Chit Snow Thwin OS Distribution

Chit Snow Thwin OS Distribution

Share

Beauty , Cosmetics & Personal Care Distribution

♻ အိမ်ရောက်ငွေချေရ ♻ Beauty , Cosmetics & Personal Care

Photos from Chit Snow Thwin OS Distribution's post 04/02/2026

Lebelage Dr. Vitamin Jumbo
Ampoule (250ml) - 23800 ks
ဒါဇင်​စျေး - cb

🍀 ဒီ Vitamin Ampoule ​လေးက -
🍋 မှုန်မှိုင်း​နေတဲ့ အသား​ရေကို ​ပြန်လည်ကျန်းမာ​တောက်ပလာ​စေပြီး
​🌊 ခြောက်​သွေ့တဲ့ အသား​ရေကို Moisture အပြည့်အဝ ပြန်ဖြည့်​ပေးတဲ့အတွက် အသား​ရေကို စို​ပြေတင်းရင်းလာ​စေတယ်ရှင့်

အိမ်ရောက်ငွေချေရ 🤎

instock ✅

ချက်ချင်း မှာ ချက်ချင်း Delivery အပ်ပေးမှာမို့ CB မှာ လာ hi တော့နော်..။

Phone - 09 957324842 (viber)
09 679135315

06/11/2021

တွဲဖက်မသုံးသင့်သော skincare ပါဝင်ပစ္စည်းများ

၁။ Vitamin C + AHA/BAH

Vitamin C က အက်စစ်ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သလို AHA/BAH(glycolic, salicylic,lactic acid..စသည်) ကလည်း အက်စစ်ပစ္စည်းတွေဖြစ်တဲ့အတွက် ...အတူတူသုံးမိတဲ့အခါ ကိုယ်ရဲ့ပင်ကိုယ်ပသားအရေ က PH levelတွေကို မတည်မငြိမ်ဖြစ်စေတဲ့အတွက်အချိန်ကြာလာတဲ့အခါ break out တွေအသားအရေပါးလာတာတွေနဲ့...skinခြောက်သွေ့တာတွေဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်

[ မှတ်ချက်
တစ်မျိုးစီ သုံးမယ်ဆိုရင် တော့

Vitamin C က အေရကြောင်းတွေကိုသက်သာစေတယ် အသားအေရကို ကြည်လင်စေတယ် အမဲစက်နဲ့ ဝက်ခြံသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်

AHA/BHA တွေကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်စို့ခြင်းကို သက်သာစေပြီး အသားအေရကို ကြည်လင်သန့်ရှင်းစေတဲ့ အာနိသင်တွေရှိပြီး ဆဲလ်သေ ဖြစ်ပျက်နှုန်းကို မြန်စေတဲ့အတွက် အရေပြားနုပျိုစေတဲ့ peeling acid တွေဘဲဖြစ်ပါတယ် ]

၂။ Retinol+ AHA/BHA

Retinol က AHAနဲ့ BHAလို ဆဲလ်သေဖယ်ရှားပေးတဲ့ပစ္စည်းမဟုတ်ပေမဲ့ အရေပြားအတွင်းပိုင်းက ဆဲလ်သေ တွေကို အပေါ်ယံအရေပြားကို တွန်းတင်ကွာကျ စေပြီးဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ကူညီပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

Retinol နဲ့ AHA/ BHAလို acidတွေနဲ့ တြဲသုံးမိတဲ့အခါ အရေပြားအလွန်အမင်းခြောက်သွေ့စေပြီး အသားအရေရဲ့သဘာဝအစိုဓာတ်ကိုပျက်စီးစေလို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်....

၃။ Retinol + Vitamin C

Retinol နဲ့ Vitamin C ကို တွဲသုံးမိရင် အသားအရေနီမြန်းတာ ခြောက်သွေ့တာနဲ့ အရေပြားအဖတ်လန်တာတွေ ဖြစ်စေနိုင်တဲ့အပြင် အသားအေရက နေရောင်ခြည်ရဲ့ UV Rays တွေကို အထိမခံနိုင် ဖြစ်စေတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်စေနိုင်လို့ တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

[မှတ်ချက်
ဝက်ခြံနဲ့အရေးကြောင်းသမားတွေအတွက်ကတော့
Vitamin C ကို မနက်ပိုင်းသုံးပြီး..ညဘက် တရက်ခြား Retinol သုံးမယ်ဆိုရင်တော့ အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ္ကို ရနိုင်ပါတယ်]

၄။ Oil based + Water based products

Oil based နဲ့ water based productsတွေကတော့
တြဲသုံးလို့ လုံးဝအဆင်မပြေနိုင်ဘူးနော်..စဉ်းစားကြည့်လေ ရေနဲ့ဆီ ရောလို့မှ မရတာ..oil based product တွေက water based product တွေရဲ့ အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်မှုကို ဟန့်တားထားတဲ့အတွက် ဘာအကျိုးရလဒ်မှ ထူးလာစေမှာ မဟုတ်ပါဘူး..

၅။ Glycolic Acid + Salicylic Acid

နှစ်မျိုးလုံးက ဆဲလ်သေဖယ်ရှားဖို့ သုံးတဲ့ ပစ္စည်းတွေဖြစ်နေတဲ့ အတွက် တွဲသုံးမိရင် အရေပြားနီမြန်းခြင်းနဲ့ခြောက်သွေ့ခြင်းတွေအပြင် ဓာတ်မတည့်မှုကိုပါဖြစ်စေနိုင်တဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်

၆။ Niacinamide + Vitamin C

Niacinamide နဲ့ Vitamin C က အမဲစက်ထွက်တတ်တဲ့အသားအရေနဲ့ အမာရွတ်တွေကုသဖို့ အတွက် အကောင်းဆုံး ပစ္စည်းတွေ ဆိုပေမဲ့ တွဲသုံးမိရင် Niacinamide က vitamin C ကိုဓာတ်ပြယ်စေပြီး ရလဒ်အနေနဲ့ အသားအရေနီးမြန်းတာတွေနဲ့ ဝက်ခြံတွေကို ဆိုးဆိုးဝါးဝါး ဖြစ်စေတဲ့အတွက် တြဲမသုံးမိဖို့ သတိထားသင့်ပါတယ်..

ပျိုမေတို့အနေနဲ့ skincareသုံးတာဟာ အသားအေရ နုပျိုလှပစေဖို့ဘဲ ဖြစ်သင့်ပါတယ်..ဒါပေမဲ့ တွဲဖက်မသုံးသင့်တဲ့ skincare ingredientsတွေကို သိထားမွသာ ငွေကုန် လူပမ်း အသားအေရပ်က္စီးမွု မဖြစ်စေမှာ မဟုတ်ပါလား..ရှင်....

ပျိုမေတိုင်း skincare လေးတွေကို မှန်မှန်ကန်ကန်သုံးတတ်စေဖို့ ဆန္ဒပြုရင်း....လှပနိုင်ကြပါစေရှင်..

မင်မင်Pageထဲက အသဲလေးတွေ သိရအောင် ပြန် shareလိုက်တာပါရှင့်

03/11/2021

အသားအရေအတွက် သခွားသီးရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။
🥒🥒🥒

၁။ သခွားသီးမှာ ရေဓါတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ကိုယ်ခန္ဓါတွင်းကိုရော အပြင်ဘက် အသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်တယ်။

၂။ ရေဓါတ်ခမ်းခြောက်ခြင်း၊ အသားအရေ မွဲခြောက်ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ အပူဒဏ်ကြောင့် ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်အစားထိုး ဖြည့်တင်းပေးနိုင်တယ်။

၃။ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်အပြင် ကိုယ်ခန္ဓါကို ကျန်းမာစေပြီး ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဗီတာမင်နဲ့ အာဟာရဓါတ် များစွာ ပါဝင်ပါတယ်။

၄။ ကိုယ်ခန္ဓါတွင်း အပူချိန်ကို ကျစေပြီး လူကို အေးမြစေတယ်။ အပြင်ဘက်က နေရောင်ခြည်ဒဏ်ေကြာင့် အသားအရေမပျက်စီးစေဖို့ ကာကွယ်ပေးနိုင်တယ်။

၅။ ကိုယ်ခန္ဓာအတွင်းမှာ ရှိတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်။ အရေပြားပေါ်က ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်။

၆။ ကိုယ်အလေးချိန်ကို ကျစေပြီး ကျန်းမာသွယ်လျတဲ့ ကိုယ်ခန္ဓာ ဖြစ်လာစေဖို့ ကူညီပေးနိုင်တယ်။

၇။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးအတွက် ကောင်းစေပြီး သွားဖုံးကို ကျန်းမာစေတယ်။ ခံတွင်းအနံ့ဆိုး ကင်းစင်စေပြီး ဘက်တီးရီးယားပိုးတွေ မပေါက်ဖွားစေဖို့ ကူညီပေးနိုင်တယ်။

၈။ မျက်စိအမြင်အာရုံကြည်လင်စေပြီး မျက်လုံး မို့အစ်တာ၊ မျက်ကွင်းညိုတာ၊ မျက်စိမှုန်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

၉။ နှလုံးနဲ့ ဦးနှောက်ကို ကျန်းမာစေပြီး ဆီးချိုရောဂါသည်တွေအတွက်လည်း အလွန်ကောင်းတဲ့ ဓါတ်စာဖြစ်ပါတယ်။

၁၀။ ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်။ နဂိုအသားအရောင်အတိုင်း ပြန်လည်ဖြူစင်ဝင်းပလာစေတယ်။

၁၁။ ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးနိုင်ပါတယ်။

Yoyarlay.comမှ ကောက်နုတ် ဖော်ပြပါသည်။

Blossom🌸

Crd #

29/10/2021

🙏🙏🙏
မဂ်လာမနက်ခင်းမှာ
အားလုံး ကျန်းမာရွှင်လန်းပြီး
စိတ်အေးချမ်းမှု ရကြပါစေ
ကောင်းသတင်းများနဲ့ ပြည့်လျှံနေပါစေ
ဝင်ငွေတိုးသည်ထက် ပိုပိုတိုးလာကြပါစေ

28/10/2021

💥ကိုယ်တိုင်လည်းမသိသေးတဲ့ရေသောက်နည်း💥

အခုကစလို့အဲလိုသောက်တတ်အောင်လေ့ကျင့်မယ်

🔰အသားအရေ စိုပြေအောင် ရေသောက်နည်း🔰

ရေသောက်တာ လူတိုင်းသောက်တတ်ပါတယ်

ဒါပေမယ့် စနစ်တကျသောက်လို့ လှပမယ်ဆိုရင် မကောင်းဘူးလား❓

သင့်အသားအရေကို level 3 ခုလောက် glow သွားစေမယ်ဆိုရင် မကောင်းဘူးလား❓

ရေ၁ခွက် ကို 300 မီလီလီတာ လောက်တော့ သောက်ပေးပါ။

1st glass - မနက် ၇ နာရီမှာ ရေနွေးနွေးလေး ၁ ခွက် အပြည့်သောက်ပြီး အဆိပ်ထုတ်ကြမယ်

2nd glass - မနက် ၉ နာရီမှာသောက်ခြင်းဖြင့် စိတ်ကြည်သွားစေတဲ့အပြင် ရေဓာတ်ပြန်ဖြည့်မယ်

3rd glass - မနက် ၁၁ နာရီမှာ သောက်ခြင်းဖြင့် အစားမစားခင် ဗိုက်ပြည့်စေတဲ့ ခံစားမှုမျိုးရစေမယ်

