Thiri -Skincare & Lifestyle
အလှအပနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေမျှဝေပေးမှာဖြစ်ပါတယ်
18/05/2025
ပိုကောင်းတဲ့ အနာဂတ်တွေလိုချင်ရင်
ပိုကောင်းတဲ့ လုပ်ရပ်တွေလုပ်ဖို့ အာရုံစိုက်ပါ ✅
04/05/2025
အတိတ်ကို ထိုင်ဆွေးနေတာ၊
အနာဂတ်ကို စိုးရိမ်နေတာ၊
လူတွေဘယ်လိုထင်သွားမလဲ တွေးပူနေတာ၊
ဒါတွေလုပ်ဖို့ သုံးနေရတဲ့
Energy တွေအားလုံးကို
ကိုယ်ထိန်းချုပ်နိုင်တဲ့
ကိုယ့်ရဲ့ Action တွေအပေါ်မှာ
လမ်းကြောင်းပြောင်းပြီး အသုံးချနိုင်ရင်
တိုးတက်မှုနှုန်း ပိုမြန်လာတာကို
သတိထားမိလာလိမ့်မယ်။
ဘဝဆိုတာ
လုပ်ရင်ဖြစ်နိုင်ပါ့မလား တွေးပူနေရုံနဲ့
ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။
ဖြစ်နိုင်၊ မဖြစ်နိုင်သိရဖို့က
အရင်လုပ်ကြည့်လိုက်တာကောင်းတယ်။
ကိုယ်အပင်ပန်းခံခဲ့တဲ့ ကြိုးစားမှုတိုင်းက
အလကားမဖြစ်ဘူး။
နောက်ဆုံး အလုပ်မဖြစ်ခဲ့ရင်တောင်
အရင်ထက် လေး၊ ငါးဆပိုသာတဲ့နေရာကို
ရောက်နေမယ်ဆိုတာကို
မမေ့ဖို့လိုပါတယ်။
ToeTet
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။
စာသားလေးသဘောကျလို့တင်ပေးလက်ပီနော်
#ရပ်တန့်နေခြင်းကကျရှုံးခြင်းအစမို့ဆက်တိုက်သင်ယူပီးဆက်လက်လုပ်ဆောင်ပါ
&lifestyle
01/05/2025
ဆံသားခြောက်တဲ့ ပြဿနာဘယ်လိုဖြေရှင်းမလဲ?
ဆံသားခြောက် တယ်ဆိုတာ မိန်းကလေးတွေအတွက်တော့ စိတ်ညစ်စရာ ကိစ္စ တစ်ခုပါပဲ။
နေပူထဲ မကြာခဏထွက်တာ၊ ဆေးလိပ်သောက်တာ၊ ခေါင်းမကြာခဏ လျှော်တာကြောင့်ရော၊
ဆံပင်ဖြောင့်၊ ကောက် ခဏခဏ လုပ်နေတဲ့အခါမှာ ဆံသားဟာ ကြမ်းပြီး ခြောက်လာတယ်။ ကျန်းမာရေးပြဿနာ ကြီးကြီးမားမား မရှိပေမဲ့ မိန်းကလေးတွေအတွက်တော့
ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာစေတဲ့ ကိစ္စပါပဲ။
ဒါကြောင့် ဆံသားခြောက်လို့ စိတ်ညစ်နေတဲ့ မိန်းကလေးတွေအတွက် အိမ်မှာ အလွယ်တကူ
လုပ်ယူပြင်ဆင်လို့ ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလက်ပါတယ်
၁။ ပျက်စီးနေတဲ့ ဆံသားအစလေးတွေကို ညှပ်ပစ်ပါ။
ဆံသားခြောက် ပြီးပျက်စီးနေပြီဆိုရင် အသစ်ပြန်ပြင်ဆင်ဖို့အတွက်
ညှပ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။
ပျက်စီးနေတဲ့ ဆံသားတွေကို ညှပ်လိုက်တဲ့အခါမှာ နဂိုကောင်းမွန်တဲ့ ဆံသားတွေ ပြန်ပေါက်လာစေနိုင်ပါတယ်။
၂။ ဖြည့်စွက်စာအားဆေးတွေ သောက်ပေးပါ။
တချို့သော အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ကို အားဖြစ်စေပြီး ပျက်စီးနေတဲ့ ဆံသားကို အကောင်းအတိုင်း ပြန်လည်ကျန်းမာလာစေနိုင်ပါတယ်။
ဗီတာမင် A ၊ ဗီတာမင် C နဲ့ သံဓာတ်တွေဟာ ကိုယ့်ရဲ့ ဆံသားကို
