Ladies Diary
This page keeps our readers engaged and active on social media and in their environment on a daily ba
03/07/2025
မျက်နှာသစ်တစ်မျိုးထဲနဲ့ဝက်ခြံတွေကိုသက်သာစေတဲ့ The Ordinary ရဲ့Glucoside Foaming Cleanser ————————————————————————————————
Skincareလောကထဲကို The ordinary နဲ့ပဲစတင်သုံးလာခဲ့သူမို့အချစ်ဦးဆိုလဲမမှားဘူး။မျက်နှာသစ်Cleanser တစ်ခုထဲကဝက်ခြံတွေကိုမြန်မြန်ဆန်ဆန်ချပ်ရပ်သွားတယ်ဆိုတာဟုတ်ရောဟုတ်နိင်ပါ့မလားဆိုပီးရွှေစင်ကိုယ်တိုင် သူ့ကိုမသုံးခင်ကတွေးခဲ့ဘူးတယ်။
The Ordinary ရဲ့နောက်ဆုံးထွက်ထားတဲ့Glucoside FoamingကSkin barrierကိုအဓိကကောင်းစေတယ်။Textureအနေနဲ့ Gentle Foaming ဖြစ်ပြီးမျက်နှာသစ်ပြီးတောင်မျက်နှာကိုခြောက်သွေ့ယားယံမသွားစေပဲအစိုဓါတ်ကိုKeepလုပ်ပေးထားတယ်။
မျက်နှာသစ်တမျိုးထဲကဘာကြောင့်ဝက်ခြံတွေကိုသက်သာစေနိင်လဲဆိုတော့သူ့ထဲမှာပါတဲ့ Anti Inflammatory Properties ကဝက်ခြံဖစ်တာကိုအဓီကသက်သာစေပြီးဝက်ခြံကြောင့်ယောင်ယမ်းနေတာတွေပါသက်သာစေတယ်။Key Ingredients တွေအနေနဲ့ကတော့ Decyl Glucoside ရယ် Coco -Glucoside တွေပါဝင်ပါတယ်။
စမ်းသုံးကြည့်ချင်သူတွေအတွက် 50Ml ကို 3သောင်းနဲ့ 4သောင်းပတ်ချာလည်ဆိုတော့Product ကောင်းကောင်းနဲ့ဘက်ဂျက်လဲအဆင်ပြေတယ်။Oily skin လို့ပြောထားပေမယ့်dry to sensitive အထိသုံးလို့ရတယ်။Ph level အနေနဲ့ 5.0-6.0ဖြစ်ပြီး
📌Alcho Free
📌Oil Free
📌Silicone Free
📌Gluten Free
📌Cruetly Free
ဝက်ခြံ၊Breakoutတွေအရမ်းထွက်လာပီဆိုရွှေစင်ရဲ့Night Routine Stepsအနေနဲ့The ordinaryရဲ့Glucoside Foaming နဲ့မျက်နာသစ်ပီးရင် Toner ရယ်The ordinaryရဲ့ Salicylic Acid 2%ရယ် moisture ရယ် လိမ်းပီးအိပ်ရာဝင်ပါတယ်။
ချစ်ခြင်းများဖြင့် ❤️
01/02/2023
မျက်အိတ်ဖောင်းခြင်း မျက်ကွင်းညိုခြင်းသိကောင်းစရာ
————————————————————————————————
မျက်အိတ်ဖောင်းရခြင်း အကြောင်းအရာအများစုထဲကမှအိပ်ရာဝင်နောက်ကျခြင်း ၊ ဖုန်း /Computer စသည့် screen time အချိန်ကြာအသုံးပြုခြင်း ၊အလင်းတန်းများကိုအာရုံစူးစိုက်ခြင်း၊အသက်အရွယ် Aging လက္ခဏာ ဖြစ်ပေါ်ခြင်းအပြင် မျက်လုံးအိမ်အောက်ရှိအဆီများစုဝေးရာမှ မျက်အိတ်ဖောင်းခြင်းကိုဖြစ်ပေါ်စေတတ်ပါတယ်။
မျက်လုံးအိမ်အောက်ရှိထောက်ပံံ့ပေးသည့် Tissue structure and muscles တွေကအားနည်းလာသည့်အခါ အရေပြားလျော့သွားတတ်ပြီးအများအားဖြင့်မျက်လုံးတဝိုက်အဆီများစုဝေးလာပြီး မျက်လုံးအိမ်ဧရိယာကိုဖောင်းလာစေတတ်ပါတယ်။
အောက်မှာ မျက်အိတ်ဖောင်းခြင်းမျက်ကွင်းညိုခြင်းကုသမှုဆိုင်ရာနည်းလမ်းTips တွေကိုရွှေစင်နဲ့အတူတူလေ့လာကြည့်ရအောင်
ချစ်ခြင်းများဖြင့် ❤️
20/01/2023
အနမ်းမိုးရွာရင်တောင်kissproof ဖြစ်တဲ့ Bella ရဲ့ Let's kiss lipstick collection
===============================
Bella ရဲ့lipstick Collection ထဲက let's kiss collection က Kissproof ဆိုတာလေးကရင်ခုန်စိတ်လှူပ်ရှားစရာလေးနော် ။ သူက အရောင်အားဖြင့်ရွေးချယ်စရာ (၅) ရောင်ပါဝင်ပြီး တစ်ရောင်ချင်းစီကskin color tones မရွေးတဲ့ကာလာ(၅)မျိူးဖြစ်တာကြောင့်အသားအရောင်မရွေးလိုက်ဖက်တယ် ။
Texture အနေနဲ့ Velvety Matte type ဆိုတော့ ကတ္တီပါသားလေးလိုအိအိလေးနဲ့နှုတ်ခမ်းသားအပေါ် တင်းကပ်မနေပဲနူးညံပေါ့ပါးစေတယ်။
Vitamin E ပါဝင်ပြီးရေဓါတ်ဖြည့်ပေးတဲ့အတွက်နှုတ်ခမ်းအက်ကွဲခြင်းအဖတ်လန်ခြင်းမှလဲကင်းဝေးစေတယ်။Bella lipstick collection ထဲမှာ Let's kiss collection က အရောင်ထွက်အလှဆုံးနဲ့ နှုတ်ခမ်းသားပေါ်ပေါ့ပါးနူးညံမှုအပေးနိင်ဆုံးမို့အတော်လေးကြိုက်တယ်။
Long lastingကတော့(၆-၇)နာရီထိနှုတ်ခမ်းသားပေါ်ရှိနေပြီး Kiss-proof ဆိုတဲ့အတိုင်းအနမ်းမိုးရွာချတာတောင်နှုတ်ခမ်းနီပျက်သွားမှာစိတိပူစရာမလိုတော့ဘူးလေနော် 🌚
Packaging အမိုက်စားဖြစ်တဲ့အပြင်Valentine လဲနီးနေပီဆိုတော့ကိုယ့်ချစ်သူကောင်မလေး ဒါမှမဟုတ် Crush လေးတွေကို ကိုယ့်ရဲ့အချစ်သင်္ကေတလေးတွေကိုဖွင့်ဟပြောပြလက်ဆောင်ပေးလို့အကောင်းဆုံးအချိန်ပဲလေနော် ❤️
ရွှေစင်တစ်ရောင်ချင်းစီဆိုးပြထားလို့တစ်ပုံခြင်းစီမှာအကြိုက်တူတာလေးတွေရှိရင်comment လေးချန်ခဲ့ပေးပါနော်
ချစ်ခြင်းများဖြင့်❤️
18/01/2023
Thanks Bella
Let's kissproof collection အရမ်းမိုက်တယ်
ကာလာတွေတအားလှပြီးSkin color tones မရွေးလိုက်တယ်။
Products စထွက်ပြီးနောက်ရက်အစောဆုံးသတိတရပို့ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်။အလုပ်လေးများလို့အခုမှတင်လိုက်ရတယ်။ရွှေစင်ကာလာလေးတွေစမ်းပြပေးမယ်နော်။
💋
Hello Hello ❤️
————————————————————————————————
Beauty tips လေးတွေShareမလုပ်ဖြစ်တာကြာပီဆိုတော့ဒီနေ့မှာခေါင်းအစခြေအဆုံးအသုံးဝင်မယ့်အကြောင်းအရာလေးကို Short video လေးတင်ပေးလိုက်တယ်။
ရှားစောင်းလက်ပတ်ကတော့အားလုံးသိထားပြီးတဲ့အတိုင်းအသားအရည်ကိုအစိုဓါတ်သေချာlockedလုပ်ပေးနိင်တဲ့သဘာဝအဖိုးတန်လေးဖြစ်ပါတယ်။သူထဲမှာအသားအရည်ကိုစိုပြေစေတဲ့ Vitamin E အပြင်
📌နေလောင်ခြင်းကိုသက်သာစေခြင်း
📌Antioxidant နဲ့ antibacterial ပါဝင်ခြင်း
📌Cooling ပါဝင်လိုရောင်ရမ်းမှုလျော့ချပေးခြင်း
📌ဝက်ခြံနဲ့ပိုးဝင်ခြင်းကိုလျော့ချပေးခြင်း
📌ခြေဖနောင့်အက်ကွဲခြင်းမှသက်သာစေခြင်း
📌အသားအရည်အရေးအကြောင်းကာကွယ်ခြင်း
📌juiceသောက်ခြင်းဖြင့်သွေးတွင်းသကြားဓါတ်လျော့ချပေးခြင်း
စတဲ့အကျိူးကျေးဇူးများစွာပါရှိပါတယ်
ဒီVideoထဲမှာခန္ဓာကိုယ်အတွက်အသုံးဝင်တဲ့နည်းလမ်းလေးတွေကိုရွှေစင်သုံးနေကျအတိုင်းပြန်ပြီးမျှဝေပေးလိုက်တယ်။
Very sensitive သမားကလွဲပြီးတော်တော်များများနဲ့အသုံးတည့်ကြပါတယ်။Alove vera (ရှားစောင်းလက်ပပ်)ဝယ်ပြီးမှမတည့်သူကတော့မျက်နှာကိုတော့အသုံးမပြုပဲbodyအတွက်သုံးကြည့်အသားလေးကစိုစိုဝင်းဝင်းလေးဖြစ်လာစေတယ်။
နောက်ပို့စ်တွေမှာပြန်တွေ့ကြမယ် 🙆♀️
ချစ်ခြင်းများဖြင့်❤️
11/01/2023
နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲအဖတ်လန်သူတို့အတွက် Burmese Dream ရဲ့ Lip Rehab Oil
————————————————————————————————
နှုတ်ခမ်းနီဆိုးရင် နှုတ်ခမ်းသားအစိုဓါတ်မပြည့်ဝလို့ခြောက်သွေ့ပြီးအက်ကွဲသူ နှုတ်ခမ်းအဖတ်လန်သူတွေရှိလား။ ရွှေစင်အခုတလော အကြိုက်တွေ့နေတဲ့ Lip gloss အနေနဲ့ရော နှုတ်ခမ်းသားကိုပေါင်းတင်ပေးတဲ့ Lip oilတစ်ခုကိုပြောပြပေးမယ်နော်
ရွှေစင်ကLipstickဆို Matte Type ခနခနဆိုးဖြစ်တဲ့အထဲပါတယ်။Matte lipstick တွေကနဂိုနှုတ်ခမ်းအရေပြားအောက်ခံအလွှာ Moisture အစိုဓါတ်များသူတွေတောင်Matte ဆိုးတာများလာရင် နှုတ်ခမ်းအဖတ်လန်တာခြောက်သွေ့တာဖစ်တတ်တယ်။
ရွှေစင်နှုတ်ခမ်းShapeက ထူတဲ့အထဲပါတယ်။ဒါ့ကြောင့်Lip glossတွေအဆီတရွဲရွဲတွေဆိုမလိုက်လို့lip gloss တွေဆိုသိပ်မသုံးဖြစ်ဘူး။ဒါပေမယ့်အခုတလောနှုတ်ခမ်းသားအဖတ်လန်နေလို့ dre Dream ရဲ့Lip Rehab oilကိုသုံးတာတအားသဘောကြနေတယ်။
သူ့ထဲမှာ ဗံဒါစေ့ကရတဲ့အဆီအနှစ်ရယ်Vitamin E ရယ်ပါဝင်လို့နှုတ်ခမ်းအရေပြားခြောက်သွေ့ပျက်စီးတာပြုပြင်ပေးတယ်။Nourishing oilပါလို့နှုတ်ခမ်းအဖတ်လန်နေတာကိုဆွဲခွာပစ်တတ်တဲ့ရွှေစင်တို့လိုသူမျိူးတွေအတွက်လိုအပ်တဲ့အစိုဓါတ်ကိုသေချာထိန်းပေးတယ်။Exfoliant ပါဝင်လို့နှုတ်ခမ်းမှာရှိတဲ့Dead cellတွေကိုလဲဖယ်ရှားပေးတယ်။
သူ့ကိုဆိုးထားရင် အဆီတဝင်းဝင်းနှုတ်ခမ်းပေါ်တင်နေတာမျိူးမဟုတ်ပဲ healthy glow look လေးရတယ်။
✔️Non-sticky
✔️Lip shine
✔️Nourishes
✔️Feel confident
ရွှေစင်Lips rehab အသုံးပြုပုံကတော့
📌AM
————————————————————————
မနက်ရုံးသွားရင် အောက်ခံLips oil လေးသုံးတယ်ပြီးရင် lipstick တင်တယ်။နောက်တခေါက်Lip gloss အနေနဲ့ခပ်ပါးပါးလေးအသုံးပြုတယ်။Healthy glow glass look ရလို့ Sunkiss တဖြတ်တကပ်ရိုက်လို့ရတယ်🌚
📌PM
————————————————————————
ညဘက်Double cleansing လုပ်ပြီးရင် Burmese Dream ကပဲထွက်တဲ့ sugar lips scrub လေးသုံးတယ်။သကြားအပွင့်ကတော်တော်နူးညံသလို Deadcellတွေကို exfoliate လုပ်ပေးတာတွေ့ရတယ်။ပြီးရင်တော့ညဘက်အိပ်ရာဝင်ခါနီးပေါင်းတင်Lip oilအနေနဲ့သူ့ချည်းပဲ ၂ထပ်လောက်ဆိုးပြီးအိပ်ရာဝင်ချတယ်။မနက်နိးရင် နှုတ်ခမ်းသားနူးနူးအိအိလေးဖြစ်ပြီးအဖတ်လန်တာမရှိတော့ဘူး။
Lip gloss မကြိုက်သူတောင်သုံးတာကုန်ခါနီးနေပြီမို့ရွှေစင်လို နှုတ်ခမ်းတအားခြောက်ပြီးအက်ကွဲနေရင်သုံးကြည့်နော်။
နောက်ပို့စ်တွေမှာထပ်တွေ့ကြမယ်🥰
ချစ်ခြင်းများဖြင့် ❤️
09/01/2023
ချစ်ရတဲ့လေဒီလေးအပါအဝင်အမျိူးသားလေးတို့ရေ
အခုတလောအလုပ်များနေတာနဲ့ အသုံးဝင်မယ့်Beauty Tips တွေ Life stlye လေးတွေကိုရွှေစင်ရဲ့Page မှာ Sharing မလုပ်ဖစ်တာအချိန်ပိစိလေးကြာသွားတယ်နော် 🤓
ဒါပေမယ့်လဲ KBZ pay ရဲ့ Offical Account Life style မှာတော့ အသုံးဝင်မယ့် Beauty Tips လေးတွေ အချိန် အလျဉ်းသင့်သလို Tips တွေSharing လုပ်ပေးဖြစ်တယ် ။
page မှာမရေးပေးဖြစ်တဲ့အကြောင်းအရာအချို့ကို KBZ pay မှာcontent လေးတွေတင်ပေးဖြစ်နေလို့ချစ်ရသူတို့ကLadies Diary ကိုFollow လုပ်ပြီး လိုအပ်ချက်လေးတွေကိုအကြုံပြုပေးဖို့လဲထပ်မံဖိတ်ခေါ်ပါတယ်။
နောက်ပို့စ်တွေမှာအမိုက်စားlifestyle တွေ Beauty tips တွေနဲ့ထပ်တွေ့ကြမယ်
ချစ်ခြင်းများဖြင့် ❤️
06/01/2023
အမာရွတ်သိသိသာသာသက်သာစေတဲ့ Pixi Glow Tonic +The ordinary Alpha Arbutin2%+HA
————————————————————————————————
၂၀၂၃ရဲ့ပထမဆုံးလမှာတော့ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမဲစက် အမာရွတ်တွေကိုသိသိသာသာပါးစေတဲ့ Toner နဲ့SerumအတွဲလေးကိုUser post အဖြစ်sharing လုပ်ပေးလိုက်ပါတယ်။
ရွှေစင်မျက်နှာက oily and Acne prone skin ဖြစ်လို့ ဝက်ခြံကပေါ်လ်ုက်ပျောက်လိုက်ဖြစ်တဲ့အထဲပါတယ်။ဝက်ခြံကပေါက်ပြီးပျောက်သွားပေမယ့်လို့အမာရွတ်အသေးလေးကတော့ကျန်ကျန်ခဲ့တယ်။
Oily and Acne prone type မလို့Toner အနေနဲ့ Pixi Glow tonic ကိုသုံးတယ်။ Pixiကတော့ရွှေစင်ရဲ့၄ဗူးမြောက်Tonerထဲပါတယ်။
📌Pixi glow tonic
———————————————————————
ဒီ Pixi glow tonic မှာ Dead cellတွေကိုသေချာဖယ်ရှားပေးတယ်။Glycolic 5%ပါလို့ဝက်ခြံနဲ့အဆီဖုကိုကောင်းကောင်းcontrolလုပ်နိင်တယ်။Alcohol free Toner ဖြစ်လို့ sensitive သမားသုံးလို့ရတယ်။
📌The ordinary alpha arbutin 2%+Hyaluronic
———————————————————————
The ordinary ရဲ့ Alpha arbutin ကတော့အများကြီးပြောပြစရာတောင်မလိုလောက်တော့ဘူး။ရွှေစင်သုံးနေတာ၃ဗူးမြောက်ရှိပြီ။အမဲစက်တွေဖြစ်ပေါ်စေတဲ့Melainဓါတ်ထုတ်လွှတ်မှုကိုလျော့ချပေးပြီး Hyperpigmentation အတွက်တကယ့်ကိုသိသိသာသာပါးစေတဲ့နေရာမှာအမှတ်အပြည့်ပဲလေနော်။
အသားအရည်ကိုသိသိသာသာကြည်တတ်လာစေတဲ့အပြင်သူ့ထဲမှာHyaluronic ထည့်ထားလို့မျက်နှာကိုbrighteningဖြစ်ပြီးစိုစိုကြည်ကြည်လေးဖြစ်စေတယ်။
အမာရွတ်တွေကိုအချိန်တိုအတွင်းသက်သာချင်ရင်pixi နဲ့The ordinary alphaလေးသုံးကြည့်။လုံးဝကိုresultသိသာစေတယ်။အခုတော့နှုတ်ဆက်ရင်းနဲ့နောက်ပို့စ်တွေမှာတွေ့ကြမယ်။
ချစ်ခြင်းများဖြင့်❤️
31/12/2022
2022 တစ်နှစ်တာအတွင်းသိသာဆုံး skincare Productsများ
————————————————————————————————
မကြာခင်နှစ်တစ်နှစ်ကိုကူးပြောင်းတော့မှာဖြစ်တဲ့အတွက် ၂၀၂၂အတွင်းမှာ ရွှေစင်အတွက်skincare အမျိူးအစားများစွာရှိတဲ့အထဲက သိသာပြီးResult အမှန်တကယ်ကောင်းတဲ့ Products တစ်ချိူ့ကိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ပါတယ်။
တစ်နှစ်တာအတွင်းသုံးဖူးသမျှထဲမှာသိသာခဲ့တဲ့Face and body care တွေကိုပြောပြထားလို့ရွှေစင်နဲ့အကြိုက်ချင်းထပ်တူကျမကျ အတူတူဆက်ကြည့်ကြမယ်နော်။
ဖော်ပြထားတဲ့skincare တိုင်းက ဝက်ခြံသမားကစလို့ sensitive သမားတွေအထိ အသုံးပြုနိုင်ပြီးအရေပြားဆရာဝန်approve ရထားပြီးသား skincare တွေဖြစ်ပါတယ်။တစ်ခုချင်းစီရဲ့ Product review တွေကရေးပေးထားခဲ့ဖူးလို့ဒီနေ့မှာတော့ အကျဉ်းချူပ်အဖြစ်ဖော်ပြလ်ုက်ပါတယ်။
ချစ်ခြင်းများဖြင့် ❤️
31/12/2022
It is just 1day to new year
————————————————————————————————
ချစ်ရသူတို့ရေ မကြာခင်မှာ ၂၀၂၂ကုန်ပြီး ၂၀၂၃နှစ်သစ်လဲရောက်တော့မယ်နော်။
ပထမဆုံးအနေနဲ့၂၀၂၂ရဲ့တစ်နှစ်တာအတွင်းမှာ ရွှေစင်တို့ကြုံရ ဆုံရ ကြိုးစားခဲ့ခက်ခဲခဲ့ရတဲ့အချိန်တွေရှိခဲ့သလို အောင်မြင်ခြင်းကျရှုံးခြင်းတွေရင်ဆိုင်ခဲ့ရပေမယ့် ဒီတစ်နှစ်တာထိအကောင်းဆုံးဖြတ်ကျော်ခဲ့ကြတဲ့အတွက် Self-appreciation အဖြစ်မိမိကိုယ်မိမိဂုဏ်ယူချစ်ခင်ကြရအောင်။
ဒုတိယအနေနဲ့ Ladies diary ရယ်လို့ဖြစ်လာအောင် page boost လုံးဝမပါပဲ ရွှေစင်ရဲ့ Beauty tips တွေရဲ့အကြောင်းအရာကိုအားပေးနှစိသက်သဘောကျကြတဲ့ Ladiesလေးတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်။
တတိယအနေနဲ့ကတော့ နှစ်သစ်ရောက်တော့မယ်ဆိုတော့ Achievements တွေ Goals တွေကိုသေချာလေးစဉ်းစားဆုံးဖြတ်ထားပါတယ်။တစ်နှစ်ပတ်လုံး ရွှေစင်တို့ပြင်ဆင်သင့်တဲ့အကျင့်လေးတွေ၊ လိုအပ်ချက်တွေနောင်တတွေကို ပြန်လည်သုံးသပ်ပြီး ပြင်စရာရှိတာတွေ ပြင်ဆင်ရင်း ၂၀၂၃ ရဲ့ မမြင်ရသေးတဲ့Challance တွေကိုအကောင်းဆုံးအဖြစ်စိတ်ဓါတ်ပြင်းပြင်းနဲ့အောင်မြင်မှုတွေကိုရယူကြမယ်နော်။
၂၀၂၃မှာပိုမိုကောင်းမွန်တဲ့ဖန်တီးမှုအသစ်တွေ အမှန်တကယ်အသုံးဝင်မယ့် Beauty Tips တွေကိုထပ်မံပြောပြချင်သေးလို့ဆက်ပြီးချစ်ခင်အားပေးဖို့ရယ်၊နှစ်သစ်မှာ အိမ်မက်တွေကိုယ်စီအောင်မြင်ခြင်းစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ပြည့်စုံစေဖို့ မကြာခင်ကျရောက်မယ့်New Year Wish အဖြစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ချစ်ခြင်းများဖြင့်❤️
29/12/2022
နှုတ်ခမ်းအဖတ်လန်သူခြောက်သွေ့အက်ကွဲသူတို့ဆောင်ထားသင့်တဲ့ Vaseline Lip Therapy
————————————————————————————————
ဆောင်းတွင်းမှာနှုတ်ခမ်းသားdehydrateဖြစ်ပြီးခြောက်သွေ့အက်ကွဲတာ Matte lipsticksတွေအသုံးများလို့ အက်ရာတွေအဖတ်လန်သူတွေရှိနေရင် Vasine lip therapy လေးကိုသုံးကြည့်စေချင်တယ်။
ရွှေစင်အရင်ကနှုတ်ခမ်းနီMatte type သုံးတာများလို့ အဖတ်လန်တာခနခနကြုံရတယ်။အာ့တုန်းကဆို Vaseline ရဲ့ ရိုးရိုးဗူးအပြာကိုသုံးတယ်။နောက်ပိုင်းအရောင်ပါးပါးလေးပါတာလိုချင်တာရယ်ကြောင့် ဗူးအဝိုင်းလေးကိုသုံးတာ ၂ဗူးမြောက်ရှိပြီ။
ဒီ Lip therapy rosy lips ထဲမှာနှုတ်ခမ်းသားကို အစိုဓါတ်ပြန်ဖြည့်ပေးပြီး ရေဓါတ်ဆုံးရှုံးမှုလျော့ချပေးတဲ့ Petrolatum ပါဝင်တယ်။နောက်ပြီး Almond oil လဲပါလို့အစိုဓါတ်သေချာလေးဖြည့်ပေးတယ်။ Almond oilပါလို ဆီရွဲနေသလိုကြီး greasyမဖြစ်ပဲ Glossy lock ဘက်သွားတယ်
Lips mask အနေနဲ့ရောmatte lipstick အောက်ခံအနေနဲ့ရောအတော်လေးသုံးလို့ကောင်းပြီးဆေးလိပ်အသောက်များတဲ့သူတွေ နှုတ်ခမ်းသားမဲခြင်းမဖြစ်အောင်ကြိုတင်ကာကွယ်ထားလို့လဲရတယ်။ဈေးနှုန်းလေးလဲအဆင်ပြေလို့ နှုတ်ခမ်းအတော်လေးခြောက်သွေ့အက်ကွဲသူတွေRepairပြန်ဂရုစိုက်သူတွေသုံးကြည့်နော်
ချစ်ခြင်းများဖြင့်❤️
Click here to claim your Sponsored Listing.