Burmese Pageant Industry

Burmese Pageant Industry

Share

Pageants make me relax

02/05/2026

Paulina နဲ့ Catriona အလွမ်းပြေဆို Bea လေးရှိမယ်နော် .......

MUph တွေထဲ Catriona နောက်ပိုင်း အကြိုက်ဆုံးဆို Bea ပဲ။ Beauty Queen တစ်ယောက်ရဲ့ အရည်အသွေးအပြည့်ရှိတာမျိုး။ Ahtisa ကို လည်း အားပေးခဲ့ပေမယ့် Ahtisa ကိုကျ ချစ်မွှေးပါလို့ ချစ်တာ။ Bea ကျ အလှမယ်ရှုထောင့်ကကြည့်ရင် ဘက်ပေါင်းစုံကကို တော်နေတာမျိုး .......

ရုပ်ရည်ရယ် Body ရယ် Height ရယ် ပေါင်တံရယ်နဲ့ကို သူများထက် တောက်ပနေပြီး ထူးထွေပြင်ဆင်နေစရာ မလိုတာ။ ဒါအပြင် Brain နဲ့ E Skill ကလည်း ရှယ်ဆိုတော့ ဇွန်းတပ်ပေါ့ .....

Hotpicks တွေမှာ Catriona ပြီးရင် Winner အမှန်းခံရဆူံး MUph လို့တောင် ပြောလို့ရတယ်။ ဖိလစ်ပင်းတွေရဲ့ 5th crown အိမ်မက်က 2026 မှာ ပြည့်နိုင်တယ်နော် ....

Photos from Burmese Pageant Industry's post 02/05/2026

Miss Universe Philippines ကြည့်ရတာ ဘာမှ မကြည့်ပဲ Evening gown တွေ ထိုင်ကြည့်နေရင်ကို တန်နေပြီ ....

Evening gown တွေက Design တွေကလည်း ဆန်းသစ်၊အရောင်တွေကလည်း ဖိတ်ဖိတ်ကိုတောင်ပြီး စုံလင်နေရော၊ ဝတ်လိုက်တဲ့ မယ်တွေကလည်း အကုန်လှ ......

ဒီနှစ်မယ်တွေ မိုက်ချက်က ဘယ်သူ့ကို ဘယ် crown ပေးရမလဲတောင် မတွေးတတ်တော့ဘူး ။အကုန်လုံးက သူ့ထက်ငါ အလုအယက်ကို Detail မိအေးနေကြတာ ။ခေတဲ့သူကိုမပါတာ ......

Top 7 ထဲကို တကယ့်ဒေါင်ဒေါင်မြည်တွေပဲ ရောက်မယ်ထင်တယ် ။

MU La Union
MS Cebu Province
MCosmo Tuguig
MCharm Pampanga
MEco Cebu လို့တော့ မှန်းထားတယ် 🥰

Photos from Burmese Pageant Industry's post 17/03/2026

Miss Universe Philippines 2026 မှာ အကြိုက်ဆုံးတောင် ဖြစ်နေမိတဲ့ Bella Ysmael ......

တကယ်ကြိုးစားတဲ့ Talented ဖြစ်တဲ့သူလို့တောင် သတ်မှတ်ရမယ့်သူ။ ကြည့်လိုက်တာနဲ့တင် Smart ဖြစ်တယ် ၊ independent ဖြစ်တယ် ဆိုတဲ့ vibe ကို ပေးနိုင်တဲ့သူ။ 2020 က Dark horse ဖြစ်ခဲ့တဲ့ သူမက 2026 မှာ Crown fighter တယောက် ဖြစ်လာနေပြီ ......

Body,Catwalk တွေ တအားကောင်းလာသလို Brain ကလည်း နဂိုတည်းက ရှယ်မို့ Universe or Cosmo ကို ရောက်စေချင်တယ် ......

21/01/2026

Miss Universe Philippines Pampanga 2026 တဲ့နော်

ဖားတွေ လိုချင်နေတဲ့ 5th crown က သူနဲ့မှ ရသွားမလားမသိ။ အရပ်က ၆ ပေ။ အသက်က ၂၄ နှစ်တဲ့။ ရုပ်က Venezuela ရုပ်မျိုးကိုမှ USA brain ကြီးနဲ့ ......

Catwalk နဲ့ Body ကိုတော့ အားမရသေးပေမယ့် တကယ့်ကိုမှ crown အဆင်မျိုး။ 2024 Venezuela လို ရုပ်မျိုး အရပ်မျိုး .......

ကိုကတော့ Chelsea နဲ့ illyana လာမယ်ဆိုရင်တောင် သူ့ကိုပဲ အားပေးတော့မယ်😂😂

20/12/2025

Personally အရတော့ တအားတော့ ကြိုက်မနေဘူး ......

But အချောအလှတွေကြားထဲကနေ Top 5 ထိ ဝင်ပြသွားတာက သူမရဲ့ Turning point ပဲ။ နည်းတဲ့အရည်အချင်းမဟုတ်ဘူး။ Final မှာလည်း Make up , Hair ,Dress တွေ အဆင်ပြေတယ်။ ရုပ်ကလည်း တအားမလှပေမယ့် crown ပေးလို့ရတယ် ......

Well deserved ပဲ ဒီနှစ်ကတော့။ Top 20 မှာ Peru,India, Greece ကျန်ခဲ့တာတော့ လုံးဝမဖြစ်သင့်ဘူးလို့ ထင်တယ် ......

ကိုယ်က ဖားဖန်ဆိုတော့ Runner up result ကို တအားကျေနပ်တယ်။ Chelsea ကို ဒီလောက် Great speaker ဖြစ်နေမှန်း ကိုယ့်မှာ မသိခဲ့ဘူး။ လောဘကြီးပြီး အမှားလုပ်ထားတာတွေ ရှိတော့ ဒီ result က ထိုက်တန်ပါတယ်။ Chelsea က Catriona 2.0 version လို့ကို ချီးကျူးရမယ်။ ကိုယ့်အချစ်တော် Ahtisa ကိုတောင် အဲ့လို မချီးကျူးဖူးဘူး။ တကယ်ကို တော်တာ 🥰🥰

ဘာပြောပြော ကိုယ့်အားပေးတဲ့ ဖိလစ်ပင်းဟာ 2025 ရဲ့ ပွဲသိမ်း Cosmo 2025 မှာ Last two standing ထိ ရောက်ခဲ့ပြီး ဒီနှစ်ရဲ့ အအောင်မြင်ဆုံး နိုင်ငံဆိုတဲ့ သရဖူကို ဆောင်းနိုင်ခဲ့ပါပြီ 🥰

MU 3rd runner up
MW Top 8
MI 4th runner up
ME Top 8
MS 3rd runner up
MGI winner
MC Runner up 🥰 အားရလိုက်တာ ရေးနေရင်းနဲ့။

2025 Miss Myanmar တွေထဲမှာလည်း ဒီနှစ်အတွက် အကြိုက်ဆုံးက M 3 ဖြစ်သွားခဲ့တယ်။ တည်ငြိမ်တယ်၊နေတတ်ထိုင်တတ်တယ် အဲ့ဒါတွေနဲ့တင် ကြိုက်နေမိပြီ။ Facial Beauty ပိုင်းတော့ သိပ်မကြိုက်ပေမယ့် Body,Catwalk,Stage presentation တွေက မြန်မာမယ်တွေထဲ အကြိုက်ဆုံးပဲ 🥰

Photos from Burmese Pageant Industry's post 14/12/2025

Chelsea ကို Cosmo မှာ Win ဖို့ထက် Miss World နဲ့ Miss Universe ဘယ်ပွဲနဲ့ ပိုလိုက်မလဲလို့ တွေးနေမိတဲ့
မင်မင်လိုသူတွေရှိကြလား 😂😂

မင်မင်ကတော့ သူမရဲ့ တနေ့ တနေ့ activities တွေကြည့်ပြီး Big 2 နှစ်ပွဲကို လွှတ်ချင်တဲ့စိတ်ပဲ ပေါက်မိတယ်။ Body,Beauty ပိုင်းကလည်း လုံးကြီးပေါက်လှ ဆံပင်၊မျက်လုံးမျက်လုံးကအစ တော်တော်ကြီးလှတာ။ မြန်မာပြည်က ဝါဆိုမိုးဦးတို့ ညီအမ တွေမြင်နေရသလိုပဲ။ အများကြားမှာ Bold ဖြစ်ပြီး Aura ကြီးက ထင်းနေရော ......

နောက် Public speking နဲ့ Brain ကြီးကလည်း ကောင်းနေပြန်ကော။နောက် လက်ရှိလုပ်နေတဲ့ PJ ကြီးနဲ့။ ဘာလိုသေးလဲကွာ ။ နောက် BBP 2022 နဲ့ MUph 2025 ကြည့်ဖူးတဲ့သူဆို သူမရဲ့ On stage presentation နဲ့ Stage luck ကိုလည်း သတိထားမိကြမှာပဲ .....

ကိုယ်တော့ Big 2 ပြိုင်ပွဲဝင်နိုင်တဲ့ အနေအထားကြီးက Cosmo လာပြီး တန်းဆင်းပြိုင်နေသလိုပဲ။ Heater တွေကို ပြောရမှာတော့ အားနာပေမယ့်

“ဖားတွေက Cosmo မှာလည်း Result အမြင့်ရအုန်းမှာဆိုတာပါပဲ😂"

Photos from Burmese Pageant Industry's post 22/11/2025

Maria Ahtisa Manalo .......

ဒီကောင်မလေးကို စသိခဲ့တာ Miss International ရောက်မှပါ ။ Catriona ရဲ့ runner up ချောချောလေးလို့ပဲ သိလာခဲ့ပြီး International camp ရောက်မှပဲ အသေကြွေခဲ့ရတာ။ Ahtisa က လှတယ် ဆိုတာထက် ထူးခြားတဲ့ရုပ်ရည်ပိုင်ဆိုင်သူလို့ ပြောရမယ်။ ရုပ်က အများကြားမှာ ထင်းထွက်ပြီး ပေါ်လွင်တတ်သူမျိုး။ လူမျိုး ၄ မျိုး စပ်ထားတာကြောင့်လည်းပါနိုင်တယ် .....

Pageantry မှာ နာမည်ပျက်မရှိသူလို့လည်း ပြောလို့ရတယ်။ အဲ့ဒါကြောင့်လည်း Ahtisa ကို ကြိုက်ရတာပါ။ Ahtisa fan အယောက် ၁၀၀ မှာ ၉၀ လောက် Ahtisa ရဲ့ စိတ်ဓာတ်ဖြူစင်မှူနဲ့ သမိုင်းကြောင်းသန့်စင်ခဲ့တာကြောင့် ကြိုက်ကြတာလို့ ပြောလို့ရတယ် .....

နောက် Ahtisa က Beauty Body ပိုင်း လိုအပ်ချက်ရှိပေမယ့် Major surgery လုံးဝမလုပ်ခဲ့သူပါ။ တကယ်ဆို ရင်သားဆီလီကွန်တို့ ခါးအဆီချတာမျိုး လုပ်လို့ရပေမယ့် မလုပ်ခဲ့ဘူး။ MU stage ပေါ်မှာ လှလိုက်တာ ဆိူပြီး မြင်ခဲ့ရတဲ့ Ahtisa ဟာ Natural beauty စစ်စစ်ပါနော် .....

နောက်ပြီး သိပ်ကို Humble ဖြစ်တဲ့အလှမယ်။ ပေးတဲ့နေရာကို ပေးသလောက်ပဲယူတယ်။ MU 2024 Cosmo ကို ပျော်ပျော်ကြီးသွားခဲ့တာကို တအားချီးကျူးမိတယ်။ တကယ်ဆို Title ကို Back stage မှာ ငြင်းလို့ရသလို crown ပြန်အပ်တာမျိုးလုပ်လို့ရရက်နဲ့ ပေးတဲ့နေရာကို တာဝန်ကျေပေးခဲ့တာ။ အဲ့ဒါကြောင့်လည်း Org နဲ့ အဆင်ပြေ 2025 ပြန် Try ပြီး MU stage ပေါ်ထိ ရောက်ခဲ့တာ ......

MU 2025 အတွက် Send off party လုပ်တော့ သူပြောခဲ့တယ်။ MU stage ပေါ်မှာ The best version of Ahtisa ဖြစ်စေရမယ်လို့ ကတိပေးတယ်တဲ့။ တကယ်လည်း ဟုတ်နေခဲ့တယ်။ မကြိုက်တဲ့သူကို ကြိုက်လာခဲ့ပြီး မုန်းတဲ့သူတွေတောင် အရည်အချင်းကို လက်ခံခဲ့ရတယ်။ Top QandA ဆို ကိုယ်မှာ ကြက်သီးတွေပါထတယ်။ Ahtisa ဟာ MU အတွက် ဘယ်လောက် အားထုတ်ခဲ့လဲ ဆိုတာ QandA round က သက်သေတွေပဲ .......

Ahtisa ရဲ့ နောက်ဆုံး Journey လေး အဆင်ပြေပြေဖြစ်ခဲ့လို့ ကျေနပ်မိပါတယ်။ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ပြည့်နေသူမို့ အနာဂတ်ဘဝစာမေးပွဲတွေမှာလည်း အောင်မြင်မယ်လို့ ယုံကြည်ပါတယ် ......

ချစ်တယ် Ahtisa ရယ် ❤️

02/11/2025

Miss Universe Journey get started 🥰

မနက်ခင်းစောစောမှာ ကျက်သရေရှိချက်။လူကလည်း အကြည်ဓာတ်၊အချိုဓာတ်တွေနဲ့ ပြည့်နေပြီးသား Outfit ကလည်း အဖြူရောင်နဲ့ဆိုတော့ လင်းချင်းပြီး Lucky vibe တွေရနေကော။ ခါးမှာ ထိုင်းဘုရင်ဇာပနအတွက် ဝမ်းနည်းခြင်း ဖဲပြားအမည်းလေးကလည်း ပါသေးတယ် .......

ဒီလို မြင်ကွင်းမျိုးမြင်ရဖို့ အတော်စောင့်ခဲ့ရတာ ❤️❤️ Arrival ကတည်းက ဒင်းပြည့်ကျပ်ပြည့်ကြီးမို့ အရမ်းတွေ အားရနေပါပြီကွယ် 🥰🥰

20/10/2025

ပွဲနီးလေလေ Aura တပေါက်လျှမ်းလျှမ်းတောက်လာလေးပါပဲ အချစ်တော်ရေ .......

မနှစ်က MU ရဲ့ သရုပ်ပျက်သမိုင်းကြောင်းအရ အများကြီးမမျှော်လင့်ထားပါဘူး။ MI ကစလို့ ချစ်ခဲ့ရတဲ့ ကိုယ့်အသည်းရဲ့ အိမ်မက်တစ်ခုကို Fulfilling ဖြစ်နေတာကို မြင်ရတာနဲ့တင် ကျေနပ်နေပါပြီ ❤️

20/10/2025

Long Time No Upload ကာလကြီးမှာ ကိုယ့်အချစ် တော် ဖားတွေက Crown တွေသိမ်းနေကြတာ ဝမ်းသာစရာပါ .....

ဒီနှစ်အတွင်းမှာ ပြိုင်သမျှ ဖားကိုယ်စားပြုတွေ Runner up တွေအထိကို အောင်မြင်နေကြတယ်။ Crown တွေလည်း ရကြတယ်။ ကျန်တဲ့ပွဲတွေမှာလည်း အခြေအနေကောင်းကြအုန်းမယ့် သူတွေချည်းပဲမို့ စိတ်ချမ်းသာရတယ် .....

ဒီလို အောင်မြင်မှုမျိုးက ဖိလစ်ပင်းတွေအတွက် ၄/၅ နှစ် ဖုတ်ပူမီးတိုက် ကြိုးစားခဲ့ကြရတာမဟုတ်ပဲ ဆယ်စုနှစ် နှစ်စုသုံးစုအထိကို ကြိုးစားကြရတာ။နောက် ဖားအလှမယ်တွေ၊အလှမောင်တွေသာမက Org တွေ ND တွေရဲ့ သည်းခံမှု၊အလှမယ်လောကအပေါ် သစ္စာရှိပြီး လာဘ်စားမှုကင်းခြင်းတွေကြောင့်လည်း ပါတယ် .....

Emma ဟာ Wonder 7 ကို Official ပြည့်စေခဲ့တဲ့ အလှမယ်ပါ။ ဖားတွေကို တမင် မပေးပဲ အချိန်တွေ ဆွဲထားခံရတယ်။ နဝပ်မ အနွံတာကို ဖားတွေထက် ခံခဲ့ရတဲ့သူ မရှိဘူးနော်။ MGI စဖြစ်ဖို့ဆိုတာ BBP Stella တို့ကကျောရိုးတွေပဲ။ BBP တွေ Org ဆီမှာ Main Winner ကို MGI မပို့လို့ ပြသနာတွေဖြစ်ခဲ့တာ နှစ်တိုင်းလိုလိုပဲ။ အဲ့ပြသနာတွေကြားထဲကို ဖား ND တွေက မဟာဗျူဟာကျကျ နေထိုင်ခဲ့ကြတာ။ အရင်က ကိုယ်တွေ မြန်မာတို့ ၊ထိုင်း၊အင်ဒို၊ဗီယက်နမ်တွေက နဝပ်နဲ့ ပနံသင့်နေတော့ ‌ဖားတွေကိုပဲ အပြစ်ဝိုင်းဖို့ကြတာ။ နောက် သူတို့တွေ အကုန်လုံးနဲ့လည်း ပြသနာတွေဖြစ်ကြရော နဝပ်မကောင်းမှန်း သိကုန်ကြကော။ နဝပ်လည်း ကပ်စရာက ဖားတွေပဲ ကျန်တော့ ခုလိုအခြေအနေအထိကို Good relationship ပြန်ဖြစ်သွားကြရော ......

မြန်မာဖန်တွေက ဖားဆို အလိုလိုနေရင်းကို အမြင်မကြည်ကြတာ။ ဖားဖန်တွေရဲ့ အစွဲကြီးပြီး ရိုင်းပျမှုတွေကြောင့်လည်း ပါတယ်။ နောက် မြန်မာအများစုက ထိုင်းမယ်တွေပဲ ကြိုက်ကြတာကြောင့်လည်း ပါတယ်။ ကိုယ်ကတော့ ဖားဖန်တွေ ရိုင်းတာသိပေမယ့် ကိုယ့်အတွက် nothing important လို့ပဲ ယူဆတယ်။ ဖားမယ်တွေ Org တွေ ND တွေရဲ့ pageant အပေါ် အစစ်အမှန်တန်ဖိုးထားကြတာကိုပဲ မြင်ပြီး အားပေးဖြစ်တယ်။ ဖားတွေက နာမည်မကြီးတဲ့ ပွဲငယ်တွေကအစ တက်သစ်စအလှမယ်တွေကိုက ရှယ်ပြင်ဆင်ကြတာ။ ND တွေ EG တွေဆို တခါတခါ နှမြောရတဲ့အထိပဲ။ နာမည်ကြီး Designer gown တွေနဲ့ ပြိုင်ချတာ။ ပြီးရင် လှတိုင်း၊နာမည်ကြီးတိုင်းလည်း crown မပေးဘူး။ အဲ့ကြောင့် ဖားမယ်တွေဆို All rounder များတယ်။ ကိုယ်ရဲ့အလှမယ်လောကရဲ့ ခံယူချက်နဲ့ ဖားတွေရဲ့ pageant လောက လှုပ်ရှားပုံတွေက သွားတူနေတာကြောင့်လည်း အားပေးဖြစ်ခဲ့တယ် ......

ဘာပြောပြော ကိုယ့်အချစ်တော်တွေက ခုနှစ် တအားအောင်မြင်နေကြလို့ post တင်ပြီးကို လေတိုက်လိုက်ရခြင်းပါ 🥰🥰

ဘိုင်းးးးး

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon