Swere

Swere

Share

chill zone area

11/09/2021

https://www.facebook.com/103111878337246/posts/257205302927902/

Audiobook နားထောင်ချင်သူတွေအတွက် youtube channel လေးတွေစုထားပေးတယ်.

စာအုပ်ဖတ်ရတာ ညောင်းလာရင် - အေးဆေးနားရင်းမျက်လုံးလေးမှိတ်ရင်း audiobook လေးပြောင်းနားထောင်ဖို့.. 🤍🎧

RodneySannLwinAudiobooks
https://youtube.com/c/RodneySannLwinAudiobooks

KSharingAudiobook
https://youtube.com/c/KSharingAudiobook

Sandy's Myanmar audiobook
https://youtube.com/user/sandy622012

MayMoe Audiobook
https://youtube.com/channel/UCe6VgwEgyBc3Q9i6Cy1JHEg

May Thitsar Hsu audiobook
https://youtube.com/channel/UC0bQ5vDGzSXkr7oCVBu_2tQ

PreciousAudioBooks
https://youtube.com/c/PreciousAudioBooks
(သူက motivate စာမျိုး ဖတ်တာများတယ်)

StoryTimeAudiobook
https://youtube.com/c/StoryTimeAudiobook
( သူက ပုံပြင်လေးတွေ - ကလေးတွေကို ဖွင့်ပြလို့ကောင်းတယ်)

AudioBookByNanda
https://youtube.com/c/AudioBookByNanda

KGKYoutubeChannel
https://youtube.com/c/KGKYoutubeChannel

MyanmarAudiobook
https://youtube.com/c/MyanmarAudiobook

Burmese audiobook alblum
https://youtube.com/c/BURMESEAUDIOBOOKALBUM

အသံစာအုပ်
https://youtube.com/channel/UCPDmsYETiUoX-hd6t9gHhmg

Just Maw Yee
https://youtube.com/channel/UCs2D3uw6qzOVtWwPAQLI3hw

MyanmarAudioBook-MAB
https://youtube.com/c/MyanmarAudioBook-MAB

listener's heaven
https://youtube.com/channel/UC3yJ4rXzpidfDJIWRDHIFtA

Potato's Audiobook
https://youtube.com/channel/UC39cpRvoD9m9JU-gjnT1uuQ

Myanmar Audiobook lovers
https://youtube.com/channel/UCk9AjNcdxt6im40kExc_Slw

Calm audio Myanmar
https://youtube.com/channel/UCYRUH6PVkD2PA1kgUdNYZbA

18/07/2021

👉 ကိုဗစ် ကာလကို စိတ် စွမ်းအားနဲ့ ကျော်ဖြတ်ခြင်း
(စိတ်က အားလုံးရဲ့အရှင်သခင်ပါ ၊ ၅ မိနစ်လောက်ပဲ အချိန်ပေးပြီး ဒီစာကို အဆုံးအထိဖတ်စေချင်ပါတယ်)

👉 စိတ်ကြောင့် ပိုပြီး ကျန်းမာလာနိုင်သလို ၊ ပိုပြီးရောဂါဆိုးလာနိုင်ပါတယ်။
စိတ်ကို သူ့ရဲ့လုပ်ငန်း Function တွေပေါ်မူတည်ပြီး သိစိတ် (Conscious Mind) နဲ့ မသိစိတ် ((Sub-conscious Mind) ဆိုပြီး ခေါ်ကြပါတယ်။

👉 စဉ်းစား ၊ ဆင်ခြင် ၊ သုံးသပ်ခြင်းတွေကို သိစိတ် (Conscious Mind) က လုပ်ပြီး ၊ ခန္ဓာကိုယ် အစိတ်အပိုင်း ထိန်းချုပ်ခြင်းတွေကို မသိစိတ် (Sub-conscious Mind)က လုပ်တယ်လို့ ယေဘုယျအားဖြင့်ဆိုနိုင်ပါတယ်။

မသိစိတ်က ကြောင်းကျိုး စီလျော် စဉ်းစားမှုတွေ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သူ့မှာ အံ့မခန်းတဲ့ စွမ်းအားတွေ ရှိပါတယ်။

👉 ရွာတစ်ရွာမှာ မိန်းမတစ်ယောက် ညကြီးသန်းခေါင် ဗိုက်တွေ နာလို့ သူ့ယောက်ျားကို နာမည်ကြီး ဘုန်းကြီးဆီက ရေမန်းယူပေးဖို့ပူဆာတယ်။ ယောက်ျားဖြစ်သူလည်း ညပိုင်းကြီးမို့ ကြောက်တာနဲ့ လမ်းမှာတွေ့တဲ့ ရေအိုးစင်က ရေကိုပဲ ရေမန်းဆိုပြီး ညာတိုက်သတဲ့ ၊ မိန်းမလည်း ယုံယုံကြည်ကြည် နဲ့ ဆရာတော်ရေမန်း ဆိုပြီး သောက်လိုက်တာ ခဏကြာတော့ ပျောက်သွားပါတယ်။
အဲဒါ ယုံကြည်မှုရဲ့စွမ်းအားပါ။

👉 ယုံကြည်မှု ရဲ့ စွမ်းအားကို သိပ္ပံပညာရှင်တွေလည်း လက်တွေ့ကျကျ စမ်းသပ်ပြီး ယုံကြည်မှုရဲ့စွမ်းအားကို လက်ခံကြပါတယ်။
သူတို့စမ်းသပ်တဲ့ပုံစံက
ပုံမှန်ဆေးထိုးပြီး ဆေးကုနေကြ လူနာတွေကို အုပ်စု A နဲ့ အုပ်စု B ဆိုပြီးခွဲလိုက်တယ်။
အုပ်စု A က လူတွေကို ပုံမှန်အတိုင်း ဆေးထိုးပြီး ၊ အုပ်စု B ကလူတွေ ကို ပုံမှန်ထိုးနေကျ ဆေးထိုးတယ်လို့ဘဲ အသိပေးပြီး မိုးရေတွေ ကို ထိုးထည့်ပါတယ်။ ရက်အနည်းငယ်ကြာတဲ့အခါမှာ မိုးရေတွေပဲ ထိုးထည့်တဲ့ အုပ်စု B က လူနာတွေ လည်း အုပ်စု A က လူနာတွေအတိုင်းရောဂါ သက်သာ တာကို တွေ့ရပါတယ်။
ဒီလို ယုံကြည်မှုစွမ်းအားကြောင့် ဖြစ်တာကို Placebo Effect လို့နာမည်ပေးထားကြတယ်။ Google မှာ Placebo Effect လို့ရိုက်ရှာပြီး စူးစမ်း ကြည့်နိုင်ပါတယ်။

👉 နောက်ထပ်စမ်းသပ်မှု တစ်ခုက သေဒဏ်ကျ တဲ့ အကျဉ်းသားတစ်ယောက်ကို မျက်လုံးကို အဝတ်စည်းလိုက်ပြီး လည်ပင်းကို တကယ်ဓါးနဲ့ ဖြတ်တာမဟုတ်ဘဲ အရေပြားလေးကို နဲနဲ ပွန်းသွားအောင် ဓါးလေးနဲ့ မွှန်းလိုက်တယ်။ ပြီးတော့ လည်ပင်းမှာ သွေးတွေ ထွက်လာနေပြီ ၊ သွေးတွေ ဒလဟော ထွက်လာနေပြီဆိုပြီး ပြောပေးနေတော့ ခဏကြာတော့ သေသွားပါတယ်။ သေနိုင်လောက်တဲ့ ဒဏ်ရာမဟုတ်ဘဲ သေနိုင်လောက်တဲ့ ဒဏ်ရာလို့ လက်ခံလိုက်ပြီဆိုရင် သေသွားတတ်ပါတယ်။
အခုလဲ ပတ်ဝန်းကျင်မှာ ကိုဗစ်နဲ့ သေတဲ့လူတွေ တွေ့ရပါများလာရင် ၊ ဒီရောဂါဖြစ်ရင် သေနိုင်တယ်ဆိုပြီး မသိစိတ်ထဲအထိ လက်ခံလိုက်ရင် ပိုပြီးဆိုးရွားစေပါတယ်။

👉 Suggestion to Sub-conscious mind (မသိစိတ်ကို အကြံပေးခြင်း (သို့) အမိန့်ပေးခြင်း)
မသိစိတ်က ကောင်းတာတွေ မကောင်းတာတွေ ၊ Logical ကျတာတွေ မကျတာတွေကို မစဉ်းစားဘဲ သူ့ကို Suggest (အကြံပေး) တဲ့အတိုင်း လိုက်လုပ်ပါတယ်။ မသိစိတ်ကို Negative Suggestion (ဆိုးတဲ့အကြံ) တွေ ပေးလို့ရသလို ၊ Positive Suggestion (ကောင်းတဲ့အကြံ) တွေလည်း ပေးလို့ရပါတယ်။

👉 ၁) Affirmation & Incantation (ကိုယ့်ကိုယ်ကို အမိန့်ပေးခြင်း)
ကိုယ့်ကိုယ်ကို Energy တွေ ပြည့်လာအောင် အကြိမ်ကြိမ် Self-suggestion ပေးတာကို Affirmation (အဖန်မေးရှင်း) လို့ခေါ်ပါတယ်။ ဒီလိုလုပ်တာ ယုံကြည်မှုနဲ့လည်း ဆိုင်ပါတယ်။ ဒါပေမယ့် သိစိတ်က မဖြစ်နိုင်ဘူးလို့ ခံနေရင်တော့ ထိရောက်မှု နည်းပါမယ်။

စိတ်ကို နှာသီးဖျားမှာ ထားလိုက်ပြီး အသက်ကို ရှည်ရှည် ရှုသွင်းလိုက်ပြီး မျက်လုံးမှိတ်လိုက်ပါ။
ပြီးရင် အသက်တခါရှုလိုက်တိုင်း “ငြိမ်ချမ်းလိုက်တာ”လို့ စိတ်ထဲကနေ လိုက်ဆိုပြီး ၁၀ ကြိမ်လောက် အသက်ရှုကြည့်လိုက်ပါ။
တကယ်ငြိမ်းချမ်းလာတာကို တွေ့ရပါလိမ့်မယ်။ ဒေါသထွက်စရာတွေ ၊ စိတ်ရှုပ်စရာတွေ များနေတဲ့အချိန်ဆိုရင်တော့ သိပ်ပြီးသိသာမှာမဟုတ်ပါဘူး။ မီးများနေရင် ရေများများနဲ့ ပက်ပေးရပါမယ်။
ဒီလို ၁ နာရီလောက် လုပ်လိုက်ရင် စိတ်ထဲမှာ ငြိမ်းချမ်းလာတာကို တွေ့ရပါလိမ့်မယ်။
“ငြိမ်းချမ်းလိုက်တာ” ဆိုတဲ့ လေ့ကျင့်ခန်းလုပ်လို့ရသလို ၊ “ငါဟာ ကျန်းမာတယ်” ဆိုတဲ့လေ့ကျင့်ခန်းမျိုးကို အကြိမ်ကြိမ်လုပ်လို့ရပါတယ်။

👉 Incantation (အကန်တေးရှင်း)
Incantation = Affirmation + Action
Incantation ဆိုတာ Affirmation လုပ်တဲ့နေရာမှာ Action လှုပ်ရှားမှုထည့်ပြီး လုပ်လိုက်တာ ဖြစ်ပါတယ်။ ဥပမာ “I’m happy” (ငါပျော်တယ်) ဆိုပြီး အိပ်ယာထဲ ကနေပြောရင်သိပ်ပြီး အဓိပ္ပါယ်မရှိပါဘူး။ အဲဒီတော့ Incantation ရဲ့သဘောတရား က တကယ် ထ ခုန်လိုက်ပြိး “I’m happy” လို့ ပြောရမှာဖြစ်ပါတယ်။ လှုပ်ရှားမှုနဲ့တွဲပြီး ကိုယ့်ကိုယ်ကို အမိန့်ပေးတာ ဖြစ်တဲ့အတွက် ပိုပြီးထိရောက် ပါတယ်။ မသိစိတ်ကို အမိန့်ပေးတာဖြစ်တဲ့အတွက် အကြိမ်ကြိမ်တော့ လုပ်ရပါတယ်။

👉 ၂) Recall Your Happiness Memory (ပျော်စရာအချိန်လေးတွေကို ပြန်လည်ဖော်ထုတ်ခြင်း)
လူတိုင်းမှာ စိတ်ညစ်စရာအချိန်တွေ အများကြီးရှိခဲ့ဖူးသလို ၊ ပျော်စရာအချိန်လေးတွေ လဲရှိခဲ့ဖူးတယ်။ လက်ရှိကပ်ဘေးဆိုက်နေတဲ့အချိန်မှာ စိတ်ညစ်စရာတွေ နဲ့ပဲ ကြုံတွေ့နေရတာများတဲ့အတွက် ကျွန်တော်တို့ စိတ်ဥယျဉ်ထဲမှာ အဆိပ်ပင်တွေ များနေပြီး ၊ စိတ်ဥယဉ်ရဲ့ လုပ်နိုင်စွမ်းတွေ ကျလာပါတယ်။
အဲဒီတော့ နေစဉ်အချိန်ပေးပြီး ပျော်စရာအချိန်တွေကို Recall လုပ်တဲ့ သင်ခန်းစာပြန်လုပ်ရပါမယ်။

ဒီသင်ခန်းစာမှာ ငယ်စဉ်ကတည်းက ခုအချိန်အထိ အောင်မြင်ခဲ့တဲ့ အရာတွေ ၊ ပျော်ရွှင်ခဲ့တဲ့ အရာတွေကို ပြန်လည် စဉ်းစားပြီး ၊ အဲဒီ အောင်မြင်ခဲ့တဲ့ ၊ ပျော်ရွှင်ခဲ့တဲ့ အချိန်က ခံစားမှုမျိုးကို ပြန်လည် ရယူရမှာဖြစ်ပါတယ်။
အရင်ဆုံး စိတ်တည်ငြိမ်အောင် မိနစ်အနည်းငယ် ( ၅ မိနစ်လောက်) ဝင်လေထွက်လေ ရှုလိုက်ပါ။ နည်းနည်း စိတ်ငြိမ်လာပြီဆိုရင်
ငယ်ငယ်က ကိုယ်ပျော်ရွှင် ခဲ့တဲ့ အောင်မြင်ခဲ့တဲ့ အကြောင်းတွေကို ပြန်စဉ်းစားပါ။ အဲအချိန်ကို တကယ် ပြန်ရောက်သွားသလိုမျိုးတွေးပြီး ပျော်ရွှင်မှုတွေ ၊ အောင်မြင်မှုတွေကို ခံစားပါ။ အလယ်တန်းအရွယ် ၊ အထက်တန်းအရွယ် ၊ တက္ကသိုလ်အရွယ် စသည်ဖြင့် မိမိလုပ်နိုင်ခဲ့တဲ့ အရာတွေ ၊ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ပြန်လည် တွေးတောပြီး အဲဒီအချိန်က ခံစားမှုပီတိ ကို ပြန်လည်ရယူပါ။ Mind Power သင်တန်းတွေ နဲ့ Oxford ဆရာတော်ရဲ့ တစ်ချို့တရားပွဲတွေမှာ ဒီလို လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။

ဒီလေ့ကျင့်ခန်းလုပ်ခြင်းက သင့်စိတ်ဥယျာဉ် ထဲမှာ ပီတိ ၊ ပျော်ရွှင်မှု မျိုးစေ့လေးတွေ စိုက်နေတာဖြစ်တဲ့အတွက် အဆိပ်ပင်တွေကို အလိုလို ဖယ်ရှားပြီးသားဖြစ်စေပါတယ်။

👉 ၃ ) ဂါထာများရွတ်ခြင်း
ကျွန်တော်တို့နိုင်ငံမှာ တခြားနိုင်ငံတွေထက် ပရိတ်တွေ ရွတ်ကြတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေ ကပ် ၁ ပါးပဲ ခံရပေမယ့် မြန်မာပြန်မှာ ကပ် ၃ ပါးလုံး ခံနေကြရတယ်။ (တခြားကံအကြောင်းတရားတွေနဲ့လည်းဆိုင်ပါတယ်) ဒါဆိုရင် ပရိတ်တွေ ရွတ်တာ အကျိုးမရှိဘူးလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒါဆိုရင် လိုအပ်ချက်တစ်ခုခုတော့ ရှိနေပြီလို့ထင်တယ်။
ပရိတ်တရားတော်တွေကို လေ့လာကြည်တဲ့အခါ သစ္စာတရားကို အခြေခံတာတွေ့ရတယ်။
ဥပမာ
အင်္ဂုလိမာလသုတ်ကို ကြည့်လိုက်ရင်
“နှမငယ် ငါသည် ရဟန်းဘဝ ရသည်မှစ၍ သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းမရှိပါ၊ ဤမှန်သော သစ္စာကြောင့် နှမငယ်ချမ်းသာပါစေ၊ သင်၏ကိုယ်ဝန်သည်လည်း ချမ်းသာပါစေ” ဆိုပြီး သစ္စာဆိုလိုက်တာ။
ဒါက သူ့အတွက် သစ္စာတရား။ တခြားသူတွေအတွက် ဒီသစ္စာတရားက မှန်ချင်မှ မှန်မယ်။
စိတ်ပညာရှုထောင့်ကကြည့်ရင် မှန်တာကို ပြောတဲ့အချိန် (သစ္စာဆိုတဲ့အချိန်) စိတ်ရဲ့စွမ်းအားတွေ ၊ ယုံကြည်မှုတွေ တက်လာတယ် ဒီအချိန်မှာ တောင်းတဲ့ဆုတွေ ၊ ပြောတဲ့စကားတွေက ထိရောက်မှုရှိတယ်လို့ မြင်ပါတယ်။
အဲဒီတော့ တရားတော်တွေကို အဓိပ္ပါယ် မသိဘဲရွတ်ရင် ဝဇီကံ စွမ်းအားပဲ ရမယ် ၊ အဓိပ္ပါယ်သိပြီးရွတ်ရင် မနောကံစွမ်းအားပါ ရမယ်လို့ သုံးသပ်ချင်ပါတယ်။
ဂါထာတော်တွေကိုလည်း ရွတ်ပါ။ အဓိပ္ပါယ်သိအောင်လည်းလုပ်ပါ။
ကိုယ်မှန်တာကိုလုပ်ခဲ့တာကို သစ္စာဆိုပြီး “ဒီရောဂါဘေးတွေကို ကျော်ဖြတ်နိုင်ရပါလို၏” လို့ သစ္စာပြုဆုတောင်းပါ။
ရတနာသုတ်မြန်မာပြန်
https://my.wikipedia.org/wiki/%E1%80%9B%E1%80%90%E1%80%94%E1%80%9E%E1%80%AF%E1%80%90%E1%80%BA

တရားထိုင်ခြင်းက စိတ်စွမ်းအားမြှင့်တင်ဖို့အတွက် အကောင်းဆုံးပါပဲ။
“စိတ်တေနနိရတိလောကော” စိတ်သည်လောကကို ဦးဆောင်၏လို့ရေးထားပါတယ်။

အာလုံးကို စိတ်စွမ်းအားနဲ့ ကျော်ဖြတ်နိုင်ကြပါစေ။

ပြည်သူ့အသက်တွေကို တန်ဖိုးထားရင် ၊ အသိပညာရှိ ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းပါဝင်စေချင်တယ်ဆိုရင် ပြည်သူ့အဏာ ပြည်သူကို ပြန်ပေးပါ။

( မှတ်ချက်။ ။ ကျွန်တော်ဟာ စိတ်ပညာရှင်တစ်ယောက်မဟုတ်သလို ၊ ဆရာဝန်တစ်ယောက်လဲမဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ပညာစာအုပ်တွေ ၊ ဦးနှောက်စာအုပ်တွေ ၊ အဘိဓမ္မာစာအုပ်တွေကို လေ့လာခဲ့ပါတယ်။
ကျွန်တော်လေ့လာထားတဲ့ ဗဟုသုတတွေ နဲ့ ပြန်လည်သုံးသပ်ပြီး ရေးသားထားခြင်းဖြစ်ပါတယ်။
ကိုယ်ပိုင်ဆင်ခြင်ဥာဏ်နဲ့ သုံးသပ်ပြီးမှ လက်ခံပါ။
လိုအပ်ချက်များရှိပါက ထောက်ပြနိုင်ပါတယ်။)

Photos from Swere's post 26/03/2021

All instock
Details in cb

Photos from Swere's post 21/03/2021

Jay Jun Real Water Sleeping pack instock
1 ထုပ် - 1800
(အနဲဆုံး ၅ ထုပ်ယူပေးပါ)
5 ထုပ် - 9000
10ထုပ် - 18000
15 ထုပ် - 25000
Authentic 🇰🇷
(Night cream လိုမျိုး ညအိပ်လိမ်းရုံပါပဲ
တထုပ်ကို ၄ခါလောက်သုံးလို့ရပါတယ်)

Photos from Swere's post 27/01/2021

Yangon instock (တခုစီကျန်)
Jeans (S)- 12000
Bag - 7000
Forever 21 pants XS(S/Mသမားရ)- 9000
Hoodie ချည်သား (S)- 9000
Shirt (free size)- 5000
Skirt + အထဲခံ - 9000

Photos from Swere's post 22/01/2021

🧼 Clean it Zero Set (1 setပဲရမယ်) 🇰🇷Korea💯
-cleansing balm full size
-foam cleanser 30ml
- pink towel
(ပုံမှန် balm ကြီးပဲ 100ml 25000 နော်)
အခုသုံးမျိုးကို sale price - 28000 (Instock)
💄 Burt’s bee tinted lip shimmer 🇺🇸 USA 💯
(ပုံမှန်တချောင်း 18000 နော် )
အခုတချောင်း 12000
3 ချောင်း 1 set - 32000 only !
(ဘယ်ဟာကဘယ်လိုပုံမှာရေးပေးထားတယ်နော်)
နှစ်ခုလုံး 1 set စီပဲကျန်မယ်နော်

Photos from Swere's post 20/11/2020

ဆောင်းတွင်းမှာ အေးပေမဲ့ ပဲများလို့ရအောင်
အလှလက်အိတ်လေးတွေ instock
ဈေးနှုန်းက ၂၀၀၀ ကနေ ၁၀၀၀၀ ထိအစားစားရှိပါတယ်
ယောက်ကျား/မိန်းမ/ကလေး/လူကြီး အစုံရှိပါတယ်
လားရှိုးပို့မဲ့ပစ္စညိးရှိလို့ တခါတည်းထဲ့ပေးပါမယ်

Photos from Swere's post 07/11/2020

𝐇𝐚𝐢𝐫 𝐂𝐥𝐢𝐩 / 𝐁𝐫𝐚𝐜𝐞𝐥𝐞𝐭 / 𝐑𝐢𝐧𝐠 !!!
ကလစ် / လက်ကောက် / လက်စွပ် လျော့ဈေး
ဆိုင်လက်ကျန်ဖြတ်လျော့ဈေးပါ
Fancy ဒီဇိုင်းလေးတွေ
ယောက်ကျားလေးအတွက်လက်စွပ်တွေ
မိန်းကလေးအတွက် ရော အစုံရှိပါတယ်နော်
🌹Price - 500 ~ 2500 🌹

Photos from Swere's post 07/11/2020

𝐇𝐚𝐢𝐫 𝐓𝐢𝐞 𝐒𝐚𝐥𝐞 !!!
Fancy ဒီဇိုင်း စည်းလို့ကောင်းတဲ့ ခေါင်းစည်းလေးတွေ
🌺 Price - 500 ~ 2000 🌺
(5 ခုနဲ့အထက်ဆို လျော့ပေးပါမယ်)

Photos from Swere's post 07/11/2020

𝐄𝐚𝐫𝐫𝐢𝐧𝐠𝐬 𝐒𝐚𝐥𝐞 !!!
Fancy ဒီဇိုင်း နားကပ်လေးတွေ လျော့ထားပေးပါတယ်
ယောက်ကျားလေး/မိန်းကလေး တပ်လို့ရတဲ့ဒီဇိုင်းတွေ
နားပေါက်မရှိတဲ့သူတွေအတွက် ကပ်နားကပ်လေးတွေ
အကုန်ပါတယ်နော် 🥰
ဈေးကတော့ ( 500 ~ 1500)🌹
ကြိုက်တာတွေ့ရင်လာမေးပေးနော် 🎨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon