Show ME
မျှော်လင့်ချက်တစ်စုံတစ်ရာ
20/11/2025
Motivational speaker ဆိုသူတွေနဲ့ Personal trainer ဆိုသူတွေ အများစုက rich kid တွေ ဖြစ်နေကြပြီး Poor kid တွေ အပေါ် လူပေါ်လူဇော် လုပ်ချင်နေကြတာ များတယ်။
သူတို့ မသိတာက တာထွက်မတူရင် ပန်းဝင်ချိန်လည်း မတူနိုင်ဘူးဆိုတာပါပဲ။
မိမိ က
(၁) မိဘရဲ့ အရှိန်အဝါ/ အသိုင်းအဝိုင်း
(၂) မိဘရဲ့ အထောက်အပံ
(၃) ကောင်းမွန်တဲ့ ပညာရေး
(၄) ပြည့်စုံတဲ့ မိသားစုကြောင့်
မိမိလောက် မပြည့်စုံတဲ့ မိမိလောက် အထောက်အပံမရှိတဲ့ သူတွေကို အပေါ်စည်းကကြည့်ပြီး ဒီလို လုပ်ပါလား။ ဟိုလို လုပ်ပါလား စသဖြင့် ဆရာကြီး လုပ်မနေသင့်ဘူး။
အလွယ်ကူဆုံး ပြောရရင်
မိမိက ပြည့်စုံတဲ့ အသိုင်းအဝိုင်းက လာတော့ အလုပ်ကဆင်းရင် ကားလေးမောင်းပြီး အိမ်ပြန် အိမ်ရောက်ရင် ရေချိုးအဝတ်အစားလဲ ညစာစားပြီး တီဗွီရှေ့မှာ ထိုင်နေချိန်မှာ
မိမိထက် နိမ့်ကျသူက ကြပ်ပိတ်သိပ်နေတဲ့ ဘတ်စ်ကား ပေါ်မှာပဲ ရှိနေဦးမယ်။ ကားပေါ်ကနေ ဆင်းပြီးရင် သူ့ အိမ် ရောက်ဖို့ နာရီဝက်လောက် လမ်းလျှောက်ချင်လျှောက်ရဦးမယ်။
အိမ်ရောက်တော့ ညစာအတွက် ချက်ပြုတ် ရေချိုး အ ဝတ်လျှော် ညစာအတွက် ပြင်ဆင်နေချိန် ၊ ညစာစား ပန်းကန်ဆေးပြီး မနက်ဖြန် ရုံးတက်မယ့် အင်္ကျီကို မီးပူတိုက်ရင် တိုက်နေရဦးမှာ။
အဲ့အချိန်တွေမှာ မိမိက အဲကွန်းအောက်က အိပ်ယာမှာ အိပ်ရင်လည်း အိပ် ၊ မအိပ်လည်း ဇိမ်နဲ့လှဲပြီး အနားယူနေပြီ။
တခါတလေ အခြားသူတွေက ကိုယ့်လောက် ရှေ့မရောက်တာ ကိုယ့်လောက် မအောင်မြင်တာ သူတို့က ကိုယ့်ထက် ညံနေလို့ မဟုတ်ဘူး။
သူတို့ကတာထွက်နောက်ကျနေတာ သူတို့မှာ ကိုယ်ထက် လေးတဲ့ ဝန်ထုပ်ဝန်ပိုးတွေကြောင့် ကိုယ်လောက် မြန်မြန် မပြေးနိုင်တာဆိုတာကို သူတို့နေရာကနေပြီး ကိုယ်ချင်းစာပေးနေစရာ မလိုအပ်ပေမယ့် မိမိတို့ အနေနဲ့ သိနေဖို့ တော့လိုတယ်။
Credit
01/10/2025
Beautiful Bagan✨
31/03/2025
စုစုစံ (Su Su San)အမည်နဲ့ မိုဇလပညာရှင်
ဦးထွန်းလှအောင်ကွယ်လွန်
အများအကျိုးပြုသူကြီးမို့နှမြောတသလျှက်ပါ RIP ပါဆရာရေ🙏
#စုစုစံ #စုစုစံ #ဦးထွန်းလှအောင်
31/03/2025
"ဧပြီလ လဆန်း(၄)ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ တင်ပြခြင်း"
(မတ်လ ၃၀ ရက် ညနေ ၅ နာရီ)
=====
၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက် နေလည်ပိုင်းက စတင်ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ကြောင်း ECMWF, GFS နဲ့ ICON model များက မတ်လ ၃၀ ရက်နေ့မှာ တပြေးညီ ခန့်မှန်းချက်တွေ ထွက်လာတာတွေ့ရပါတယ်။
လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းအဆင့်သို့ ရောက်လာနိုင်မဲ့ အခြေအနေက ECMWF Chart မှာ ၆၀% ရှိကြောင်းတွေ့ရပြီး GEFS, ECMWF-ENS chart တွေမှာ လမ်းကြောင်းနဲ့ အင်အားကြိုတင်ခန့်မှန်းချက်များ တည်ငြိမ်မှုမရှိသေးတာကြောင့် မုန်တိုင်းဖြစ်/မဖြစ်နဲ့ ဆက်လက်ရွေ့လျားနိုင်မဲ့ လမ်းကြောင်း၊ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိ/မရှိနဲ့ သက်ရောက်မှု-များနိုင်/မများနိုင် အတိအကျခန့်မှန်းနိုင်ခြင်းမရှိသေးပါ။
ဧပြီလ ၇ ရက်နေ့နှင့် နောက်ပိုင်းရက်တွေအတွက် ကြိုတင်ခန့်မှန်းချက်များမှာတော့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ မိုးအနည်းငယ်မှ အသင့်အတင့်ရွာနိုင်ပါမယ်။
ဖြစ်ပေါ်လာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေပေါ်မူတည်ပြီး မိုးအသင့်အတင့်မှ မိုးများနိုင်တဲ့ အခြေအနေမျိုးလဲ ဖြစ်ပေါ်နိုင်မယ်ဆိုတာ တွေ့ရပါတယ်။
လက်ရှိငလျင်ဒဏ်ခံဒေသများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေကြတဲ့ ရှာ/ကယ်အဖွဲ့များနဲ့ အိုးအိမ်စွန့်လွှတ်လိုက်ရတဲ့ ငလျင်ဒဏ်သင့်ပြည်သူများအနေနဲ့ ဧပြီလ လဆန်းပိုင်းက စတင်ပြီး မိုးလေဝသဖြစ်နိုင်ချေများကို မပြတ်နားစွင့်ကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။
CRD #မိုးလေဝသပညာရှင်
30/03/2025
ငလျင်ရှောင်မယ်ဆိုရင် တိလေးတွေကိုလဲရင်နှင့်မကွာ ခေါ်သွားပေးကြပါ🙏
30/03/2025
တစ်ပူပေါ်ဆယ်ပူဆင့် ငါတို့ဘဝတွေပဲ😢
#ကပ်ဘေးဆိုးကြီးများမှကင်းဝေးကြပါစေ
28/03/2025
ငလျင်ကြောင့် မန္တလေးမြို့က အပျက်အစီး မြင်ကွင်းများ
#မန္တလေး #ငလျင် #မြန်မာ
စစ်ကိုင်းငလျင် ထိုင်းထိအဖျားခတ်
#ငလျင်
28/03/2025
စိတ်မကောင်းစရာမြန်မာပြည် နာပြီးရင်းနာ😢🙏
ငလျင်ကြောင့်အပျက်အစီးတွေထပ်တိုးလာနိုင်ပါသေးတယ်
#ငလျင် #မြန်မာ
ငလျင်ကြောင့် ဘာတွေဖြစ်ကုန်ပြီလဲ 🙏
Click here to claim your Sponsored Listing.