Shwe Pyae San

Shwe Pyae San

Share

NAMI cosmetic & Boom Products လက်လီလက်ကား

03/09/2022

ဘာ့ကြောင့် ဝက်ခြံအမြဲထွက်နေလဲ

အစားအသောက်နဲ့ ဝက်ခြံဟာ အမှန်တကယ် ဆက်စပ်နေပါတယ်။ အရေပြားကျန်းမာရေးမှာ အစားအသောက်က အရေးပါသလို စားသောကိနေထိုင်ပုံမမှန်ရင် ဝက်ခြံထွက်တတ်တယ်။ခေတ်သစ်ဆေးပညာရဲ့ ဖခင်ကြီးဖြစ်တဲ့ hippocrates က "let food be your medicine and let medicine be your food" အစာလည်းဆေး၊ ဆေးလည်း အစာဆိုတဲ့ သဘောမျိုး ပြောခဲ့ဖူးပါတယ်။ အစားအသောက်ဟာ လူတယောက်ရဲ့ ကျန်းမာရေးကို များစွာပြောင်းလဲနိုင်သလို အလှအပအတွက်လည်း အရေးပါတယ်။

အရေပြားမှာ မွှေးညှင်းပေါက်က အရေးကြီးတယ်။ ချွေးဂလင်းနဲ့ မွှေးညှင်းပေါက် ကလွဲရင် ကျန်တဲ့နေရာတွေဟာ အလုံပိတ်ဖြစ်ပါတယ်။ မွှေးညှင်းပေါက်မှန်သမျှ လူ့အရေပြားအတွင်းပိုင်း အဆီလွှာရဲ့ အောက်ဖက်ကနေ ထွက်လာတယ်။ အဆိုပါမွှေးညှင်းပေါက်(hair follicles)ဟာ အဆီဂလင်း(sebaceous gland)တွေနဲ့ ဆက်စပ်နေပါတယ်။အဆီဂလင်းရဲ့တာဝန်က အဆီတမျိုးဖြစ်တဲ့ sebumကို ထုတ်ပေးပြီး အရေပြားနဲ့ ဆံပင်ကို အစိုဓာတ်ရအောင် ထောက်ပံ့ပေးပါတယ်။

ပုံမှန်အားဖြင့် အဆီ(sebum)ထဲမှာ triglycerides (40-60%), cerides (19-26%), squalene(11-15%) နဲ့ ကိုလက်စတော အနည်းအကျဉ်းပါဝင်တယ်။ လက်ဖဝါး၊ခြေဖဝါးကလွဲရင် လူ့ခန္ဓာကိုယ်တစ်ခုလူံးမှာ မွှေးညင်းပေါက်တွေ ရှိပါတယ်။ ပြဿနာကလည်း အဲဒီမွှေးညှင်းပေါက်တွေ ဖြစ်တယ်။ မွှေးညင်းပေါက်ပိတ်ဆို့ရင် ဝက်ခြံထွက်လာတယ်။ လူပျိုပေါက်အရွယ်မှာ လူငယ်အများစု ဝက်ခြံထွက်လေ့ဂှိပါတယ်။ ဒီအရွယ်မှာ testosterone နဲ့ estrogen ထက် growth hormone အပြောင်းအလဲကြောင့် ပိုဖြစ်တတိကြတယ်။ အစားအသောက်ကလည်း ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေပြီး အဆီဂလင်းထုတ်လုပ်မှုကို များစေနိုင်တယ်။

လူ့အရေပြားဟာ ခြောက်သွေ့ပျက်ဆီးလွယ်တယ်။ ပျက်ဆီးတဲ့ဆဲလ်သေတွေဟာ တစ်လတစ်ခါ ကွာကျရတယ်။ ကွာကျတဲ့ ဆဲလ်နေရာမှာ ဆဲလ်အသစ်က ပြန်လည်ဖြစ်ပေါ်လာတယ်။ ဆဲလ်သေကွာကျမှုနည်းတာလည်း မကောင်းပါဘူး။ ဆဲလ်ဟောင်းတွေက အဆီဂလင်းကို ပိတ်ဆို့မှာမို့ ဝက်ခြံထွက်နိုင်ချေ များလာပါတယ်။ ပြောစရာနောက်တချက်က မျက်နှာအဆီပြန်ခြင်းပါ။ မျက်နှာအဆီပြန်ရင် အရေပြားစေးကပ်လာပြီး ဖုန်၊ပိုးမွှားတွေက မွှေးညှင်းပေါက်တွေမှာ ပိတ်ဆို့ပါမယ်။ ဝက်ခြံဖြစ်စေတဲ့ propionibacteria ဟာ အောကိစီဂျင်မရှိတဲ့ အနေအထားမှာ ကောင်းစွာပေါက်ဖွားနိုင်တယ်။ ဗက်တီးရီးယားစတင်ပေါက်ဖွားတာနဲ့ အဆီဂလင်းရောင်ပြီး ဝက်ခြံဖုထွက်လာတယ်။ ဒီအချိန်မှာ အပြင်က keratin ဆဲလ်သေနဲ့ ပိတ်ဆ်ု့နေတာကြောင့် ဝက်ခြံကို မမြင်နိုင်သေးပါ။ ဒီအဆင့်ကို မြုံတဲ့အဆင့်လို့ သတ်မှတ်တယ်။ မြုံနေတဲ့ ဝက်ခြံဟာ အပေါ်ယံဆဲလ်သေကွာကျလာမှသာ ပြည်တည်နာ ဝက်ခြံအိတ်ကို စတင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

keratin ဆိုတာ အရေပြားအပြင်လွှာ epidermis မှာရှိတဲ့ အမျှင်ဓာတ်ပရိုတင်း တမျိုးဖြစ်ပါတယ်။ keratinocyte ခေါ်တဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတယ်။ မြင်လွယ်အောင်ပြောရရင် ဆံပင်၊ခြေသည်း၊ လက်သည်း စတာတွေကို keratinနဲ့ ဖွဲ့စည်းထားတယ်။ လက်သည်း၊ခြေသည်းမှာ keratin (၇၇%)၊ ရေ(၁၈%) နဲ့ အဆီ (၅%) ပါဝင်တယ်။ လက်သည်းဟာ keratin အလွှာ (၁၀၀)လောက်နဲ့ အထပ်ထပ်ဖွဲ့စည်းထားပြီး ခြေသည်းကတော့ အလွှာပေါင်း(၁၅၀)လောက်နဲ့ အထပ်ထပ်ဖိအုပ်ထားတယ်။ ဆံပင်မှာ keratin (၉၀%)၊ ရေဓာတ်(၉%)ပါဝင်ပြီး ရောင်ခြယ် (၁%) ခန့်သာ ပါဝင်တယ်။ခြောက်သွေ့တဲ့ ဆံသားမှာ ရေဓာတ်ပါဝင်မှု ပိုနည်းပါမယ်။ တိရိစ္ဆာန်တွေရဲ့ ခြေသည်း လက်သည်းတွေကလည်း keratin တွေသာ ဖြစ်တယ်။ အရေပြားမှာ keratin တွေက မာကျောမှုမရှိပဲ ခြေသည်းလက်သည်းတွေကတော့ အလွှာအထပ်ထပ် ဖိသိပ်ကျပ်ညှပ်အောင် ပြုလုပ်ထားတာမို့ မာကျောလှပါတယ်။ သို့သော် ရေဓာတ်ပါဝင်မှု နည်းတာကြောင့် ပိုမိုထိခိုက်ပျက်ဆီးလွယ်တယ်။

အရေပြားမှာ keratin ထုတ်လုပ်မှု အဆမတန်များတာကို hyperkeratosis ခေါ်ပါတယ်။ အပေါ်ယံအရေပြားက တဖြည်းဖြည်း ထူလာမယ်။ ထူလာတဲ့အရေပြားဟာ အဆီဂလင်းကို သွားရောက်ပိတ်ဆ်ု့ရင် ဝက်ခြံထွက်လာပါတယ်။ hyperkeratosis မှာ salicylic acid တွေက အသုံဝင်တယ်။ salicylic acid သာမက lactic acid, citric acid နဲ့ glycolic acid တွေကလည်း သုံးနိုင်တယ်။ အပေါ်ယံဆဲလ်သေကို ကွာကျစေတယ်။ keratin ထုတ်လုပ်မှုလျှော့ချရာမှာ vitamin A နဲ့ zinc ရဲ့ အခန်းကဏ္ဌကိုလည်း မမေ့အပ်ပါ။ magnesium, vitamin D စတာတွေကလည်း ဝက်ခြံနဲ့ အဆီဂလင်း ထုတ်လုပ်မှုလျှော့နည်းစေတယ်။

အရေပြား ခြောက်သွေ့ယားယံပြီး အကြေးခွံလန်တာမျိုးဟာ omega 3 fatty acid ချို့တဲ့လို့ ဖြစ်ပါတယ်။ လိုအပ်ရင် omega 3 လိုဆေးမျိုး သောက်ရပါတယ်။ အနောက်နိုင်ငံတွေရဲ့ စားသောက်နေထိုင်မှုပုံစံအရ omega 6: omega 3 အချိုးအဆက 10 :1 ဖြစ်နေပါတယ်။ အရှေ့တိုင်းမှာတော့ 3:1 အချိုးအဆရှိတယ်။ omega 6 များတဲ့အစားအသောက်တွေဟာ pro-inflammatory mediator ကို မြင့်တက်လာပြီး ရောင်ရမ်းဝက်ခြံကို ဖြစ်ပေါ်စေတယ်။ဒါ့ကြောင့် ရောင်ရမ်းဝက်ခြံတွေမှာ omega 3 သုံးနိုင်တယ်။

ဝက်ခြံကုသရာမှာ ဗီတာမင် အေက အသုံးဝင်တယ်။ Retinol (vitamin A), carotenoids(provitamin A), retinoids(vitamin A metabolites) တွေကို ဝက်ခြံပျောက်ဆေးအနေနဲ့ သုံးကြတယ်။ ဝက်ခြံကုသတဲ့အခါ Minocycline သောက်ဆေးက ဝက်ခြံကို ၆၆% ထိ လျှော့ကျစေနိုင်ပါတယ်။ အဆီဖုဝက်ခြံမှာ vitamin Aနဲ့ D ကအရေးကြီးပါတယ်။ ဝက်ခြံအတွက် vitamin A 10000IU လောက်လိုအပ်ပါတယ်၊ ပုံမှန်အားဖြင့် သောက်လိုက်တဲ့ vitamin A ရဲ့ ၁၂ ပုံ ၁ ပုံကပဲ သွေးကြောထဲရောက်တယ်။

သတ္တုဓာတ်ချို့တဲ့မှုကလည်း ဝကိခြံကို ပ်ိုဆ်ိုးစေတယ်။ သွပ်ဓာတ်၊ ကော့ပါး၊ အိုင်အိုဒင်း စတာတွေဟာ ဝက်ခြံမပေါက်အောင် ကာကွယ်ပေးနိုင်တယ်။ နေ့စဉ် သွပ်ဓာတ် 30mg သောက်ခြင်းဟာ ဝက်ခြံဖြစ်ပွားမှုကို (၅၀)ရာခိုင်နှုန်းနိးပါး ကာကွယ်နိုင်တယ်။ ဒါ့ကြောင့် ဝက်ခြံထွက်နေစဉ် zinc 50mg တရက် နှစ်ကြိမ် သောက်ရတယ်။

ဝက်ခြံပျောက်ဖို့ အစာအိမ်ထဲကို ကောင်းတဲ့ probiotic ပိုးမွှားတွေ ရှ်ဖို့ လိုပါတယ်။ kombucha, ဂေါ်ဖီထုပ်ချဉ်(sauerkraut) နဲ့ ဆားရည်စိမ်သနပ်(pickles) ထဲမှာ probiotic အကျိုးပြုပိုးမွှားတွေပါတယ်။ ဆယ်လမွန်ငါးနဲ့ အခွံမာသီးတွေထဲမှာ အိုမီဂါသရီး ဖက်တီးအက်ဆစ်တွေပါတယ်။ ဒီဓာတ်က ဝက်ခြံအမာရွတ်နဲ့ ရောင်ရမ်းခြင်းကို သက်သာစေတယ်။

ဝက်ခြံထွက်ရင် ဖောက်တာ၊လက်နဲ့ကလိတာ၊အမြဲပွတ်သပ်နေတာ မှားယွင်းတဲ့အယူအဆဖြစ်တယ်။ ဝက်ခြံအမဲစက်ဟာ ဒီလိုလုပ်နဲ့သူတွေမှာ ပိုအဖြစ်များတယ်။ ဒါ့ကြောင့် လက်နဲ့အမြဲပွတ်သပ်နေတာမျိုးကို ရှောင်ကြဥ်သင့်တယ်။

ဒေါက်တာအေးမင်းထူး
၂၈.၁.၂၁

02/09/2022

စိတ်ထား​ကောင်း​ကောင်းထားပါ ​ပြောပီးတဲ့စကားကိုကတိတည်ပါ အာမခံပီးရင်တာဝန်ယူတတ်တဲ့စိတ်ရှိပါ ကိုယ်ချင်းစာစိတ်အပြည့်ထားပါ အလုပ်လုပ်ရင်လက်​ကျောတင်းပါ စိတ်မများနဲ့ ဒါဆိုရင်ဘာလုပ်လုပ်​အောင်မြင်မယ် ချမ်းသာမယ် 💯💯💯👍👍👍
❤ Ma April

27/08/2022

မိန်းကလေးတိုင်းသိထားသင့်တဲ့ဆံပင်အကြောင်း
=================================

နံပါတ် ၁

ခေါင်းမကြာခဏလျှော်ခြင်း”

တစ်ရက်ခြား တစ်ခါလိုလို ခေါင်းလျှော်တာ ကလည်း ဆံပင်ကို ကျွတ်စေပီး ဦးရေပြားပေါ်မှာ ရှိသင့်တဲ့ အဆီပမာဏ ခမ်းခြောက်ကာ ဗောက်လည်းထစေပါတယ်။ အဆီပြန်တတ်တဲ့ ဆံပင်ဆိုရင် အလွန်ဆုံး ၂ ရက်ခြားတစ်ခါသာလျှော်သင့် ပါတယ်။ သာမန်ဆံပင်မျိုးဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ် သာလျှော်သင့်ပါတယ် …။

နံပါတ် ၂
အမြဲတမ်း မကြာခဏ ဆံပင်ပုံသွင်းခြင်း”
Flat Iron , Iron Curler. Spray . gel . Wax glossy wax gel, များ သုံး၍ ပုံသွင်း ခြင်းကြောင့် ဆံပင် ကျွတ်ခြင်းနှင့် ဆံပင်သား ခြောက်သွေ့ပြီး ပျက်ဆီးစေပါတယ်။ သုံးပြီး တိုင်း ခေါင်းပြန်လျော် ပေးရပါမယ်နော်

နံပါတ် ၃

Unhealthy food များ daily စားသုံးခြင်း”

ကိုယ်တွင်းရှိ ရောဂါအခံအရ သော်လည်းကောင်း စိတ်ဖိအား Mental Stress ကြောင့်သော် လည်းကောင်း အသင့်စား အာလူးကြော်များ အချိုရည်များ စသောအစားအသောက် တွင် ဆီကြော်များ မသန့်ရှင်းသော အစားသောက်များ အသင့်စားအစားသောက်များ ကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ် ။

💁🏻‍♂️နံပါတ် ၄

လွဲမှားသော shampoo များသုံးစွဲမိခြင်း”

မိမိ ဆံသားနှင့် ဦးရေပြား ပေါ် တွင် ဗောက် မရှိသည် ကို ပရုတ်အေး ပါသော ဗောက် ပျောက် သော Shampoo များ .ဦးရေပြားအဆီပြန်သူက ( Oily Sclap ) moisture or Hydration Shampoo များနှင့် လျော်မိရင် ပို၍ အဆီပြန်ပြီး ဗောက်ထ ဆံပင် ကျွတ်နိုင်ပါ တယ်.
ဒီအချက်ကို အထူးဂရုစိုက်ပေးစေလိုပါတယ်။

နံပါတ် ၅

Conditioner နှင့် Hair Treatment များ လွဲမှားစွာသုံးမိခြင်း ”

Hair Treatment or Conditioner များကို သုံးစွဲရာတွင် ဦးရေပြားမှာ ပုံ၍ သုံးစွဲမိလျင် ဆံပင် ကျွတ် နိုင်ရုံမျှမက ဦရေပြားပျက်စီး ခြောက်သွေ့ စေပီး ဗောက်ထစေပါတယ်..

Conditioner သုံးတဲ့ အချိန်တိုင်း လည်း ဦးရေပြား ကို လုံးဝ မထိမိအောင် အထူး ဂရုစိုက်ပေးပါရှင့်

အခုဆိုရင် ခေါင်းလျှော်ရည်တွေ ဟာ သူ့ဟာနဲ့ သူ

အဆီပြန်မြန်သော ဆံသား
ဗောက်ထသော ဦးရေပြား
ဆံပင်ကျွတ် သက်သာစေတဲ့
ခေါင်းလျှော် ရည် အမျိုးမျိုး ရှိတာမို့ မိမိ နှင့် ကိုက်ညီမဲ့ ခေါင်းလျှော်ရည်တော့ ရွေးသုံး ဖို့ မမေ့ကြပါနဲ့နော် အနံ့လေးတွေလည်းမျိုးစုံမို့ စိတ်ကြိုက် ရွေးသုံးလို့ရပါတယ်ရှင့်။

👱‍♀️👱‍♀️👱‍♀️

ဆံပင်ကျွတ် သက်သာပြီးဆံသားအားဖြည့်ဆေးသုံးပါက
ဆံသားဦးရေပြဿနာအတွက် အကောင်းဆုံးပါ
Crd

16/08/2022

လူတစ်ယောက် တော်တာက သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။
အကယ်လို့ ကံကောင်းလို့တော်တယ်ဆိုရင် အများဆုံးသူတစ်ကြိမ်ပဲတော်နိုင်မှာပါ။
အကယ်၍ အကြိမ်ပေါင်းများစွာ ၊ အချိန်ကြာရှည်စွာလူတစ်ယောက်ကတော်တယ်ဆိုရင်အဲ့ဒီအရာကို အရည်အချင်းလို့ခေါ်ပါတယ်။
အရည်အချင်းက ခက်ခက်ခဲခဲ လေ့ကျင့်လို့ရလာတာပါ။
“ဘာဖြစ်လို့အဲ့လောက်တော်တာလဲ မွေးရာပါ ပါရမီလား” ဆိုပြီးတချို့ကမေးကျတယ်။
အဖြေက “မဟုတ်ပါဘူး။”
တော်ရတဲ့အကြောင်းရင်းက သူများထက်
* ပင်ပင်ပန်းပန်းလေ့ကျင့်လို့၊
* အရာမှန်သမျှသင်ယူလေ့လာလို့၊
* သူများထက်ပိုဖတ်လို့ ၊
* သူများထက်ပိုကြည့်လို့၊
* သူများထက်ပိုကြုံတွေ့ရလို့၊
* သူများထက်ပိုပြီးနာကျင်ရလို့ပဲ
လူတစ်ယောက်ကိုသူများထက်ပိုတော်အောင် ဖန်းတီးပေးတာပါ။
ဒါဆိုရင်နောက်မေးခွန်းတစ်ခုက
“ပါရမီကတကယ်ရှိလား”လို့ မေးလိမ့်မယ်။
အဖြေက “တကယ်ရှိပါတယ်။”
ဒါပေမဲ့ ပါရမီဆိုတဲ့အရာက ကျွန်တော်တို့ကိုအကြောင်းပြချက်မရှိပဲအရာတစ်ခုကို
နှစ်သက်အောင်လုပ်ပေးရုံပဲရှိပါတယ်။
ဒါကြောင့်ကျွန်တော်တို့အဲ့ဒီအရာကိုအာရုံစိုက်ပြီးလုပ်နိုင်တော့ အစပိုင်းမှာအဲ့ဒီအရာကိုကောင်းကောင်းဆောင်ရွက်နိုင်တာပေါ့ ။
ဒါပေမဲ့ရေရှည်အတွက် အဲ့ဒီပါရမီက မလုံလောက်ပါဘူး။ ဒါကြောင့်ဘယ်အရာမဆိုကျွန်တော်တို့ခက်ခက်ခဲခဲ လေ့ကျင့်ရမှအဲ့ဒီအရာအပေါ်တော်မယ့်လူတစ်ယောက်ဖြစ်မှာပါ ။
လွယ်လွယ်ပြောရရင် Bus ကားလိုမျိုးပါပဲ။
ကျွန်တော်တို့ကို လမ်းထိပ်ထိပဲချပေးမှာပါ။
အဲ့ဒီကနေ ကျွန်တော်တို့လူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ့်ပန်းတိုင်ကိုဆက်ပြီး
ကြိုးစားပြီးသွားရမှာပါ။ သူများထက်ပိုပြီးကြိုးစားလေ့ကျင့်ရင်သူများရဲ့အရှေ့မှာလျှောက်ရမှာပါ။ သူများလိုမလေ့ကျင့်မကြိုးစားတဲ့သူကတော့ နောက်ဆုတ်သလိုဖြစ်နေမှာပါ။
“ “ဒါကြောင့်ဒီလောကက မတရားဘူးလို့မပြောပါနဲ့။
တကယ်ဆိုရင် ကိုယ်ကိုတိုင် အသုံးမကျတာပါ။” ”
ဒါကြောင့်
တော်တာက ဘယ်တော့မှ ကံကောင်းမှုကြောင့်မဟုတ်ပါဘူး။
ဒါကြောင့်ဒီနေ့ကစပြီး ကိုယ့်စိတ်ထဲမှာ “သူဘာဖြစ်လို့တော်တာလဲ?”
ဆိုတဲ့မေးခွန်းကိုထုတ်ထားလိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့အဖြေကတစ်ခုပဲရှိပါတယ်။
“သူက သူများထက် ခက်ခက်ခဲခဲကြိုးစားလေ့ကျင့်ပြီးဝီရိယကိုပိုင်ဆိုင်ထားလို့ပါ။”

to Black Bin

15/08/2022

မောလက်ထှာ 🤪🤪

10/08/2022

🏃‍♂️
သင့် ခန္ဓာကိုယ်ကို ချစ်တတ်အောင် လေ့ကျင့်ပါ၊
အများစုက ကိုယ့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး
မလိုချင်တာမျိုးတွေ၊ အားငယ်တာမျိုးတွေ၊ စိတ်ပျက်တာမျိုးတွေ ​ဖြစ်နေတတ်တယ်...။

မင်းရဲ့ အားငယ်တတ်တဲ့ အကျင့်တွေ ၊စိတ်ပျက်တတ်တာတွေကို ခဏဖယ်ထားစမ်းပါ၊
မင်းရဲ့ လက်လေးတွေကို ကြည့်ပါအုံး၊ သူ့တို့တွေက မင်းရဲ့မျက်ရည်တွေကို ခြောက်သွေ့အောင်လုပ်ပေးနိုင်တယ်...။

မင်းရဲ့ခြေထောက်တွေကလည်း မင်းသွားချင်တဲ့နေရာ၊ မင်းအနှစ်သက်ဆုံးနေရာတွေကို လျှောက်လှမ်းစေတယ်၊ ​
မင်းအပေါ် မကောင်းတဲ့ လူတွေဆီကနေလည်း ရဲရဲကြီး ကျောခိုင်းစေနိုင်တယ်..။
မင်းခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီး​က မင်းအတွက် လိုအပ်သမျှဖြည့်ချည်းဆောင်ရွက်ပေးနေတာပါ...။

လေ့ကျင့်ခန်းများများလုပ်ပါ၊ ရေများများသောက်ပေးပါ၊ စိတ်ဖိစီးမှုတွေကို လျှော့ချပါ...။

တကယ်တော့ မင်းမှာအရေးကြီးတာက ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုတွေပဲ မဟုတ်ပါဘူး၊ ဒါတွေက မလိုအပ်ဘူးလို့လည်းမဆိုလိုဘူး...။
အရေးကြီးဆုံးကတော့ စိတ်ထားတတ်ဖို့နဲ့ တစ်ပါးသူအပေါ် ကိုယ့်စိတ်နဲ့နှိုင်းပြီး ကိုယ်ချင်းစာတရားထားပေးနိုင်ဖို့က ပိုအရေးတယ်...။

မင်းကိုယ်မင်း ချစ်ပါ၊
မင်းခန္ဓာကိုယ် ကိုလည်း တန်ဖိုးထားပါ။

လူဆိုတာ ကိုယ့်ကိုကိုယ် အရင်ချစ်တတ်ဖို့သင်ရတယ်။
ဒါမှ နောက်ပိုင်း ပိုမိုအဆင်​ပြေပါလိမ့်မယ်...။

ဟယ်ရီဟိန်း-

07/08/2022

မနာလိုတဲ့ စိတ်ဆိုတာက
ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တာကနေ ဖြစ်လာတာ

ကိုယ့်မှာ အရည်အချင်းမရှိတော့
သူများ ကိုယ့်ထက် သာသွားမှာကြောက်နေတာ

အဲဒီတော့
ကိုယ့်ကိုယ်ကိုယ် မြင်အောင်ကြည့်ပြီး
ဝမ်းစာ မဖြည့်ဘဲနဲ့
သူများနေရာကို ပျက်လို ပျက်စီးပါစေဆိုတဲ့ စိတ်နဲ့
အဘက်ဘက်က ချောက်တွန်းတော့တာပဲ

သူ မရှိမှ သူ့နေရာ
ကိုယ်ရမယ် ထင်နေတာ
သူ့အရည်အချင်း သူ့အဆင့်အတန်းကြောင့်
သူနဲ့ထိုက်တန်တဲ့နေရာ ရောက်နေတယ်လို့
မတွေးပေးနိုင်ဘူး ။

နေ့စဉ်နဲ့ အမျှ သူ့ကိုကြည့်ပြီး
ဘယ်လို တွန်းချရမလဲ အကွက်ချရမလဲ ဆိုတဲ့စိတ်နဲ့
စိတ်အေးအေးချမ်းချမ်း မနေရဘဲ
အမြဲ ပူလောင်နေရတာ

ကိုယ့်အရည်အချင်းကို ယုံတဲ့လူက
ပခုံးချင်းလာယှဉ်လည်း အပြုံးမပျက်ဘူး
တွန်းချလည်း သွေးမတိုးဘူး
မတော်တဆ လဲကျသွားရင်တောင်
ကိုယ်ပိုင် အရည်အချင်းနဲ့
ပြန်ပြီး ရပ်တည်နိုင်တယ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ် သိလို့

တချို့တွေက မနာလိုတဲ့နေရာမှာသာ
ဖြစ်ဖြစ်မြောက်မြောက်ရှိကြတာ
တကယ့်အရေး တကယ်ဆို
အရည်အချင်းလည်း မရှိဘူး
စိတ်ဓာတ်လည်း မမှန်ဘူး
စေတနာလည်း မပါဘူး

လူတစ်‌ယောက်ကို မနာလို ဖြစ်တယ်ဆိုတာ
သူက ကိုယ့်ထက် သာနေတာကို
လက် မခံနိုင်လို့ပဲ ။

လောကမှာ အရှိကို အရှိအတိုင်း
လက်မခံနိုင်ရင်
ပိုဆိုးပြီးရင်း ဆိုးလာဖို့ပဲရှိတယ်

တစ်ယောက်ယောက်ကို မုန်းနေမယ့်အစား
မနာလို စိတ်တွေ ထားနေမယ့်အစား
ကိုယ့်အတွက် ပိုပြီး အသုံးဝင် အကျိုးရှိမယ့်
အရာတွေအတွက် အချိန်ပေး
အာရုံစိုက်စေချင်ပါတယ် ။

#ဂျူး🙏🏻🌿

05/08/2022

🥰
"ဒီကနေ့"က အကောင်းဆုံးနေ့ရက်ပါပဲ။
"မနေ့က" အတွက် နောင်တမရပါနဲ့။
မနေ့ကရဲ့စိတ်ရှုပ်စရာ ဝန်ထုပ်ဝန်ပိုးတွေကို
ဒီကနေ့အထိ သယ်လာခဲ့ရင်
ရှေ့ဆက်ဖို့ ပိုလေးလံနှေးကွေးလိမ့်မယ်။
လုပ်ခဲ့မိတဲ့အမှားကို ပြင်ပါ။
မနက်ဖြန်အတွက် ခွန်အားကိုစုဆောင်းပါ။
ဒီကနေ့ရဲ့ကြိုးစားမှုကမှ
မနက်ဖြန်အတွက် အဓိကသော့ချက်ဖြစ်တယ်။
ဘဝကိုပြောင်းလဲဖို့ အခွင့်အရေးပေးပါ။
အလုပ်တစ်ခုကို ပြီးမြောက်အောင်လုပ်ကြည့်ပါ။
ဒါမှမဟုတ်
အကျင့်ဆိုးတစ်ခုကို စွန့်လွှတ်ကြည့်လိုက်ပါ။

04/08/2022

OS သမား​တွေ ပစ္စည်းပို့ရင်း
ခရီးသွားကြမယ်ကွာ 🤣🤣🤣

22/06/2022

ကိုယ်လုပ်နေတဲ့ အရာကို ချစ်ကြရဲ့လား‼️‼️

04/06/2022

ဝက်ခြံ အဆီဖုများ အကြောင်း
--------------------------------------------------------------------------------------------
✅ အရောင်အားဖြင့် အသားရောင် ရှိတတ်ပြီး၊ မနီ မနာသော အဖုသေးသေးလေးတွေပါ၊ အထူးသဖြင့် နဖူး၊ မေးစေ့မှာ အတွေ့များပြီး မရောင်ရမ်းသော ဝက်ခြံတမျိုးပေါ့ ။

✅ အမျိူးအစား ၂ မျိူးရှိပါတယ် ။
- Micro comedones ( သာမန်မျက်လုံးဖြင့် မမြင်နိုင်သော အဆီဖုဝက်ခြံ )
- Macro comedones ( 2-3 mm ထက်ပိုသော အဆီဖုဝက်ခြံ )

✅ အဆီဖု ဖြစ်ရတဲ့အကြောင်းအရင်းကတော့ -
မွှေးညှင်းနုလေးတွေရဲ့ ထွက်ပေါက်ပိတ်လို့ပါ ။

✅ အဆီဖု အတွေ့များတာကတော့ -
✔️ မျက်နှာ အဆီအရမ်းပြန်တဲ့ အသားရေနဲ့ ခြောက်သွေ့ယားယံတဲ့ အသားရေရှိတဲ့သူတွေ မှာ တွေ့ရတတ်ပါတယ် ။
.. ဒါ့အပြင်...

✔️ ဝက်ခြံထွက်စေသော Chemicals ( pomades , isopropyl myristate , propylene glycol , dyes မတည့်သော အရောင်ဆိုးဆေး) ပါသောပစ္စည်းများ သုံးမိတဲ့ သူတွေ
✔️ မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တက်တဲ့သူတွေ
✔️ ကြမ်းကြမ်းတမ်းတမ်း မျက်နှာသစ်တတ်တဲ့ သူတွေ
✔️ လက်သည်းနဲ့ ကုတ်ဖဲ့တတ်သူတွေ
✔️ သနပ်ခါးထူထူ၊ မိတ်ကပ်ထူထူ လိမ်းသူတွေ
✔️ ကိုယ်နဲ့မတည့်သော skin care , chemical , make up , သဘာဝ အိမ်တွင်းကုထုံး၊ သစ်ခေါက်၊ သစ်သီးအစေ့ဆံ သွေးလိမ်းမိသူတွေ
✔️ Chemical peeling , laser တွေ ခဏခဏ လုပ်တဲ့သူတွေ
✔️ ဆေးလိပ်သောက်တဲ့သူတွေမှာလဲ ဖြစ်တတ်ပါတယ် ။
✔️ အချိုနှင့်နို့ထွက်ပစ္စည်း၊ အဆီ ပါသော အစားစာတွေကြောင့် နှင့်
✔️ မျိုးရိုးဗီဇတို့ကြောင့်လဲ ဖြစ်တတ်ပါသေးတယ် ။

[ ဆောင်ရန် ရှောင်ရန် ]

✅ ဆောင်ရန် တွေကတော့ -
- မျက်နှာကို ညှင်သာစွာ သစ်ပါ ။
- Toner သုံးပါ။
- Moisturizer ကို အဆီ အရမ်းမပါသော water-based ကိုသုံးပါ။
- Suncream မဖြစ်မနေ သုံးပေးပါ။

🚫 ရှောင်ရမှာကတော့ -
- Scrub အရမ်းလုပ်တာတွေ
- Make up မဖြတ်ဘဲ အိပ်တာတွေ
- လေထု၊ ပတ်ဝန်းကျင် ညစ်ညမ်းတဲ့ နေရာ
- ဓါတ်မတည့်သော ဆံပင်ဆိုးဆေး ၊ skin cares တွေ
- လက်နဲ့ ခဏခဏ ကိုင်တာ ၊ ကုတ်တာတွေ ၊ ညှစ်တာတွေ
- ဆံပင်ကို နဖူး ၊ မျက်နှာ ပေါ်မှာချထားတာတွေ
- ဆေးလိပ် ၊ အချို ၊ အဆီ ၊ နို့ထွက်ပစ္စည်းတွေ အလွန်အကျွံစားသုံးတာတွေ ရှောင်ပါ ။

Crd
Dr. Naing

22/04/2022

ဒါဖတ်ပြီးမှ ဝိတ်ချမယ်
++++++++++++++

မြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာ့ကြောင့်မပိန်သေးတာလဲ။ ပိန်အောင်လုပ်ချင်သူ၊ကြိုးစားချင်သူတွေ အများကြီးထဲမှာမှ တကယ်ဝိတ်ချနိုင်တဲ့ဦးရေက ဘာ့ကြောင့်နည်းရတာပါလဲ။ လူတော်တော်များများစဉ်းစားရကျပ်တဲ့ မေးခွန်းတခုကို ပြန်မေးမိ တယ်။ သေချာလေ့လာကြည့်တဲ့အခါ နံပါတ်တစ်တွေ့တာက ဝိတ်ချနည်းကို ကောင်းကောင်းမသိလို့။ အသုံးမချတတ်လို့ပါ။ ဘယ်လိုဝိတ်ချရင်ကျမလဲ။ စနစ်တကျမလုပ်တတ်သေးလို့ဆိုတာ တွေ့တယ်။ နောက်တချက်က ဝိတ်ကျဆေးတွေ စျေးကြီးပေးဝယ်သောက်ရင်ပျောက်မယ်ထင်နေကြသူတွေ တနေ့တခြားများလာလို့ဆိုလည်း မမှားဘူး။ အများစုက ဆေးအပေါ်မှာ အားကိုးမှီခိုလွန်းတယ်။ တချို့ကျတော့ ထမင်းတနပ်လျှော့စားရင် ဝိတ်ကျမယ်ထင်သူတွေလည်း ရှိသေးတယ်။ တကယ်တမ်းလျှော့စားကြည့်တဲ့အခါ သိပ်ကြာကြာမခံဘူးဆိုတာ တွေ့ရပါတယ်။ ပိုဆိုးတာက ညစာတော့ရှောင်ပါရဲ့။ အစာပြေအာလူးချောင်းကြော်တထုပ် စားမိလိုက်တယ်။ ဝင်လာတဲ့ ကယ်လိုရီကို သတိမထားမိဘူး။ ကစီဓာတ်၊အဆီဓာတ်၊အသားဓာတ်တွေရဲ့ အခြေခံအကြောင်းအရာကို နားမလည်သေးရင် ဝိတ်ချရတာ ခက်တယ်။

ဝိတ်ချသူတွေထဲမှာမှ စားနိုင်သောက်နိုင်၊ချမ်းသာသူတွေအတွက် ဝိတ်ချရတာ အခက်ခဲဆုံးဖြစ်နေကြတယ်။ တကယ်က သူတို့ရဲ့ နေထိုင်စားသောက်ပုံကြောင့်ပါ။ လေ့လာကြည့်ရင် နေ့စဉ် လှုပ်ရှားမှုအလွန်နည်းတယ်။ ပိုဆိုးတာက လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းတောင် မလုပ်မိဘူး။ အလုပ်စားပွဲမှာပဲ အချိန်ကုန်တာများတယ်။ စိတ်ဖိစီးမှု သူများထက် ပိုတယ်။ အစားအသောက်မှာလည်း အတူတူပဲ။ စားပွဲသောက်ပွဲတွေက ပေးလိုက်တဲ့ အဆီတွေလည်း မနည်းလှဘူး။ ဘီယာ၊အရက်ကိုလည်း လူတန်းစေ့နေနိုင်အောင် သောက်တယ်။ သက်တမ်းစေ့အောင် မနေရတာ သတိမထားမိဘူး။ ဒါတွေကို သတိထား ပြုပြင်ရမယ်။

နိုင်ငံတနိုင်ငံရဲ့ အစားအသောက်၊လူနေမှုပုံစံတွေက အဲဒီနိုင်ငံသားတွေရဲ့ ကျန်းမာရေးပေါ် အဓိကသက်ရောက်စေတယ်။ မြန်မာလူမျိုးတွေမှာ သူ့တို့ရဲ့ ကိုယ်ပိုင် အစားအသောက်၊ကိုယ်ပိုင်လူနေမှုပုံစံရှိပါတယ်။ မြန်မာတွေ ဘာနဲ့စားကြလဲ။ ထမင်းစားတယ်လို့ အများစုဖြေလိမ့်မယ်။ အဲဒါက သမားရိုးကျတွက်ချက်သူတွေ ပြောတဲ့စကားဖြစ်တယ်။ တကယ်က မြန်မာတွေလောက် ဆီစားတာ ကမ္ဘာမှာ မရှိဘူး။ ထမင်းဆို ဆီဆမ်း၊ဟင်းဆိုလည်း ဆီပြန်၊လက်ဖက်ဆိုလည်း ဆီရွဲရွဲလေးနဲ့မှ စားကြတာ မြန်မာလူမျိုးအများစုရဲ့ နေထိုင်စားသောက်ပုံဖြစ်တယ်။ နေ့စဉ်ပုံမှန်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ ဆီနဲ့ကင်းတာ ဘာတခုမှမရှိပါဘူး။ အိမ်တိုင်းမှာ ဆီပြန်ဟင်းချက်ကြတယ်။ ကြက်သားဆီပြန်၊ဝက်သားဆီပြန်ချက်လေးလည်း ပါမှ ထမင်းမိန်တယ်။ ဒါ့ကြောင့် မြန်မာတွေ ဝလာတယ်။

ပိုဆိုးတာရှိသေးတယ်။ ပြန်ကြော်ဆီတွေကို သိမ်းထားပြီး နောက်ရက်တွေမှာ ပြန်သုံးနေတာဖြစ်ပါတယ်။ ကြော်ပါများတော့ ပြည့်ဝဆီတွေဖြစ်လာတယ်။ ပြည့်ဝဆီနဲ့ကြော်ထားတဲ့ ဆီကြော်စာတွေက လူတွေကို ပိုဝလာစေတယ်။ ဆိုင်ကဝယ်တဲ့ အကြော်တွေက အရင်ရက်က သုံးထားတဲ့ဆီအကျန်တွေ မဟုတ်ပါလား။ ကျန်းမာရေးဖက်ကကြည့်တော့ အဆိုးဖက်ကချည်းပဲ။ နောက်ဆက်တွဲ အဆီဖုံးတာ၊သွေးကြောပိတ်တာတွေ ဖြစ်လာတယ်။ မြန်မာမိဘတွေက သင်ပေးထားတဲ့ အလေ့အကျင့်တခုရှိသေးတယ်။ အစားစားရင် ကုန်အောင်စား၊မကျန်စေနဲ့ဆိုတာမျိုး။ ဒီလိုသင်ကြားမှုတွေက ကိုယ့်ကလေးတွေကို လိုတာထက်ပိုစားတတ်အောင်၊ရောဂါထူပြောလာအောင် သင်ပေးနေတယ်ဆိုတာ သတိမပြုမိကြဘူး။ တကယ်သင်ပေးရမှာက အစားကို သင့်တင့်မျှတရုံ စားတတ်ဖို့၊ဗိုက်ပြည့်ရုံစားတတ်ဖို့ ဖြစ်တယ်။ ဒီအကြောင်းရာတွေက မြန်မာလူမျိုးတွေ သတိမထားမိဘဲ ဝနေရတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။

ဝိတ်တက်တဲ့ သီအိုရီက ရိုးရှင်းပါတယ်။ ဝင်လာတဲ့ calorie(အစားအသောက်)က သုံးစွဲတဲ့ calorie(လှုပ်ရှားမှု)ထက် များနေလို့ဖြစ်ပါတယ်။ အသားတင် calorie 3500လောက် ပိုလျှံတိုင်း ဝိတ်တပေါင်စီတက်မှာ ဖြစ်ပါတယ်။ ဒီတော့ လုပ်စရာက (၂)မျိုးပဲ ရှိတယ်။ အစားလျှော့စားမလား။ လေ့ကျင့်ခန်း လုပ်မလား။ မေးစရာရှိတာက ဘယ်လောက်ထိ အစားလျှော့စားရမှာလဲ။ သာမန်လူတယောက်က ဘယ်လောက်ထိ အစားရှောင်နိုင်မလဲ တွက်ချက်ဖို့တော့ လိုပါတယ်။ ကယ်လိုရီ(၂၅၀၀)နေ့စဉ် လိုအပ်သူတယောက်ဟာ နေ့စဉ် ကယ်လိုရီ(၅၀၀)လျှော့စားလို့ရတယ်။

အဲဒီမှာ ထည့်တွက်ရမယ့်အချက်က ဗိုက်ဆာတဲ့ဖြစ်စဉ်အတွက် အရေးပါတဲ့ leptinဆိုတဲ့ ဓာတ်ဖြစ်ပါတယ်။ ဒီဓာတ်က ဗိုက်ပြည့်နေပြီဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတယ်။ ၂၀၁၃တုန်းက ဗိုက်ဆာတဲ့ဖြစ်စဉ်နဲ့ leptin လက်ခံဆဲလ်(leptin receptor)တွေရဲ့ ပြောင်းလဲမှုကို လေ့လာကြည့်တဲ့အခါ အဆီအစားများသူတွေရဲ့ အစာအိမ်မှာရှိတဲ့ leptin လက်ခံဆဲလ်တွေက သိပ်အလုပ်မလုပ်တော့တာ တွေ့ရတယ်။ အဲဒီဖြစ်စဉ်ကြောင့် အဆီအစားများသူတွေဟာ ဗိုက်ပြည့်နေပြီဆိုတဲ့ ခံစားမှုမျိုးမရှိတာပါ။ အဲဒီမှာ စားပြီးရင်းစားချင်၊ဝိတ်တက်ပြီးရင်း တက်လာတာဖြစ်တယ်။ ဒါ့ကြောင် အဆီစားများသူတွေဟာ ဝိတ်ချရခက်ခဲသူများ ဖြစ်လာပါတယ်။ ပိုဆိုးတာက ဝိတ်ကျရင်တောင် ဒီပြောင်းလဲမှုက ကြာရှည်ခံနေတာ ဖြစ်တယ်။

နောက်တွေ့တာတခုက လေ့ကျင့်ခန်းလုပ်ပါဆိုလို့ လုပ်ပါတယ်။ အလွယ်ဆုံးနဲ့ အသက်သာဆုံးနည်းဖြစ်တဲ့ လမ်းလျှောက်ကြတယ်။ ကောင်းပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက်လျှောက်သလားဆိုတော့လည်း မလျှောက်ပါဘူး။ တပတ်(သို့) တလလောက်နေတော့ နားလိုက်တယ်။ ပိုဆိုးတာက လမ်းလျှောက်ပြီးအပြန် မနက်စာတောင် ဝင်စားသေးတယ်။ စားတော့လည်း အဆီများတဲ့ ဆီကြော်စာ၊မုန့်တီစတာတွေမှ ရွေးစားကြတယ်။ ဒီလိုအစားအသောက်တွေကနေ ကယ်လိုရီ(၃၀၀-၅၀၀) ကြားဝင်သွားတာ သတိမပြုမိကြဘူး။ အဲဒါက ဘာကိုပြလဲဆိုတော့ ကယ်လိုရီရဲ့ သဘောတရားတွေကို မသိသေးဘူး။ စနစ်တကျဝိတ်မချတတ်သေးဘူး ဆိုတာ ရှင်းပါတယ်။

ဝိတ်ကျဖို့ ဘယ်လေ့ကျင့်ခန်းတွေကောင်းလဲ။ ကယ်လိုရီ(၁၀၀)ကုန်ဖို့ ဘယ်လေ့ကျင့်ခန်းကို ဘယ်လောက်လုပ်ရင် ရမလဲ သိထားသင့်တယ်။ ဥပမာ နာရီဝက်လမ်းလျှောက်တိုင်း ကယ်လိုရီ(၁၀၀)ကုန်တယ်။ ၁၅မိနစ်လောက် ပြေးရင် ကယ်လိုရီ(၁၀၀)ကုန်တယ်။ ဒါတွေသိရမယ်။ ဝိတ်ကျဖို့ ကယ်လိုရီများများဖြုန်းတဲ့ လေ့ကျင့်ခန်းသာ အကောင်းဆုံးပါ။ ပင်ပင်ပန်းပန်းလုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးက မြန်မြန်ကျတဲ့ လေ့ကျင့်ခန်းလို့ ယေဘုယျမှတ်ပါ။ ဗိုက်အဆီပြင်များသူတွေအတွက် အိပ်ထမတင် လေ့ကျင့်ခန်းမျိုး လိုပါတယ်။ ဒါဆိုလေ့ကျင့်ခန်းမလုပ်ချင်သူများအတွက် နည်းမရှိဘူးလား။ အဆီစုပ်တာ၊အဆီချေတာမျိုးတွေ တချို့လုပ်ကြတယ်။ ဒါပေမယ့် သေချာတယ်။သိပ်ကြာကြာမခံပါဘူး။ဘာကြောင့်လဲဆိုတော့ ဝိတ်မြန်မြန်ကျသူဟာ ဝိတ်မြန်မြန်တက်ဖို့ အခွင့်အလန်းပ်ိုများလို့ဖြစ်တယ်။ နောက်ပြီး နေထိုင်စားသောက်ပုံကို မပြုပြင်သရွေ့ ရေရှည်ဝိတ်ကျဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာပါ။

ဝိတ်ချရတာ အပြောလွယ်သလောက် တကယ်လုပ်တဲ့အခါ ခက်ခဲပါတယ်။ ဝိတ်ကျချင်ပါတယ် စိတ်ထဲကအော်နေရုံနဲ့တော့ မရဘူး။ လက်တွေ့လုပ်ဆောင်မှုက အရေးကြီးတယ်။ နည်းနည်းလောက် ဝိတ်ကျသွားပြီဆိုတိုင်း မပြီးသေးဘူး။ ဆက်လုပ်ရမှာတွေ ရှိသေးတယ်။ ထူးထူးခြားခြား သိသိသာသာ ပိန်ဖို့ အနည်းဆုံး အချိန် (၃)လလောက်လိုအပ်တယ်။ ပိန်ပြီဆိုတိုင်း ဝမ်းမသာပါနဲ့ဦး။ ပိန်ပြီး တနှစ်လောက်ထိ ဝိတ်ထိန်းနိုင်မှ တကယ်စိတ်ချရတယ်။ တကယ်တော့ ဝိတ်ချတယ်၊ဝိတ်ထိန်းတယ် ဆိုတာ အဆက်မပြတ်လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုမျိုး ဖြစ်တယ်။ မြန်မာတွေ ပိန်ဖို့၊ ဝိတ်ကျဖို့ဆိုရင် အထက်မှာဖော်ပြထားတဲ့ အချက်တွေကို သတိထားပြုပြင်ဖို့ လိုအပ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၀.၈.၁၆

ကျန်းမာသော နေထိုင်စားသောက်မှု အတွက်အခြေခံသိသင့်သော ကယ်လိုရီ၊ လှုပ်ရှားမှုနှင့် လောင်ကျွမ်းမှုများ
--------------------------------------------------------------

လှုပ်ရှားမှု / မိနစ် ၃၀ အတွင်း လောင်ကျွမ်းသွားသော ကယ်လိုရီ Kcal

- လေ့ကျင့်ခန်း -

1) ထိုင်ထ / 411 Kcal
2) ရေကူး / 375 Kcal
3) ကြိုးခုန် / 333
4) ဘောလုံး / 321
5) ဘတ်စကတ်ဘော / 273
6) တစ်နာရီ 12မိုင်နှုန်း စက်ဘီးစီး / 273
7) တစ်နာရီ 5မိုင်နှုန်း ပြေးခုန် / 273
8) တင်းနစ်၊ထွေပစ်၊အားကစား / 273
9) အေရိုးဗစ်အက / 258
10) ကြက်တောင်ရိုက် / 153
11) ဂေါက်သီး / 153
12) စားပွဲတင်တင်းနစ် / 138 Kcal
13) ယောဂကျင့်စဉ် / 117
14) ဘိုးလင်းပစ် / 102

-နေ့စဉ်လှုပ်ရှားမှု-

a) လှေကားတက် / 273
b) ခြံစိုက်ပေါင်းသင်/ 153
c) တစ်နာရီ 3မိုင်နှုန်း လမ်းလျှောက် / 120
d) တံမြက်စည်းလှည်း / 84
e) ပေါ့ပါးသောအလုပ် / 69
f) ထိုင်ခြင်း / 60
g) အိပ်ခြင်း / 33 Kcal

အစားအသောက်တွင် ပါဝင်သော ကယ်လိုရီ%
-----------------------------------------------------------

အစားအသောက် / ပါဝင်သော ကယ်လိုရီ

1) ထမင်း ၁ပန်းကန်လုံး (6ဇွန်း) / 187.5 Kcal
2) ထမင်း ၁ပန်းကန်ပြား (9ဇွန်း) / 275
3) ကြက်သားဒံပေါက် (13ဇွန်း) / 708
4) ။ ။ (9ဇွန်း) / 525
5) ကြက်သားခေါက်ဆွဲကြော် (14ဇွန်း) / 594
6) ။ ။ (9ဇွန်း) / 396
7) ပဲပြုတ်ထမင်းဆီဆမ်း (9ဇွန်း) / 435
8) ပဲပြုတ်ထမင်းကြော် (9ဇွန်း) / 426
9) ထမင်းပေါင်း ၁ပွဲ (12ဇွန်း) / 475
10) တို့ဟူးသုပ် ၁ပွဲ / 195
11) ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး အစုံသုပ် ၁ပွဲ / 373
12) နန်းကြီးသုပ် ၁ပွဲ / 735
13) ရှမ်းခေါက်ဆွဲ ၁ပွဲ / 747
14) မုန့်ဟင်းခါး ၁ပွဲ / 268.5
15) အုန်းနို့ခေါက်ဆွဲ ၁ပွဲ / 466
16) ရခိုင်မုန့်တီ ၁ပွဲ / 126.5
17) ကြက်သား ဆီချက်ခေါက်ဆွဲ ၁ပွဲ / 475
18) ကြေးအိုး ၁ပွဲ ကြက်သား / 1588 Kcal
19) ။ ။ ၁ပန်းကန်လုံး / 553
20) ဘယာကြော်၁ခု / 194
21) စမူဆာ ၃ခု / 91
22) ဘူးသီးကြော် ၁ခု / 70
23) ကော်ပြန့်စိမ်း / 76
24) ကော်ပြန့်ကြော် / 200
25) ပေါင်မုန့် ၂ချပ် / 150
26) ။ ထောပတ်သုပ် ၁ချပ် / 119
27) ကိတ်မုန့် ၁ချပ် / 118
28) ကြက်သား ဟမ်ဘာဂါ / 580
29) ဒိုးနတ် ၁ခု / 210.5
30) ချိစ် ဆန်းဒွစ်(ခ်ျ)/ 130
31) နံပြား ၁ချပ် / 226
32) ဝက်သားပေါက်စီ ၁လုံး / 340
33) ပဲပလာတာ ၁ချပ် / 377
34) အီကြာကွေး ၁ / 314
35) ဆီထမင်း ပန်းကန်ပြားသေး ၁ / 187
36) ပဲပြုတ်ကောက်ညှင်းပေါင်း သေး ၁ / 217
37) မုန့်ကျွဲသဲ / 56
38) ထန်းသီးမုန့် / 120
39) မုန့်လင်မယား / 73
40) ဘိန်းမုန့် / 286.4
41) သာကူ မုန့်ဖက်ထုပ် / 121
42) အာလူးကြော် ၂၀ခု / 177.5
43) ငါးမုန့်ကြော် ၃ခု / 140
44) ကြက်ဥကြော် ၁ / 129
45) ကြက်ဥပြုတ် ၁ / 80
46) ပြောင်းဖူးပြုတ် ၁ / 350
47) ဂေါ်ရခါးသီးပြုတ် ၁ / 27
48) ရုံပတီသီး + ပုဇွန်ခြောက်ကြော် / 130
49) ကန်စွန်းရွက်ကြော် ၃ ဇွန်း / 41.2
50) ကြက်သား + ဘူးသီး / 95
51) ခရမ်းသီး + ပုဇွန်ခြောက် / 156 Kcal
52) ငှက်ပျောသီး သီးမွှေး / 140
53) စပ်စ္သီး / 83
54) နာနတ်သီး ၁ပန်းကန်လုံး / 75
55) ဖရဲသီး ၁ပန်းကန်လုံး / 38
56) သရက်သီးမှည့် ၁ပန်းကန်လုံး / 128
57) သင်္ဘောသီး ၁ပန်းကန်လုံး / 63
58) ကျွဲကောသီး ၁ပန်းကန်လုံး / 40
59) လက်ဖက်သုပ် ၁ပွဲ / 467
60) ။ ။ ၁ဇွန်း / 78
61) ဂျင်းသုပ် ၁ပွဲ / 512
62) ခရမ်းချဉ်သီးသုပ် ၁ပွဲ / 117
63) ငါးဖယ်သုပ် ၁ပွဲ / 130
64) ငါးကြင်းကြော် / 116
65) ငါးလေးဟင်း / 180
66) ဘဲဥဟင်း / 125
67) ပုဇွန်ဟင်း / 98
68) ဝက်သားဟင်း / 202
69) ကြက်သားဟင်း / 216

70) နို့ ၁ဖန်ခွက် / 168
71) ကော်ဖီ ၁ခွက် / 84
72) ကိုလာ ၁ဗူး / 103
73) လိမ္မော်ရည် ၁ခွက် / 115
74) စတော်ဘယ်ရီယို ၁ဇွန်း / 23.2
75) ထောပတ် ၁ ဇွန်း / 76 Kcal

(နံနက္စာ)
a) ကော်ဖီ+ပေါင်မုန့်ကြက်ဥကြော် / 393 Kcal
b) ကော်ဖီ+ပေါင်မုန့်ထောပတ်သုပ် / 452
c) ကော်ဖီ+ပဲပြုတ်ထမင်းကြော် / 511
d) ကော်ဖီ+ပဲပြုတ်ထမင်းဆီဆမ်း / 519
e) ကော်ဖီ+မုန့်ဟင်းခါး / 353
f) ကော်ဖီ+အုန်းနို့ခေါက်ဆွဲ / 550

(နေ့လည်စာ)
• ထမင်း+ဝက်သားဟင်း+ ကန်စွန်းရွက်ကြော်+သီးစုံ ချဉ်ရည်ဟင်း +သရက်သီးမှည့် / 725
• ထမင်း+ကြက်သားဟင်း+ပဲသီးKcalကြော်+ချဉ်ပေါင်ဟင်း+ဖရဲသီး / 706 Kcal
• ထမင်း+ငါးဖယ်သုပ် +ဗူးညွန့်ကြော်ချက် +ပဲကြီးဆူးပုတ်ဟင်း +စပျစ်သီး / 654 Kcal

Credit
muscle professer page

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 77 , Mya Yadanar 9st, North Oakkalar
Yangon