OhnLay. Mart
All about Ohnlay.Mart
23/11/2025
ကြက်ဥနဲ့ သောက်ရေသန့် အပါအဝင် ပါဝင်ပစ္စည်းစုစုပေါင်း (16)မျိုးနဲ့ ပေါင်းထားတဲ့
လက်ဖက်ကြက်ဥပေါင်း အလုံး (30) order အတွက် နောက်နေ့ ပေါင်းပေးရဦးမယ်
🥰🥰🥰🥰🥰🥰
လက်ဖက်ကြက်ဥပေါင်းကလေ ကြက်ဥအရင်းတင် တစ်လုံး (၅၀၀) တန် သုံးထားပေးတာကြောင့်
ပေါင်းပြီးသားကတော့ တစ်လုံး (၁၀၀၀) ကျပ်မှပဲ ဥမ်တို့ရောင်းပေးနိုင်ပါမယ်နော်
အချိန်အကြာကြီး ပေါင်းရတာကြောင့် gas ဖိုးနဲ့တွက်ရင်ကို တန်နေပါပြီးရှင့်
🍀🌸
ဆေးလက်ဖက်ကြက်ဥပေါင်းက ရေခဲသေတ္တာထဲ ထည့်ထားရင် ရက်အကြာကြီး အထားခံပါတယ်
စားတော့မယ်ဆိုမှ ပြန်နွေးပြီး စားရုံပါပဲ။ (နွေးနွေးလေးနဲ့ဆို ပိုစားကောင်းပါတယ်)
နယ်အဝေးကို မပို့ဖူးသေးတော့ မပြောတတ်သေးဘူး
အခုတော့ မော်လမြိုင်မြို့တွင်းပဲ ရပါဦးမယ်နော်။
#ဆေးလက်ဖက်ကြက်ဥပေါင်း
ပုံကတော့ ဟိုးအရင်နှစ်က လုပ်စားတုန်းက ရိုက်ထားမိတဲ့ပုံပါ။
22/11/2025
Order ပို့ဖို့အတွက်
မာလာအနှစ် တစ်အိုးချက်
တစ်ခါချက်ရင် ၅ပိဿာချက်ရ 🥰🥰🥰
ကြက်ခြေထောက်ဂျူးမြစ်မာလာ
မာလာကြက်ဥပေါင်း
လက်ဖက်ကြက်ဥပေါင်း
ဒါလေးတွေလဲ Order ရပါတယ်ရှင့်
အခုက အနှစ်သီးသန့်order ချက်ပို့တာပါ
#မော်လမြိုင်မြို့တွင်း
ခါးနာပြီး ခြေထောက်ထုံတဲ့ ဝေဒနာဖြစ်တဲ့ ၂နှစ်အတွင်း ♥️
အသံကြိုး ခွဲစိပ်မူ
အသံကြိုးခွဲစိပ်မူအကြောင်း
အသံကြိုးခွဲစိပ်တာ တစ်နှစ်ပြည့်ပါပြီးကွယ်
18/08/2025
အခြားသူတွေ ဘာလို့ ငါတို့နဲ့မတည့်ကြတာလဲ မသိဘူး။
ငါနဲ့ ငါ့သူငယ်ချင်း ~~~~~
🙂
အသံကြိုး ခွဲစိပ်မူအကြောင်း စပြောရရင်
2024 -9 လပိုင်းတုန်းက စရမှာပါပဲ ။
2024 -5 လပိုင်းလောက်ကစပြီး အသံဝင်တယ်။
ပေါ့ပျက်ပျက်နေမိတယ်။ အသံဝင်နေလဲ စကားကို ညစ်ပြီးပြောမိတယ်။
အရင်ကတော့ အသံဝင်ရင် တစ်ပတ်လောက်အတွင်း ပြန်ကောင်းသွားတာကြောင့် အဲဒီတုန်းကလဲ ပြန်ကောင်းမယ်ပဲ ထင်ထားတာ။
ဆေးသောက်လဲ မပျောက်ဘူး၊ မကောင်းသွားဘူး။
(5)လပိုင်းလောက်ကနေ အသံစဝင်တာ စတိမထားမိလိုက်ခင်မှာပဲ (8) လပိုင်းရောက်သွားတယ်။
အဲဒီတော့မှ ဆေးခန်းပြရာကနေ လည်ချောင်းကို scope ကြည့်ရင်းနဲ့ အသံကြိုးမှာ အဖုပေါက်ရာကနေမှတဆင့် တဖြေးဖြေး ခွဲစိပ်တဲ့ အဆင့်ရောက်လာတော့တာပါပဲ~~~~~
#အသံကြိုးခွဲစိပ်မူအကြောင်း
17/08/2025
လုပ်ငန်းနောက်တစ်ခုနဲ့ ဒီPage ကို ပြန်မစခင်
မနှစ်က ဥမ့်ရဲ့ အသံကြိုးခွဲစိပ်မူအကြောင်းတွေ tt မှာ မေးတဲ့သူများနေလို့
Video အပိုင်းဆက်လေးတွေနဲ့ တင်ပေးသွားပါ့မယ်နော် ♥️
ဗဟုသုတ ရရအောင်ပါ။
သတိထားရမယ့် အသံကြိုးခွဲစိပ်မူပါပဲ။
29/07/2025
Hello အသိမပေးပဲ ပျောက်သွားတာ လအတော်ကြာခဲ့ပါပြီး။
အခုထိ မင်ဥမ်ဆီကနေ ပစ္စည်းတွေ လှမ်းမှာပေးကြတဲ့ တစ်ဦးချင်းစီကို သိပ်ကျေးဇူးတင်ပါတယ်။
မင်ဥမ် 2024 -June လလောက်ကနေ ကျန်းမာရေးစပြီး မကောင်းတာမျိုးလေး စဖြစ်ပါတယ်။
အဲကနေမှ ခွဲစိပ်မူတွေလုပ်ရရင်းနဲ့ အလုပ်တွက် လစ်ဟင်းမူတွေ ပိုများလာခဲ့တယ်။
မင်ဥမ် OhnLay.Mart ကို စထောင်ခဲ့တာ 2015 ကတည်းကပါပဲ။ဒီလုပ်ငန်းကို စခဲ့တဲ့နှစ်ပေါ့။
အခုတော့ ကျန်းမာရေးအခြေအနေကြောင့် လူရောစိတ်ရော အနားယူရမှာဖြစ်တာကြောင့် လုပ်ငန်းကို 2025 -May မှာ စတင်ရပ်တန့်လိုက်ရပါတယ်။
ဆယ်စုနှစ်တစ်ခုအကြာ ဖြတ်သန်းခဲ့တဲ့ အရာတွေပါပဲ။မင်ဥမ်ရဲ့ ငယ်ရွယ်မူ ၊ ခွန်အား ၊ စိတ်ဓာတ်၊ သွေး၊ ချွေး၊ ငွေကြေး အရာရာဟာ ဒီအလုပ်ထဲမှာပါပဲ။
ဆိုင်ပိတ်လိုက်ပါပြီးရှင့်။ အချို့ လက်ကျန်ပစ္စည်းလေးတွေကိုတော့ အခုထိ မှာယူတဲ့သူတွေ ရှိနေသေးလို့ ပို့ပေးဖြစ်ပါတယ်နော်။
သေချာလေး မနှုတ်ဆက်ရသေးလို့ အခုpostလေး တင်ပေးဖြစ်တာပါ။
ဆယ်စုနှစ်တိုင်တိုင် ဝယ်ယူအားပေး ချစ်ခင်ကြတဲ့ Customers အပေါင်း ၊ Consumers အပေါင်း ၊ partners အပေါင်းကို သိပ်ကျေးဇူးတင်ရပါတယ်။🍀🌼🌸
ဘယ်တော့မှ ဘယ်လိုပုံ ဘယ်လိုအမျိုးစားနဲ့ ထပ်ထွက်ပေါ်လာမလဲ မသိပေမယ့် ဒီpage မှာတော့ မင်ဥမ်က ဆက်ပြီး စခွီထသွားပါဦးမယ်။
အားလုံး Love you
မင်ဥမ် 🌸
28/09/2022
Me and my Fri
😌😌😌😌
Photo Crd
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 06:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |