Luun's Notes

Luun's Notes

Share

"Sharing what life teaches me"

09/04/2026

Life skill basic လေးတွေ မရထားဘူး၊ မသိထားဘူးဆိုရင် လူမှုဆက်ဆံရေးမှာ သဟဇာတဖြစ်ဖို့ ခဲယဉ်းပါလိမ်းမယ်။ အများကြီး ရုန်းကန်းနေရလိမ်းမယ်။
အချင်းချင်းကြားမှာ ပြဿနာဖြစ်စေတာကလည်း ဒီဟာကြောင်းတွေပေါ့။

09/04/2026

ကျမတို့ရဲ့ ခံပြင်းတဲ့စိတ်၊ ဒေါသစိတ်တွေကို ထိန်းချုပ်မထားပဲ လွှတ်ထားမိရင် အခုချိန် ဘယ်နေရာရောက်နေမလဲနော်။

ကျမတို့ရဲ့ ချုပ်တည်း နိုင်စွမ်းကလည်း အင်မတန်မှ အရေးကြီးတဲ့ အခန်း ကဏ္ဍမှာ ပါပါတယ်။

31/03/2026

ဒီတိုင်း အဆင်ပြေသည် ဖြစ်ဖြစ်၊ အဆင်မပြေသည် ဖြစ်ဖြစ်၊
အချိန်ကလည်း ဆက်သွားနေမယ်။
အသက်ကလည်း ဆက်ကြီးနေမယ်။
လောကကလည်း သူ့အလုပ်ကို သူလုပ်နေမယ်။
ကိုယ်က ဒီတိုင်း ဆက်နေမလား၊ ဒီတိုင်း ဆက်သွားမလား။
လောကကို အမြတ်ထွက်အောင် လုပ်နိုင်လေလေ၊
ဒီလူသားက စိတ်ချမ်းသာလေလေပါပဲ။
ဒီတိုင်း လောကကြီးကို အနိုင်ယူမယ်။
ဒီတိုင်း မြန်မြန် သွားစရာမလိုဘူး။
ဒီတိုင်း ဖြည်းဖြည်းမှန်မှန်၊ မရပ်မနား ဆက်သွားနေမယ်။
သတ္တိရှိရှိနဲ့ အရှေ့ကို တိုးနေရင် ကိုယ့်အတွက် နေရာတစ်နေရာရှိမယ် အသေအချာပင်။
အဲ့တာ ပင်ပန်းသော်လည်း၊ နာကျင်သော်လည်းပေါ့။

မကျရှုံးဖို့ ကြိုးစားရင်း

29/03/2026

ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတာ
အစွမ်းကုန် ကြိုးစားအားထုတ်နေတဲ့သူတွေ တွေ့တဲ့အခါ ကိုယ်က မစသေးဘူးဆိုတာ သတိချပ်စေတယ်။ အစပြုဖို့၊ စဉ်ဆက်ဖြစ်ဖို့ တွန်းအားဖြစ်စေတယ်။

29/03/2026

အပေးအယူဆိုတဲ့ကာလမှာ သူများအတွက်ဆိုတဲ့ ဒီစိတ်ထားဖို့ကလည်း ဘယ်လွယ်မလဲ။

20/03/2026

" ကျွန်မ ဖခင်က အလုပ်ကို ကြိုးကြိုးစားစား လုပ်ရန်၊ မကြာခဏရယ်မောရန်၊ ကတိတည်ရန်၊ သင်ကြားပေးခဲ့သည်။ "

✍️မစ်ရှယ်လ်ရော်ဘင်ဆင် အိုဘားမား

20/03/2026

Book Review

Zo Lai tawh Lai ka sim sung lak ah
Hih Lai bu ah masa pen hi.
Ken kawl Lai tawh sim zaw ka hih ciang a.
Hun ka ngah teng ka sim ci leng ni (3) in na man ing.
Deih mah mah ing. Tak tak hi leh hun pia a lung ngai kawm a sim ding Lai bu khat hi. Zong thu pi sa mah mah ing .

(Heh Pih Na) ci in ah thu lu dan mah bang in ka sim kawm in Pasian it na leh , heh pih na te tampi mu khia ing, zong ka mit tui bang hong luang sak zo hi .
Saya pa Saya Do Khup in
Cing no ci a sam zel , khat vei leh lah kam khum mah mah tawh (Bawi aww) ci ngau ngau zel a,
ei mah mah hong ci tawh ki bang a. Pasian om pih na leh, Pasian it na ah thak in na mu khia ing. Na thuak ing.
Sim tak sa mah mah ing.
Sim le cin Pasian it na ah thak in mu Lim Lim ding in hong um ing.

II saya pa in zong ah sim nop mah mah ding in
Hong at kia a, tang thu dan in hong at kia a,
Zak nop leh, sim nop leh , saya pa tawh ah ki ho bang a feeling ki ngah hi.
Sim ding in hong Deih sak ing ka mi pih te.

Ah sim khin ih om leh na ngah khak thu hong hawm sawn aw maw,
Lung dam.

17/03/2026

ကိုယ့်ရဲ့ ကြိုးစားမှု၊ လုပ်ရည်ကိုင်ရည်၊ စိတ်နေစိတ်ထားတွေက နေရာမှန်၊ လူမှန်အဖြစ်သို့ လမ်းပြပေးနိုင်တယ်ဆိုတာ သိထားရင်

17/03/2026

ကိုယ့်ရဲ့ အယူအဆ၊ အတွေးအမြင်‌တွေ အမှိုက်မဖြစ်ဖို့ကလည်း Self control ရှိဖို့ လိုပါတယ်။

13/03/2026

ကိုယ့်လမ်းကိုသွားဆိုတာ တကယ်မှန်ပါတယ်။
တကယ် ကိုယ့်လမ်းကို ဖောက်ကြမယ်။
ကိုယ့်လမ်းကို သွားကြမယ်။ အဆုံးထိပေါ့။ နောတကင်းကင်းနဲ့လေး။

13/03/2026

ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း၊ လေးစားခြင်း၊ ကိုယ့်ဘောင်နဲ့ ကိုယ်နေခြင်းဆိုတဲ့အထဲမှာ
အကြံပေးခြင်းက ရှိနေနိုင်တယ်ဆိုပေမယ့်

ကိုယ့်ကိုတော့ နမော်နမဲ့ပြောတာ၊ ပါးစပ်အရသာခံပြီးပြောတာ၊ ကိုယ့်ကို နိမ့်ကျပြောတာ၊ ကိုယ့်တန်ဖိုးနိမ့်သွားအောင် ပြောတာ၊ ကိုယ့်ကိုယ်ကို သိမ်ငယ်အောင်ပြောတာတွေကို
အပြောမခံပါနဲ့။ အဖြစ်မခံပါနဲ့။ လက်မခံပါနဲ့။
ကိုယ်တွေဟာ တန်ဖိုးရှိသောသူများ ဖြစ်တယ်။ လေးစားထိုက်သော သူများဖြစ်တယ်ဆိုတာ မမေ့စေချင်ဘူး။

13/03/2026

ဘဝမှာ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး။
ကျွမ်းကျင်မှု ၊ ပိုင်နိုင်မှုတွေဆိုတာ
ဒီတိုင်း အခု၊ လုပ်နေတဲ့အလုပ်ကို အကောင်းဆုံး၊ ကိုယ်တတ်နိုင်သလောက်၊ ကိုယ်ကြိုးစားနိုင်သလောက်၊ အဖြစ်နိုင်ဆုံးနဲ့ စည်းကမ်းရှိရှိနဲ့ လုပ်နေခြင်း၊ တန်ဖိုးထားခြင်းက ကျွမ်းကျင်ပိုင်နိုင်မှု ရှိတဲ့သူအဖြစ် ပြောင်းလဲပေးတယ်ဆိုတာ သိထားကြရင်
မနာလိုတာ၊
ငြီးတာ၊
အားငယ်နေတာတွေက အလိုလို ပျောက်ကွယ်မယ်ထင်၏။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon