MoriGlow
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MoriGlow, Health/Beauty, North Dagon, Yangon.
"Glow Naturally.Age Beautifully"
MoriGlow ရဲ့ ရည်ရွယ်ချက်ကတော့ -
သဘာဝရဲ့ စွမ်းအားကို အသုံးပြုပြီး လူတိုင်းအတွက် နုပျိုတောက်ပဝင်းမွတ်တဲ့ အလှတရားကို အချိန်ကြာကြာ ထိန်းသိမ်းနိုင်စေဖို့ပဲ ဖြစ်ပါတယ်…။
13/05/2026
MoriGlow Moringa Elevé Hair Serum
Nourish your hair. Strengthen your confidence.
MoriGlow Hair Serum က ဆံသား နှင့် ဦးရေပြားကို အားပြည့်လန်းဆန်းစေဖို့၊ နူးညံ့တောက်ပစေဖို့ အတွက်ဖြစ်ပါတယ်။ အာဟာရဓါတ်ဆုံးရှုံးမှုမရှိအောင် Cold-pressed နည်းလမ်းနဲ့ ကြိတ်ယူထားတဲ့ ဒန့်ဒလွန်ဆီ (Moringa Oil) နှင့် အပင်ထွက် ပါဝင်ပစ္စည်းတွေကို ပေါင်းစပ်ဖန်တီးထားပါတယ်။
ဒန့်ဒလွန်ဆီရဲ့ အစွမ်းကြောင့် ဆံသားကို ချောမွေ့နူးညံ့စေပါတယ်။ ဦးရေပြားခြောက်သွေ့ခြင်းကို ကုစားကာကွယ်ပေးတယ်။ ပေါ့ပါးတဲ့ အဆီဖြစ်တဲ့အတွက် အုန်းဆီလိမ်းရသလို ချွဲစိုစိုကြီး မခံစားရတာက သူ့ရဲ့ အားသာချက်ဖြစ်ပါတယ်။ သဘာဝအပင်ထွက်ပစ္စည်းတွေချည်းပဲ ပါဝင်တာမို့ ဦးရေပြားနဲ့ ဓါတ်မတဲ့မှာကိုလည်း စိုးရိမ်စရာမရှိပါဘူး။
နေ့စဉ်သုံးစွဲပေးရင် ဆံသားခြောက်တာ၊ ကြွတ်ဆတ်တာ၊ အဖျားနှစ်ခွဖြစ်တာ စတဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ လိမ်းလိုက်တိုင်း ဆံပင်ကို သဘာဝဆန်ဆန်တောက်ပသပ်ရပ်နေစေမယ့် Haircare Product လေးဖြစ်ပါတယ်။
MoriGlow Hair Serum combines the power of Cold-Pressed Moringa Oil with plant-based nutrients to nourish hair and scalp.
It helps support smoother, healthier-looking hair while reducing dryness and frizz without leaving greasy residue.
Lightweight, comfortable, and easy to use — for hair that looks naturally vibrant and well cared for.
Healthy hair begins with nature.
12/05/2026
09/05/2026
ဝက်ခြံကြောင့်ကျန်ခဲ့တဲ့
အမဲစက်၊ အမာရွတ်တွေကို ကုစားပေးမယ့်
နည်းလမ်း (၃) ခု..💯
ဝက်ခြံတွေက ဆိုးတယ်ဗျ..
ပေါက်ပြီးရင်လည်း ပြီးမသွားဘူး။
မျက်နှာပေါ်မှာ အမှတ်တရလက်ဆောင်တွေ
ချန်ခဲ့သေးတာ။ အမဲစက်တွေ၊
အညိုကွက်တွေပေါ့ဗျာ…။
ရွှေယုန်လို အသားဖြူတဲ့သူတွေဆိုရင် ပိုတောင် သိသာသေးတယ်။ အရင်ကဆို ရွှေယုန့် မျက်နှာမှာ အဲ့လိုဟာတွေ အများကြီးပဲ။ ဒါနဲ့ ကျနော် စာတွေလိုက်ဖတ်တယ်။ အခုကျနော်လက်တွေ့စမ်းသပ်ပြီး အဆင်ပြေသွားတဲ့ နည်းကို မျှဝေပေးပါမယ်။
ဝက်ခြံပေါက်တဲ့အခါ ဝက်ခြံက ရောင်ယမ်းပြီး အရေပြားကို တွန်းကန်တယ်။ ကျနော်တို့ကလည်း လက်အညိမ်မနေပဲ ဝက်ခြံကိုညှစ်မိကြတယ်။ ဒီအခါမှာ အရေပြားက သူ့ကိုတစ်ခုခုကတိုက်ခိုက်နေပြီဆိုပြီး ခုခံဖို့အတွက် Melanin ဓာတ်တွေကို အစုလိုက်အပြုံလိုက် ထုတ်ပေးလိုက်တယ်။ အဲ့ဒီ Melanin ဓာတ်က ကျွန်တော်တို့အသားကို အညိုရောင်ပြောင်းသွာစေတယ်။ အမှန်တော့ သူက ကာကွယ်တဲ့ ဓါတ်ပါ။ ကံမကောင်းတာကတော့ မဲ သွားတာပေါ့ဗျာ…။ ဒါ့ကြောင့် ဝက်ခြံပျောက်သွားရင် အမဲကွက်တွေကျန်ခဲ့တာပါ။
ဒီအမဲကွက်တွေကို ကုစားဖို့ဆိုရင်တော့ -
(၁) နေပူထဲသွားရင် Sun cream လိမ်းပေးပါ။ နေရောင် နှင့် အပူရှိန်တွေက Melanin ကို ပိုထွက်စေတာကြောင့် ဖြစ်ပါတယ်။
(၂) Vitamin C နဲ့ Vitamin B3 ပါတဲ့ Skincare တွေသုံးပေးပါ။ ဒီ အာဟာရဓါတ်တွေက Melanin ကို နောက်ပြန်ဆုပ်သွားစေပြီး၊ အသားအရေကို ပြန်ကြည်လင်လာစေပါတယ်။
(၃) နောက်ဆုံးတစ်ချက်ကတော့ ဝက်ခြံကို လက်နဲ့ လုံးဝ လုံးဝ မညှစ်ပါနဲ့။ ဝက်ခြံညှစ်ရတာက အရသာ တစ်မျိုးဆိုပေမယ့်…..၊ လက်နဲ့ ညှစ်လိုက်လို့ ဖြစ်လာတဲ့ အမဲစက်က ပျောက်ဖို့အတွက် အချိန် ၅ ဆလောက် ပိုကြာသွားတတ်လို့ပါပဲ ခင်ဗျာ…။
ကဲ…. စူနေတဲ့ ဝက်ခြံတွေ့ရင် လက်နဲ့ မညှစ်ပဲနေနိုင်တဲ့သူ ရှိလား ဖြေပေးပါဦး...
~~~~~~~~~~~~~~~~
“Glow Naturally. Age Beautifully”
“အရွယ်ရလာတာကို တားမြစ်လို့ မရပေမယ့်
နုနုလှလှလေး အိုမင်းသွားဖို့ကိုတော့ ရွေးချယ်နိုင်ပါတယ်”
☎️ 09 781 654 654
Viber / Telegram
ထုတ်ကုန်ခွင့်ပြုချက်အမှတ် - အစ ၁၂ (၃၂၂၂၆)
~~~~~~~~~~~~~~~
06/05/2026
သူကိုယ်တိုင်မလှပေမယ့် လူကိုလှစေတဲ့ မီးသွေး
Active Carbon က သာမာန်မီးသွေးနဲ့ ဘာကွာလဲဆိုတော့ စုပ်ယူနိုင်စွမ်းကွာပါတယ်..🌿🖤
Active Carbon ဖြစ်တဲ့ ဝါးမီးသွေး က စုပ်ယူနိုင်စွမ်းမှာ အဆပေါင်း များစွာသာလွန်ပါတယ်..🖤
သူက လူ့ခန္တာကိုယ်ထဲက အဆိပ်အတောက်တွေကို စုပ်ယူတယ်.အရေပြားထဲက အဆီ နှင့် အညစ်အကြေးတွေကို စုပ်ယူတယ်..
ပတ်ဝန်းကျင်က အနံ့ဆိုးတွေကိုလည်း စုပ်ယူတယ်
သူ့ရဲ့ စုပ်ယူနိုင်စွမ်းက မကောင်းတဲ့အရာတွေကို စုပ်ယူဆွဲထုတ်သွားနိုင်တယ်..
ဒီ အစွမ်းသတ္တိကြောင့် Active Carbon က အလှအပရေးရာမှာ Detox Master (အဆိပ်ထုတ် သခင်ကြီး) အဖြစ် နာမည် ကြီးပါတယ်..🖤🌿
ဝါး ပင်တွေကို အပူ ရှိန် ပြင်းပြင်း နဲ့ မီးဖုတ်လိုက် တဲ့ အခါ ဝါးမီးသွေး ထွက်ပေါ်လာပါတယ်..
ဒါပေမယ့် သာမန်အပူချိန်နဲ့တော့ မရပါဘူး..
အပူချိန် ၁၀၀၀ ဒီဂရီစင်တီဂရိတ်ကျော်အောင်
ပေးမှ Active Carbon ကိုရလာတာဖြစ်ပါတယ်.
Active Carbon ရဲ့ အလုပ်လုပ်ပုံက သံလိုက်လိုပဲအနားမှာရှိတဲ့ အရာတွေကို သံလိုက်လို ဆွဲယူလိုက်တယ်..
ဉပမာ - အရေပြားပေါ်တင်လိုက်တဲ့အခါ အရေပြားအတွင်းပိုင်းက အဆီပိုတွေ၊ အညစ်အကြေးတွေ နှင့် ဘက်တီးရီးယားတွေကို ဆွဲစုပ်ယူထုတ်သွားပေးတယ်
နောက်ထပ် ဂုဏ်သတ္တိ တစ်ခုကတော့ Negative Ions တွေကိုထုတ်ပေးတယ်..ကျွန်တော်တို့ ပတ်ဝန်းကျင်က ဖုန်မှုန့်တွေ၊ ဓါတ်ငွေ့တွေ နှင့် အီလတ်ထရွန်းနစ်ပစ္စည်းတွေကထွက်တဲ့ အဆိပ်အတောက်တွေက Positive Ions ဖြစ်ပါတယ်..
ဝါးမီးသွေး ကထွက်တဲ့ Negative Ions တွေက အဲ့ဒီ Positive Ions (အညစ်အကြေး) တွေကို ချေဖျက်ဖယ်ရှား ပေးနိုင်တယ်။ အပေါင်း နှင့် အနှုတ် ကျေသွားတဲ့ သဘောပေါ့ဗျာ…
ဒါ့ကြောင့် ဝါးမီးသွေး Active Carbon ကို အသားအရေ သန့်ရှင်းစင်ကြယ်စေဖို့ အဓိက သုံးကြတယ်။ အသားအရေအဆီပျံတာ၊ ချွေးပေါက်ပိတ်တာ နှင့် ဘက်တီးရီးယားတွေကြောင့် အနံ့မကောင်းတာ စတဲ့ ပြဿနာတွေအတွက် ဒီကောင်က ဆရာကြီးပါပဲ.
Active Carbon နဲ့အသုံးပြုထားတဲ့ အလှကုန်တွေ ဘာတွေ သုံးဖူးလဲဗျ..💯
ကိုယ်နဲ့ရော အဆင်ပြေလားဆိုတာလေး ပြောပေးသွားပါဦးနော်..💯
~~~~~~~~~~~~~~
“Glow Naturally. Age Beautifully”
“အရွယ်ရလာတာကို တားမြစ်လို့ မရပေမယ့်
နုနုလှလှလေး အိုမင်းသွားဖို့ကိုတော့ ရွေးချယ်နိုင်ပါတယ်”
☎️ 09 781 654 654
Viber / Telegram
ထုတ်ကုန်ခွင့်ပြုချက်အမှတ် - အစ ၁၂ (၃၂၂၂၆)
~~~~~~~~~~~~~
#စိုက်ပျိုးရေး #သဘာဝ #မြေသြဇာ #စိုက်ခင်း
03/05/2026
အရေပြားရဲ့ အိုမင်းမှုကို ကြံ့ကြာသွားစေမယ်
အပြာရောင်ပန်းကလေး..💙
အောင်မဲညို လို့ပြောလိုက်ရင် လူတော်တော်များများ မြင်ဖူးကြ၊ သိကြမှာပါ..
အပွင့်က ပြာပြာ၊ အသီးက ပဲတောင့်သီးနဲ့ တူတယ်.မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ အလွန်ကိုက်ညီပြီး ခြံစည်းရိုးတွေ၊ လမ်းဘေးတွေမှာတင် အလေ့ကျပေါက်လွယ်တဲ့ နွယ်ပင်မျိုးပါ..
ဂရုတစိုက် ပြုစုစရာမလိုပဲ ရှင်သန်နိုင်တယ်..🌿
အဲ့ဒီ အပြာရောင်ပန်းလေးတွေမှာ
အသားအရေနှင့် ခန္ဓာကိုယ်အတွက်
ကောင်းကျိုးတွေ အများကြီးရှိတယ်ဆိုတာကိုတော့ လူနည်းစုပဲသိကြမယ်ထင်ပါတယ်..
ဒီနေ့တော့ ဒီ အောင်မဲညိုပန်းလေးက လူ့အရေပြားအတွက်ကောင်းကျိုးတွေ ဘယ်လိုပေးနိုင်လဲဆိုတာကို ကျွန်တော်သိသလောက် ပြောပြပေးပါမယ်..
အောင်မဲညိုရဲ့ အပြာရောင်အပွင့်လေးတွေထဲမှာ Proanthocyanidin ဆိုတဲ့ အစွမ်းထက်တဲ့ Antioxidant ဓါတ်တွေအများကြီးပါဝင်ပါတယ်..
သူကအရေပြားရဲ့ အတွင်းပိုင်းလွှာမှာရှိတဲ့ Collagen နဲ့ Elastin ဓာတ်တွေကို ပြန်လည်အားဖြည့်ပေးပါတယ်။ Collagen နဲ့ Elastin ဓာတ်တွေအားပြည့်နေတဲ့အခါ အသားအရေက တင်းရင်းနူးညံ့ပြီး
Healthy Skin ဖြစ်လာပါတယ်..💙🌿
အောင်မဲညိုရဲ့ Antioxidant က အောက်ဆီဂျင်ဓါတ်တိုးခြင်းကြောင့် ဖြစ်လာတဲ့ Free Radical တွေကို ဖယ်ရှားပေးတယ်
ဒါ့ကြောင့် အရေပြားရဲ့ အိုမင်းရင့်ရော်ခြင်းကို လျှော့ကျနှေးကွေးသွားစေပါတယ်။ အရေပြားကို ပိုပြီး အချိန်ကြာကြာနုပျိုလန်းဆန်းစေတာပေါ့..🌿
ဒါ့အပြင် အရေးအကြောင်းတွေထွက်လာတာ နှင့် Skin Tone မညီမညာဖြစ်တာတွေကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် သင့်အသားအရေက သင့်အသက်အရွယ်ထက် အမြဲပိုပြီးနုပျိုနေမှာပါ။
လမ်းသွားရင်း ဒီပန်းလေးကို တွေ့မိရင် အသီးတောင့်ရင့်ရင့်လေးကိုခူးပြီး အစေ့တွေကို ယူဆောင်ခဲ့ပါ..အိမ်မှာ၊ ခြံစည်းရိုးမှာ၊ ဝရန်တာမှာ စိုက်ထားလိုက်ပါ။ ဒီပန်းပွင့်လေးက ရှင်သန်ဖူးပွင့်ဖို့ လွယ်ကူပေမယ့် သူ့တန်ဖိုးက မသေးပါဘူး။ သဘာဝတရားကပေးတဲ့ နုပျိုခြင်းရဲ့လျှို့ဝှက်ချက် တွေရှိနေလို့ပါပဲ။
အချို့လည်း အောင်မဲညိုပန်းခြောက်လေးတွေကို ရေနွေးကြမ်းစိမ်သောက်ပါသတဲ့။ အကျိုးကျေးဇူးအနေနဲ့ နုပျိုတယ်၊ ဉာဏ်ရွှင်တယ်၊ ရောဂါကာကွယ်တယ်လို့ ပြောကြတာပါပဲ။ (ဒီ အကြောင်းတော့ သေချာ မလေ့လာမိလို့ သိပ်တော့ မသိဘူးရယ်)
ဒါဆို..အောင်မဲညိုပန်းလေးတွေကို ကိုယ့်အနီးအပါးမှာတွေ့ဖူးကြလား။ တွေ့ဖူးတယ်ဆို ရင်၊ ပုံစံ တစ်မျိုးမျိုးနဲ့ရော အသုံးပြုဖူးလားဆိုတာ သိပါရစေ..
~~~~~~~~~~~~~~
“Glow Naturally. Age Beautifully”
“အရွယ်ရလာတာကို တားမြစ်လို့ မရပေမယ့်
နုနုလှလှလေး အိုမင်းသွားဖို့ကိုတော့ ရွေးချယ်နိုင်ပါတယ်”
☎️ 09 781 654 654
Viber / Telegram
ထုတ်ကုန်ခွင့်ပြုချက်အမှတ် - အစ ၁၂ (၃၂၂၂၆)
~~~~~~~~~~~~~
#စိုက်ပျိုးရေး #သဘာဝ #မြေသြဇာ #စိုက်ခင်း
27/04/2026
ဂျပန်နိုင်ငံက Geisha အလှမယ်လေး တွေဆိုတာ ကြွေရေသုတ်ထားတဲ့ အရုပ်ကလေးတွေလို လှပကြတယ်…🇯🇵🇯🇵
ဒီဂေရှားမယ်လေးတွေက ဂျပန်လူမှုပတ်ဝန်းကျင်ရဲ့ အလှအပ သင်္ကေတတစ်ခုလည်းဖြစ်ကြပါတယ်။ သူတို့တွေက ရိုးရာအရ သူတို့ရဲ့မျက်နှာကို မိတ်ကပ်ဖြူဖြူတွေနဲ့ ထူးပိန်းနေအောင် လိမ်းခြယ်ပြင်ဆင် ကြရသူတွေပါ..💚
ဒီလိုပြင်းထန်တဲ့ မိတ်ကပ်ဒဏ်ကြောင့် သူတို့ရဲ့ အသားအရေ ပျက်စီး မသွားအောင် ကျနော်တို့နေ့စဉ်စားသုံးတဲ့ ဆန်ကို အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ က “komenuka” လို့ ခေါတဲ့ ဆန်ဖွဲနု နဲ့ ဆန်ဆေးရေ ကို အသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့ အဓိကသုံးခဲ့ကြပါတယ်..
ရေချိုးတဲ့ အခါ ဆန်ဆေး ရေနဲ့စိမ်ပြီးတစ်ကိုယ်လုံး ကို ဆေးကြောလေ့ရှိတယ်..ဆန်ဖွဲနု နှင့် ဆန်ဆေးရေက သူ တို့ရဲ့ အသားအရေ ကို ကြွေရေ သုတ်ထား သလို ချောမွတ် ဖြူစင်နုညက်နေစေတဲ့ အဓိက သော့ ချက်ပဲလို့ သိရပါတယ်..
ဆန်ရဲ့အဆီအနှစ်မှာ ferulic acid နဲ့ တခြားသောဓါတ်ပေါင်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ Ferulic acid က အစွမ်းထက် Antioxidant တစ်ခုဖြစ်ပြီး အသားအရေကို ပျက်စီးစေတဲ့ free radicals တွေကို တိုက်ဖျက်ပေး ပါတယ်..
နောက်တစ်ခုက Inositol ပါ ။ သူက ဆဲလ်တွေရဲ့ ရှင်သန်မှု ကို အားပေးပြီး သွေးလည်ပတ် မှု ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဒါတင်ဘဲလားဆိုတော့၊ Vitamin E ကလည်းပါ သေးတယ်ဗျ။ ဒီတော့ အသားအရေကို အတွင်းပိုင်း ကနေပြီး ကျန်းမာစေပြီး အိုမင်းရင့်ရော်မှု ကို နှေးကွေးသွားစေတာတဲ့။
ဆန်မှာ အဓိကပါဝင်တဲ့ ကစီဓါတ်က မျက်နှာအဆီပြန်တာကို ကုစားထိန်းချုပ်ပေးနိုင်တယ်..
သူ့မှာပါဝင်တဲ့ အာဟာရဓါတ်တွေက အသက် ၃၅-၄၀ မှာကြုံရတတ်တဲ့ တင်းတိပ် နှင့် အမည်းစက်တွေကို သဘာဝ အတိုင်း မှေးမှိန်သွားစေသတဲ့။
နေရောင်ကြောင့် ဖြစ်တဲ့ နေလောင်ဒါဏ်တို့ အသားရောင်မညီတာတို့ကိုလည်း သက်သာပျောက်ကင်းစေတယ်။ ဘာလို့ဆို သူက melanin (အရေပြားအောက်က အမည်းရောင်ခြယ် ဓါတ်) ထုတ်လုပ်မှု ကို ထိန်း ညှိပေးလို့ဖြစ်ပါတယ်..
ကဲ………… ကိုယ့်မှာ တင်းတိပ်၊ ဝက်ခြံ နဲ့ အဆီ ပြန်တဲ့ အသား အရေ ရှိတယ်ဆို ရင်တော့ ဆန်ဆေးရေသာခံထားလိုက်တော့ဗျို့….။
မျက်နှာ အသားအရေ ဆံပင် နဲ့ပါတ်သက်တဲ့ ပြဿနာလေးတွေရှိရင် ဒီမှာ ရင်ဖွင့်တိုင်ပင် ကြည့်နိုင်ပါတယ်။ အကုန်သိတဲ့ ဆရာကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အတတ်နိုင်ဆုံး နှင့် အရိုးသားဆုံး အကြံပြုတင်ပြပေးသွားပါမယ်..ခင်ဗျာ...💯🇯🇵
အသက်လေးဆယ်နောက်ပိုင်း ဆက်ပြီးနုပျိုစေမယ့် အကျင့် (၃)ခု..🌿
~~~~~~~~~
“Glow Naturally. Age Beautifully”
“အရွယ်ရလာတာကို တားမြစ်လို့ မရပေမယ့်
နုနုလှလှလေး အိုမင်းသွားဖို့ကိုတော့ ရွေးချယ်နိုင်ပါတယ်”
☎️ 09 781 654 654
Viber / Telegram
ထုတ်ကုန်ခွင့်ပြုချက်အမှတ် - အစ ၁၂ (၃၂၂၂၆)
~~~~~~~~~~~~~~~
#စိုက်ပျိုးရေး #သဘာဝ #မြေသြဇာ #စိုက်ခင်း
24/04/2026
ဒီ Post လေးကတော့ ရွှေယုန်တို့အရွယ်
လူပျို-အပျို လေးတွေအတွက်ပေါ့ဗျာ..
လူပျိုဘော် အပျိုဘော်ဖော်ဝင်စမှာ ဝက်ခြံထွက်တာ နဲ့ ကိုယ်နံ့ထွက်တာကို ကြုံရပါတယ်။ ဒါက သဘာဝပါပဲဗျ ရှက်စရာမဟုတ်ပါဘူး။ စနစ်တကျ ဂရုစိုက်တတ်ဖို့ပဲလိုတာပါ..
လူပျိုဖော် အပျိုဖော် စဝင်တဲ့အချိန်ဟာ ခန္ဓာကိုယ်အတွင်း ဟော်မုန်းအပြောင်းအလဲအများဆုံးဖြစ်တဲ့ အချိန်ဖြစ်ပါတယ်။ testosterone စတဲ့ ဟော်မုန်းတွေတိုးလာတဲ့အခါ မျက်နှာအရေပြားပေါ်က ချွေးပေါက်တွေ ကျယ်လာပြီး အဆီဂလင်းတွေကလည်း အဆီတွေပိုထုတ်လာပါတယ်။ အဆီကြောင့် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံ၊ ဆားဝက်ခြံတွေ ထွက်လာတာပါ။ နီရဲနေတဲ့ အဖုအပိမ့်များလည်း ဖြစ်လာနိုင်ပါတယ်
ဒီလိုဖြစ်လာတဲ့အခါ ပျောက်ချင်ဇောနဲ့ မျက်နှာသစ်ဆေးအပြင်စားတွေ မသုံးမိပါစေနဲ့။ မျက်နှာကို ပျော့ပျောင်းတဲ့မျက်နှာသစ်ဆေးနဲ့ တစ်နေ့နှစ်ကြိမ် ပုံမှန်သစ်ပါ။ Moisturizer ကိုလည်း အဆီမပြန်တာမျိုးရွေးလိမ်းပါ (အဆီပြန်လို့ မလိမ်းပဲနေရင် အရေပြားက အဆီပိုထွက်လို့ပါ)။ အဆီများတဲ့အစားအစာတွေနဲ့ အချိုလွန်ကဲတာတွေကို လျှော့စားပါ။
မျက်နှာလိုပဲ ဦးရေပြားကလည်း အဆီပိုထွက်လာတာကြောင့် ဆံပင်က ကပ်စေးစေး ဖြစ်နေတတ်ပါတယ်။ မှိုကြောင့် ဗေါက်ထတာ နှင့် ဦးရေပြားယားယံတာ တွေလည်း ကြုံရနိုင်ပါတယ်။
နောက်ပြီး ခန္တာကိုယ်မှာရှိတဲ့ ချွေးဂလင်းတွေကလည်း ပိုအလုပ်လုပ်လာပါတယ်။ အဓိကအားဖြင့် ချိုင်းအောက်နဲ့ ဆီးခုံတစ်ဝိုက်က ထွက်လာတဲ့ ချွေးတွေကို အရေပြားပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေက စားလိုက်တဲ့အခါ ကိုယ်နံ့ပြင်းတာ၊ ချိုင်းနံ့ထွက်လာတာတို့ဖြစ်လာတာပါ။ ဒီလိုတွေကြုံလာရင် -
ရေပုံမှန်ချိုးပါ။ ရေမချိုးဖြစ်ရင်တောင် ဂျိုင်း နှင့် ဆီခုံတစ်ဝိုက်ကို သန့်ရှင်းရေးပုံမှန်လုပ်ပါ။ ဆီးခုံက အမွေးအမျှင်တွေကိုလည်း အပြောင်ကြီး မဟုတ်ရင်တောင် ခပ်တိုတို (ဘိုကေလေးပေါ့ဗျာ) လေးဖြစ်အောင် သပ်သပ်ရပ်ရပ်ထားသင့်ပါတယ်။ ချည်သား အင်္ကျီအပါးလေးတွေ ဝတ်တာက ချွေးစုပ်ပြီး အနံ့ထွက်တာ သက်သာစေပါတယ်။
ရွှေယုန်ကိုယ်တိုင်လည်း ဒီလိုအခြေအနေတွေကို ဖြတ်သန်းနေရတာမို့ လေ့လာထားဖြစ်တာပါ။ ဘဝတူ လူပျို အပျိုလေးတွေ ရော အခြားဘာတွေ ကြုံရသေးလဲဗျာ…။
မျက်နှာ အသားအရေ ဆံပင် နဲ့ပါတ်သက်တဲ့ ပြဿနာလေးတွေရှိရင် ဒီမှာ ရင်ဖွင့်တိုင်ပင် ကြည့်နိုင်ပါတယ်။ အကုန်သိတဲ့ ဆရာကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အတတ်နိုင်ဆုံး နှင့် အရိုးသားဆုံး အကြံပြုတင်ပြပေးသွားပါမယ်..ခင်ဗျာ...
အချို့က အညွှန့်ချိူးပေးလိုက်မှ
တန်ဖိုးပိုမြင့်သွားတာပါ..🌿
~~~~~~~~~
“Glow Naturally. Age Beautifully”
“အရွယ်ရလာတာကို တားမြစ်လို့ မရပေမယ့်
နုနုလှလှလေး အိုမင်းသွားဖို့ကိုတော့ ရွေးချယ်နိုင်ပါတယ်”
☎️ 09 781 654 654
Viber / Telegram
ထုတ်ကုန်ခွင့်ပြုချက်အမှတ် - အစ ၁၂ (၃၂၂၂၆)
~~~~~~~~~~~~~~~
#စိုက်ပျိုးရေး #သဘာဝ #မြေသြဇာ #စိုက်ခင်း
မြန်မာငွေ ၆၀၀၀ ပဲကုန်တဲ့ ရွှေယုန်ရဲ့
သဘာဝရွက်ဖြန်းမြေဩဇာ..🌿
~~~~~~~~~
“Glow Naturally. Age Beautifully”
“အရွယ်ရလာတာကို တားမြစ်လို့ မရပေမယ့်
နုနုလှလှလေး အိုမင်းသွားဖို့ကိုတော့ ရွေးချယ်နိုင်ပါတယ်”
☎️ 09 781 654 654
Viber / Telegram
ထုတ်ကုန်ခွင့်ပြုချက်အမှတ် - အစ ၁၂ (၃၂၂၂၆)
~~~~~~~~~~~~~~~
#စိုက်ပျိုးရေး #သဘာဝ #မြေသြဇာ #စိုက်ခင်း
20/04/2026
အသက် ၃၅-၄၀ ဆိုတာ ဘဝရဲ့ တာဝန်တွေ
အများဆုံး အချိန်ပါပဲ..
