Shwe Htike

Shwe Htike

Share

Shwe Htike

02/12/2022

သိထားသင့်တဲ့ အပေါ်သွေး အောက်သွေးအကြောင်း👈
---------------
သွေးကျဆေးမှန်မှန်မသောက်ရင်ဘာဖြစ်မလဲ၊ သွေးကျဆေးစွဲသောက်ရင်ကျောက်ကပ်ပျက်လားဆိုတဲ့ အမေးများနေလို့ ဖတ်ကြည့်စေချင်လို့ပါ

အယူမှန်ကန်..
ရောဂါဒဏ်..
အမြန်ကင်းဝေး..
ကျန်းမာရေး..

"သွေးတိုးရောဂါကို သဘောပေါက်စေချင်တယ်"
"သွေးကျဆေးမှန်မှန်သောက်သင့်တယ်ဆိုတာကိုလည်းအမြင်မှန်ရစေချင်တယ်"
************************

အမည်.........
အသက်..၆၈..နှစ်..

ခေါင်းတအားမူး..
တအားမောနေတဲ့အပြင်..
ရင်ဘတ်ထဲဆို့ကြပ်နေလို့..

ဆေးခန်းရောက်လာပါတယ်..

သွေးအချိုဓာတ်..
သွေးတွင်းအောက်စီဂျင်ရာခိုင်နှုန်း..
သွေးခုန်နှုန်းတွေ..ပုံမှန်ပါပဲ..

သွေးပေါင်ချိန်ကတော့..
190/110 mmHg..
ရှိသင့်ရှိထိုက်တာထက်..
အလွန်မြင့်တက်နေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ယခုနောက်ဆုံး..
WHO..World Health Organization..
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့..
သတ်မှတ်ချက်အရ..
Blood Pressure..သွေးပေါင်ချိန်သည်..
120/80mmHg..ကိုသာအမှန်လို့..
သတ်မှတ်ထားပါတယ်..
140/90mmHg..ဆိုရင်တောင်..
သွေးတက်နေပြီလို့သတ်မှတ်နေရပါပြီ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ECG..ဆွဲကြည့်တော့..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးကြီးနေတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သွေးတက်နေတာမသိဘူးလား..
သွေးပေါင်မချိန်ကြည့်ဘူးလား မေးတော့..

သိတယ်တဲ့..
မကြာခဏလည်းချိန်ကြည့်တယ်တဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဒါဖြင့်..
သွေးကျဆေးမှန်မှန်မသောက်ဘူးလား..မေးတော့..

©သွေးတက်မှသောက်တာတဲ့..

ဘာလို့..
သွေးတက်မှသောက်တာတုန်းဆိုတော့..

©သွေးနည်းသွားမှာစိုးလို့တဲ့..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ပြောကြလို့..
ကြာကြာစွဲမသောက်ရဲလို့..
မသောက်ဘူးတဲ့..

©သွေးတက်မှာစိုးလို့..
အားဆေးလည်း..
မသောက်ရဲဘူးတဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အယူအဆမှားတွေ..
အယူအဆမှားတွေ..
......... လို အယူအဆမှားတွေကို..
အမှန်ယူပြီး..
သွေးတိုးရောဂါရှိနေပါလျက်..
ဆေးမှန်မှန်မသောက်ပဲ..
ရောဂါဆိုးရွားနေတဲ့လူတွေ..
ဘယ်လောက်များနေပြီလဲ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးပေါင်တက်..
သွေးဖိအားတက်..
သွေးတိုးနေရင်..

သွေးကျဆေးကို..
အမြဲစွဲစွဲမြဲမြဲသောက်ရပါမယ်..

သွေးတက်နေမှ..
တက်နေတုန်း..
သောက်ရမှာမဟုတ်ပါ..

©သွေးကျဆေးသောက်ရင်..
ရှိနေတဲ့သွေးတွေနည်းမသွားပါ..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတာ..
လုံဝမှားယွင်းနေပါတယ်..

©အားဆေးသောက်ရင်..
အားဆေးထိုးရင်..
သွေးမတက်ပါ..
ဘာမှမဆိုင်ပါ..
****************************

​Blood Pressure..
သွေးပေါင်ချိန်သွေးဖိအားအကြောင်းကို..
နားလည်အောင်ပြောပြပါမယ်..
သွေးပေါင်ချိန်အကြောင်းသိရှိသဘောပေါက်ပါမှ..
အမှန်မြင်နိုင်ကြမှာပါ..
**************************
အဆုပ်များမှသန့်စင်ပေးလိုက်သော..
အောက်စီဂျင်ဓာတ်ပြည့်ဝတဲ့..
သွေးအသစ်တွေကို..
နှလုံးရဲ့ဘယ်ဘက်သွေးဝင်ခန်းက..
လက်ခံရယူပြီး..

နှလုံးရဲ့ဘယ်ဘက်သွေးလွှတ်ခန်းကနေ..
သွေးလွှတ်ကြောမကြီးမှတဆင့်..

ခန္ဓာကိုယ်အနှံ့သွေးအသစ်များ..
ရောက်ရှိအောင်..
ညှစ်ထုတ်ပေးလိုက်ပါတယ်..

©နှလုံးညှစ်လိုက်တဲ့အချိန်..
ခန္ဓာကိုယ်တကိုယ်လုံးမှာရှိတဲ့..
သွေးကြောနံရံမှာ..
ဖြစ်ပေါ်လာတဲ့..
တင်းအားတွန်းအားကို..

Systolic Blood Pressure..
နှလုံးညှစ်ချိန်ဖြစ်လာတဲ့တွန်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အပေါ်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..

အပေါ်သွေးလို့..လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံး..တချက်ညှစ်ပြီးရင်..
နှလုံးနားနေပါတယ်..
Diastolic phase..လို့ခေါ်ပါတယ်..

နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်တကိုယ်လုံးမှ..
အသုံးပြုပြီးသားသွေးအဟောင်း..
ကာဗွန်ဒိုင်အောက်ဆိုဒ်များစွာပါဝင်တဲ့..
သွေးအဟောင်းများသည်..

သွေးပြန်ကြော..သေး..လတ်..ကြီး..များမှတဆင့်..
နှလုံးရဲ့..ညာဘက်သွေးဝင်ခန်းသို့..
ပြန်လည်ဝင်ရောက်လာကြပါတယ်..

တနည်းအားဖြင့်..
နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်အနှံ့က..
ပြန်ရောက်လာတဲ့..
သွေးအဟောင်းတွေကို..
နှလုံးမှ..ပြန်လည်လက်ခံနေပါတယ်..

အဲဒီအခိုက်အတန့်မှာ..

©သွေးကြောများအတွင်း..
ဖြစ်ပေါ်နေတဲ့..
တင်းအား..တွန်းအားကိုတော့..

Diastolic Blood Pressure..
နှလုံးနားနေချိန်ဖြစ်လာတဲ့တင်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အောက်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..
အောက်သွေးလို့..
လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အသက်အရွယ်ကြီးလာလေလေ..
သွေးကြောတွေ..မာကြောလာကြတယ်..

သွေးကြောနံရံများရဲ့..
Elasticity..ဆန့်ထွက်အား..
လျော့ကျသွားကြတယ်..
ထို့မှတဆင့်ကျဉ်းကျုံ့သွားကြတယ်..

ဒီအခါ..
နှလုံးညှစ်လိုက်တဲ့အခါတိုင်း..
သွေးကြောများအလိုက်အထိုက်..
ပျော့ပြောင်းကျယ်ပြန့်မလာနိုင်တဲ့အတွက်..
သွေးကြောနံရံရဲ့တင်းအား..
မြင့်တက်သွားပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာလိုက်တဲ့အခါ..
Systolic Blood Pressure..
နှလုံးညှစ်ချိန်..သွေးဖိအားတွန်းအား..
မြင့်တက်နေပါတယ်..

အပေါ်သွေးတက်နေတယ်လို့..
လွယ်လွယ်ခေါ်ကြပါတယ်..

******ခန္ဓာကိုယ်အပေါ်ပိုင်း..
သွေးတွေများနေတာမဟုတ်ပါ..
******သွေးကြောဖိအားတွန်းအား..
များနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံးတချက်ညှစ်ပြီးချိန်..
အလိုက်သင့်လေး..
သွေးဟောင်းများကိုပြန်လက်ခံချိန်မှာ..

ခန္ဓာကိုယ်အနှံ့က..
သွေးကြောတွေမှာလည်း..
နှလုံးဆီကိုသွေးပြန်ပို့ပေးနိုင်ဖို့..
တွန်းအားတင်းအားရှိရပါတယ်..

အသက်အရွယ်ကြီးလာတာနဲ့အမျှ..
သွေးကြောနံရံတွေ..
ဆန့်ထွက်အားလျော့..
မာကြော..ကျဉ်းကျုံ့လာကြတဲ့အတွက်..
နှလုံးဆီကိုပြန်တွန်းပို့တဲ့အားလည်း..
လိုအပ်သည်ထက်..
မြင့်တက်နေပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာတဲ့အခါမှာ..
သွေးပေါင်သွေးဖိအားတက်နေပါတယ်..

ဒီသွေးပေါင်ချိန်ကတော့..
နှလုံးနားချိန်..တနည်းအားဖြင့်..
နှလုံးကသွေးဟောင်းလက်ခံချိန်..
သွေးကြောတွေမှာ..
ဖြစ်နေရှိနေတဲ့သွေးပေါင်ချိန်မို့လို့..
Diastolic Blood Pressure..
လို့ခေါ်ပါတယ်..

အောက်သွေးတက်နေတယ်..လို့လွယ်လွယ်ခေါ်ပါတယ်..

*****ခန္ဓာကိုယ်အောက်ပိုင်းကသွေးတွေများနေတယ်လို့အယူအဆမမှားလိုက်ပါနဲ့..
******သွေးများနေတာမဟုတ်..
သွေးဖိအားတင်းအားများနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးကြောများအတွင်း..
သွေးအချိုဓာတ်များ..
လွန်ကဲများပြားလာရင်..
သွေးကြောနံရံများ..
တတိတိနဲ့ပျက်စီးတတ်ပါတယ်..
ထိုမှတဆင့်..
သွေးကြောများ..
ကျဉ်းကျုံ့ကုန်တဲ့အတွက်..

သွေးချိုဆီးချို ရောဂါကိုစံနစ်တကျ..
ကုသမှုမပြုရင်..
သွေးပေါင်သွေးဖိအားတက်နေတတ်ပါတယ်..

©သွေးအချိုဓါတ်..
လွန်ကဲများပြားနေတဲ့အခါ..
သွေးစီးလမ်းကြောင်းကို..
ပိတ်ဆို့ထားတဲ့အတွက်..
နှလုံးညှစ်လိုက်တိုင်း..
နှလုံးသွေးလက်ခံတိုင်း..
သွေးစီးလမ်းကြောင်းဟာ..
ချောမွေ့မှုမရှိ..ဆန့်ကျင်အားတွေ..
ဖြစ်ဖြစ်နေတာကြောင့်..
သွေးကြောနံရံရဲ့တင်းအားမြင့်ပြီး..
သွေးတက်တတ်ပါတယ်..

©သွေးအဆီဓာတ်များပြားလာရင်လည်း..
သွေးကြောနံရံများမှာ..
သွေးခဲစုစည်းမှု..
Platelet aggregation..​
တွေဖြစ်ပေါ်စေပါတယ်..
ထိုမှတဆင့်..
သွေးခဲပိတ်ဆို့မှု..
Clot..တွေဖြစ်စေပါတယ်..
သွေးလည်ပတ်မှုချောမွေ့မှုမရှိတဲ့အတွက်..
သွေးကြောဖိအားတင်းအား..
မြင့်နေပါမယ်..

ဒီလိုအခြေအနေမျိုးမှာလည်း..
သွေးပေါင်ချိန်တိုင်းလိုက်တိုင်း..
သွေးပေါင်တက်သွေးတိုးနေမှာပါ..

*****အယူအဆမမှားရန်ထပ်မံ..
အသိပေးပါတယ်..
*****သွေးတက်တယ်ဆိုတာ..
သွေးများနေတာမဟုတ်ပါ..
*****သွေးကြောဖိအားတက်နေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးရဲ့ဘယ်ဘက်ခန်းကနေ..
သွေးအသစ်တွေ..ခန္ဓာကိုယ်အနှံ့..
သွေးရောက်ရှိအောင်..
ညှစ်ထုတ်ပေးနေတဲ့အချိန်မှာ..

သွေးကြောတွေရဲ့..
တင်းအားဖိအားတွေ..
ရှိသင့်တာထက်များနေရင်..

နှလုံးဟာ..
ပိုပိုပြီး..အားစိုက်..
ပိုပိုပြီး..ညှစ်အားများများ
ထုတ်ထုတ်သုံးရပါတယ်..

ထုတ်သင့်တဲ့ညှစ်အားထက်..
ညှစ်ထုတ်အားစိုက်နေရတဲ့..
အချိန်ကာလကြာလာတာနဲ့အမျှ..

ဘယ်ဘက်နှလုံးရဲ့ကြွက်သားတွေ..
ထူထဲလာကြပါတယ်..
နှလုံးအရွယ်အစားကြီးမားလာပါတယ်..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးအရွယ်ကြီးခြင်း..
နှလုံးကြီးခြင်း..လို့ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

*****သွေးတက်လို့တက်မှန်းမသိသူ..

*****သွေးတက်နေမှန်းသိလျက်နဲ့..
ဆေးမှန်မှန်မသောက်သူ..

*****သွေးကျဆေးမှန်မှန်သောက်ရင်..
ရှိနေတဲ့သွေးကုန်သွားမှာစိုးရိမ်တဲ့..
အယူအဆမှားသူ..

*****သွေးကျဆေး..
ကြာကြာသောက်ရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတဲ့..
အယူအဆမှားကြောင့်..
ဆေးမှန်မှန်မသောက်သူ..

ထိုသူများအားလုံး..

©နှလုံးအရွယ်အစားကြီးမားလာကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးအရွယ်အစားကြီးမားတာ..
တာရှည်လာရင်..
မနိုင်ဝန်ထမ်းရတဲ့...နှလုံးညှစ်အား..
လျော့ကျသွားတဲ့အခါ..

©Heart Failure..
နှလုံးအားနည်းရောဂါဝင်ပြီး..

မျက်ခွံမို့..
ခြေထောက်ရောင်..
အဆုပ်ထဲရေဝင်..
မောပမ်းလွယ်..
လူဖြစ်ရှုံးတဲ့ဘဝရောက်ရပါတယ်..
°°°°°°°°°°°°°°°°°°°°°•°°°°°°°°°°°

©သွေးတိုးတယ်ဆိုတာ..
သွေးတွေများလာတာမဟုတ်ပါ..
သွေးကြောများရဲ့..
ဖိအားတွန်းအား..တိုးနေများနေတာပါ..

သွေးပေါင်ချိန်တိုင်းကိရိယာမှာ..
သတ်မှတ်ထားတဲ့..
Pressure..ဖိအားတင်းအားထက်များနေလို့..
သွေးတက်တယ်လို့..
လွယ်လွယ်ပြောကြရာကနေ..
သွေးများနေတယ်လို့..
သဘောပေါက်မှားယွင်းသွားကြပါတယ်..

©သွေးကျဆေးသည်..
ခန္ဓာကိုယ်ထဲကရှိနေတဲ့သွေးတွေ..
နည်းသွားစေတာမဟုတ်ပါ..
ရှိနေတဲ့သွေးနဲ့ဘာမှမသက်ဆိုင်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သွေးကျဆေးသည်..

©တင်းမာနေသော..
သွေးကြောနံရံများကို..
အလိုက်သင့်ပျော့ပြောင်းနူးညံ့စေပါတယ်..

©ကျဉ်းကျုံ့နေသော..
သွေးကြောများကို..
အလိုက်သင့်..
ပွင့်ကျယ်လာစေပါတယ်..

သွေးကျဆေးသောက်လိုက်တဲ့အခါ..
သွေးကြောများပျော့ပြောင်းလာပြီး..
သွေးကြောများပွင့်ကျယ်လာတဲ့အတွက်..
သွေးဖိအားများပုံမှန်..
ရောက်ရှိသွားပါတယ်..

နှလုံးကလည်း..
တအားညှစ်ထုတ်စရာမလိုတော့ပဲ..
သက်သာရာရသွားပါတယ်..

သွေးစီးလမ်းကြောင်းလည်း..
ချောမွေ့သွားတဲ့အတွက်..
ခန္ဓာကိုယ်အစိပ်အပိုင်းများ..
လုံလောက်မျှတတဲ့သွေးများ..
ရရှိနေပါတယ်..
ကျန်းမာတဲ့ခန္ဓာကိုယ်ကို..
ဖြစ်ပေါ်စေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©ကျောက်ကပ်သည်..
သွေးကြောငယ်ကလေးများ..
မြောက်များစွာဖြင့်ဖွဲ့စည်းထားပါတယ်..

သွေးတိုးရောဂါရှိနေသူများ..

သွေးကျဆေးမသောက်ရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားများနေတဲ့အတွက်..
သွေးကြောငယ်များပျက်စီးလွယ်ပါတယ်..
ထိုမှတဆင့်.
ကျောက်ကပ်ပျက်စီးသွားပါမယ်..

သွေးတိုးရောဂါရှိသူ..

သွေးကျဆေးမှန်မှန်သောက်နေရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားလျော့ကျစေတဲ့အတွက်..
ကျောက်ကပ်ပျက်စီးခြင်းမှ..
ကာကွယ်ပြီးသားဖြစ်သွားပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးဆိုတာ..

ဗီတာမင်ဓာတ်..
သတ္ထု ဓာတ်..
အသားဓာတ်..
ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ဖို့..
လိုအပ်တဲ့ဓာတ်..
စတဲ့ဓာတ်အစုအပေါင်းသာဖြစ်ပါတယ်..

ထမင်းဟင်းစားသောက်တဲ့အခါမှာလည်း..
ပါဝင်ပြီးသားဖြစ်ပါတယ်..

အားဆေးဆိုတာ..
ခန္ဓာကိုယ်အတွက်..
လိုအပ်မည့်..
အာဟာရဓာတ်ကို..
ဖြည့်စွက်ပေးတာပါ..

သွေးတိုးသွေးတက်တာနဲ့..
လားလားမှမဆိုင်ပါ..

အားဆေးသောက်ခြင်းဖြင့်..
သွေးမတက်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးသောက်ခြင်းသည်..
သွေးမတက်စေပါ..
ဘာမှမဆိုင်ပါ..

သို့သော်..
အဆီများသောအစာ..
အငန်များသောအစာ..
စားရင်တော့..
သွေးတက်စေပါတယ်..

အဆီဓာတ်...အငန်ဓာတ်များသည်..
သွေးကြောများကို..
ကျဉ်းကျုံ့စေပြီး..
ဖိအားတင်းအားတက်လာစေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°မေတ္တာဖြင့်

အမှားကင်းစင်၍..
အမှန်မြင်နိုင်ကြပါစေ..

Crd, ..
ဒေါက်တာဦးစိုင်းဟန်ကျော်စိန်
ဆမ..၁၁၀၀၈..
ရွှေရောင်စာမျက်နှာများ
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit: internet

ကြိုက်နှစ်သက်တယ်ဆိုရင်
Like နဲ့ Follow Share လေး ပြုလုပ်ပြီး အားပေးနိုင်ပါသည်

02/12/2022

#ဟိုတယ်သူဋ္ဌေးတစ်ယောက်က
သူ့ ဟိုတယ်ကိုဓာတ်လှေကား
တပ်ချင်တော့ကျွမ်းကျင်တဲ့
အင်ဂျင်နီယာတစ်ယောက်ကို
ခေါ်ပြီးအလုပ်အပ်တယ်.

အဲဒီ အင်ဂျင်နီယာက သူ တပ်ရမယ့်
ဓာတ်လှေကားအတွက် အထပ်တိုင်းမှာ
အပေါက်ဖောက်ရမှာဖြစ်တဲ့အတွက်
အထပ်တိုင်းကို လိုက်ကြည့်ပြီး
အတိုင်းတာ ယူနေတုန်း.သန့်ရှင်းရေး
အလုပ်သမကြီးတစ်ယောက်
ရောက်လာတယ်,,,

ဆရာ ဘာတွေလုပ်နေတာလဲဟင်?
အဲလိုမေးတော့ အင်ဂျင်နီယာကလည်း
ရိုရိုသေသေ ပြန်ရှင်းပြတယ်,,,

အဒေါ်ရေ ဓာတ်လှေကားတပ်မလို့
အဲဒါ အပေါက်တွေဖောက်ရမှာ
လိုက်ကြည့်နေတာပါ,,,

အဲတော့ အလုပ်သမကြီးက,,,
"ဆရာ ဒါဆို နေရာတွေပိုကျဉ်းသွားပြီး
အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့နော်
အင်ဂျင်နီယာကြီးလည်း ရယ်နေလိုက်တယ်,,,

ပြီးတော့ သူလည်း သူ့အလုပ်ပြန်လုပ်ဖို့
အာရုံစိုက်မလို့လုပ်,,,
အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့
လုပ်နေရင်း စကားတခွန်းကို လှည့်ပြောတယ်,,,
ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး

အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်,,,
တယ်ဟုတ်ပါလား
ဒါဆိုအပေါက်တွေလိုက်ဖောက်စရာလည်းမလိုသလို
နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့
သူ မစဉ်းစားမိခဲ့တာကို
ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်,,,

အဲလိုနဲ့ အဆောက်ဦးတွေရဲ့အပြင်ဘက်မှာလည်း
ဓာတ်လှေကားတွေ တပ်ဆင်တဲ့
အလေ့အထတစ်ခု ဖြစ်လာခဲ့ပါတယ်,,,

ကမ္ဘာစစ်အတွင်းမှာပေါ့,,,
စစ်တပ်တစ်ခုဟာ ချီတက်လာရင်း
ပြသနာတစ်ခု ကြုံရပါတယ်,,,

အဲဒါဘာလဲဆိုတော့,,,သူတို့ချီတက်လာတဲ့
လမ်းပေါ်က တံတားတစ်ခုဟာ
သူတို့ထရပ်ကားအမိုးတွေနဲ့မလွတ်တာပါ,,,
အများကြီးမလွယ်တာလည်းမဟုတ်ပဲ
တစ်လက်မလောက် မလွတ်တာပါ,,,
သူတို့အကျပ်ရိုက်ကုန်တယ်,,,

ကားတွေကို အမိုးတွေဖြုတ်မလား.???
ဒီရာပေါင်းများစွာသော ကားတွေအမိုးတွေ
ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်,,,

တံတားအပေါ်က မလွတ်သမျှကို
လိုက်ဖြတ်ပစ်မလား
ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို
ဖျက်စီးသလိုဖြစ်ပြီး
တံတားကျိုးကျသွားနိုင်တယ်,,,

အဲဒိချိန်မှာ ဘေးနားကို အနီးနားရွာက
ကလေးတစ်ယောက် ရောက်လာပါတယ်,,,

သူက စစ်အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ
အကြာကြီး ထိုင် နားထောင်နေတယ်,,,
သူတို့တွေ ကားအမိုးတွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး
ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ,,,

ကလေးက တခုခုပြောချင်တဲ့ မျက်နှာလေးနဲ့
သူတို့ကို ကြည့်နေတယ်,,,
အဲဒိမှာ အင်ဂျင်နီယာ အကြီးတစ်ယောက်က
သူ့ မုန့်တစ်ခုကိုပေးလိုက်ပြီး
ကလေးကို သွားဖို့ပြောတယ်,,,

ဒါပေမယ့် ကလေးက မသွားပဲ
အဲဒိအင်ဂျင်နီယာကို ပြောဖို့ကြိုးစားတယ်,,,
အဲဒါနဲ့ အင်ဂျင်နီယာကြီးက မင်းဘာပြောချင်လို့လဲ
ပြောလေ ဆိုတော့,,,
ကလေးက ပြောတယ်,,,
ဟိုလေ တံတားအမိုးနဲ့ ကားတွေမလွတ်ဘူးဆိုရင်
ကားဘီးတွေကို လေနည်းနည်းစီ
လိုက်လျှော့ကြည့်ပါလား,,,

အင်ဂျင်နီယာတွေ ကိုယ့်နဖူးကိုယ်ရိုက်
ဘေးနားက ကားနဲ့ ခေါင်းနဲ့
ဆောင့်တဲ့သူက ဆောင့်
ဖြစ်ကုန်ပါတော့တယ်,,,

သင်ခန်းစာ

ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့
သူတို့ရဲ့အမြင် သူတို့ရဲ့အတွေးကလည်း
ကျွန်တော်တို့ မမြင်မိတဲ့
ရှု့ထောင့်ကဖြစ်နိုင်ပါတယ်။
ဒီစာစုလေးကို ဖက်ဖူးတာကြာပါပြီ
ဘယ်သူရေးမှန်း မသိတော့ပါဘူး
သင်ခန်းစာအနေနဲ့ မှတ်သားသင့်တာမို့
ပြန်လည် ရေးသားပေးလိုက်ရပါသည်,,,

အရည်အချင်းဆိုတာ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ
ဆရာတစ်ဦးသည် ချောင်ကျသောရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။
ရွာသို့ရောက်သော်လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ

ဆရာက လှေသမားအား
ခင်ဗျား သချာင်္ဗေဒတတ်သလား
ကျွန်တော် မတတ်ပါဘူး
ရူပဗေဒ တတ်သလား
ဒါလဲ မတတ်ပါဘူး
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာ
သုံးတတ်သလား

စိတ်မကောင်းပါဘူးဒါလဲ
ကျွန်တော်မတတ်ပါဘူး
ဆရာမှာ ခေါင်းခါပြီး

သင်္ချာမတတ်ရင်
လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်

ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့
၆ပုံ၁ပုံကို ဆုံးရှုံးမယ်

ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့
၆ပုံ၁ပုံကို ဆုံးရှုံးမယ်..

ခင်ဗျားရဲ့ ဘ၀ ၆ပုံ၄ပုံဟာ
ဆုံးရှုံးသွားပြီပဲ

ထိုခဏအတွင်း ရာသီဥတု
ပြောင်းပြီး ကောင်းကင်တွင်

တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း
ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား

ခင်ဗျား ရေကူးတတ်သလား ဟု
မေးလိုက်သည်။

ဆရာက ခဏမျှ ဆွံ့အပြီး
ကျွန်တော် မကူးတတ်ဘူး။
တစ်ခါမှ မသင်ဖူးဘူး ဟု
ပြန်ဖြေလေသည်။

လှေသမားမှာ ခေါင်းကို
သွင်သွင် ရမ်းပြီး..
ဒါဆိုရင် ခင်ဗျားရဲ့ဘ၀
၆ပုံစလုံးဟာဆုံးရှုံးရတော့မယ် ဟု
ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ
ကိုယ့်ရဲ့အဆင့်အတန်း
ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို

သွားတိုင်းတာလို့ မရပါဘူး။
တပါးသူကိုအထင်မသေးပါနဲ့။
ငါဆိုတဲ့ ကိုယ့်စံနူန်းနဲ့
အမှားအမှန်ကို မခွဲခြားပါနဲ့။

ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး
ဒါပေမဲ့ သူဟာ ရိုးသားတယ်
မကောင်းတာကို မကြံစည်တတ်ဘူး။
ဒီလူဟာအပြောအဆို မတတ်ဘူး။

ဒါပေမဲ့ သူဟာ
အလုပ်ကို ကြိုးစားတယ်။
ဖြောင့်မတ်တယ်။
မခိုမကပ်ဘူး။

ငါရဲ့ အရည်အချင်း
သူ့မှာ မရှိသလို သူ့ရဲ့
အရည်အချင်းလဲ
ငါ့မှာ မရှိဘူး ဆိုတာကို
ဘယ်တော့မှ မမေ့ပါနဲ့။

Credit
မျှဝေသည်
ရွှေရောင်စာမျက်နှာများ

02/12/2022

တစ်ခါတစ်လေ လောကကြီးမှာ
ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာ
တစ်ခုတည်းကိုပဲကြည့်လို့မရဘူး...

သူတစ်ပါးကို
ဘယ်လိုလေးဖြည့်ဆည်းပေးရမလဲဆိုတဲ့
ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးပေးတတ်ဖို့လဲ
လိုတယ်...

အရာရာတိုင်းမှာ..
ကိုယ့်လိုအင်ဆန္ဒတစ်ခုတည်း ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကိုပဲ ဦးစားမပေးပါနဲ့...
တစ်ကိုယ်ကောင်းမဆန်ပါနဲ့...

တစ်ခြားတစ်ဖက်ကိုလဲစာနာပြီးဦးစားပေးတတ်တဲ့စိတ်ကောင်းလေးရအောင်လဲ မွေးမြူပါ...။

♡ကေကေ♡

02/12/2022

🐒တခါက🐒
မျောက်တစ်ကောင်ဟာ သူ့ဗိုက်ကို
သစ်ကိုင်းနဲ့ခြစ်မိလို့ ဒဏ်ရာရသွားခဲ့တယ်။

မျောက်ကသွေးထွက်နေတဲ့ဒဏ်ရာကို
တွေ့သမျှမျောက်တိုင်း လိုက်လိုက်ပြတယ်။

တခြားမျောက်တွေက သူ့ကိုနှစ်သိမ့်ပြီး ဒဏ်ရာပျောက်ဖို့
ကုသနည်းတွေ အမျိုးမျိုးပေးကြတယ်။

မျောက်က သူ့ဒဏ်ရာကို ကိုယ်တိုင်မကုသဘဲ
တွေ့တဲ့မျောက်တိုင်းကိုလှစ်လှစ်ပြပြီး
သူတို့ရဲ့အကြံဉာဏ်ကို နားထောင်ခဲ့တယ်။

နောက်ဆုံးမှာ ဒဏ်ရာကရောဂါပိုးဝင်ပြီး မျောက်သေသွားခဲ့ရတယ်။

ဒါကို မျောက်အိုတစ်ကောင်က ... သူက သူ့ကိုယ်သူလုပ်လို့
သေသွားတာလို့ ဆိုတယ်။

ဒဏ်ရာက တစ်ခါပြောရင် တစ်ခါနာရတယ်။

အခြားလူကို လိုက်ပြောပြနေမယ့်အစား
ကိုယ်တိုင်ဆိတ်ဆိတ်လေး ကုသနေတာက ပိုကောင်းတယ်။


သင်မသန်စွမ်းတာဟာ ဘယ်သူ့ကို ပျော့ညံ့ကြောင်းပြဖို့ပါလဲ ?

-------------

🐤🐤🐤

သစ်ပင်ပေါ်မှာ နားနေတဲ့ ငှက်တစ်ကောင်ဟာ
သစ်ကိုင်းကျိုးကျမှာကို ဘယ်တော့မှ မကြောက်ဘူး။
သစ်ကိုင်းကို သူယုံလို့မဟုတ်ဘူး။
သူ့အတောင်ပံကို သူယုံလို့ဖြစ်တယ်။

အနာဂတ်ကို နေ့တိုင်းပူပန်သောကရောက်နေမယ့်အစား
ယခုလက်ရှိမှာ ပိုကြိုးစားသင့်တယ်။

အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရုန်းကန်ကြိုးစားခြင်းကသာ
သင့်ကို လုံခြုံစိတ်ချမှုနဲ့ အကျိုးရလဒ်ကို ဖြစ်ထွန်းစေတယ်။

ကိုယ့်စိတ်ကူးအိပ်မက်ကို တခြားလူအပေါ် မမှီခိုအားထားပါနဲ့။
ဘေးပတ်ဝန်းကျင်က ကဲ့ရဲ့လှောင်ပြောသံကို နားမဝင်ပါနဲ့။

သင်လျှောက်လှမ်းနေတာက သင့်အနာဂတ်ပါ..
သူတို့ အနာဂတ်မဟုတ်ပါဘူး။

ငါ လုပ်နိုင်လား.. မလုပ်နိုင်ဘူးလားဆိုတာ မရှိဘူး။
ငါ အရယူမလား.. မယူဘူးလားဆိုတာပဲရှိတယ်။


သင်သာ မရဲဝံ့ရင် ဘယ်သူက သင့်အစားလာတောင့်ခံပေးမလဲ ?

ချစ်ခြင်းအားဖြင့်
ပြေခိုင်

02/12/2022

#( ၁၅ ) မိနစ် တရားထိုင်နည်း
===================

တစ်နေ့လျှင် (၁၅) မိနစ်ခန့် တရားထိုင်ကြည့်ပါ ။ ထူးခြားသော အကျိုးကျေးဇူးများ ၊
ထူးခြားသော ကံကောင်းမှုများ ၊
သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည် ။

အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း ၊
အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို
မတောင့်လွန်း ၊ မလျော့ မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင်ထားပါ ။

ဘယ်လက်ဝါးကို အောက်ကထား၍
ညာလက်ဝါးကို အပေါ်က ထားရမည် ။

ယောဂီ၏မျက်စိကိုလည်း တစ်ချို့မှိတ်လျှက် ၊
တစ်ချို့ ဖွင့်လျှက် ၊ တစ်ချို့က
မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည် ။

မျက်စိကို မှိတ်ထားပြီး
တရားရှုမှတ်ပါက ပို၍ကောင်းပါသည် ။ နှာသီး၀အဖျားတွင် ထွက်လေ၀င်လေတို့၏ ထိခတ်တိုးဝှေ့ရာ ( ဖုသနဋ္ဌာန ၊ နာသိက ကသိဏ ) အရပ်ကလေးကို အသာ အယာ
သတိကပ်၍ ရှာဖွေရမည် ။

တွေ့ရှိပါက ယခုလှုပ်သွားသည်မှာ
ထွက်လေကြောင့်ဟု သိလျှင်
လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟုသိမှတ်ထားပါ ။

တစ်ဖန် ၀င်လေကြောင့်
လှုပ်သွားသောအခါတွင်လည်း
၀င်လေဟုမှတ်လိုက်ခြင်းသည်
အာနာပါန ကမ္မဋ္ဌာန်းတရား
အားထုတ်သည် မည်ပါတော့သည် ။

ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို
အားထုတ်တိုင်း အားထုတ်တိုင်း
တစ်ကြိမ်ထိုင်လျှင်
အနည်းဆုံး (၁၅) မိနစ်ခန့် တရားထိုင်ပါ ။

#အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍
သာလျှင် ထွက်သက်ကို ဖြစ်စေ၏ ။

ထွက်သက်ကို ထုတ်၏ ။
သတိကပ်၍သာလျှင် ၀င်သက်ကို ဖြစ်စေ၏ ။ ၀င်သက်ကို ရှိုက်ရှူ၏ ။
ဤကား သတိမြဲရာ ပထမာ အစီအစဉ်ဖြစ်ပါသည် ။

#ထွက်သက်လေကို ရှည်ရှည်ထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်
သည်ဟု ကောင်းစွာသိ၏ ။

၀င်သက်လေကို ရှည်ရှည်ရူသော
ယောဂီပုဂ္ဂိုလ်သည်
ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာသိ၏ ။

#ထွက်သက်လေကို တိုတိုထုတ်သော
ယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည်ဟု
ကောင်းစွာသိ၏ ။

#၀င်သက်လေကို တိုတိုရှုရှိုက်သော
ယောဂီပုဂ္ဂိုလ်သည် တို
တိုရှုရှိုက်သည်ဟု ကောင်းစွာသိ၏ ။
ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည် ။

အလုံးစုံသော ထွက်သက်၀င်သက်တို့၏ အစ ၊
အလယ် ၊ အဆုံး သုံးပါး
လုံးကို ထင်ရှားစေလျှက်
( ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက် )
ထွက်သက်လေကို ထုတ်၏ ။
၀င်သက်လေကို ရှိုက်ရှု၏ ။

ဤကား သုံးချက်သိမှာ တတိယာ
သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီ
အစဉ်ဖြစ်ပါသည် ။

#အရှိုက်အရှု ပြင်းသောကြောင့်
ရုန့်ရင်းကြမ်းတမ်းသော ထွက်သက် ၊
၀င်သက်လေတို့ကို ငြိမ်းအေးစေလျှက် ၊ ချုပ်ပျောက်စေလျှက် ထွက်လေကို
ထုတ်မည် ၊ ၀င်လေကို ရှုရှိုက်မည်ဟု ကျင့်၏ ။
ဤကား စ - မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည် ။

#ရံခါအတွင်း၌ ထွက်လေ၀င်လေဟူသော
ကာယ သို့မဟုတ် ပဋိဘာဂဖြစ်
သော အဿာသပဿာသကာယကို
အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည် ။

ရံခါအပြင်၌ (အပြင်ကို ထုတ်၍ ) ထွက်လေ၀င်လေဟူသော. ကာယ
သို့မဟုတ်ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို
အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည် ။

ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေ၀င်လေဟူသော ကာယ
သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ
ရှုမှတ်ပွားများအားထုတ်ရမည် ။
ဤသည်မှာ အာနာပါနသမထလေးဆင့်လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည် ။

#ထွက်သက်လေ ၊ ၀င်သက်လေဟူသော
ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ
ရှုမှတ်၍ နေရာ၏ ။

ထွက်သက်လေ ၊ ဝင်သက်လေဟူသော
ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏ ။

ထွက်သက်လေ၀င်သက်လေဟူသော
ကာယ၌ ဖြစ်ခြင်း ၊ ပျက်ခြင်းသဘောကို
အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏ ။
ဤကား အာနာပါနသမထကို အဦးမူ၍ ဝိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည် ။

ထိုကဲ့သို့ အားထုတ်နေသော
ယောဂီပုဂ္ဂိုလ်အား သတိတရား
ထင်မြဲလာတော့သည် ။

ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို
ရခြင်းငှါ ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ
ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ ၊
ဒိဋ္ဌိ နှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည် ။

ထိုအခါ တစ်လောကလုံးတွင်
သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင်
‘ ငါ့ကိုယ် ’ ဟူ၍လည်းကောင်း ၊
‘ ငါ၏ဥစ္စာ ’ဟူ၍လည်းကောင်း
တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ
အတ္တဒိဋ္ဌိ ပြုတ်လေတော့သည် ။

ဤကား အာနာပါနသမထကို အဦးမူ၍ ဝိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အားည မဂ်ဖိုလ်ရ၍
အရိယာဖြစ်ပုံကို ပြပါသည် ။

အထက်ပါဖော်ပြချက်မှာ
သတိပဋ္ဌာနသုတ်တော်တွင်
မြတ်စွာဘုရားရှင်ဟော
ကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည် ။

၀ိပဿနာပိုင်း ရှုမှတ်ပုံများ
---------------------------------

သမထဆိုတာ တနေရာတည်းကို
စိုက်ရှုတာပါ ၊ ဝိပဿနာဆိုတာ
ခန္ဓာကိုယ်တခုလုံးကို ဖြန့််ရှူ တာလို့ မြေဇင်းဆရာတော်ကြီးက မိန့်တော်မူပါတယ် ။

သမထယာနိကသမားအတွက်
စတုတ္ထအဆင့်ကျင့်စဉ်မှာ
ပဋိဘာဂအလင်းနိမိတ်ရရှိပြီး
ဥပစာဆိုက်သွားပြီဆိုရင် ဝိပဿနာကို စတင်အားထုတ်ရှုမှတ်နိုင်ပါတယ် ။

၀ိပဿနာရှုမှတ်ရာတွင် ရုပ်ကိုရှုမှတ်ရမှာလား ၊ နာမ်ကိုရှုမှတ်ရမှလားလို့ မေးစရာရှိပါတယ် ။

စာပေမှာတော့ သမထယာနိကလမ်းစဉ်နဲ့ အားထုတ်သူများအတွက် နာမ်ကို
ရှုမှတ်ပွားများရမယ်လို့ ဆိုပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ သမထအား
ထုတ်မှု အားကောင်း၍ သမာဓိ ရင့်သန်နေတဲ့အတွက်ကြောင့်ပါ ။
၀ိပဿနာသက်သက်ရှုမှတ်
ပွားများသူများသူတွေကိုတော့ ရုပ်ကို
ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ် ။

ရှုနည်း ( ၃ ) မျိုး
------------------

( ၁ ) သမထအားထုတ်စဉ်က ရရှိခဲ့တဲ့
ပဋိဘာဂ အလင်းနိမိတ်နဲ့ ခြေဖျားကနေ
ငယ်ထိပ်အထိ တကိုယ်လုံး
သတိမလွတ်စေဘဲ ရှုခြင်း ။

( ၂ ) ခြေဖျားမှ ချက် ၊ ချက်မှ လည်မျို ၊
လည်မျိုမှ ငယ်ထိပ်ထိ သုံးပိုင်း
ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း ။

( ၃ ) လက်လေးသစ် သို့မဟုတ်
တံတောင်လောက်စီ ပိုင်းပြီး ရှုမှတ်ခြင်း
ဆိုပြီး ရှုမှတ်နည်း ( ၃ ) မျိုးရှိပါတယ် ။

ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက်
ရှုနည်းသုံးမျိုး ကွဲပြားသကဲ့သို့
အရှုမှတ်ခံအာရုံအလိုက် ရှုပွားရာ အစွန်းသုံးပါးကိုလည်း သိသင့်ပါတယ် ။

( ၁ ) မြင်ရင် မြင်တယ် ၊ ကြားရင်
ကြားတယ် လို့မှတ်ခြင်း ။

( ၂ ) မိမိခန္ဓာကိုယ်ရဲ့ ငယ်ထိပ်,
ခြေတောက်, လက်စတဲ့နေရာတွေမှာ
တဖွားဖွား ဖြစ်ပျက်နေတာတွေကိုမှတ်ခြင်း ။

( ၃ ) နှလုံးအိမ်ကို ရှုမှတ်ခြင်း - ဆိုပြီး အစွန်းသုံးပါးရှိပါတယ် ။

ဗုဒ္ဓါနုဿတိပွားများပုံ
-----------------------

အရဟံ လို့ စိတ်ထဲကဆိုပြီး
၀င်လေကို ရှူသွင်းပါ ၊ အရဟံလို့ စိတ်ကဆိုပြီး
ထွက်လေကို ပြန်ထုတ်ပါ ။

မိမိစိတ် ငြိမ်လာပြီဆိုရင် ဘုရားရှင်ရဲ့
ဂုဏ်တော်အရောက် အာရုံပြုပြီး
‘ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား ’ ဆိုပြီး ၀င်လေ ထွက်လေတိုင်းမှာ ရှူမှတ်ပေးပါ ။ ဒီလိုနည်းနဲ့ အချိန်ရသလောက် ပွားများပေးပါ။

ဘုရားရှင်အပေါ်မှာ ကြည်ညိုတဲ့စိတ်တွေ
များလာလေ တရားအလုပ် လုပ်ရတာ
ချောမွေ့ လွယ်ကူလေပါပဲ ။

မေတ္တာဘာ၀နာပွားများပုံ
--------------------------

အားလုံးသော သတ္တဝါတွေ ’ ၀င်လေ တစ်ချက် ၊ ‘ချမ်းသာကြပါစေ’ ထွက်လေ တစ်ချက် ၊
ဒီပုံစံနဲ့ မေတ္တာဘာ၀နာ ပွားများနိုင်ပါတယ် ။

ကိုယ်ပွားများချင်တဲ့
ပုံစံနဲ့ ပွားများနိုင်ပါတယ် ။
၀င်လေ ထွက်လေ ကပ်ပြီး ပွားများတာက
သမာဓိ ပိုရလွယ်ပါတယ် ။

မရဏဿတိ ( သေခြင်းတရား ဆင်ခြင်ပုံ )
-----------------------------------------------

တစ်နေ့ သေရမှာပါတကား... တစ်နေ့ သေရမှာပါတကား’- လို့ ဉာဏ်က
နေ မြင်လာအောင် ဉာဏ်မှာထင်လာအောင် ဆင်ခြင်ရပါမယ် ။

အသုဘဘာ၀နာ ( စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ )
------------------------------------------------------------

ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ်စရာကြီး
ပါတကား ’- လို့ ခန္ဓာကိုယ်ကို သုံးပိုင်း
ပိုင်းပြီး ပွားများရပါမယ် ။

ပထမဆုံး ပုခုံးအထက် ဦးခေါင်းပိုင်းကို
အရင် ကြည့်ရပါမယ် ၊ မျက်စိကိုမှိတ်
စိတ်ကို ဦးခေါင်းကို ပို့ထား ၊
‘ ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ်စရာ
ကြီး ပါတကား ’ လို့ စိတ်ကဆိုပြီး ၊

ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ
မြင်လာတဲ့ အထိ ပွားများပေးပါ ။

ဒုတိယ... ခါးကေန ပုခုံးအထိ
ခန္ဓာကိုယ် အလယ်ပိုင်းကို စိတ်နဲ့ကြည့်ပြီး
‘ ငါ့ရဲ့ခန္ဓာကိုယ်ဟာ စက်ဆုပ်စရာကြီးပါတကား ’ လို့ စ်ိတ်က ဆင်ခြင် ပွားများပြီး
အတွင်းပိုင်း အူတွေ, အသည်းတွေ,
ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီ
မြင်အောင် ကြိုစားပွားများပါ ။

တတိယ... ခါးအောက်ပိုင်းအကုန်
ခြေထောက်အထိ စိုက်ကြည့် ပွားများပါ ။
ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရားအလုပ်မှာ နှောင့်နှေးတတ်ပါတယ်။

နာမည်ကြီး ခေမာထေရီကို ကြည့်ပြီး သိနိုင်ပါတယ် ။ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ
တပ်မက်မှု ကင်းအောင် အသုဘ ဘာ၀နာကို
ပွားများ ကြရပါတယ် ။

ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများ
အားထုတ်မယ့် သူတွေ ကြိုးစားအား
ထုတ် ပွားများသင့်ပါတယ် ။

ရက်တွေ အများကြီး အချိန်မပေးနိုင်ရင်တောင်
တရားမရှုမှတ်မီ အချိန်ပိုင်းလောက်
ဗုဒ်ဓါနုဿတိနဲ့ မတ်ေတာဘာ၀နာကို
၁၀ - မိနစ် သို့မဟုတ် ၁၅ - မိနစ် ပွားများ
သင့်ပါတယ် ။ မေတ္တာစွမ်းအားဟာ
တကယ့်ကို ကြီးမားလှပါတယ် ။

နေ့စဉ် ( ၁၅ ) မိနစ်ခန့်ဝိပဿနာမြတ်တရားအား ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါစေ ။

ဖားအောက်တောရဆရာတော်ဘုရားကြီး

Credit: internet
ပြန်လည်ဝေမျှသည်
ရွှေရောင်စာမျက်နှာများ

လူသေအလောင်းရဲ့ ခြေမနှစ်ခုကို ကြိုးချည်ထားရတဲ့ အကြောင်းအရင်း 02/12/2022

လူသေအလောင်းရဲ့ ခြေမနှစ်ခုကို ကြိုးချည်ထားရတဲ့ အကြောင်းအရင်း လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကိုကြိုးချည်ထားတတ်သည် ဘာကြောင့်မှန်းမသိခဲ့ပါ လူတစ်ယောက်သေလ.....

02/12/2022

ညက ကျန်နေတဲ့ ရေနွေးတွေကို
မနက်ရောက်ရင် သွန်ပစ်ပါ ။
သောက်မိရင် အဆိပ်ထက် ပြင်းပါတယ် ။

‍️ ၁/ ထမင်းစားပြီးရင် ရေ‌နွေးတခွက်
သောက်ပေးရပါတယ် ။

၂/ရေနွေးကို အအေးခံထားရင်
ရေကျက်အေး ဖြစ်သွားပါတယ် ။
ပိုးမွှား ကင်းစင်ပြီး ဝမ်းကို ထိန်းစေပါတယ် ။
ဝမ်းပျက်ဝမ်းလျှောကို ကာကွယ်စေပါတယ် ။

၃/နေ့ကျိုရင် နေ့သောက်ပါ ။
ညကျိုရင် ညသောက်ပါ ။
နေ့ကျိုတာကို ညသောက်ပြီး
ညကျိုတာကို ‌နေ့သောက်မိရင်
တေဇောဓာတ်ညံ့သွား၍ ဝမ်းချုပ်စေသည် ။

၄/ရေကျက်အေးကို ရေနွေးလုပ်လျှင် မသင့် ။
အဆိပ်နှင့် တူပါတယ် ။

၅/ရေနွေး ကျိုချက်တဲ့အခါ
ဆူပွက်ပြီး ကျက်အောင်ကျိုပါ ။

၆/ကော်ဖီဖျော်ရင် ၆နာရီအတွင်း
ကျိုချက်ထားတဲ့ ‌ရေနွေးနဲ့ဖျော်ပါ ။

၇/ဓာတ်ဘူးထဲက ရေနွေးနဲ့ဖျော်ရင်
၆နာရီထက်ကျော်ပြီး လှောင်ထားတဲ့
ရေနွေးကို မသုံးသင့်ပါ ။

၈/ဓာတ်ဘူးထဲမှာ အေးပြီးသား
ရေ‌နွေးဟာ ဓာတ်ပျက် ရေနွေးဖြစ်လို့
ပြန်နွှေးပြီး မသုံးသင့်ပါ ။
ပြန်ကျိုချက်ပြီး မသောက်ပါနှင့် ။

၉/ညသိပ်ရေနွေး ရေနွေးကြမ်းက
အဆိပ်ဖြစ်လို့ အစာအိမ်ကို
က‌မောက်ကမ ဖြစ်စေပါတယ် ။

၁၀/ရေနွေးသောက်ပြီး ၁နာရီအတွင်း
ရေအေး မသောက်ပါနဲ့ ။

၁၁/ရေအေးသောက်ပြီး ၁နာရီအတွင်း မှာလဲ
ရေ‌နွေး မသောက်ပါနဲ့ ။

to Original Author.
တဆင့်ပြန်လည်မျှဝေပါတယ်...

ရွှေရောင်စာမျက်နှာများ

နေ့စဉ် ဗဟုသုတ အကြောင်းအရာတွေ
အချိန်နဲ့အမျှ သိရှိလိုပါက ရွှေရောင်စာမျက်နှာများ Page ကို Follow ပြုလုပ်ထားဖို့တော့ လိုအပ်မယ်နော်

Photos from ထည်ဝါ's post 13/02/2021
Photos from Shwe Htike's post 29/12/2020

CHIGO 🍏🍎🍐🍊🍓🍇🍒🍍
🍉🥝🍑🍌🥕🍅🥑🥒
အသီးကြိတ်စက်
Price. 15000/Ks
📲📲Cb,Viber
Ph. 09753644797
09776449527

Photos from Shwe Htike's post 29/12/2020

ကိုယ်ပိုင်ဒီဇိုင်းသစ်လေးနဲ့
တူရိယာအဆင်သစ်နဲ့ပန်းပွင့်လေးနဲ့အဆင်သစ်တွေနော်။😍😍😍
၂/၈၀ ချည်ပေါင်းသားပေါ်ပိုးချည်နဲ့ပန်းထိုး​​ပေးထားတာပါ။
ချည်ပေါင်းသားဝမ်းဆက်
၃ကိုက်တစ်ထွာ
အကျီစကတော့ဗြောင်ပါနော်။
စျေးနှုန်း..11500/ Ks
Please Cb,viber
📲09753644797
09776449527

Photos from Shwe Htike's post 29/12/2020

ကိုယ်ပိုင်ဒီဇိုင်းသစ်လေးနဲ့
တူရိယာအဆင်သစ်နဲ့ပန်းပွင့်လေးနဲ့အဆင်သစ်တွေနော်။
၂/၈၀ ချည်ပေါင်းသားပေါ်ပိုးချည်နဲ့ပန်းထိုး​​ပေးထားတာပါ။
ချည်ပေါင်းသားဝမ်းဆက်
၃ကိုက်တစ်ထွာ
အကျီစကတော့ဗြောင်ပါနော်။
စျေးနှုန်း..11500/ Ks
Please Cb,viber
📲09753644797
09776449527

Photos from Shwe Htike's post 29/12/2020

အင်ဒိုပိုးရုံအဆင်သစ်
ဝမ်းဆက်၃ကိုက်
အကျီစဗြောင်ပါရှင့်
ကော်ပိတ်ခံစရာမလိုထူထူအိအိကျစ်ကျစ်လေးပိုးရုံအထူသားပေါ်ထိုးထားတာပါရှင့်။😘😘😘
Price. 11500/Ks
📲📲Cb,Viber
09753644797
09776449527

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Tanthumar Street
Yangon