4th glass - နေ့လည် ၁ နာရီမှာ ထမင်းစားပြီး ရေထပ်သောက်မယ်

5th glass - ညနေ ၃ နာရီမှာ သောက်ခြင်းဖြင့် ညောင်းညာနေမှုတွေကို ပြေပျောက်စေပါတယ်

6th glass - ညနေ ၅ နာရီမှာတော့ အစာမစားခင် ကြိုသောက်ပြီး ဗိုက်ပြည့်စေမယ်

7th glass - ည ၈ နာရီမှာတော့ အိပ်ရာမဝင်ခင် ကြိုသောက်ထားကြမယ်

ကဲ ဒီလို ၇ ခွက်လောက်သောက်ထားတော့ ၁ နေ့ကို ၂ လီတာကျော်ဝင်သွားပြီဖြစ်တဲ့အတွက် နေ့စဉ် daily intake လည်း လုံလောက် ၊ သတိရချိန်မှ ထထသောက်တာမျိုးမဟုတ်ပဲ ပုံမှန်သောက်လို့ အသားအရေလည်း စိုပြေစေပါတယ်

Credit

28/10/2021

နံနက်အိပ်ယာထ၊ရေသောက်ခြင်း၏ကျန်းမာရေး
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
နံနက်အိပ်ယာထ ချက်ချင်း ရေများများ သောက်ရင် ကျန်းမာရေးကောင်းတယ်
ဂျပန်နိုင်ငံမှာ အခု ခေတ်စားနေတဲ့ အလေ့အထ ဖြစ်ပါတယ်။ ပညာရှင်တွေ လက်တွေ့စမ်းသပ်ပြီး အတည်ပြုထားတဲ့ နည်းပါ။ ဒီလို နံနက်စောစော အိပ်ယာထထချင်း ရေသောက်ပေးခြင်းအားဖြင့်
(၁) ခေါင်းကိုက်ခြင်း
(၂) ခန္ဓာကိုယ် ယားယံခြင်း
(၃) နှလုံးကောင်း
(၄) နှလုံးခုန်မြန်ခြင်း
(၅) အ၀လွန်ခြင်း
(၆) ပန်းနာ
(၇) တီဘီ
(၈) အသည်းရောဂါ
(၉) ဆီးရောဂါ
(၁၀) ကင်ဆာ
(၁၁) နား၊ နှာခေါင်း၊ လည်ချောင်း
(၁၂) မျက်စေ့ရောဂါအားလုံး
အစရှိတဲ့ ရောဂါတွေကို ကုသနိုင်ပါတယ် ။
ဒါကို ဂျပန်ဆေးပညာရှင်တွေက အာမခံခဲ့တာ ဖြစ်ပါတယ်။
လုပ်ဆောင်ရမယ့် နည်းလမ်း
(၁) နံနက်အိပ်ယာထ သွားမတိုက်ခင် (၁၆၀)မီလီ ရေ(၄)ခွက် သောက်ပါ။
(၂) ခံတွင်းနဲ့ သွားကို သန့်ရှင်းပါ။ (၄၅ မိနှစ်အတွင်း အစာ၊ ရေ မစား မသောက်ရ)
(၃) ၄၅ မိနစ် ကြာပြီးနောက် ပုံမှန်အတိုင်း စားနိုင် သောက်နိုင်သည်။
(၄) နံနက်စာ၊ နေ့လည်စာ၊ ညစာ စားသုံးပြီး ၂ နာရီအတွင်း ဘာမှမစားနဲ့၊ ဘာမှ မသောက်နဲ့။
(၅) ရေ ၄ ခွက် မသောက်နိုင်သေးတဲ့ သက်ကြီးရွယ်အိုတွေအတွက် သောက်နိုင်သလောက် စပြီး သောက်သွား၊ နောက်မှ ဖြည်းဖြည်းချင်း တိုးသောက်ပါ။
(၆) ဒီအတိုင်း နေ့စဉ်လုပ်ဆောင်သွားရင် ကင်ဆာကို ကာကွယ်နိုင်ပြီး အသက်ရှည်ကျန်းမာစေမှ ဖြစ်ပါတယ်။
၁၀ ရက်အတွင်း အစာအိမ်ရောဂါ ရှိရင် ပျောက်မယ်။
ရက်(၃၀) (တစ်လမှာ) သွေးအားမြင့်တာ လျော့သွားပါလိမ့်မယ်။
ရက် (၉၀)မှာ တီဘီရောဂါကို ထိန်းနိုင်ခဲ့တယ်။
၁၈၀ ရက်ကြာရင် ကင်ဆာကို ထိန်းနိုင်လိမ့်မယ်။
ယုံကြည်စွာ လုပ်ကြည့်ပါ။ အကျိုးထူးပါလိမ့်မယ်။

Credit

17/10/2021

#ဆံပင်ထိန်းသိမ်းနည်း6မျိုး

၁။ #နေ့တိုင်းခေါင်းလျှော်ခြင်းရှောင်ပါ။

နှစ်ရက်ခြား (သို့) သုံးရက်ခြား တစ်ခါလျှော်ပါ။ ခေါင်းခဏခဏလျှော်ခြင်းဟာ ဆံပင်အတွက်လိုအပ်တဲ့ ဦးရေအဆီကို ခြောက်သွေ့စေတယ်။

၂။ #ဆာလဖိတ်နှင့်ဆီလီကွန်မပါသောခေါင်းလျှော်ရည်ကိုသုံးပါ။

၎င်း ဓာတုပစ္စည်းများဟာ ဆံသားကို ပျက်စီးစေတယ်

၃။ #ဆံပင်ပျော့ဆေးConditionerကိုရေအေးနဲ့ဆေးပါ

တချို့က ဆံပင်ပျော့ဆေးကို ခေါင်းလျှော်ရည်လို ဦးရေပြားထဲထိ ပွတ်တိုက်ခေါင်းလျှော်ကြတယ်။ တကယ်တော့ ဆံပင်ပျော့ဆေးကို ဆံပင်များပေါ်မှာသာ ညင်သာစွာ ၅ မိနစ်ခန့်ပွတ်လိမ်းပြီးမှ ရေအေးနဲ့ ဆေးချပါ။

၄။ #ဘီးကိုမကြာခဏဆေးကြောပေးပါ

ဘီးမှာကပ်နေတဲ့ အဆီ၊ အမှိုက်၊ ချေး တွေဟာ ဆံသားတွေဆီ ကပ်ပါသွားတတ်တဲ့အတွက်
ဘီးကို ခကြာခဏ ရေနွေးနဲ့ ဆေးကြောပေးပါ။ ခေါင်းလျှော်ရည် (သို့) ဆပ်ပြာနဲ့ သေချာဆေးကြောပါ။

၅။ #လေမှုတ်စက်အမြဲမသုံးရ

လေပူမှုတ်စက် တွေသုံးခြင်းဟာ ဦးရေနဲ့ ဆံသားတွေကို ခြောက်သွေ့ပျက်စီးစေပါတယ်။ အရေးကြီးကိစ္စရှိလို့ ဆံပင်အမြန်ခြောက်ချင်မှသုံးပါ။ ဆံပင်ကို တဘက်အနုသား (သို့) 100 cotton နဲ့လုပ်ထားတဲ့ T-Shirt အင်္ကျီနဲ့ ညင်သာစွာသုတ်တာ ပိုကောင်းပါတယ်။ ကြမ်းတမ်းတဲ့ အဝတ်တွေဟာ ဆံပင်နှစ်ခွဖြစ်စေပါတယ်။

၆။ #ဘီးကိုပုံမှာပြထားတဲ့အတိုင်းရွေးဝယ်ပါ။

မိမိဆံပင်ပုံစံ အတိုအရှည်၊ အထူအပါးပေါ်မူတည်ပြီး ဘီးတွေကို ပုံစံအလိုက် အသုံးပြုသင့်ပါတယ်။
လှပတဲ့ ဆံပင်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်

17/09/2021

Morning 🌞🌞🌞
မနက်မျက်နှာလေးသစ်ရင် သရဏဂုံအမြဲရွတ်ပါ..
မျက်နှာအကြည်ဓာတ်လေးရစေပါတယ်..

သွားတိုက်ရင် ဘုရားဂုဏ်တော်ပွားပါ..
ကိုယ်ရဲ့ကောင်းတဲ့အကြံအစည်အပြောအဆိုတိုင်း
သူတပါးအား အောင်စေပါတယ်..

သတိရရင်ရသလို မေတ္တာသုတ်ရွတ်ပါ..
မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့ လုံခြုံနွေးထွေးစေပါတယ်..

တနေ့ ၂ ကြိမ် အနည်းဆုံး သောက်တော်ရေချမ်းကပ်လှူပါ...
ခုနစ်ရက်သားသမီးအေးချမ်းစေသလို မိမိကိုယ်တိုင်အရင်ဆုံးအေးချမ်းစေပါတယ်..

တနေ့တကြိမ် မဟာသမယသုတ် ရွတ်ဖြစ်အောင်ရွတ်ပါ..
နတ်တို့ချစ်ခင်စောင်မပါတယ်

တနေ့တကြိမ် ပဠာန်းရွတ်ဖတ်ပူဇော်ပါ..
အကျိုးကျေးဇူး ဧကန်ထူးပါတယ်..

တနေ့တကြိမ် ခင်ပွန်းကြီးဆယ်ပါး ဝန်ချတောင်းပန်ရှိခိုးပါ..
အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ်..

ငါးပါးသီလ လုံအောင် အတတ်နိူင်ဆုံးစောင့်ထိန်းပါ..
သီလအကျိုးကြောင့် လူ့တန်ဖိုးတက်ပါတယ်..

မိဘေက်းဇူးအထူးသိတတ္ပါ..
ရောက်ရာအရပ်လူချစ်လူခင်ပေါပြီး ကူညီစောင်မသူတွေနဲ့ တွေ့ရတတ်ပါတယ်..

နေ့စဉ်စိတ်ကောင်းရှိဖို့ ပထမဆုံးဆုံးဖြတ်ပါ..
စိတ်နောက် ဘဝကလိုက်ပါတယ်..

နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက တစ်ခုရှာပါ..
လူဖြစ်တဲ့အခိုက်အတန့် လူဖြစ်ရကျိုးနပ်စေပါတယ်..

တကယ့်စစ်မှန်သော အေးချမ်းသော ပြည့်စုံသောဘဝတွေပိုင်ဆိုင်နိုင်ဖို့ ဝိပ္ပသာနာတရားအားထုတ်ဖြစ်အောင် အားထုတ်ရင်း သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ..

🙏🙏🙏

;✍️💬❤

16/09/2021

သတိမထားမိဘဲ လုပ်မိနေတဲ့ Skincare နည်း
အမှား (၇)ချက်

ဒီခေတ်မှာအားလုံးက အသားအရေလှဖို့ နံပါတ်တစ် ဦးစားပေးပြီး skincare နေကြတယ်နော်။
Skincare အကောင်းစားတွေသုံးပြီး skincare နည်းတွေမှားနေရင်တော့ ထိရောက်မှာမဟုတ်ဘူးပေါ့
Daily skincare routine မှာ သတိမထားဘဲလုပ်မိနေတတ်တဲ့ အမှားလေးတွေကို သတိထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။မကြာခဏ မျက်နှာသစ်တာ

မကြာခဏ မျက်နှာသစ်တဲ့အခါ အဆီပြန်တာနဲ့ ဝက်ခြံဖြစ်တာကို လျော့သွားစေမယ်လို့ အထင်မှားတတ်ကြတယ်။ တကယ်တော့ မကြာခဏမျက်နှာသစ်ခြင်းက အပေါ်ဆုံးအရေပြားကိုပါးသွားစေပြီး အဆီပိုထွက်စေပါတယ်။ အဲ့ဒီအဆီတွေက ချွေးပေါက်တွေကို ပိတ်တော့ ဝက်ခြံပိုဖြစ်ပြီပေါ့။ တစ်နေ့ကို အနည်းဆုံး (၂) ကြိမ်/ အများဆုံး (၃)ကြိမ်သာ မျက်နှာသစ်ပေးသင့်ပါတယ်။

၂။မျက်လုံးနားတစ်ဝိုက်ကို ပွတ်ဆွဲသန့်စင်တာ

Eye makeup remover သုံးတဲ့အခါ မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေကြားထဲ မိတ်ကပ်ကျန်မှာစိုးပြီး ပွတ်ဆွဲသန့်စင်တာက အရေပြားကိုထိခိုက်သလို အရေးအကြောင်းတွေပိုဖြစ်စေပါတယ်။Makeup remover စိမ်ထားတဲ့ ဂွမ်းစကို မျက်လုံးနား (မိမိသန့်စင်ချင်တဲ့နေရာ) မှာ အချိန်အနည်းငယ် ဖိတို့ထားပါ။ ပြီးတော့မှ အသာအယာသန့်စင်ပေးပါ။

၃။ကိုယ့်အသားအရေနဲ့မကိုက်တဲ့ပစ္စည်းကိုသုံးမိတာ

ပေါ်သမျှပစ္စည်းလိုက်သုံးနေမယ်ဆိုရင်တော့ အသားအရေက ဘယ်တော့မှကောင်းလာမှာ မဟုတ်ပါဘူး။အသားအရေနဲ့ကိုက်ညီတဲ့ product ကိုတွေ့ပြီဆို စွဲပြီးသာသုံးပါတော့နော်။မကြာခဏပြောင်းသုံးလို့မကောင်းတဲ့ထဲမှာ မိမိ skincare လည်းပါပါတယ်။

၄။တကိုယ်လုံး ဆပ်ပြာမြှုပ်ထနေအောင်တိုက်တာ

ခန္ဓာကိုယ်တစ်ခုလုံး နေရာလပ်မကျန် ဖုန်တက်လာတာမဟုတ်ဘူးလေ 😬 တစ်ကိုယ်လုံးကို ဆပ်ပြာမြှုပ်တွေထနေအောင်တိုက်မယ့်အစား လိုအပ်တဲ့နေရာပဲသုံးပေးပါ။
အနံ့ဆိုးထွက်တတ်တဲ့ နားနောက်/ ဂျိုင်းကြား/ ပေါင်ကြား စတဲ့နေရာတွေကို ဆပ်ပြာများများနဲ့ သန့်စင်ပေးပြီး ကျန်တဲ့နေရာတွေကို ပုံမှန်သာသုံးပေးခြင်းဖြင့် shower gel ကို save လုပ်ရအောင်နော်။

၅။Skincare လုပ်တဲ့အခါ ပမာဏအများကြီးသုံးတာ

အများကြီးသုံးရင် skin ပိုကောင်းလာမယ် ဘယ်သူပြောလဲ 🙄 ပိုက်ဆံအပိုကုန်မယ့်အလုပ်တွေပါနော်။
ဘယ် skincare product ပဲသုံးသုံး လိုအပ်သလောက်ပမာဏကိုပဲသုံးပေးပါ။ နဖူး ပါးနှစ်ဖက် မေးစေ့ နှာခေါင်းတို့မှာ အစက်လေးတွေချပြီး ဖြန့်ပေးရုံနဲ့ အဆင်ပြေပါတယ်။

၆။မိတ်ကပ်မဖျက်ဘဲအိပ်တာ

မကြာခဏဖြစ်လေ့ရှိတယ်နော်။
ပင်ပန်းပြီး ပြန်လာတဲ့အခါ ခဏဆိုပြီး တစ်ညလုံးမိတ်ကပ်ကြီးနဲ့အိပ်လိုက်မိတဲ့အခါ 😖 အသားအရေကိုအရမ်းပျက်စီးစေပါတယ်။ တစ်နေကုန်မိတ်ကပ်လိမ်းထားတာက အဆီဂလင်းနဲ့ချွေးဂလင်းကိုပိတ်စေပါတယ်။
တစ်ညလုံးသာဆိုရင်တော့.....😬 ဒါကြောင့် အပြင်ကပြန်ရောက်တာနဲ့မိတ်ကပ်ဖျက်ပါ။ ဘယ်လောက်ပဲပင်ပန်းနေပါစေ( ၅ )မိနစ်လောက်တော့ အချိန်ယူပြီး ဂရုတစိုက်လုပ်ပေးပါ။

