Mudon Sisters

Mudon Sisters

Share

To share my travel experiences from around the world!

Photos from Mudon Sisters's post 11/10/2024

Kanchanaburi, Thailand 🇹🇭

Photos from Mudon Sisters's post 09/10/2024

Ban Rak Thai village, Northern Thailand

04/10/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

Malaysia Transit Visa and Transit Pass - Eligibility and Application 02/10/2024

မလေးရှားရဲ့ Free transit visa အကြောင်း လာမေးကြလို့ သိသလောက်လေး ပြန် share ပေးပါ့မယ်။
သူက မလေးရှားကနေတဆင့် နောက်တနိုင်ငံဆက်ကူးမဲ့သူတွေအတွက် နာရီပေါင်း ၁၂၀ free နေခွင့်ရတာပါ။ ကြိုလျှောက်စရာမလိုပဲ လေဆိပ်မှာ နောက်တနိုင်ငံသွားမဲ့လေယာဉ်လက်မှတ်ကို printed ထုတါပြီး ပြရုံပါပဲ။ တခုရှိတာက အဲဒီလက်မှတ်က နာရီ ၁၂၀ မကျော်ပဲ မလေး KL လေဆိပ်ကနေပြန်ထွက်မဲ့ဟာမျိုးပဲ ဖြစ်ရမှာဖြစ်ပြီး အဝင်ကိုလဲ KL လေဆိပ်ကပဲ ဝင်ရမှာပါ။
Airlines ကတော့ Air Asia နဲ့ Malaysia Airlines တွေ သုံးရမှာပါ။ အသေးစိတ်ကို ဒီမှာ ဖတ်ကြည့်လို့ရပါတယ်

Malaysia Transit Visa and Transit Pass - Eligibility and Application In this article Toggle Who needs a Malaysia Transit Visa?How to Get a Malaysia Transit Visa?What to put down as accommodation in Malaysia if I am simply transiting?What is the Malaysia Transit Pass?Who is eligible for the Malaysia Transit Pass?Requirements for the Malaysia Transit Pass You may be ab...

Photos from Mudon Sisters's post 21/09/2024

ဒီနေ့ကတော့ မလေးရှားသွားခဲ့တဲ့အကြောင်းလေး ပြန် share ပေးချင်လို့ပါ။ သွားခဲ့တာက ၂၀၁၉ April သကြ်န်ပိတ်ရက်တုန်းကဆိုတော့ တချို့ဟာတွေ နည်းနည်းမေ့နေပြီပေမဲ့ မှတ်မိသလောက်လေး ပြန်ရေးပေးပါ့မယ်။

Malaysia Visa 🇲🇾
ကိုယ်တွေက တတ်နိုင်သမျှ budget ပဲ သွားတာမို့ visa က အစ visa ကြေးမကုန်အောင်ပါ trip ကို စီစဉ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက်က ပုံမှန်ဆို visa လိုပါတယ်။ ဒါပေမဲ့ အကယ်၍ ကိုယ်က မလေးကနေတဆင့် တခြားတနိုင်ငံကို သွားဖို့ရှိမယ်ဆိုရင် transit visa လို ရပါတယ်။ free ပါ၊ ကိုယ့်ရဲ့ မလေးကနေတဆင့် ထပ်သွားမဲ့ နိူင်ငံရဲ့ လေယာဉ်လက်မှတ်ပြရင် ရပါတယ် (ဖုန်းနဲ့မရပါ၊ print ထုတ်ပြီး စာရွက်နဲ့မှ အဆင်ပြေပါတယ်)

Flight tickets ✈️
အဲတုန်းက Air Asia နဲ့ပဲ ရန်ကုန်ကနေ မလေး၊ မလေးကနေ စကာ်ပူကိုသွားခဲ့တာ သိပ်မကျပါဘူး။ ခု ချိန်ထိလဲ Yangon-KL-Singapore-Yangon $၂၇၀-$၃၀၀ ဝန်းကျင်ဆို ရပါပြီ။ မြန်မာငွေနဲ့တော့ ခုချိန်ဆို ၁၃ သိန်းခွဲ၊၁၅ သိန်းလောက်တော့ ရှိသွားမှာပေါ့၊ ကိုယ်တွေ သွားတုန်းကတော့ တဒေါ်လာကိူ ၁၃၀၀ ဝန်းကျင်ဆိုတော့ မြန်မာငွေနဲ့ ကြည့်ရင် အတော်သက်သာခဲ့တာပေါ့ 😁

Things to see
ကိုယ်တွေက ၅ ရက်ပဲရတော့ KL နဲ့ အနီးတဝိုကါပဲ လည်ဖို့ ဆုံးဖြတ်ထားပါတယ်။ KL မှာ အဓိကက ကြည့်စရာဖြစ်တဲ့ twin tower ကို မြင်ရတဲ့ sky pool မှာ ရေသွားကူးချင်တော့ Agoda နဲ့ Air B&b မှာ လိုကါရှာပြီး အဲဒီက condo မှာ သွားတည်းလိုက်တော့ sky pool access ရပါတယ်။ view က အပေါ်ကကြည့်တော့ amazing ပါ၊ ရေလဲဆော့ရ view လဲ ကြည့်ရတော့ အတော်မိုက်ပါတယ်။
တခြားရက်တွေကတော့ တခြား hotel အခန်းမှာပဲ နေခဲ့ပါတယ်။

Genting Highlands ကိုလဲ သွားလည်ကြည့်ပါ၊ တောင်ပေါ် resort လေးတွေရှိတဲ့ နေရာကို cable ကားလေးတွေနဲ့ ရင်တဖိုဖိုတက်ရတာ စိတ်အတော်လှုပ်ရှားဖို့ကောင်းပါတယ်

မလေးက အစားအသောက်က ကိုယ့်အနေနဲ့က စားလို့အဆင်ပြေတယ်ရယ်၊ သိပ်လဲ မချို သိပ်လဲ မစပ်၊ India ဆန်တဲ့ အစားအသောက်တွေတော့ များတာပေါ့
သွားရေးလာရေးက မြို့ထဲက train ရှိတော့ အတော်အဆင်ပြေပါတယ်။ Grab ကတော့ ကိုယ်တွေသွားတုန်းက သုံးရတာ သိပ်မလွယ်သလိုပါပဲ၊ ခုတော့ ပိုကောင်းလာပြီထင်ပါတယ်။

07/09/2024

Malaysia အကြောင်း နောက်ရက်တွေကျ တင်ပေးမယ်နော်၊ Stay tuned guys!

Photos from Mudon Sisters's post 04/09/2024

ဘယ်အကြောင်းကို အရင်ဆုံးရေးမလဲစဉ်းစားတော့ လောလောလတ်လတ် သွားထားတဲ့ UAE 🇦🇪 အကြောင်းပဲ ရေးပါ့မယ်။ ကိုယ်တွေ သွားလည်တာက Dubai နဲ့ Abudahi ဆိုတော့ အဲဒီနှမြို့အကြောင်းပဲ ရေးပါ့မယ်။
အရင်ဆုံး စျေးအကြီးဆုံးဖြစ်တဲ့ Visa နဲ့ ✈️ tickets ခပါ။ မြန်မာနိုင်ငံသားတွေအတွက် E visa ရပြီး $၁၅၀ ကုန်ပါတယ် (agents fees အပါ)၊ လျှောက်ပြီး ၁ ပတ်အတွင်းရပါတယ်။ ၂ လ နဲ့ ၆ လ visa ရှိပြီး အလည်သွားမဲ့သူတွေကတော့ ၂ လ visa single entry ပဲ လျှောက်ကြတာ များပါတယ်။
Flight က ကိုယ်က Bangkok ကနေ သွားတာမို့ Bkk to Dubai ( Mumbai transit) ကို round trip $475 ကျပါတယ်။ စောဝယ်နိုင်လေ သက်သာလေ ဖြစ်မှာပါ။

နေစရာ: Dubai မှာ နေစရာကတော့ ကိုယိ့အမြင်ပြောရရင် ရထားလိုင်းနဲ့ နီးလေ ကောင်းလေပါ။ bus ကားကလဲ တအားမကြပ်တော့ စီးချင်စီးလို့လွယ်ပါတယ်။ ကိုယ်တွေက NOL card ဆိုတဲ့ ရထားအတွကိရော ကားအတွက်ပါ သုံးလို့ရတဲ့ ကဒ် ဝယ်လိုက်ပါတယ်။

လည်ပတ်စရာ: Dubai ရဲ့ နာမည်ကြီး လည်ပတ်စရာတွေက ရထားလိုင်းနားမှာတင် အကုန်ရှိလို့ လည်ရပတ်ရတာ တအားလွယ်ပါတယ်။

၁/ Future Museum

ဘယ်လောက်သွားရလွယ်လဲဆို Dubai မှာ နေခဲ့တဲ့ ၅ ရက်အတွင်း ၂ ခါတောင်ရောက်ဖြစ်ပါတယ်။ ticket ဝယ်ရတဲ့အထဲထိ ဝင်မကြည့်ဖြစ်ဘဲ အပြင်မှာ ဓာတ်ပုံရိုက်တာရယ်၊ အထဲမှာ ခဏထိုင်ပြီး Robot coffee ဆိုင်ရယ်၊ ပူပေါင်းငါးလေးတွေ အထဲမှာ ပျံနေတာ လိုက်ကြည့်လို့ရပါတယိ။

၂/ Dubai mall & Kaliafia tower ( world tallest building)

Dubai mall ကတော့ တကယ့်နာမည်ကြီး brands တွေရယ်၊ တကယ့် Arab သူဌေးတွေ fashion အမျိုးမျိုးနဲ့ လမ်းသလားနေတာတွေ လိုက်ငေးနေလို့ရတယ်။ Aquarium ရယ်၊ fountain ရယ်လဲ ရှိပါတယ်။ ထုံးစံအတိုင်း ၂ ခါရောက်ခဲ့တယ် 🤭

ကမ္ဘာ့အမြင့်ဆုံး tower က Dubai mall ကနေ ပဲ ဝင်ရပါတယ်။ Online ကနေ ticket ဝယ်တာ 125 AED လားပေးရပါတယ်။ ရှုခင်းကတော့ တကယ့်ရင်သပ်ရှုမော ပါ၊ ပုံတွေသာ ကြည့်ပါ​ေတာ့ 😁

၃) Mall of Emariates

သူလဲ နာမည်ကြီး shopping mall ဖြစ်ပြီး modern ထက် နည်းနည်းရှေးပိုကျတဲ့ ပုံစံလေးမြင်ရပါတယ်။ ဓာတ်ပုံရိုက်လို့လဲ ပိုလှပါတယ်။

၄) Gold Souq

Dubai ရဲ့ ရွှေဆိုင်တန်းလို့ ပြောရမလား၊ တတန်းလုံး ရွေဆိုင်တွေချည်းပဲ။ တခြားလက်ဆောင်ပစ္စည်းတွေနဲ့ ပြည့်နေတာပါ

၅) Old Dubai

ကိုယ်အတော်ကြိုက်တဲ့နေရာပါ၊အရင်ခေတ်ကက Arab တွေ ဘယ်လိုနေထိုင်ကြမလဲ ကိုယ့်ဘာသာပုံဖော်ရင်းမ်လမ်းလျှောက်ရတာ ပျော်ဖို့ကောင်းပါတယ်

Abudahi သွားခဲ့တဲ့အကြောင်းနောက်မှpost သက်သက် တင်ပါ့မယ်🙂

Photos from Mudon Sisters's post 31/08/2024

ဒီ page က ကိုယ်သွားလည်ဖူးတဲ့နေရာတွေအကြောင်း မျှဝေပေးဖို့ လုပ်ထားတဲ့ page လေးပါ။ နောက်ရက်တွေ နိုင်ငံတခုချင်းစီအကြောင်း တင်ပေးပါ့မယ်။ Stay tuned guys! 🇬🇧 🇰🇭 🇦🇪 🇱🇦 🇸🇬 🇲🇾 🇹🇭 🇮🇩

🇦🇪 UAE 17/08/2024

🇦🇪 UAE

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon