December Cosmetic Healthy & accessories
Beauty
BHT ဈေးတွေက တက်တော့
ဈေးအပြောင်းလဲလေးနဲနဲရှိပါမယ်
24/12/2022
#မျက်ခုံးမွေးကြောင့် အလှပျက်နိုင်ခြင်း
မျက်ခုံးအလှက လူတစ်ယောက်ရဲ့ အလှကို ပေါ်လွင်နိုင်ပါတယ်။ မျက်ခုံး သေသေသပ်သပ်ရှိတာက သင့်မျက်လုံး ကို ပိုမိုလှပစေနိုင်ပါတယ်။ သင့်မျက်ခုံး က ထူထပ်နေပြီး မညီမညာဖြစ်နေရင် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပုံဖော်ပေးပါ။ အသက်ကြီးလာတာနဲ့အမျှ မျက်ခုံးမွေး ပါးသွားနိုင်တဲ့အတွက် မျက်ခုံးမွေးဆွဲတာ မျက်ခုံးတက်တူထိုးတာမျိုးတွေ ပြုလုပ် ပေးပါ။
မျက်ခုံးမွေးဆွဲတံကို အသုံးပြုမယ့် အစား အရောင်ရင့် နပန မြသတည Shadသတ တွေကိုရွေးချယ်ရင် ပိုမိုကောင်းမွန် နိုင်ပါတယ်။ အညိုရောင်ကို အသုံးပြုတာ က အနက်ရောင်ကို အသုံးပြုတာထက် ပိုပြီး သဘာဝဆန်နိုင်ပါတယ်။
#မျက်ခွံပေါ်တွင် ပြောင်ပြောင် လက်လက်များ အသုံးပြုများလွန်းခြင်း
ပြောင်ပြောင်လက်လက် အိုင်းရှဲဒိုး တွေက လူကို ဆွဲဆောင်မှုအလွန်ရှိနိုင် ပေမယ့် မျက်ခွံတစ်ခုလုံးပြည့်အောင် သုံးထားမယ်ဆိုရင် ကြည့်ရဆိုးသွားနိုင်ပါ တယ်။ မျက်လုံးရဲ့ အတွင်းဘက်နေရာမှာ သာ အသုံးပြုသင့်ပြီး ကျန်နေရာတွေ အားလုံးကို အပြောင်အလက်မပါတဲ့ အိုင်းရှဲဒိုးကို အသုံးပြုပါ။ သင်ရဲ့အသား အရေထက် အရောင်ပိုရင့်တဲ့အိုင်းရှဲဒိုး ကို အသုံးပြုတာက သင်ရဲ့ မျက်လုံးအ လှကို ပိုမိုပေါ်လွင်စေနိုင်ပါတယ်။
22/12/2022
#ဖောင်ဒေးရှင်းများလွန်းခြင်း
ဖောင်ဒေးရှင်းများလွန်းတာက သင့် မျက်နှာကို အကြည့်ရဆိုးစေနိုင်ပါတယ်။ မိတ်ကပ်မျက်နှာဖြစ်ပြီး လူရွှင်တော်ရုပ် ပေါက်နေနိုင်ပါတယ်။ ဒါ့အပြင် သင်ရဲ့ အရေပြားအရောင်နဲ့ လိုက်ဖက်တဲ့ ဖောင် ဒေးရှင်းအရောင်ကို ရွေးချယ်ရပါမယ်။ သင့်အရေပြားအရောင်ထက် တစ်ဆင့် ကျတာကို ရွေးချယ်မယ်ဆိုရင် သင့်မျက် နှာပေါ်မှာရှိနေတဲ့ အရေးကြောင်းတွေ၊ တင်းတိပ်တွေ ပိုမိုထင်သာမြင်သာရှိလာ နိုင်ပါတယ်။ ဖောင်ဒေးရှင်းလိမ်းပြီးရင် သေချာညှိဖို့လည်း မမေ့ပါနဲ့။ သင့်နား ရွက်တွေ၊ လည်ပင်းတွေကိုလည်း မျက် နှာနဲ့ တစ်ထပ်တည်းကျအောင် ဖောင် ဒေးရှင်းလိမ်းရပါမယ်။
22/12/2022
#ကွန်ဆယ်လာသုံးနည်းမမှန်ကန်ခြင်း
ကွန်ဆယ်လာကို မိတ်ကပ်ဖောင် ဒေးရှင်းလိမ်းပြီးမှသာ အသုံးပြုသင့် ပါတယ်။ သူ့ကို အသုံးပြုရာမှာ အောက်ပါ တို့ကို သတိထားပါ။
✅ သင်ဖုံးကွယ်ချင်တဲ့အစိတ်အပိုင်းကို ကွန်ဆယ်လာပမာဏအများကြီး အ သုံးမပြုပါနဲ့။ မျက်ကွင်းညိုတဲ့နေရာမှာ ကွန်ဆယ်လာများများသုံးမိရင် ပိုမိုအိုမင်း ရင့်ရော်ပုံပေါက်သွားနိုင်ပါတယ်။ မျက် ကွင်းညိုတာကို ဖျောက်ဖို့အတွက် ကွန် ဆယ်လာအနည်းငယ်ကို မျက်လုံး အောက်က အရိုးပေါ်မှာလိမ်းပြီး သေချာ ညှိပါ။ မျက်ကွင်းညိုတဲ့နေရာပေါ်မှာ တိုက်ရိုက်မလိမ်းပါနဲ့။ နောက်တစ်နည်း အနေနဲ့ ကွန်ဆယ်လာအနည်းငယ်လိမ်း ပြီး ခြောက်သွေ့သွားမှ ပေါင်ဒါအနည်း ငယ်တို့ကာ နောက်တစ်ထပ် ထပ်မံလိမ်း တဲ့နည်းလမ်းပါ။
✅ကွန်ဆယ်လာတစ်မျိုးတည်းကို နေ ရာတကာမှာ အသုံးပြုလို့ မရပါဘူး။ ကွန် ဆယ်လာကို အရောင်မျိုးစုံရရှိနိုင်ပြီး တစ်မျိုးစီအတွက် အသုံးဝင်ပုံတွေရှိကြ ပါတယ်။ မက်မွန်သီးရောင်ကွန်ဆယ်လာက မျက်ကွင်းညိုတာအတွက် အသုံးဝင်ပြီး အစိမ်းရောင်ကွန်ဆယ်လာက ဝက်ခြံနဲ့ တင်းတိပ်တွေကို ဖုံးဖို့အတွက် အသုံးဝင် ပါတယ်။ အရေပြားနေရာ အတော်များ များ အတွက်ဆိုရင် အဝါရောင်ကွန်ဆယ် လာကို အသုံးပြုပါ။
19/12/2022
#အမျိုးသမီးတိုင်းသိထားသင့်သည့်မိတ်ကပ်လိမ်းနည်းအမှားများ
အခုလို နည်းပညာထွန်းကားလာတဲ့ ခေတ်ကြီးထဲမှာ Skincare တွေ၊ မိတ်ကပ်တွေက အမည်မျိုးစုံ၊ ပုံသဏ္ဌာန်မျိုးစုံနဲ့ ထွက်ပေါ်နေကြပါတယ်။ အမျိုးသမီးတွေကလည်း မိမိကိုယ်မိမိလှလှပပဖြစ်စေဖို့ လူတွေကြားထဲမှာ ကြည့်ကောင်းနေစေဖို့ အတွက် ခေတ်ပေါ်မိတ်ကပ်တွေ လိမ်းခြယ်သပြီးမှသာ အပြင်ထွက်လေ့ရှိကြပါတယ်။ မိတ်ကပ်လိမ်းလိုက်လို့ နဂိုရှိတဲ့ရုပ်ရည် ထက် အများကြီးပိုလှသွားသူတွေရှိသလို မိတ်ကပ်လိမ်းလိုက်တာကြောင့် နဂိုရှိပြီးသားအလှပျက်ပြီး အကြည့်ရဆိုးသူတွေလည်း ရှိကြပါတယ်။ ဒါကြောင့် အမျိုးသမီးအများစုအတွက် ရည်ရွယ်ပြီး မိတ်ကပ်လိမ်းခြယ်နည်း အမှားတွေကို ရှောင်ရှားနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ် . . .
မိတ်ကပ်လိမ်းတာက အိုင်းရှဲဒိုး လိမ်းတာ ဒါမှမဟုတ် ပါးနီဆိုးတာထက် ပိုမိုပြီးအရေးကြီးပါတယ်။ သင့်အသား အရေအရောင်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ် ကို လိမ်းထားရင်တောင် မိတ်ကပ်ကို သေချာမညှိရင် မိတ်ကပ်ကွက်ပြီး သဘာ ဝအသားအရေအတိုင်း ထွက်ပေါ်လာမှာ မဟုတ်တော့ပါဘူး။
09/12/2022
Cosmetic page
အသစ်လေးမှကြိုဆိုပါတယ် instock (2022)
ထုတ်ပစ္စည်းများကို
#ဈေးနှုန်းချိုသာစွာ
ရောင်းချပေးတာဖြစ်သောကြောင့် Order တင်ပီး
ရက်တွေအများကြီးစောင့်စရာမလိုပါဘူးနော်
အစစ်မှန်များကိုသာရောင်းချပေးပါသည်
Productတစ်ခုချင်းအောက်မှာဈေးနှုန်းနှင့်ရနိုင်မဲ့Colour
များဖော်ပြပေးထားပါတယ်
#ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေဖြစ်ပီး
#နယ်မြို့များမှာယူပါက ငွေဝင်ပီးနောက်ရက်မှာသက်ဆိုရာဂိတ်သို့တင်ပေးပါတယ်
09/12/2022
#ကာကာလေးတွေပါးစပ်ဖျားမှာ ကောင်းလွန်းလို့ သုံးဖူးသူတိုင်းအသည်းစွဲဖြစ်နေကြတဲ့ Liquid Foundation ကရေစို၊မိုးစိုခံပြီး မိတ်ကပ်သားကွက်မှာစိတ်မပူမလိုလောက်အောင်ကောင်းတဲ့ Foundation လေးပါ
✳️ #၁၂နာရီကြာမိတ်ကပ်သားကို ထိန်းပေးထားပြီးအဆီပြန်ခြင်းကင်းဝေးပြီး မိတ်ကပ်သား သိပ်သိပ်ညက်ညက်လေးနဲ့ တနေ့လုံးကြာရှည် စွာမိတ်ကပ်သားခံမှုကြောင့်စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမှာပါ။
01= အသားဖြူ သောသူအတွက်
02= အသားညိုသောသူအတွက်
0f= အသားဝါ /အသားလတ်သောသူအတွက်
02/12/2022
#ပေါ့ပါးချောမွတ်တဲ့ မိတ်ကပ်သားကြောင့်အတင်းကြီး ဆွဲလိမ်းစရာ မလိုတဲ့ Foundation လေးကတော့ Smoothing Match Foundation လေးပါ။
✅ SPF PA++++ (30ml) C1/C2/C3
C1= အသားဖြူသောသူ အတွက်ပါ
C2= အသားလတ်/ အသားဝါ သောသူ အတွက်ပါ
C3= အသားညိုသော သူအတွက်ပါ
✅ #အသားအရေအစိုဓာတ်ကို ဖြည့်တင်းပေးမျက်နှာမှာရှိတဲ့ အမည်းစက်များကို သဘာဝပ
အတိုင်း ဖုံးအုပ်ပေးပြီး အရေးအကြောင်းဖြစ်ခြင်းကို လျော့စေသည်။
✅ ++++
ပါဝင်သောကြောင့်အသားအရေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါသည်။တနေ့တာလုံး ကြာရှည်စွာမိတ်ကပ်သားကိုခံစေပြီး ရေစို၊ချွေးစိုဒဏ်မှလည်းကာကွယ်ပေးနိုင်ပါသည်။
Price - 450baht
02/12/2022
ကာကာလေးတွေ ပါးစပ်ဖျားမှာ ကောင်းလွန်းလို့ သုံးဖူးသူတိုင်းအသည်းစွဲဖြစ်နေကြတဲ့ Liquid Foundation ကရေစို၊မိုးစိုခံပြီး မိတ်ကပ်သားကွက်မှာစိတ်မပူမလိုလောက်အောင်ကောင်းတဲ့ Foundation လေးပါ
✳️ #၁၂နာရီကြာမိတ်ကပ်သားကို ထိန်းပေးထားပြီးအဆီပြန်ခြင်းကင်းဝေးပြီး မိတ်ကပ်သား သိပ်သိပ်ညက်ညက်လေးနဲ့ တနေ့လုံးကြာရှည် စွာမိတ်ကပ်သားခံမှုကြောင့်စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမှာပါ။
01= အသားဖြူ သောသူအတွက်
02= အသားညိုသောသူအတွက်
0f= အသားဝါ /အသားလတ်သောသူအတွက်
02/12/2022
Click here to claim your Sponsored Listing.