T'Care Inhaler & Balm oil
ကျန်းမာရေးနှင့်ပတ်သတ်သည်များကို အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
09 771781981
အုံးလွဲတယ်လို့ အလွယ်တကူ ခေါ်ကြတဲ့ လည်ပင်းကြွက်သားတင်းမာမှု (သို့)လည်ပင်းရိုးဆစ်ပြဿနာ
အိပ်ရာနိုးတဲ့အခါ ဒါမှမဟုတ် ရုတ်တရက် လည်ပင်းလှည့်လိုက်တဲ့အခါ လည်ပင်းနာကျင်ပြီး လှုပ်ရှားရခက်ခဲတာကို လူအများစုက "အုံးလွဲတယ်" လို့ ခေါ်ကြပါတယ်။ တကယ်တော့ ဒါဟာ လည်ပင်းကြွက်သားတွေ တင်းမာတာ ဒါမှမဟုတ် လည်ပင်းရိုးဆစ်ပြဿနာတွေရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။....................
💥💥ဘာကြောင့် အုံးလွဲတာလဲ❓
အဓိက အကြောင်းရင်းတွေကတော့-
🔥မှားယွင်းတဲ့ အိပ်စက်မှုပုံစံ: ခေါင်းအုံး မမှန်တာ၊ မသက်မသာ အနေအထားနဲ့ အိပ်တာ။
🔥ရုတ်တရက် လှုပ်ရှားမှု: မနက်အိပ်ရာနိုးတာနဲ့ ချက်ချင်း လည်ပင်းလှည့်လိုက်တာမျိုး။
🔥ကိုယ်နေဟန်ထား မမှန်ခြင်း (Poor Posture): ဖုန်း/ကွန်ပျူတာ အကြာကြီး အသုံးပြုတာ၊ တစ်နေကုန် အထိုင်များတဲ့ အလုပ်တွေ လုပ်တာ။
🔥စိတ်ဖိစီးမှု: စိတ်တိုင်းမကျတာတွေကြောင့် လည်ပင်းနဲ့ ပခုံးကြွက်သားတွေ တင်းမာလာတတ်ပါတယ်။.....................
💥💥ဘယ်လို လက္ခဏာတွေ ပြတတ်လဲ❓
အုံးလွဲတဲ့အခါ အောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်-
🔺လည်ပင်းနာကျင်ပြီး လှည့်ရခက်ခဲခြင်း။
🔺လည်ပင်းကြွက်သားတွေ တောင့်တင်းနေခြင်း။
🔺နာကျင်မှုက ပခုံးနဲ့ နောက်ကျောအပေါ်ပိုင်းအထိ ပြန့်နှံ့နိုင်ခြင်း။
🔺တစ်ခါတစ်ရံ လက်မောင်းအထိ ထုံကျင်တာ သို့မဟုတ် အားနည်းတာမျိုး ဖြစ်နိုင်ခြင်း (ဒါမျိုးဆို ပိုသတိထားဖို့ လိုပါတယ်)။....................
💥💥ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ❓
အများစုကတော့ ရက်အနည်းငယ်အတွင်း အလိုလို သက်သာသွားတတ်ပါတယ်။ ဒါပေမဲ့ အောက်ပါအခြေအနေတွေ ရှိလာရင်တော့ ဆရာဝန်ကို သွားရောက်ပြသသင့်ပါတယ်-
🔺နာကျင်မှုက မသက်သာဘဲ ပိုဆိုးလာရင်။
🔺လက်မောင်း ဒါမှမဟုတ် လက်ချောင်းတွေ ထုံကျင်တာ၊ အားနည်းတာ မျိုး ဖြစ်လာခြင်း
🔺ခေါင်းကိုက်တာ၊ မူးဝေတာ၊ ကိုယ်ပူတာ စတဲ့ တခြားလက္ခဏာတွေပါ တွဲဖြစ်ခြင်း
🔺ရုတ်တရက် ထိခိုက်မှု (ဥပမာ- ကားတိုက်မှု) ကြောင့် အုံးလွဲတာမျိုး ဖြစ်ပေါ်ခြင်း
❗️အုံးလွဲခြင်းဝေဒနာ ခံစားရပါက မပေါ့ဆဘဲ စောစီးစွာ ကုသခြင်းဖြင့် နာကျင်မှုကို သက်သာစေပြီး နောင်တစ်ချိန်တွင် ဖြစ်လာနိုင်တဲ့ ပိုဆိုးတဲ့ ပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။
#လည်ပင်းကျီးပေါင်း
#မဏိသြဃ #ဇက်ခိုင်ခြင်း
24/08/2026
#ပျားရည်နှင့်ဆီးချိုရောဂါ
ဆီးချိုဝေဒနာရှင်များ ပျားရည်သောက်လို့ ရ/မရ
===============================
လိုရင်းကိုပြောရလျှင် ဆီးချိုတက်နေစဉ်တွင် ပျားရည်ကို ခေတ္တရှောင်ထားပြီး ဆီးချိုပုံမှန် ဖြစ်သွားလျှင် အနည်းငယ် သုံးနိုင်ပါသည်။
ပျားရည်တွင် ဖရပ်တို့စ်သကြားနှင့် ဂလူးကို့စ်သကြားများ ပါသော်လည်း တခြားသော ကောင်းကျိုးများ (ဥပမာ - အစာအိမ်ရောဂါကို သက်သာစေသည့် အာနိသင်) ကို ရရှိလိုသူများအနေနှင့် မှီဝဲလိုကြခြင်းကြောင့် ဖြစ်ပါသည်။
ပျားရည်ချည်းသာ မဟုတ်ဘဲ သဘာဝဆေးဖက်ဝင်ပစ္စည်းများနှင့် ဆေးအဖြစ် ဖော်စပ်ထားသည့် ဆေးပျားရည်များ (ဥပမာ - ဆင်တုံးမနွယ်ပျားရည်၊ လင်ဇီးပျားရည်) ဆိုပါက ပျားရည် ပါဝင်မှုပမာဏ လျော့နည်းသွားသဖြင့် ပိုမိုသောက်သုံးနိုင်ပါသည်။
ပျားရည်နှင့် တွဲဖက်မစားသုံးသင့်သော အစားအစာများ
===============================
အချို့သောနိုင်ငံများတွင် ရိုးရာယဉ်ကျေးမှုအရ ပျားရည်နှင့် တွဲဖက်မစားသုံးသင့်သော အစားအစာဟူ၍ လူသိများသည့် အစားအစာများမှာ မုန်လာဥဖြူ၊ အသားများနှင့် ထောပတ်အဆီခဲ တို့ဖြစ်ပါသည်။ သို့ရာတွင် သိပ္ပံနည်းကျ လေ့လာသောအခါ အဆိုပါအစားအစာများနှင့် ပျားရည် စားသုံးခြင်းဖြင့် သိသာထင်ရှားသော ဘေးထွက်ဆိုးကျိုးများ မတွေ့ရှိရပါ။ အထူးသဖြင့် အိန္ဒိယနိုင်ငံ၏ အာယုဗေဒကျမ်းများတွင် ဖော်ပြလေ့ရှိသော်လည်း အနောက်နိုင်ငံများတွင်မူ တွဲဖက်၍ စားသုံးလျက်ရှိကြပါသည်။ သိပ္ပံနည်းကျ အထောက်အထား ပြည့်စုံစွာ မရှိသေးသော်လည်း အဆိုပါအစားအစာများနှင့် ပျားရည်ကို တွဲဖက်စားသုံးမည်ဆိုပါက သတိပြုစားသုံးရန် အကြံပြုလိုပါသည်။
ေါက်တာခင်မောင်လွင် (FAME)
#ကျန်းမာရေး
#ဆီးချို
#ပျားရည်
#မဏိသြဃတိုင်းရင်းဆေးခန်း
#ကျန်းမာရေး
#ဇက်ကျီးပေါင်း
#မဏိသြဃတိုင်းရင်းဆေးခန်း
22/08/2026
အမျိုးသမီးတွေရဲ့ ၂၀% ကနေ ၅၀% လောက်က အမျိုးသမီးဟော်မုန်း
အက်စတိုဂျင် (Estrogen) နှင့် ပရိုဂျက်စတီရုန်း (Progesterone) တွေက သားအိမ်ကြွက်သားဖွံဖြိုးမှုကို လှုံ့ ဆော်တာကြောင့် သားအိမ်အလုံးဖြစ်လာတတ်ပါတယ်။
တော်တော်များများ အလုံးတွေက သူ့ဘာသာသူ ရှုံ့ သွားတာမျိုးလည်း ရှိ တတ်ပါတယ်။တချို့အလုံးတွေကျတော့ မသိမသာ လက္ခဏာလောက်ပဲပြတတ်ပြီး ကြီးလာတတ်ပါတယ်။
💥လက္ခဏာလေးတွေကတော့
-ဓမ္မတာပုံမှန်မဟုတ်ဘဲ ကြာရှည်စွာလာနေခြင်း
-ဓမ္မတာလာရာတွင် သာမန်ထက် အလွန်အမင်း များခြင်း
-ဓမ္မတာမမှန်ခြင်း
-ဓမ္မတာလာချိန်တွင်း အလွန်နာကျင်ခြင်း
-တင်ပဆုံတွင်နာခြင်း
- နောက်ကျောနာခြင်း
-ဗိုက်ပူလာခြင်း
ဒီသားအိမ်လုံး၊သားအိမ်အကျိတ်(ခေါ်)သားအိမ်ရေအိတ်ဟာ တစ်လုံး(သို့မဟုတ်)တစ်လုံးထက်ပိုပြီး ၃/၄ လုံးအထက် ဖြစ်တည်နေတတ်ပါတယ်။
အလုံးအသေးလေးကနေပြီး အလုံးအကြီးကြီးထိ့ ဖြစ်တည်လာနိုင်သလို အရွယ်အစားအားဖြင့်လည်းမတူညီပါဘူး။
ဘယ်တော့မှသိသလဲဆိုရင် အလုံးရေများလာပြီး အလုံးတွေကြီးထွားလာမှ ရိပ်မိလာကြတယ်။ခါးနာ၊ခါးကိုက်(Backache or leg pains)ခြေထောက်နာ၊ခြေထောက်ကိုက်တဲ့ဝေဒနာတွေ ခံစားလာရလိမ့်မယ်။
👉အလုံးဟာ သားအိမ်ရဲ့ ဟိုးအတွင်းဆုံးအပိုင်းမှာ ဖြစ်တည်နေပါလျှင် ရာသီဆင်းတာ(Heavy menstrual bleeding)များပါလိမ့်မယ်။
👉အလုံးဟာ သားအိမ်ရဲ့အပြင်ဘက်အလွှာမှာ ဖြစ်တည်နေပါလျှင် ရာသီမမှန်တာဖြစ်တတ်သလို ရာသီးဆင်းပါကလည်း အရင်ထက် နည်းနေတတ်ပါတယ်။
ဒီနှစ်ချက်ရဲ့ အားနည်းချက်၊အားသာချက်က ဘာကြောင့်လဲဆိုရင် အတွင်းပိုင်းမှာဖြစ်ရင် အဝကျယ်၍ ရာသီးဆင်စရာလမ်းကြောင်း ပိုကျယ်လာတတ်သလို
အပြင်ပိုင်းမှာဖြစ်ရင် ရာသီဆင်းစရာလမ်းကြောင်း ကျဉ်းမြောင်းသွားတတ်ပါတယ်။
တကယ်လို့ ဒီအလုံးဟာ ကြီးထွားပြီး ဆီးအိမ်ကို ဖိ့ထားသလိုဖြစ်နေရင် ဆီးခဏ ခဏ သွားချင်နေမယ်..တကယ်လို့ အူလမ်းကြောင်းကိုဖိ့မိနေရင် ဝမ်းချုပ်တတ်ပါတယ်။
သားအိမ်လုံးအကျိတ်၊ရေအိတ်ကြောင့် ရာသီဆင်းတာ များသူတွေဟာ သွေးအားနည်းလာတတ်သလို အားအင်ကုန်ခမ်းပြီး အသားရည်ဖြူဖတ်ဖြူရော်ဖြစ်လာမယ်၊အသက်ရှုရတာမဝဖြစ်လာမယ်၊အလိုလိုနေရင်းနဲ့မောပန်းနေတတ်ပါတယ်။ဒီလို ဖြစ်တဲ့အချိန်မှာအသား၊ငါး၊လတ်ဆတ်သော အသီးအရွက်များများစားသုံးရပါမယ်။သံဓာတ်ပါဝင်တဲ့ အားဆေးကို သောက်သုံးပါ။
💢အလုံးကြီးရင်တော့ ဗိုက်ခွဲပြီး ဖယ်ရှားရသလို၊အလုံးသေးရင်တော့ ဆေးရုံသုံး ကိရိယာများဖြင့် အသုံးပြုဖယ်ရှားနိုင်ပါတယ်
ကံမကောင်းရင်ဖြင့် သားအိမ်ကိုဖြတ်ထုတ်ဖယ်ရှားတဲ့အထိဖြစ်နိုင်ခြေရှိပါတယ်။🚫🚫
သို့သော် အလုံးဟာ ကင်ဆာဆဲလ် မဟုတ်သည့်အတွက်ကြောင့် ခွဲစိတ်ကုသရင်ဖြင့်ပျောက်ကင်းသက်သာနိုင်သလို ခွဲစိတ်ကုသပြီးပေမဲ့လည်း ပြန်လည်ဖြစ်တည်လာတတ်ပါတယ်။
💥ဘယ်လိုကာကွယ်ရမလဲ?
၁)လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းကို တစ်ရက်ကို တစ်နာရီလောက်လုပ်ပေးမယ်ဆိုလျှင် ရောဂါဖြစ်နှုန်း ၃၀% ထိလျှော့ချပေးနိုင်ပါတယ်
၂)-ဟင်းသီးဟင်းရွက်အသီးအနှံ များများစားပါ။
အရိုးပါဝါး စားလို့ရတဲ့ငါးများများစားပါ။ထိုထဲကပါတဲ့ ဗီတာမင်ဒီ ဓာတ်ဟာ သားအိမ်အလုံး မဖြစ်ဖို့ ၃၀%လောက်ထိချပေးနိုင်တယ်လို့ယူဆထားပါတယ်။
-၄) နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ချဖို့ပါပဲ။
-အဝလွန်လျှင်လည်း သားအိမ်ရောဂါ အန္တရာယ်ရှိနိုင်
သောကြောင့် ကိုယ်အလေးချိန်လျော့ချပါ။ လေ့ကျင့်ခန်းဖြင့်အဆီချခြင်းကတော့အကောင်းဆုံးဖြစ်ပါသည်။
၅)နောက်တစ်ခုက တော့ အမျိုးသမီး ဟော်မုန်း estrogen ပါ။
ထို ဟော်မုန်းတွေဟာ အမျိုးသမီးတွေကိုလှပစေပါတယ်။ ဒါ့ကြောင့်တချို့ထိုးကြ သောက်ကြ တာတွေရှိပါတယ်။
တချို့ကလည်း မသိဘဲလှတယ်ဆိုလို့သောက်မိကြပါတယ်။ သဘာဝအရ ခန္ဓာကိုယ်က ထွက်တဲ့ အက်စတိုဂျင်ဟော်မုန်းတောင်လိုအပ်တာထက်
ထိတွေ့မှု ကြာလာမယ်ဆိုရင် သားအိမ်အလုံးဖြစ်နှုန်း အရမ်းများနိုင်တာမလို့ ဟော်မုန်းဆေးသောက်တာထိုးတာတွေမလုပ်သင့်ပါဘူး
၆)အရေးကြီးတာက သားအိမ်အလုံးတော်တော်များများက လက္ခဏာမပြတတ်ပါဘူး။ပျောက်သွားတတ်တာလည်းရှိပါတယ်။ပျောက်သွားရင်တော့ပြသနာမရှိ့ပေမယ့်အထက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာလေးတွေပြပြီဆိုလျှင်တော့ ဆရာဝန်နဲ့သေချာပြသဆွေးနွေးသင့်ပါတယ်။
🚫ကိုယ့်မှာ သွေးဆင်းတာများတာတို့၊ တစ်လမှာ မကြာခဏဖြစ်နေတာတို့ စတဲ့ ရာသီဓမ္မတာ တစ်ခုခု ဖောက်ပြန်တာ မူမမှန်တာကို သတိပြုမိတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေရမှာ ဖြစ်ပါတယ်။
🚫ဘာဖြစ်လို့လဲဆိုတော့ ပေါ့ပေါ့
လျော့လျော့ ထားခဲ့ရင် သားသမီးမရနိုင်တာတို့ သွေးတွေ သိသိသာသာဆုံးရှုံးမှုများလို့ သွေးအားနည်းရောဂါတို့ စတဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။
🚫ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အလုံးတည်ခဲ့မယ်ဆိုရင် လမစေ့ ကလေး မွေးဖွားခြင်း နဲ့ ဖြစ်တတ်ပါတယ်။ကိုယ်ဝန်ပျက်ကျခြင်းတို့လည်းဖြစ်နိုင်ပါတယ်
သားအိမ်အလုံးတည်ခြင်းက
အမျိုးသမီးတိုင်း အသက်ရွယ်မရွေးဖြစ်နိုင်တာမလို့ရာသီသွေးမမှန်ခြင်းနဲ့ တစုံတရာစိုးရိမ်ရရင်ဆရာဝန်နဲ့အမြန်ဆုံးပြပြီး ကုသကြပါ♥
ကျန်းမာရေးဂရုစိုက်ကြပါနော်
အမျိုးသမီးတိုင်း ကျန်းမာပျော်ရွင်ကြပါစေ
#မဏိသြဃတိုင်းရင်းဆေးခန်း
#ကျန်းမာရေး
#သားအိမ်အလုံး
#သားအိမ်ကျန်းမာရေး
💥အိပ်ခါနီးအညောင်းပြေအောင် အိပ်ယာပေါ်ကနေ လုပ်လို့ရတဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးမျှဝေထားပါတယ်။
အေးချမ်းစွာအိပ်ပျော်နိုင်ကြပါစေ🥰
#မဏိသြဃတိုင်းရင်းဆေးခန်း
#ကျန်းမာရေးဗဟုသုတများမျှဝေမည်
21/08/2026
#ခြေဖဝါးပြားခြင်း
#မဏိသြဃတိုင်းရင်းဆေးခန်း
20/08/2026
❗️သားဥအိမ် ရေအိတ်တည်ခြင်း (Ovarian Cyst)
❓ သားဥအိမ် ရေအိတ်တည်ခြင်း ဆိုတာ ဘာလဲ?
သားဥအိမ်ဆိုတာ အမျိုးသမီးတွေရဲ့ သားအိမ်ဘေး တစ်ဖက်တစ်ချက်စီမှာ ရှိတဲ့ သေးငယ်တဲ့ အင်္ဂါလေးတွေပါ။
အဲဒီ သားဥအိမ်လေးရဲ့ အပေါ်မှာဖြစ်စေ၊ အထဲမှာဖြစ်စေ အရည်တွေစုပြီး အိတ်လေးတွေ ဖြစ်လာတာကို သားဥအိမ်ရေအိတ် (Ovarian Cyst) လို့ ခေါ်ပါတယ်။ သားဥအိမ်ရေအိတ်အများစုက အမျိုးသမီးတွေရဲ့ လစဉ်ရာသီစက်ဝန်းကြောင့် သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ ရိုးရိုးရေအိတ်တွေဖြစ်ပြီး ကင်ဆာမဟုတ်ကြပါဘူး။
⚠️ ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ?
ရေအိတ်သေးသေးလေးတွေကတော့ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါပေမယ့် ရေအိတ်ကြီးလာလျှင်တော့ အောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
* ဆီးခုံ၊ ဝမ်းဗိုက်အောက်ပိုင်းနှင့် ခါးတဝိုက် နာကျင်ကိုက်ခဲခြင်း
* ဗိုက်ကယ်ခြင်း၊ လေပွခြင်း၊ ဗိုက်ပြည့်အင့်နေသလို ခံစားရခြင်း
* ရာသီမမှန်ခြင်း၊ ရာသီလာစဉ် ပုံမှန်ထက်ပို၍ နာကျင်ကိုက်ခဲခြင်း
* ဆီးခဏခဏသွားချင်ခြင်း (သို့) ဝမ်းသွားရခက်ခြင်း
🔍 ရေအိတ် ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ?
သားဥအိမ်ရေအိတ် ရှိ၊ မရှိကို အာထရာဆောင်း (Ultrasound) ရိုက်ကြည့်ခြင်းဖြင့် အလွယ်တကူ သိနိုင်ပါတယ်။
💊 ဘယ်လို ကုသမှုတွေ ရှိလဲ?
1. ရေအိတ်က သေးငယ်ပြီး (၅ စင်တီမီတာအောက်)၊ လက္ခဏာလည်း ဘာမှမပြဘူးဆိုရင် ဆေးသောက်စရာ၊ ခွဲစိတ်စရာ မလိုဘဲ လအနည်းငယ်အကြာမှာ သူ့အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။
2. တချို့လူနာတွေမှာတော့ ရေအိတ်အသစ်တွေ ထပ်မဖြစ်လာအောင် သန္ဓေတားဆေး (Birth control pills) တွေ သောက်သုံးဖို့ ဆရာဝန်က ညွှန်ကြားတတ်ပါတယ်။
🔪 ဘယ်လိုအခြေအနေမှာ ခွဲစိတ်ဖို့ လိုအပ်လဲ?
သားဥအိမ်ရေအိတ် တွေ့တိုင်းလည်း ခွဲစိတ်စရာ မလိုပါဘူး။ ရိုးရိုးရေအိတ် ( Functional Cysts) အများစုက ၂-၃ လလောက်ကြာတဲ့အခါ သူ့အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့်
* ရေအိတ်က အရွယ်အစား အရမ်းကြီးလာတဲ့အခါ (၅-၁၀ စင်တီမီတာနှင့် အထက်)
* လအတော်ကြာတဲ့အထိ မပျောက်သွားဘဲ အရွယ်အစား ပိုကြီးလာတဲ့အခါ
* နာကျင်မှု ဝေဒနာ အရမ်းဆိုးရွားလာတဲ့အခါ
* ရေအိတ်ပေါက်ထွက်သွားခြင်း သို့မဟုတ် ရေအိတ်ရဲ့ အညှာလိမ်သွားတဲ့အခါ
* သွေးဆုံးပြီးနောက်ပိုင်းမှ ရေအိတ်တည်တဲ့အခါ
* အာထရာဆောင်း အဖြေအရ ရိုးရိုးရေအိတ် မဟုတ်ဘဲ အစိုင်အခဲများ တွေ့ရတဲ့အခါ
* ဒီလိုအချိန်မျိုးတွေမှာ ခွဲစိတ်ကုသရပါလိမ့်မယ်။
💡အကြံပြုချက်
ရာသီမမှန်တာ၊ ဗိုက်ခဏခဏအောင့်တာတွေ ခံစားနေရပြီဆိုလျှင်တော့ သားဥအိတ်ရေအိတ် ဖြစ်နေပြီလားဆိုတာ သတိထားသင့်ပါတယ်။
#ကျန်းမာရေး #မဏိသြဃတိုင်းရင်းဆေးခန်း #အမျိုးသမီးကျန်းမာရေး #ရေအိတ်တည်ခြင်း
19/08/2026
နေ့စဥ်အလေ့အထများထဲက သတိပြုစရာ
*************************************
အဟုန်များကို အောင့်ထားခြင်း ချုပ်တည်းအောင်ပြုလုပ်ခြင်းတို့သည် မိမိကျန်းမာရေးကို မိမိဘာသာ ထိခိုက်အောင်ပြုလုပ်နေခြင်းပင် ဖြစ်ပေသည်။
#ဆီး #ဝမ်း #မဏိသြဃတိုင်းရင်းဆေး
ဆီးချိုရောဂါရှင်များ သတိပြုဖွယ်
#ဆီးချို #မဏိသြဃတိုင်းရင်းဆေးခန်း
#ကျန်းမာရေး