၇။Skincare လုပ်ပြီးတာနဲ့ တန်းအိပ်တာ

Skin ကို care တာလား? ခေါင်းအုံးကို care တာလား? မသဲကွဲဘူး skincare လုပ်ပြီးတန်းအိပ်ရင် product တွေကအသားထဲစိမ့်မဝင်ဘဲ ခေါင်းအုံးထဲပဲဝင်သွားပါလိမ့်မယ်မအိပ်ခင် (၁)နာရီအလိုမှာ skincare လုပ်ပေးပါ။
Skincare ပြီးရင် အိပ်မချပါနဲ့။ Product တွေအသားထဲသေချာစိမ့်ဝင်ပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါ။
အားလုံးအတွက်တစ်စုံတစ်ရာ အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဗဟုသုတရစရာအကြောင်းအရာလေးတွေ တင်ဆက်ပေးအုန်းမှာဖြစ်လို့ like and shareလုပ်ထားဖို့ မမေ့နဲ့နော်။

12/09/2021

မျက်နှာကို ရေခဲနှင့်ပွတ်ရင် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ချက်

မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည့်အနက်မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့် ကုသနည်းလေးကို တင်ပြပေး လိုက်ပါတယ်

ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင်ဖြစ်ပါတယ်

လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ်

(၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ်

ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း
အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ ဖြစ်ပါတယ်။

(၂) မျက်နှာပေါ်မှ အရာများကို ဖယ်ရှားနိုင်ခြင်း

မျက်နှာပေါ်မှာ ရှိတဲ့ အမည်းစက်များ၊ ဝက်ခြံများ သာမကဘဲ ရောင်ရမ်းခြင်းနှင့် မျက်နှာ နီမြန်းခြင်းကို သက်သာစေနိုင် ပါတယ်။

(၃) မျက်လုံးအောက်က အရေအကြောင်းများကို ကုသပေးနိုင်ပါတယ်

ညဘက်မအိပ်ခင်မှာ သခွားသီးဖြင့် ရောစပ်ကာ အသုံးပြုခြင်းဖြင့် မျက်လုံးအောက်မှ အရေး အကြောင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။

(၄) Toner အဖြင့်လည်း အသုံးပြုနိုင်ပါတယ်

မိတ်ကပ်များ မလိမ်းခင် မျက်နှာပေါ်မှာရှိတဲ့ အညစ် အကြေးများကို သန့်စင်စေရန် ရေခဲတုံးကို Toner အဖြင့်လည်း သုံးနိုင်ပါတယ်။

(၅) မိတ်ကပ်အစားသုံးနိုင်ပါတယ်

အကယ်၍ မိတ်ကပ်လိမ်းဖို့ အချိန် မရှိဘူး ဆိုရင် ရေခဲတုံးကို အဝတ်စဖြင့် ပတ်ပြီး မျက်နှာ တစ်ခုလုံး ပွတ်တိုက်နိုင်ပါတယ်။ ထိုအခါ မျက်နှာဟာ ကြည်
လင် လာပြီး သဘာဝ မျက်နှာ ပုံစံဖြစ်သွားနိုင်ပါတယ်။

(၆) ပါးရေနားရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်

နောက်ဆုံး အချက်ကတော့ ရေခဲတုံးဟာ ပါးရေနားရေတွန့်ခြင်းနှင့် မျက်နှာအရေး အကြောင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ အတွက်ကြောင့် ရေခဲတုံးကိုမျက်နှာ အသားအရည် အတွက် မရှိမဖြစ် အသုံးပြုနိုင်ရန် တင်ပြပေး လိုက်ပါတယ်။

Photos from July's post 21/07/2021

ကိုယ်ခံအားကောင်းဖို့ 💪

Vitamin C အများဆုံးပါတဲ့ 🍊🥭🍍 🥦🥔🌶️

အသီးအနှံလေးတွေ စားကြရအောင်••••••။ ❣

#အားလုံးဘေးရန်ကင်းကွာကပ်အပေါင်းမှလွတ်ကင်းနိုင်ကြပါစေ 🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bahan
Yangon