Yokel Cosmetics & Skincare

Yokel Cosmetics & Skincare

Share

Organic, Cosmetics and Skincare Products (100%Authentic )

Photos from Yokel Cosmetics & Skincare's post 29/04/2023

💥💥အပြင်မှာ 2သောင်းခွဲ 3သောင်းအထိရောင်းနေကြတာလေး အခုဘာယူယူ 19000ksပါ💥💥

📌အရေအတွက်အများကြီးမရှိပါဖူး
💯UK importတစ်မျိုးပဲရောင်းလို့ qualityအပိုင်းကိုစိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်

✅COD

Photos from Yokel Cosmetics & Skincare's post 18/03/2023

📣 Stock Clearance Sales 📣

💥 UK import productsအစုံကို လက်ကျန်ဖြတ်ဈေးနဲ့ အကုန်လျော့ပေးပါမယ်💥

💗 Stockအများကြီးမကျန်တော့လို့ သုံးနေကြproductတွေပါရင် ယူကိုယူထားသင့်တဲ့ဈေးနဲ့ရောင်းပေးမှာမို့လို့ လက်မနှေးပဲ မြန်မြန်ယူထားကြပါနော်🤗

💗 တစ်ပုံချင်းစီမှာ Price & Expiry Dateတွေလည်းရေးပေးထားပါမယ်

💯Authentic ( အသစ်နှင့်UK importအစစ်ဖြစ်ကြောင်း အာမခံပါတယ် ကြိုက်သလိုစစ်ဆေးနိုင်ပါတယ်နော် )

✅Instock

♻️Ygn,Mdyနှင့် တခြားသောမြို့ပေါင်း 150ကျော်ကို အိမ်အရောက်ငွေချေစနစ်ဖြင့်မှာယူနိုင်ပါသည်

11/02/2022

အမှန်ဘဲ 🤣

31/01/2022

ဝယ်သူတွေအဆင်ပြေအောင် Instragm Account လေးနဲ့ Telegram Channelလေး ဖွင့်ထားပါတယ် ဆက်သွယ်မှာယူလို့ရပါတယ်ရှင့်

Telegram : https://t.me/yokelcosmeticsandskincare
Instragm :

29/01/2022

မင်မင်လဲဖတ် မင့်မင့်ကာကာတွေလဲဖတ် 😍

Skincare လုပ်တဲ့အခါမှာ ပိုပြီးလည်းထိရောက်မှုရှိစေချင်တယ်၊ ကိုယ်လိုချင်တဲ့ Skin Results လည်းအမြန်ဆုံးရချင်တယ်ဆို ပါဝင်တဲ့ Ingredients တွေကို စနစ်တကျတွဲဖက်ပြီးသုံးသင့်ပါတယ်။🤩💫
ဒါမှ အချိန်ကုန်ငွေကုန်သက်သာစေမှာဖြစ်သလို အသားအရေအတွက်လည်း Side Effect မရှိစိတ်ချလက်ချသုံးနိုင်ပြီး ကိုယ်လိုချင်တဲ့ Result ကိုရရှိမှာပါ။🧏‍♀️🧏‍♀️💖

အသားအရေအတွက်ပိုမိုကောင်းမွန်စေပြီး တွဲကို တွဲသုံးသင့်တဲ့ Ingredients တွေကတော့….

Retinols&Hyaluronic 🧪
Retionols ကတော့ အသားအရေကို တင်းရင်းနုပျိုစေပြီး ချွေးပေါက်များကို ကျည်းစေတဲ့ အရမ်းကောင်းမွန်တဲ့ Ingredient တစ်မျိုးပါ။ သို့ပေမယ့်သူက Risky ဖြစ်လို့ Moisture&Hydrate အရမ်းပေးနိုင်တဲ့ Hyaluronic နဲ့တွဲသုံးသင့်ပါတယ်။ဒီ ၂ မျိုးကို တွဲသုံးမယ်ဆိုရင်တော့ အသားအရေကို အပြစ်အနာအဆာကင်းပြီး ရေဓာတ်ပြည့်ဝတင်းရင်းကြည်လင်စေမှာပါ….

Vitamin C & SPF☀️
Vitamin C ကတော့အားလုံးသိတဲ့အတိုင်းပဲ အသားအရေမညီမညာဖြစ်တာကိုညှိပေးတယ်၊ brightening effect ကိုထောက်ပံ့ပေးနိုင်ပြီး အသားအရေ လျော့တွဲကျတာကိုလည်း ကာကွယ်ပေးပါတယ်။သူ့ကိုသုံးမယ်ဆိုရင်တော့ SPF ပါတဲ့ Product နဲ့ တွဲကိုတွဲသုံးသင့်ပါတယ်။ အဲ့ ၂ မျိုးကို တွဲသုံးပေးခြင်းအားဖြင့် နေဒဏ်လေဒဏ်ကနေ ကာကွယ်ပေးပြီး အသားအရေယိုယွင်းပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

AHAs & BHAs 🧪
ဒီ ၂ မျိုးကတော့ ချွေးပေါက်ကျယ်ပြီး အဆီပြန်တတ်တဲ့ အသားအရေအတွက်အရမ်းကိုကောင်းမွန်စေပါတယ်။ သူကချွေးပေါက်ထဲက အညစ်အကြေးများကို အသန့်စင်ဆုံးဖြစ်အောင် Exfoliate လုပ်ပေးလို့ ဆားဝက်ခြံ၊ချွေးပေါက်များကိုသက်သာစေပြီး အသားအရေကိုချောမွတ်နူးညံ့စေမှာပါ….

Niacinamide & Hyaluronic Acid💦
ဒီ (၂) မျိုးကတော့ ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ နေရာမှာဆရာကြီးမို့ အသားအရေမွဲခြောက်ခြောက်ဖြစ်ပြီး ရေဓာတ်မလုံမလောက်ဖြစ်နေရင် တွဲသုံးပေးသင့်ပါတယ်။ Niacinamide က ချွေးပေါက်များကိုကျည်းစေပြီး အသားအရေနီမြန်းယောင်ယမ်းတာနဲ့ တင်းတိတ် အမဲစက်များကို မှေးမှိန်သက်သာစေပြီး Hyaluronic Acid ကတော့ အသားအရေအတွင်းပိုင်းအလွှာထိ ရေဓာတ်အလုံအလောက်ဖြည့်တင်းပေးလို့ အသားအရေကို ရေဓာတ်ပြည့်ဝပြီး ကြည်လင်စိုပြေစေပါတယ်။

.Beauty

Photos from Rosy Diaries's post 22/01/2022

မင်မင်တို့မှာရှိတယ်နော်

20/01/2022

အဆီဖု သမားလေးတွေအတွက် ☺️

Toner သုံးဖို့ တကယ်လိုအပ်လား? 👌👌👌

တချို့တော်တော်များများက Toner ကို မသုံးလည်းရတယ်ဆိုပြီး မသုံးတတ်ကြပါဘူး.. အပိုအဆင့်လို့ပဲ ထင်တဲ့သူတွေလည်း ရှိပါတယ်.. " အရင်က Toner မသုံးဘူး .. ခု သုံးသင့်လား " ဆိုပြီး လာမေးကြတာတွေလည်းရှိပါတယ် .. Essence မှာ Toner effect ပါ ပါပြီးသားမို့ တမျိုးထဲ လိမ်းရင် မရဘူးလားဆိုပြီးလည်း ဈေးဆစ်တတ်ကြပါတယ်.. တကယ်တော့ Essence ဆိုတာဟာ Moisturizing treatment step မို့ Toner သုံးစရာမလိုဘူးဆိုတာ မဟုတ်ပါဘူး ..

အဲ့ဒါကြောင့် ဒီနေ့ Toner ဆိုတာ ဘာလဲဆိုတာရယ် တကယ်ပဲ သုံးသင့်လား ဆိုတာရယ်ကို နည်းနည်းရှင်းပြမယ်နော်..

📕 Toner ဆိုတာဘာလဲ ?

Toner ဆိုတာ မျက်နှာသစ်ပြီး ချွေးပေါက်တွေထဲမှာ ကျန်နေသေးတဲ့ အဆီနဲ့ အညစ်အကြေးအပြင် ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးတဲ့ skincare ပါ .. cleansing step ရဲ့ နောက်ဆုံးအဆင့်လို့လည်း ပြောလို့ရပါတယ်..

နောက်ပြီး ကျန်တဲ့ skincare step တွေ မလိမ်းခင် skin ရဲ့ pH level ကို ညှိပေးတဲ့အတွက် လိမ်းတဲ့ serum , essence စတဲ့ moisturizer တွေကို ပိုပြီး စိမ့်ဝင်ထိရောက်စေပါတယ်..

ဒါကြောင့် K Beauty ရဲ့ နာမည်ကြီး Soko Glam ရဲ့ co-founder Charlotte Cho ကိုယ်တိုင်က

" Think of toner as Prep for your pores "

လို့ ဆိုပါတယ် .. Toner က

1. ကျန်ခဲ့တဲ့ အဆီနဲ့အညစ်ကြေးတွေ ဆဲလ်သေတွေကို ဖယ်ပေးတယ်
2. skin ရဲ့ normal pH level ကို ညှိပေးတယ်
3. လိမ်းတဲ့ skincare တွေကို ပိုထိရောက်စေပါတယ်တဲ့ ...

Makeup notes နဲ့ ရှင်းပြရရင် Toner က Primer လိုပါပဲ.. Primer က မိတ်ကပ်သား ညီညီညာညာနဲ့ အသားထဲညက်နေစေဖို့ အဆီမပြန်အောင် မိတ်ကပ်မကွက်အောင် ထိန်းညှိပေးသလို toner ကလည်း မျက်နှာမှာ အဆီနဲ့ဆဲလ်သေတွေကို ဖယ်ပေးပြီး လိမ်းတဲ့ serum တွေ moisturizer တွေကို စိမ့်ဝင်မြန်ပြီး ပိုထိရောက်စေပါတယ်..

နောက်ထပ် ရိုးရိုးလေး စဉ်းစားကြည့်ရင် makeup sponge ကို ရေမစွတ်ပဲ ဒီတိုင်း လိမ်းတဲ့အခါ မိတ်ကပ်မညက်သလိုပဲ မျက်နှာသစ်ပြီးစ ခြောက်သွေ့နေတဲ့မျက်နှာပေါ် skincare တွေလိမ်းတဲ့အခါ စိမ့်ဝင်ဖို့ ခက်ပါတယ် ..

ဒါကြောင့် Toner က skincare step ထဲမှာ ထည့်ကို ထည့်ရမဲ့ step ပါ..

📕 Toner ကို ဘယ်ချိန်မှာ သုံးရမလဲ ?

Toner ကို မျက်နှာသစ်ပြီးတဲ့အခါတိုင်း သုံးနိုင်ပါတယ်.. alcohol သို့ astrigent များတဲ့ toner မျိုးဆိုရင်တော့ အသားမခြောက်အောင် သတိထားပြီး သုံးလို့ရပါတယ် .. Dry skin သမားတွေကတော့ Alcohol မပါလေ ကောင်းလေပါပဲ..

📕 Toner ဘယ် ၂ မျိုးရှိလဲ?

Toner မှာ Skin type & concern အလိုက် အမျိုးမျိုးရှိပါတယ် ..

👉 အဆီပြန်ပြီး ဝက်ခြံထွက်တဲ့အသားရေ နဲ့ ဝက်ခြံထွက်လွယ်တဲ့အသားရေ တွေအတွက် ချွေးပေါက်မပိတ်အောင် သန့်စင်ပေးတဲ့ Toner - Salicylic acid or BHA , Glycolic acid or AHA ပါတဲ့ Toner

👉 ရေဓါတ်ဖြည့်ပေးတဲ့ Hyaluronic acid ပါတဲ့ Toner

👉 Soothing & Calming လုပ်ပေးတဲ့ Toner
ဥပမာ ; Centella , Propolis , Rose water စတာတွေ ပါတဲ့ toner

👉 Moisturizing လုပ်ပေးတဲ့ Toner

👉 Brightening ဖြစ်စေတဲ့ Vitamin C ပါတဲ့ Toner

👉 Antiaging အတွက် Antioxidants သို့ Retinol စတာတွေ ပါတဲ့ toner

စသဖြင့် ရှိပါတယ် ... ဒါကြောင့် ကိုယ့်အသားရေအပြင် ကိုယ်ဖြစ်ချင်တဲ့ Skin concern နဲ့ အလိုက် toner ကို ရွေးချယ်လို့ရပါတယ် ..

ခုနောက်ပိုင်းမှာ Toner ဟာ cleansing step တခုအနေနဲ့ရော skin ရဲ့ pH balance ညှိပေးတဲ့အနေနဲ့အပြင် Hydrating , soothing စတဲ့ concern တွေနဲ့ အဓိကထားပိုသုံးလာကြပါတယ်.. K Beauty Trend မှာဆိုရင် toner ကို ဂွမ်းနဲ့မလိမ်းပဲ လက်နဲ့ ပုတ်ပုတ်ပြီး လိမ်းတာ မြင်ဖူးမှာပါ.. မနှစ်ကဆို " K beauty trend 7 Skins Method " ဆိုပြီး Light weight ဖြစ်တဲ့ Toner ၇ မျိုးကို အဆင့်ဆင့် လိမ်းတဲ့နည်းက ခေတ်စားသွားသေးတယ်... ဒါပေမဲ့ သူတို့လို (၇) မျိုး လိုက်လိမ်းစရာမလိုပါဘူး .. ယမုံတို့ဆီမှာက ရာသီဥတုကပူပြီး အဆီပြန် ဝက်ခြံထွက်လွယ်တဲ့ အသားရေက ပိုများလို့
Exfoliating toner တမျိုးနဲ့
ကိုယ့် Skin concern အရ သင့်တော်တာ တမျိုးနဲ့ (၂) မျိုးလောက်ရှိရင်ကို လုံလောက်ပါတယ်..

❤️ ဒါကြောင့် Toner သုံးသင့်လားလို့မေးရင် ..❓

" သုံးသင့်ပါတယ် " လို့ ဖြေပါတယ်... K beauty trend ရဲ့ Glow skin , Glass skin တွေက အရမ်းခေတ်စားနေတော့ Skincare trend အရရော Toner က လိုအပ်ပါတယ် .. 😊😊

စာအရှည်ကြီး အမြဲဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်. သိချင်တာရှိရင် comment မှာ မေးလို့ရပါတယ်နော်.. message တွေကတော့ အရမ်းများလို့ မပြန်နိုင်တာအတွက် တောင်းပန်ပါတယ်.. 😔😔😔

Bye Bye ... 👋👋👋

Skincare by May
2018 Oct 31

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00