တကယ်တော့ ၃၅-၄၀ ဆိုတဲ့အရွယ်က မကြီးသေးပါဘူး..ဒါပေမယ့် စိတ်ဖိစီးမှု အများဆုံး အချိန်ဖြစ်လို့ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ စပြီးဖြစ်ပေါ်တတ်ပါတယ်..
ဆံပင်တွေ ကျွတ်လာတတ်တယ်။ ဒါတွေကအရေပြား ပင်ပန်းနွမ်းနယ်မှု နှင့် စွမ်းအင်လိုအပ်ချက်တွေရဲ့ ပြယုဂ်ပါပဲ။
ဒီအရွယ်မှာ အသားအရေရဲ့ကောင်းခြင်းဆိုတာ သူတစ်ပါးကို ပြစားဖို့ထက် ကိုယ့်ရဲ့ စိတ်ကျန်းမာပျော်ရွှင်ရေး အတွက် အရေးကြီးလာပါတယ်။ မှန်ထဲ ကြည့်တိုင်း ကိုယ့် ကိုယ်ကို ကျေနပ်မိတဲ့ စိတ်က Anti-aging (မအိုဆေး) ဆေးတစ်ခွက်ပါဘဲ.....
စိတ်ပျိုရင် ကိုယ်နုတယ် ဆိုတဲ့စကားက သိပ္ပံနည်းကျ မှန်ကန်ပါတယ်။စိတ်ချမ်းသာရင် ခန္ဓာကိုယ်က Endorphins နဲ့ Oxytocin တို့ လိုမျိုး ‘Happy Hormone’ တွေထွက်လာပြီး သွေးလှည့်ပတ် မှု ကောင်းမွန်စေတယ်။ ပါးပြင်ကို သွေးရောင် လွှမ်းပြီး ဝင်းပစေပါတယ်။
သိပ္ပံနည်းကျ လေ့လာမှုတွေအရ စိတ်ဖိစီးမှုက အသားအရေကို အိုမင်းရင့်ရော် စေတဲ့ အဓိကတရားခံပါ..
စိတ်ကြည်လင်မှဆဲလ်တွေက အားသစ်လောင်းခြင်း (Cell Regeneration) ကို လုပ်နိုင်မှာပါ။
ရွယ်တူသူငယ်ချင်းတွေကြားမှာ ကိုယ်က သိသိသာသာလေး နုပျိုနေဖို့ဆိုတာက လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ဒီ့အတွက် ဆေးတစ်ခွက်က ပါဝင်ပစ္စည်း သုံးမျိုးတည်းရယ်ပါ။
- အပြုသဘောဆောင်တဲ့ စိတ်ထား
- အာဟာရပြည့်ဝတဲ့ အစားအစာ နှင့်
- အရည်အသွေးရှိတဲ့အိပ်စက်ခြင်းတွေ ပါပဲ။
ဒီသုံး ချက်ကို သေချာလေး ဂရုစိုက်ပေးရင် အသား အရေ လှပပြီး နုပျို မှုကို ထိန်းသိမ်းထား နိုင် မှာပါ။ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်တဲ့ သူက တခြားသူတွေကိုလည်း ပိုပြီး မေတ္တာတွေပေးနိုင်ပါတယ်။
အသက်အရွယ်ဆိုတာ ဂဏန်း တစ်ခုအနေနဲ့ဘဲ ထားလိုက်ပါ၊ တကယ့် နုပျိုမှု အစစ်က သင့်လက်ထဲမှာပါ။
ဒါ့ကြောင့် မျက်နှာ အသားအရေနဲ့ပါတ်သက်တဲ့ ပြဿနာလေးတွေရှိရင် ဒီမှာ ရင်ဖွင့်တိုင်ပင်ကြည့်နိုင်ပါတယ်။ အကုန်သိတဲ့ ဆရာကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အတတ်နိုင်ဆုံး နှင့် အရိုးသားဆုံး အကြံပြုတင်ပြပေးသွားပါမယ်..ခင်ဗျာ...
Click here to claim your Sponsored Listing.
Category
Address
Yangon