ကျန်းမာလှပစေပြီး ပြန်လည်စိုပြေတောက်ပလာစေနိုင်ပါတယ်။
ဒီအာဟာရဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးတာဖြစ်စေ၊ ဖြည့်စွက်အားဆေး သောက်ပေးတာ ဖြစ်စေ ပြုလုပ်ပေးနိုင်ပါတယ်။
၃။ ငါးကြီးဆီ နေ့စဉ်စားပေးပါ။
Omega-3 ငါးကြီးဆီဟာ အသားအရေကို လှပစေတယ်။
ကိုယ်ခန္ဓာကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေတယ်။
ဆံသားပါးတာ၊ ခြောက်ပြီး ကြမ်းလာတာကို ကာကွယ်ပေးနိုင်ပြီး ပျက်စီးနေတဲ့ ဆံကေသာကိုလည်း အကောင်းအတိုင်းဖြစ်အောင် ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
ဆော်လ်မွန်ငါး၊ တူနာငါး၊ ငါးကွမ်းရှပ်၊ ပင်လယ်စာတွေမှာ ငါးကြီးဆီ ကြွယ်ဝတဲ့အတွက်
နေ့စဉ် မဖြစ်မနေ စားပေးသင့်ပါတယ်။
အခွံမာသီး၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီးတွေမှာ ကိုယ်ခန္ဓာအကျိုးပြု အာဟာရဓါတ်တွေနဲ့ Antioxidant တွေအပြင် ဆံသားကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။
၄။ နေ့တိုင်း ခေါင်းလျှော်ပေးဖို့ မလိုပါဘူး။
ခေါင်းလျှော်ရည်ဟာ ဦးရေပြားပေါ်က အညစ်အကြေး၊ ဖုန်မှုန့်၊ ချွေးတွေကို ဖယ်ရှားပေးနိုင်ပေမယ့် တစ်ချိန်ထဲမှာပဲ ဆံသားကို ကျန်းမာစေတဲ့ ဦးရေပြားပေါ်က အဆီတွေကို ဖယ်ရှားပေးလိုက်နိုင်ပါတယ်။
ဒါကြောင့် ခေါင်းကို နေ့တိုင်းလျှော်မယ့်အစား တစ်ရက်ခြား တစ်ခါ လျှော်ပေးတာက အကောင်းဆုံးပါပဲ။
၅။ ဆံပင်အခြောက်ခံစက် အသုံးမပြုပါနဲ့။
ဆံသားခြောက်လာခြင်းရဲ့ အဓိကတရားခံကတော့ ဆံပင်အခြောက်ခံစက်က ထွက်လာတဲ့ အပူငွေ့တွေပါပဲ။
ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်အခြောက်ခံစက်နဲ့ အပူပေးလိုက်တဲ့အခါ
ဦးရေပြားပေါ်မှာ ကျန်နေတဲ့ အဆီတွေကို ဖယ်လိုက်ပြီး ဆံပင်သားကို ကြမ်းတမ်းခြောက်သွေ့သွားစေနိုင်ပါတယ်။
ဒါကြောင့် အရေးကြီးအပြင်သွားစရာ မရှိဘူးဆိုရင်တော့ ခေါင်းလျှော်ပြီးရင် မျက်နှာသုတ်ပဝါနဲ့ပဲ ဆံပင်ကို ခြောက်အောင် သုတ်ပေးပါ။
၆။ အပူပေးစက်တွေနဲ့ ဆံပင်ပုံသွင်းတာတွေ ရပ်လိုက်ပါတော့။
ဆံပင်ဖြောင့်ဖို့၊ ကောက်ဖို့၊ ပုံသွင်းဖို့အတွက် အပူပေးစက်တွေ အသုံးပြုလိုက်တဲ့အခါမှာ
ဆံသားကို ပျက်စီးပြီး ကြမ်းတမ်းခြောက်သွေ့သွားစေနိုင်ပါတယ်။
၇။ ရေအေးနဲ့ ခေါင်းလျှော်ပေးပါ။
ရေပူရေအေးနဲ့ ရေချိုးတဲ့အခါမှာ မတူညီတဲ့ အာနိသင် အကျိုးကျေးဇူးတွေ ရှိပါတယ်။
ရေအေးနဲ့ ခေါင်းလျှော်တဲ့အခါမှာ ဆံသားအမြန်ပေါက်လာစေဖို့ ကူညီပေးတယ်။
ဦးရေပြားကို အေးမြပြီး လန်းဆန်းစေတယ်။
ဆံသားခြောက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
၈။ ဆီသန့် လိမ်းပေးပါ။
သဘာဝဆီသန့်တွေဟာ ခြောက်သွေ့နေတဲ့ ဆံသားတွေအတွက် အကောင်းဆုံးပါပဲ။
အုန်းဆီ၊ သံလွင်ဆီ၊ လာဗင်ဒါဆီ အစရှိသဖြင့် ဆီတွေဟာ ဆံသားကို ချောမွေ့တောက်ပစေတယ်။
ဦးရေပြားကို ကျန်းမာစေပြီး ပျက်စီးနေတဲ့ ဆံသားကို ပြန်လည်ပြုပြင်ပေးတယ်။
ဆံပင်ကို ပုံမှန်အတိုင်း ပြန်လည်ပေါက်လာစေပါတယ်။
၉။ အပြင်ထွက်ရင် ဦးထုပ်ဆောင်းပါ။
ခရမ်းလွန်ရောင်ခြည်တွေဟာ အသားအရေအတွက်သာမက ဆံသားကို ပျက်စီးကြမ်းတမ်းပြီး
ခြောက်ေသွ့စေနိုင်ပါတယ်။
ဒါကြောင့် အပြင်ထွက်တဲ့အခါ ဦးထုပ်ဆောင်းပေးပါ။ နေရောင်ခြည်နဲ့ ဆံသားကို တိုက်ရိုက်မထိတွေ့ဖို့ အရေးကြီးပါတယ်။
#ဒီအချက်လေးတွေကိုသေချာလေးအချိန်ပေးပီးလိုက်လုပ်ကြည့်ပါဆံသားခြောက်ေသွ့ခြင်းကနေကာကွယ်ပေးနိုင်ပါလိမ့်မယ်
ပါကင်ဖောက်😂 ချင်လို့😛
မသုံရသေးဘူး
မနက်ဖန်သုံးမှာပါ Review တအားရပီး ရလဒ် ထွက်သူများလို့
Thiri ရောင်းပေးမဲ့ ပစည်းလေးနော်
ဆံပင်ဗောက်ပျောက်ချင်သူနဲ့
ဆံပင် အသစ်ပြန်ပေါက်ချင်သူပဲ သုံးရမဲ့ ပစည်းမို့
တလသုံးရုံနဲ့ မသိသာရင်ငွေပြန်အမ်းမဲ့ထိ အာမခံပေးထားလို့ သုံးကြည့်ကြမယ်
06/10/2024
📍မအိပ်ခင်လေး🥰📍
စိတ်မပျက်ပါနဲ့၊ အားမလျှော့ပါနဲ့
တခါတလေ စိတ်ညစ်ညူးနေတဲ့ အချိန်မှာ
သင့်ရဲ့ခံစားချက်တွေဟာ
လုံးဝ သဘာဝကျပါတယ်။
ဘဝဆိုတာ အမွဲတမျး
ချောမွေ့နေတာ မဟုတ်ပါဘူး။
အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့
ရင်ဆိုင်ရတဲ့အခါ ရှိတတ်ပါတယ်။
ဒါပေမယ့် ဒါလေးကိုမမေ့ပါနဲ့ -
1. ဒီအခြေအနေက ယာယီပါပဲ။
အချိန်တိုင်း ပြောင်းလဲနေပါတယ်။
2. သင့်မှာ ခက်ခဲမှုတွေကို
ကျော်လွှားနိုင်တဲ့ စွမ်းအားရှိပါတယ်။
3. တစ်ဆင့်ချင်းစီ ရှေ့ဆက်လှမ်းပါ။
သေးငယ်တဲ့ အောင်မြင်မှုလေးတွေကနေ စတင်ပါ။
4. သင့်ကို နားလည်ပေးမယ့်၊
အားပေးမယ့် သူတွေနဲ့
ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။
5. ကိုယ့်ကိုယ်ကို
သနားကြင်နာတတ်ပါစေ။
ပိုကောင်းတဲ့နေ့ရက်တွေ ရောက်လာမှာပါ။
သင်ဟာ ခိုင်မာပြီး ခံနိုင်ရည်ရှိသူပါ။
ဒီစိန်ခေါ်မှုကိုလည်း ကျော်ဖြတ်နိုင်မှာပါ။
မနက်ဖြန်ဟာ ပိုကောင်းတဲ့နေ့ ဖြစ်မှာပါ။
Phyo Paing @ Derek
30/05/2024
ဝက်ခြံနဲ့ အဆီဖုသမားတွေအတွက်
နည်လမ်းလေးတွေဆက်တိုက်လာပေးမယ်နော်
30/05/2024
မနာလိုစိတ်ဆိုတာ
ကောင်းတဲ့အရာ မဟုတ်ပါဘူး။
မမွေးမြူတာ အကောင်းဆုံးပါပဲ။
သူက ကိုယ့်ထက်သာနေလို့ သူ့လိုဖြစ်ချင်ရင်
သူ့လို လိုက်ကြိုးစားပါ။
သူ့လိုဖြစ်အောင် လုပ်ပါ။
ကိုယ်လည်း ဖြစ်လာနိုင်ပါတယ်။
ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို
အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်ဆိုရင်
ကိုယ့်မှာ မကောင်းတဲ့ စိတ်ဓာတ်တွေ အရည်အသွေးတွေ မရှိနေမှ ဖြစ်မှာပါ။
အများကြီးမဟုတ်ရင်တောင် ပြည့်ဝတဲ့ စိတ်ဓာတ်လေးတော့ ရှိအောင်ကြိုးစားပါ။
ကိုယ့်ထက်သာရင် မနာလိုတယ်ဆိုတဲ့
အရာကြီးက စိတ်ကိုတင်မကပဲ
လူကိုပါ ရုပ်ဆိုးစေတာမို့ မထားတာအကောင်းဆုံးပါပဲ။
ကိုယ့်စိတ်နဲ့ကိုယ် ပူလောင်မခံပါနဲ့။
ရုပ်ဆိုးမခံပါနဲ့။
လှအောင်ပဲနေပါ
စိတ်ထားလှရင် လူကလည်း သူ့အလိုလို လှလာပါလိမ့်မယ်။
#အရှင်ကုသလ(ရွှေယုံ)
Fairy ရဲ့ ၅နှစ်ပြည့်ပွဲကြီးမှာ
မင်းသားတွေနဲ့အတူ ပွဲတက်ခွင့်ရခဲ့တာ
၅နှစ်ရှိသွားပီ
အစစအရာရာတိုင်စ Supporting အပြည့်အဝပေးလို့ ကျေးဇူးပါ Fairy 🧚♀️🧚♀️🧚♀️
အခက်အခဲတွေက်ုတွေးမကြောက်ပဲ
ဆက်ကြိုးစာစပါ
ကိုယ့်ကံတွေကောင်းလာရင် အခွင့်အရေးတွေ အများကြီး ပိုရလာပါလိမ့်မဟ်
😍
အိမ်မှာနေရင်း တအားပူလို့
ဘာskincare မှ မျက်နှာပေါ်မတင်ချင်ရင်တောင်
ဒီ၂မျိုးလေးတော့ သုံးပေးနော်
အပြင်မထွက်ရင် တအားအများကြီးမဟုတ်ပဲ
ပေါ့ပေါ့ပါးပါးလေးဖစ်အောင်တော့
လူးထားပါ
ဒါမှ ဝက်ခြံကော တင်းတိတ်ပါ သက်သာစေမှာပါ
02/05/2024
အလုပ်လုပ်ပါ ... လှအောင်နေပါ... ပြီးတော့စာဖတ်ပါ
စီးပွားတူတိုင်းရန်သူမဟုတ်ပါ..
စီးပွားတူတွေများလေ
Creative ပိုဖြစ်လေပါ
ပင်လယ်ရေသောက်မကုန်ပါဘူး။
တဦးတည်း monopoly စနစ်က
ကျန်ခဲ့တာကြာပါပြီ
သူများလုပ်တဲ့အလုပ်မလို့
မလုပ်ချင်ဘူးမစဉ်းစားပါနဲ့။
ဒါဆိုဘာမှကို လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။
ကိုယ့်အတွေးနဲ့ ကိုယ် ၊
ကိုယ်မိတ်နဲ့ ကိုယ် ၊ ကိုယ့်ပုံစံနဲ့ ကိုယ်ပါပဲ။
အမျိုးအစားချင်းတူတောင် qualityချင်းမတူဘူး။
Qualityချင်းတူတောင် ထုပ်ပိုးမှုချင်းမတူဘူး။
ထုပ်ပိုးမှုချင်းတူရင်တောင်ဝန်ဆောင်မှုချင်းမတူဘူး။
ဝန်ဆောင်မှုချင်းတူတောင် management system ချင်းမတူဘူး ။
Management systemချင်းတူရင်တောင်
location အလွယ်ရနိုင်ပုံချင်းမတူဘူး။
နောက် ကံတရားချင်းလည်း မတူပါဘူး
ပြိုင်ဘက်မရှိတဲ့စျေးကွက်ဆိုတာလည်းမရှိဘူး ။
Townshipတခုထဲပြိုင်ဘက်မရှိရင် မြို့ထဲမှာ ပြိုင်ဘက်ရှိမယ်
တမြို့လုံးဘယ်သူမှပြိုင်ဘက်မရှိရင် တခြားမြို့မှာ ပြိုင်ဘက်ရှိမယ်။
တခြားမြို့မှာပြိုင်ဘက်မရှိရင် တခြားနိုင်ငံမှာတော့ပြိုင်ဘက်ရှိမယ်။
တခုပဲ အတွေးတခုရတာနဲ့အကောင်အထည်ဖော်ပြီး လုပ်နိုင်အောင်သာလုပ်ပါနော်။
အတွေးကိုအတွေးထဲ ထားရင်တော့လက်တွေ့မှာ ဘာမှရမည်မဟုတ်။
တစ်ခုပဲ ဘာပဲလုပ်လုပ်စေတနာထားပြီးလုပ်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon