖြင့် အပေါ်ပိုင်းတွင် လေဟာနယ် အနည်းငယ်ချန်၍ အဖုံးပိတ် သိမ်းဆည်းထားနိုင်ပါတယ်။ စစ်ပြီးကျန်ရှိတဲ့ ငါးအနှစ်ဖတ်များအား မြေဆွေးလုပ်ပြီး အသုံးပြုနိုင်ပါတယ်။

🐟အသုံးပြုပုံ🐟
✔အပင်ငယ်စဉ်မှာ ဆေးဖျန်းပုံးတစ်ပုံးစာကို ငါးအမိုင်နိုအရည် ထမင်းစားဇွန်းနဲ့ **၁ဇွန်းခွဲ**
✔ပုံမှန်စိုက်ခင်းနဲ့ နှစ်ရှည်ပင်များအတွက်ဆိုရင် ငါးအမိုင်နိုအရည် **(၃)ဇွန်း**

⚠ သတ်မှတ်ထားတဲ့ နှုန်းထားထက် မများစေဖို့ သတိပြုပါ။ ငါးအမိုင်နိုထည့်မဖျန်းခင်မှာ ဆေးဖျန်းပုံးကို ရေနဲ့သေချာဆေးပြီးမှ ဖျန်းပါ။

ငါးအမိုင်နို သဘာဝမြေဩဇာအရည်ကို လက်တွေ့သုံးထားဖူးတဲ့ တောင်သူတွေက ဘယ်လိုထောက်ခံထားလဲဆိုတာ ဖတ်ရှုဖို့ ဒီလင့်ခ် https://m.me/Yetagon?ref=w19469560 ကို နှိပ်ပါ။ (ဒီလင့်ခ်ထဲမှာ ငါးအမိုင်နိုဖျော်ဖို့ ဘာတွေလိုလဲ၊ ဖျော်စပ်ပုံ၊ အသုံးပြုပုံနဲ့ အခြားသိသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေ အပြည့်အစုံပါဝင်ပါတယ်။)
#ရေတံခွန်

Photos from Ko Kyaw Soe Win's post 14/07/2023

အနိပ့်လုဲးလေး lcd အဖိုင်းလေး ရရင် လိုချင်ပါတယ်
oppo marror 3 ရှိတဲ့ ဆရာတို့ ကူညီပါဦး
(ygn)

28/06/2023

မိုက်ပီးလို့

28/06/2023

ဒီမှန်က ဘာဖြစ်တာလဲ ဆရာ သမာတို့ ဘယ်လိုပြန်လုပ်လို့ ရနိုင်လဲဗျ

24/06/2023

အားလုံပဲ စိတ်၏ ချမ်းသား​ြခ​င်း ကိုယ်၏ ကျန်မာခြ​င်းနှင့် ပြည့်စုံနိုင်ကျပါစေ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon