Zarmani 9K Online Shop

Zarmani 9K Online Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zarmani 9K Online Shop, Beauty, cosmetic & personal care, Yangon.

Photos from Zarmani 9K Online Shop's post 22/05/2025

စက်ဆီ၊ ချောဆီ စက်အပိုပစ္စည်း လိုအပ်ရင် မင်မင်တို့ ရှိပါတယ်နော်.....
ခေါ်ပါ ပြောပါ ဖုန်းဆက်ပါ.....
09985803846
09697731500

22/05/2025

Good night ''

27/09/2022

သီတင်းကျွတ်ကျောင်းပိတ်ရက် ၉ရက်

ကျောင်းပိတ်ရက်ကို တစ်နိုင်ငံလုံး OCTOBER ၈ရက်နေ့မှစ၍ ၁၆ရက်နေ့အထိ ကျောင်းများကို ပိတ်ပေးသွားပါမည်။ သတ်မှတ်ရက်က ၅ရက်ဖြစ်ပါသည်။သို့သော် ရှေ့SAT၊SUN နှင့် နောက် SAT ၊SUN အထိ ၉ရက် ပိတ်ပေးသွားပါမည်။ ရုံးများကို ၃ရက်တည်းပိတ်သွားပါမည်။
Credit

26/07/2022

အခက်အခဲကာလကို ရင်ဆိုင်ရချိန်မှာ
လုပ်ငန်းဦးဆောင်သူအဆင့်ဆင့်ရဲ့
မဆုတ်မနစ်ကြိုးစားလုပ်ဆောင်မှုတွေဟာ
အဖွဲ့အစည်းထဲမှာရှိတဲ့သူတွေအားလုံးရဲ့
စိတ်အားတက်ကြွမှုကို မြင့်တက်စေနိုင်ပါတယ်။

ကိုယ်က စိတ်ဓါတ်မကျပဲ ကြိုးစားနေတာကိုက
လုပ်ငန်းထဲမှာ ကိုယ်နဲ့အတူတူ လုပ်နေသူတွေကို
လိုက်ပါကြိုးစားလာအောင် လှုံ့ဆော်နေသလိုပါပဲ။

လုပ်ငန်းထဲကလူတွေကို ဦးဆောင်မှုပေးဖို့အတွက်
ရာထူးမြင့်မြင့်မားမားရှိဖို့ မဖြစ်မနေမလိုပါဘူး။

ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အလုပ်ဆိုတာ
ဘယ်လိုလုပ်ရတယ်ဆိုတာကို ပြသနိုင်တာကိုက
ကိုယ်ဟာ ဦးဆောင်နိုင်သူဆိုတာ သိစေတာပါပဲ။

လုပ်ငန်းထဲမှာ ပြောင်းလဲမှုတွေကို မြင်ချင်တယ်ဆိုရင်
ကိုယ်ကစပြီး ပြောင်းလဲဖို့ကိုသာ အမြဲရွေးချယ်ပါ။

26/07/2022

လူကြီးမင်း၏ Driving Experience ကိုမြှင့်တင်လိုက်ပါ

Switch to SERVO & Feel the Difference

26/07/2022

ရောင်းအားကျနေလား?

ပြုံးပြီးအလုပ်တွေလုပ်ရင်း
လူတွေကို ကူညီလိုက်ပါ။

ရောင်းအားတက်လာပါလိမ့်မယ်။

Sales ❌ Selling
Sales ✅ Serving

လုပ်ငန်းရှင် မိတ်ဆွေများ ရောင်းအားတိုးကြပါစေခင်ဗျာ။

ပျော်ရွှင်အောင်မြင်တဲ့ နေ့ရက်တွေများစွာပိုင်ဆိုင်နိုင်ကြပါစေ။

ဘာတွေပဲဖြစ်ဖြစ် အမြဲပြုံးထားလိုက်ပါ 😊

ချစ်ခြင်းအားဖြင့်
ပြေခိုင်

26/07/2022

အင်ဂျင် အသန့်စင်ဆုံးအနေအထား တခုမှာရှိနေဖို့ဆို

SERVO ကိုတော့လိုအပ်ပါလိမ့်မယ်

20/05/2022

စီးပွားရေးလုပ်တဲ့ ရည်ရွယ်ချက်က “ပျော်ဖို့”

စီးပွားရေးတစ်ခု လုပ်တဲ့အခါ

စျေးရောင်းကောင်းရင် ပျော်မယ်။

အမြတ်ငွေရရင် ပျော်မယ်။

တိုးတက်မှုရှိရင် ပျော်မယ်။

လူတွေ ကိုယ့်လုပ်ငန်းကိုချစ်ရင် ပျော်မယ်။

ကိုယ့်လုပ်ငန်းကြောင့်
လူတွေ မတူညီတဲ့အတွေ့အကြုံတွေ
ရသွားရင် ပျော်မယ်။

ကိုယ်လုပ်ချင်တဲ့အပိုင်းကိုပဲ လုပ်ပြီး
တချို့အပိုင်းတွေကို ကိုယ်မပါဘဲ
လက်လွှဲလို့ရရင် ပျော်မယ်။

အလုပ်လုပ်နေပြီး နေ့စဉ်နဲ့အမျှ
စိတ်ဆင်းရဲနေရရင် တစ်ခုခုတော့ မှားနေပြီ။

လုပ်ငန်းလုပ်တဲ့
အဓိကရည်ရွယ်ချက်က
ပျော်ဖို့ဆိုတာ မမေ့ပါနဲ့။

AkyanPay.com
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။

20/05/2022

"မဆူနဲ့ကူ"

လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေဆီက ရလဒ်ကောင်းတွေ ရချင်လား၊

သူတို့ကို တတ်နိုင်သလောက် ကူညီဖို့ကြိုးစားကြည့်လိုက်ပါ၊

ဝန်ထမ်းခန့်ထားတယ်ဆိုတာ အားကိုးချင်လို့ပါ၊

အားကိုးမရတဲ့ ဝန်ထမ်းလို့ သတ်မှတ်ဖို့ဆိုတာ အကြောင်းပြစရာ အများကြီးရှိနိုင်ပေမယ့်၊

ကျွန်တော် လေ့လာထားတဲ့ Neuro - Linguistic Programming NLP အယူအဆဖက်ကကြည့်ရင် “အရင်းအမြစ်မလုံလောက်တဲ့သူဆိုတာ မရှိဘူး၊ အရင်းအမြစ်မလုံလောက်တဲ့စိတ်အခြေအနေပဲရှိတယ်” ဆိုတာကို ဦးစားပေးစဉ်းစားစေချင်ပါတယ်၊

- အားကိုးနိုင်လောက်တဲ့ အရည်အချင်းမရှိတဲ့သူကို ရွေးချယ်ခန့်ထားခဲ့တာလား၊

- အရည်အချင်းရှိပေမယ့် အဲဒီအရည်အချင်းတွေကို အသုံးချနိုင်မယ့် မကိုက်ညီတဲ့ အခြေအနေမျိုးဖြစ်နေလို့လား၊

- အရည်အချင်းရှိပေမယ့် ဝန်ထမ်းရဲ့ အခြားကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အခက်အခဲ၊ လိုအပ်ချက်ကြောင့် အသုံးချလို့ မရဖြစ်နေလား၊

- အဲဒီအရည်အချင်းတွေကို အသုံးချနိုင်ဖို့ အခွင့်အရေး မပေးထားတာလား၊

- လုပ်ဖော်ကိုင်ဖက်တွေရဲ့ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ ပူးပေါင်းဆောင်ရွက်မှု မရှိတာတွေကြောင့်လား၊

- နည်းပညာ အကူအညီလိုအပ်ချက်ကြောင့်လား၊

- လုပ်ငန်းခွင်အတွင်း လက်ရှိအသုံးပြုနေတဲ့ လုပ်ငန်းသုံးအထောက်အကူပြု ပစ္စည်းတွေကြောင့်လား၊

- သဟဇာတ မကျတဲ့ လုပ်ငန်းခွင်နေရာ အခင်းအကျဉ်းကြောင့်လား၊

- တစ်ခြားကျန်းမာရေး၊ လူမှုရေး၊ မိသားစု အရေးတစ်ခုခုကြောင့်လား၊

မလုပ်နိုင်၊ မစွမ်းဆောင်နိုင်မှုရဲ့ အဓိက အကြောင်းရင်းခံကို တွေ့အောင် ရှာဖွေပြီး သူစွမ်းဆောင်လာနိုင်အောင် ကူညီလေ့ကျင့်လုပ်ဆောင်ပေးကြရမှာပဲဖြစ်ပါတယ်၊

လူကြောင့်၊ မူကြောင့်၊ နည်းပညာ၊ လုပ်ငန်းခွင်သုံး အထောက်အပံ့ပစ္စည်းဘယ်အကြောင်းကြောင့်ပဲဖြစ်ပါစေ ထိရောက်အကျိုးရှိပြီး အလုပ်တွင်စေဖို့ နည်းလမ်းပေါင်းစုံကိုသုံးပြီး ဖြေရှင်းကြရမှာပဲဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် လူသားအရင်းအမြစ် မပါရှိဘဲ လုပ်ငန်းလည်ပတ်နိုင်ဖို့ မဖြစ်နိုင်လို့ပါ၊

ကိုယ့်လုပ်ငန်းဘယ်လောက်အောင်မြင်နိုင်မလဲ ကိုယ်ပြင်ဆင်ထားသလောက်ပဲ အောင်မြင်နိုင်မှာပါ၊

လုပ်ငန်းရှင်ရော ဝန်ထမ်းပါ အလိုရှိကြတဲ့ လုပ်ငန်းခွင်မှာ ပျော်ရွှင်ပြီး အလုပ်တွင်အောင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အပြစ်တင်၊ ဆူပူမနေကြဘဲ လိုအပ်သလို ပံ့ပိုးကူညီပေးကြရင်း ပိုပြီး ကောင်းမွန်သာယာတဲ့ လုပ်ငန်းခွင်ကို အတူတူဖန်တီးလိုက်ကြရအောင်။

သင်ယူလေ့လာလျက်

Ko Ko Aung
NLP Master Trainer & Business Coach

U Ko Ko Aung သည် Breakthrough Coaching, Training & Consulting ရဲ့ Managing Director တစ်ဦးဖြစ်ပြီး လုပ်ငန်းရှင်များကို Coaching နှင့် Training ဝန်ဆောင်မှုများ ပေးနေသည့် Master Coach တစ်ဦးလည်း ဖြစ်ပါတယ်။ U Ko Ko Aung ရဲ့ ကိုယ်ရေးအကျဉ်းကို အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

https://breakthroughleadershipacademy.com/instructor.../

Photos from Zarmani 9K Online Shop's post 20/05/2022

ဥရောပ၊ အမေရိကန်နှင့် ကနေဒါတို့တွင် ကူးစက်မှုများတွေ့ရှိပြီးနောက် ပထမဆုံး မျောက်ကျောက်(Monkeypox)ရောဂါဖြစ်ပွားမှု ဆွီဒင်တွင်တွေ့ရှိ

ဗြိတိန်၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ် အစရှိသည့် ဥရောပနိုင်ငံများနှင့် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင်ပါ မျောက်ကျောက်(Monkeypox)ရောဂါကူးစက်ဖြစ်ပွားမှုများကို ယခုလအတွင်းတွေ့ရပြီးနောက် ပထမဆုံးမျောက်ကျောက်ရောဂါဖြစ်ပွားမှုကို တွေ့ရှိကြောင်း ဆွီဒင်နိုင်ငံက အစီရင်ခံသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှ လူတစ်ဦးတွင် မျောက်ကျောက်ရောဂါကူးစက်ခံရကြောင်း အတည်ပြုချက်ကို ဆွီဒင်ပြည်သူ့ကျန်းမာရေးအေဂျင်စီက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပြင်သစ်ပိုင်နက်တွင် ယင်းဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ပထမဆုံး သံသယလူနာကို Paris/Ile-de-France ဒေသတွင်လည်း တွေ့ရှိခဲ့ကြောင်း ပြင်သစ် ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီး၊ ကမ္ဘာတစ်ဝန်းတွင်လည်း ယင်းဗိုင်းရပ်စ်ပျံ့နှံ့နေသည့် သတင်းများကြားလာခဲ့ရသည်။

မကြာသေးမီက ကနေရီကျွန်းစုများမှ အီတလီသို့ပြန်လာသော အရွယ်ရောက်ပြီးလူငယ်တစ်ဦးတွင်လည်း ယင်းရောဂါကို စစ်ဆေးတွေ့ရှိခဲ့သည်။

မျောက်ကျောက်(Monkeypox)ရောဂါသည် အဖျားရောဂါလက္ခဏာများအပြင် ထူးခြားသော အဖုအပိန့်များခန္ဓာကိုယ်တွင်ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်။

ယင်းသည် ပုံမှန်အားဖြင့် အပျော့စားရောဂါမျိုးဖြစ်သော်လည်း သေဆုံးမှု ၁၀ ရာခိုင်နှုန်းရှိသော ကွန်ဂိုမျိုးကွဲနှင့် သေဆုံးမှု ၁ ရာခိုင်နှုန်းရှိသည့် အနောက်အာဖရိကမျိုးကွဲတို့ရှိသည်။

Ref: Sweden confirms first monkeypox case, France has suspected infection

15/05/2022

ကျောက်ကပ်ကို ထိခိုက်စေသော အမှုအကျင့်များ
------------------------------------------------------
(၁) ရေသောက်နည်းခြင်း။
(၂) နံနက်စာ မစားခြင်း။
(၃) အသားများကို အလွန်အကျွံစားခြင်း။
(၄) ဆား စားသုံးမှု များနေခြင်း။
(၅) ဆေးလိပ်သောက်ခြင်း။
(၆) အရက်အလွန်အကျွံသောက်ခြင်း။
(၇) လုံလောက်သော အနားယူခြင်း မရှိခြင်း။
(၈) ဆေးဝါများ အလွန်အကျွံ မှီဝဲနေခြင်း။
(၉) မနက်အိပ်ယာထ ဆီးသွားချင်သည်ကို မသွားဘဲ
ချုပ်ထားခြင်း။
(၁၀) တစ်ခါတစ်လေ အလွန်အကျွံ စားခြင်း။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon