Moringa Myanmar
Moringa products of MYANMAR. 100% NATURAL. We proudly present MORINGA products organically grown by Myanmar farmers.
We "HARVEST TO ORDER" to serve our customers freshness and to bring them closer to the nature.
09/06/2024
ဗွီပီအမ်တွေက ခက်လာတော့၊ ကိုယ့်ဆွေကိုယ့်မျိုးတွေနဲ့ အဆက်အသွယ်ပြတ်မှာ စိုးမိပါတယ်။
“ပြည်ပန်းညို ချိုပါလျှက် ဆားကဖျက်လို့ အခက်ကြုံ” ဆိုတာလို…၊ “ရောင်းသူ နှင့် ဝယ်သူ ကြည်ဖြူနေပါလျှက် ဗွီပီအမ် ဖျက်” လို့ ဝေးရတော့မှာလားလေ နော်…။
ကျနော်တို့ တည်ထောင်ရပ်တည်ခဲ့တဲ့ သက်တမ်းကလည်း (၂) နှစ် ကျော်လာပါပြီ။ ဒီကာလ တစ်လျှောက်လုံး စွဲစွဲမြဲမြဲ အားပေးခဲ့ကြတဲ့ Moringa Myanmar by Bob ရဲ့ ဆွေမျိုးတွေနဲ့ အဆက်အသွယ်တွေပြတ်ကုန်မှာ စိုးရိမ်ပါတယ်။
ဒါ့ကြောင့် အားလုံးနဲ့ နီးနီးကပ်ကပ်အတူရှိနိုင်အောင် ကျနော်တို့ရဲ့ ဗိုက်ဗာ (Viber) နှင့် တယ်လီဂရမ် (Telegram) ကို ချိတ်ဆက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ တစ်တော့ (Tik Tok) မှာလည်း Moringa Myanmar by Bob လို့ ရှာရင် ရပါတယ်။
ဉာဏ်ပညာ နှင့် ချစ်ခြင်းတရား ကို ရှေ့တမ်းတင်ပြီး ရှင်သန်ရပ်တည်ခဲ့ပါတယ်။ ကိုယ်တိုင် ချစ်ခင်ယုယစိုက်ပျိုးထုတ်လုပ်တဲ့ သဘာဝအခြေခံ ကုန်ပစ္စည်းတွေကို ယုံကြည်ချစ်ခင်စွဲလန်းစွာ အားပေးကြသူ ဆွေမျိုးအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ…။
Viber မှ ဆက်သွယ်မှာယူရန်
============
+959 263 336 754
အမြဲအတူရှိနေဖို့ ကျနော်တို့ရဲ့ Viber Channel လေးကို ဝင်ထားပေးပါနော်။
https://invite.viber.com/?g2=AQBg5EXWYZhEb1L8Mbh2Jw7UtdZLsyvyaSNt6mloqf0yeHpvh7HI5Rn3Al9nm31C
Telegram မှ ဆက်သွယ်မှာယူရန်
==============
t.me/Bobmoringa2021 (သို့မဟုတ်) +959 263 336 754
အမြဲအတူရှိနေဖို့ ကျနော်တို့ရဲ့ Telegram Channel လေးကို ဝင်ထားပေးပါနော်။
https://t.me/moringamyanmarbybob1
Moringa Myanmar by Bob ရဲ့ Tik Tok Channel လေးပါ။ အပန်းမကြီးဘူးဆိုရင် Follow လေး လုပ်ထားပေးပါ ခင်ဗျာ။
www.tiktok.com/
=============
အမြဲစစ်မှန်ဖို့ ကြိုးစားသွားပါမယ်လို့ ကတိပြုပါတယ်။
03/03/2024
"ဓါတုဆေးကင်းတဲ့၊ အနံ့မွှေးတဲ့၊ အရသာချိုဆိမ့်တဲ့ တောင်ငူသီးမွှေး"
တောင်ဥက္ကလာ နန္ဒဝန်ဈေးမှာ ကားရပ် ရောင်းနေပါတယ်။
ယနေ့ - မတ်လ (၃) ရက် နှင့် မနက်ဖြန် (၄) ရက်နေ့ တွေ ရှိပါမယ်။
ကန်တော့ပွဲတင်တဲ့အခါ အနံ့မွှေးတဲ့ သီးမွှေးကိုရွေးခြယ်ပါ
စားတဲ့အခါ ဓါတုဆေးကင်းပြီး အရသာရှိတဲ့ သီးမွှေးကိုပဲ ရွေးခြယ်ပါ
ငါးအမိုင်နိုသဘာဝမြေသြဇာ နှင့် တမာခေါက်ပိုးပြေးဆေးတွေကိုသာ သုံးပြီးစိုက်ပျိုးထားပါတယ်။
01/03/2024
ငှက်ပျောသီးကား ရောက်ပါပြီ..။
ဒီ တစ်ခေါက်ပြီးရင် ခြံထဲမှာ အခြား Project တွေ စပြီမို့ ရန်ကုန်လာရောင်းနိုင်တော့မှာ မဟုတ်ပါဘူး။
ရန်ကုန်မြို့တွင်း Delivery နဲ့ စီစဉ်ပေးပါမယ်နော်။
၁၀ ဖီး နှင့် အထက်ဆိုရင် မြောက်ဒဂုံအတွင်း အိမ်အရောက်ပို့ပေးပါတယ်။
ထုံးစံအတိုင်း အရသာကောင်းပြီး အနံ့မွှေးတဲ့ ဓါတုကင်းလွတ် သီးမွှေးငှက်ပျောပါ။
ညနေတိုင်း မန္တလေးဈေးလမ်း မြောက်ဒဂုံမှာ ကားရပ်ရောင်းနေပါတယ်။
ဖုန်း - 09 974 990 197
22/01/2024
သူငယ်ချင်းတစ်ယောက်ပေါ့။ ကိုယ့်ငှက်ပျောသီးကို အားပေးချင်တာနဲ့ အဖီး ၂၀ ဝယ်တယ်။ သူ့ ဘော်ဒါတွေကို တစ်ဖီးစီလက်ဆောင်ပေးသတဲ့။ ပြဿနာက ငှက်ပျောသီးက ဆေးမတို့ထားတော့ မှည့်ဖို့ ကြာနေရော။ လက်ဆောင်ရတဲ့သူတွေက စားချင်လှပြီ။ အရင်မှည့်သူတွေက စားပြကြ။ အရသာကောင်းကြောင်းပြောကြ။ အမှည့်နောက်ကျသူတွေက မစားရတော့ ကျွဲမြှီးတွေတိုကြနဲ့၊ အရှေ့အလယ်ပိုင်းအရေးထက် ရှုတ်ထွေးကုန်ရော။
နောက်ဆုံးကျတော့ ငှက်ပျောသီးအမှုက ကျုပ်ကို ပတ်တာပေါ့။ ဒါနဲ့ ငှက်ပျောသီး အမြန်မှည့်နည်းကို Chat GPT ကို ပြေးမေးရတယ်။ Knowledge is power ဆိုတာ ဒါကြောင့်ပြောတာကိုး။ တကယ်နည်းသိရင် မှည့်တာ မြန်ချင်သလား ရတယ်။ နှေးချင်သလား ရတယ်။ သဘာဝအတိုင်းပြောတာနော်။
သဘာဝတရားကလည်း ဆန်းကျယ်တယ်။ ငှက်ပျောသီးတွေမှည့်ဖို့ သူ့ရဲ့ အညှာက ဓါတ်ငွေ့တစ်မျိုးကို ထုတ်ပေးသတဲ့။ အညှာက ဒီဓါတ်ငွေ့ကိုထုတ်ပေးရင်း ခြောက်ကပ်လာတယ်။ ဒီအခါ အသီးတွေက မှည့်ဝါလာတယ်။ သဘာဝ မှည့်ဆေးပေါ့။
ဒီတော့ ငှက်ပျောသီးကို အမှည့်မြန်ချင်ရင် အညှာနဲ့အတူတွဲပြီး သတင်းစာစက္ကူနဲ့ လုံအောင်ထုတ်ထားလိုက်ပါတဲ့။ အလုံပိတ်ထားတဲ့အခါ အညှာက ထုတ်ပေးတဲ့ ဓါတ်ငွေ့ကို အသီးက ပိုပြီးထိတွေ့ဖြစ်သွားတာမို့ အမှည့်မြန်ပါသတဲ့။
အမှည့်ကြာချင်ရင်တော့ ဓါတ်ငွေ့ထုတ်တဲ့ အညှာကို ပလတ်စတစ်စနဲ့ လုံနေအောင် ချည်ထုတ်ထားလိုက်ပါတဲ့။ ဒါဆို ပုံမှန်ထက် မှည့်တာ ကြာနေရောတဲ့။
ကဲ…၊ ကျနော့် ဖေါက်သည်များလည်း ဒီနည်းလေးကို စမ်းပြီး ငှက်ပျောသီးကို စီမံနိုင်ကြပါစေ။
တစ်ခုတော့ သတိပေးမယ်နော်………
“သိပ်မဲမသွားအောင်၊ ချိတ်ဆွဲထားပါ”
===============
တို့ဆေး၊ စိမ်ဆေး၊ ပိုးသတ်ဆေး နှင့် ဓါတုဓါတ်ကြွင်းတွေ ကင်းရှင်းတဲ့ “ #လွတ်ငြိမ်းစံ ” #သီးမွှေးအခွံဝါ မျိုးပါ။
ငါးအမိုင်နိုမြေသြဇာ နှင့် တမာခေါက် ပိုးသတ်ဆေးကိုသာ သုံးပြီး စိုက်ပျိုးပါသည်။
21/01/2024
ယနေ့ ငှက်ပျောကား ရောက်ပါသည်။
ထုံးစံအတိုင်း တို့ဆေး၊ စိမ်ဆေး၊ ပိုးသတ်ဆေး၊ ဓါတုဓါတ်ကြွင်း ကင်းရှင်းပါသည်။
စက္ကူသေတ္တာနဲ့ သယ်ယူမှုကို အဆင့်မြှင့်တင်ထားတာကြောင့် အရောင်အဆင်းပိုလှ ပိုချောပါသည်။
မြောက်ဒဂုံ မန္တလေးစျေးတွင် ညနေ ၃:၀၀ နာရီ မှ ည ၇:၃၀ အထိ ရောင်းချပါသည်။
ဖုန်း - 09 974 990 197
Royal Express ဖြင့် မြို့တွင်း Delivery ပို့ပေးပါမည်။
03/01/2024
ဖန်တီးမှုလေးတွေ
31/12/2023
ငှက်ပျောသီး Light Truck တစ်စီးစာကတော့ (၃) ရက် နဲ့ ကုန်သွားပါပြီ။
တကူးတက လာရှာပြီး ဝယ်တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
မြောက်ဒုံထဲမို့ ကားကို အိမ်အရောက်ခေါပြီး အများကြီး အားပေးကြတာလည်း အဇမ်းချစ်ပါတယ်။
နောက် တစ်ခေါက်လာတဲ့အခါ ပိုပြီး လှလှချောချောအဖီးကြီးတွေ ဖြစ်စေဖို့ စက္ကူဗူးနဲ့ သယ်ဖို့လည်း စီစဉ်ထားပါတယ်။
ပွဲထိုးမယ့်သူတွေ ပိုပြီး သဘောကျမှာ သေချာပါတယ်။
(၁) လ ပိုင်းထဲမှာ ပြန်လာခဲ့ပါမယ်နော်..။
10/12/2023
လူတစ်ယောက်မှာ သူပိုင်ဆိုင်တဲ့ ငွေကို သိမ်းဆည်းတဲ့ ဘဏ်အကောင့် တစ်ခုရှိတတ်ကြတယ်။
ဘဏ်အကောင့်ထဲမှာ သူပိုင်ဆိုင်တဲ့ Money ငွေကြေးကို သိုလှောင်တယ်။
ဒီလိုပဲ လူတစ်ယောက်စီမှာ Self-Value ဘဏ်အကောင့် တစ်ခုစီရှိကြတယ်။
ဒီအကောင့်မှာ သူ့ကိုယ်သူ လေးစားမှု၊ ချစ်ခင်မှု၊ တန်ဖိုးထားမှု၊ Self-love, Self-respect တွေကို သိမ်းဆည်းသိုလှောင်ကြပါတယ်။
လူတွေဟာ ငွေရှာကြတယ်။ ငွေရှာရင် ဘဏ်အကောင့်ထဲ ငွေဝင်လာတယ်ပေါ့။
ရှာပြီးရင် ပိုင်ဆိုင်တဲ့ ငွေကို ပြန်သုံးကြတယ်။ သုံးတဲ့အခါ ဘဏ်ထဲက ငွေတွေ ပြန်ထွက်တယ်ပေါ့။ အခြို့လည်း လိုအပ်ချက်အတွက်သုံးတယ်။ အခြို့လည်း ပျော်ချင်ပါးချင်လို့ ဖြုံး ကြတာရှိတယ်။ အခြို့လည်း အနာဂါတ်အတွက် ရင်းနှီးမြှုပ်နှံတတ်ကြတယ်။
ဒီလိုပဲ ကျနော်တို့ဟာ Self-Value ဘဏ်အကောင့်အတွက် Self-respect currency တွေ ဝင်လာအောင် လုပ်ကြရတယ်။ ကိုယ့်ကိုကိုယ် စောင့်ရှောက်တာ၊ စိတ်ချမ်းသာအောင်ထားတာ၊ ကျန်းမာအောင်နေတာ၊ စဉ်းစားဉာဏ်ရင့်သန်ဖို့ စာဖတ်တာ၊ ပညာသင်တာ၊ ကိုယ်ကိုတန်ဖိုးထားတဲ့ သူတွေနဲ့ ယှဉ်တွဲနေထိုင်တာ။ ဒါတွေက Self-respect currency တွေ ရှာဖွေ စုဆောင်းခြင်း ဖြစ်ပါတယ်။ အပန်းဖြေ ခရီးထွက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ ချစ်ခင်သူတွေနဲ့ တွေ့ဆုံတာ စတဲ့ လုပ်ရပ်တွေပေါ့။
တစ်ဖက်မှာလည်း ကျနော်တို့ ဒီ Self-respect Currency ကို ပြန်လည်သုံးစွဲကြတယ်။
အရက်သောက်တာ၊ လောင်းကစားလုပ်တာ၊ စိတ်အလိုလိုက်တာ၊ မူးယစ်ဆေးသုံးတာ၊ မဆင်မခြင်စားတာ၊ အိပ်ရေးပျက်ခံတာ၊ ဖြစ်သလိုနေတာ၊ သူတစ်ပါးအတွက် ကိုယ့်ကိုကိုယ်ထိခိုက်ခံတာ၊ နစ်နာအောင်လုပ်တာ စတာတွေပေါ့။ ဒါတွေက ငွေကို သုံးပစ်နေတာနဲ့ တူတယ်။
ကျနော်တို့ဟာ ဝင်ငွေ နှင့် ထွက်ငွေ မျှတဖို့ ကြိုးစားရပါမယ်။
ငွေကြေး ဘဏ်အကောင့်မှာ ဝင်ငွေနည်းပြီး အသုံးအစွဲကြမ်းရင် မွဲသွားပါမယ်။ ခွေး ဖြစ်ပါမယ်။
Self-Value ဘဏ်အကောင့်ထဲမှာ ဝင်ငွေနည်းပြီး အသုံးအစွဲကြမ်းရင် ဒီထက် ဆိုးပါတယ်။ ကျနော်တို့ရဲ့ စိတ် နှင့် ခန္တာကိုယ်အပေါ် ထိန်းသိမ်းနိုင်စွမ်းတွေ လျော့ပါးပျောက်ဆုံးလာပါမယ်။ ဦးနှောက် အလုပ် လုပ်ပုံတွေ ဂယောက်ဂယက်ဖြစ်လာမယ်။ ခန္တာကိုယ် နှင့် စိတ်ရဲ့ ကျန်းမာရေးပျက်စီးလာပါမယ်။ ဆုံးဖြတ်နိုင်စွမ်းတွေ ကျလာမယ်။ ကိုယ့်ကိုကိုယ် လေးစားတန်ဖိုးထားခြင်း မရှိတဲ့အခါ၊ အခြားသူတွေအပေါ်လည်း လေးစားတန်ဖိုးထားခြင်းတွေ မရှိဖြစ်လာမယ်။
ဒါကြောင့် ကိုယ်ဘာပဲ လုပ်လုပ်၊ ငါလုပ်နေတာဟာ၊ Self-respect အကောင့်ထဲကို ငွေထည့်နေတာလား၊ ငွေထုတ်သုံးနေတာလား ဆိုတာတော့ သတိကပ်ထားပါ။ ထည့်တာများနေပါစေ။ ထုတ်တန်တာလည်း ထုတ်သုံးနိုင်ပါတယ်။ ထုတ်ပြီးရင်လည်း ငွေပြန်ရှာပါ။ ပြန်စုဆောင်းပါ။ အကောင့်ထဲမှာ Self-respect currency များလေလေ၊ ဘဝကို တန်ဖိုးရှိရှိ ဖြတ်သန်းနိုင်လေလေပါပဲ။
အခြို့ကျတော့လည်း၊ မကောင်းတာ ဘာမှအလုပ်ဘူး ဆိုတာမျိုး။ ကိုယ့်ကိုကိုယ် ထိခိုက်စေတာဆို လုံးဝ မလုပ်ဘူးဆိုပြီး ရှောင်တယ်။ ဒါကျတော့လည်း (ကျနော့် ကိုယ်ပိုင်အတွေးအရ) သိပ်တော့ အားမပေးချင်ဘူးရယ်။ ဟုတ်တယ်လေ၊ ငွေရှာတာ သုံးဖို့ ပဲမဟုတ်လား။ ရှာပဲ ရှာပြီး အသုံး အဖြုံးလေးမှ မရှိတော့လည်း ဘဝကြီးက ပျင်းစရာ။ ငံပြာရည်တို့၊ ငရုတ်သီး မှုန့်တို့ဆိုတာ သူတို့ချည်းစာလို့ ဘယ်မှာ နှစ်လိုဖွယ်ရှိလို့လဲ။ ဒါပေမယ့်လို့ သူတို့ မပါပဲ အသုတ်တစ်ပွဲ သုတ်စားကြည့်ပါလား။ ဘယ်မှာ ခံတွင်းတွေ့လို့တုန်း။ ဘဝမှာ အခြို့ကိစ္စတွေဟာလည်း အဲ့ဒီလိုပါပဲ။ အချိုးကျ ရောနှောပါဝင် နေတာက ဘဝကို ပိုပြီး လူသားဆန်စေပါတယ်။
ဒါ့ကြောင့် အရက်သောက်မလား သောက်ပါ။ ပေါက်ကရ လုပ်မလား၊ လုပ်ပါ။ ကိုယ့်ရဲ့ စိတ်၊ ခန္တာ၊ ဦးနှောက်ကို အလွန်အကျွံ အသုံးချမလား၊ ချပါ။ တစ်ခုပဲ။ တစ်ခုပါပဲ။ သုံးတာထက် ရှာတာ ပိုများပါစေ။ Self-respect currency ကို အလွန်အကျွံ မဖြုံးတီးမိပါစေနဲ့။ မတော်လို့ ဖြုံးတီးမိရင် သတိကပ်ပြီး ရပ်နားပါ။ ပြန်ရှာပါ။ စုဆောင်းပါ။ ကိုယ်ရှာနိုင်တာထက် လျော့သုံးဖို့ ကန့်သတ်ထားပါ။
Self-Value ဘဏ်အကောင့်ထဲမှာ Self-respect ငွေကြေးတွေ ပြည့်ပြည့်ဝဝ ရှိနေပါစေ။ ဘဝမှာ လူတွေဟာ မကောင်းတာ တစ်ခုခု လုပ်မိလို့ လမ်းဆုံးရောက်တာ မဟုတ်ပါဘူး။ Self-respect မွဲသွားလို့ လမ်းဆုံးရောက်သွားကြတာပါ။
သဗ္ဗေ သတ္တာ ကံမ္မသကာ
Bob Thwin Naung Soe
29/11/2023
"တို့ဆေး၊ စိမ်ဆေး၊ ပိုးသတ်ဆေး၊ ဓါတုဓါတ်ကြွင်းကင်းသည်"
"ငါး မှ ရရှိသော သဘာဝ မြေသြဇာဖြင့် စိုက်ပျိုးသည်"
မြောက်ဒဂုံ
မန္တလေးဈေးနား
ညနေ ၃:၀၀ - ၇:၃၀ နာရီ
ကား တစ်စီးတိုက်၊ မနက်ဖြန် ဆို ကုန်ပြီ
05/10/2023
နွေးထွေး လုံခြုံမှုကြီး
========
မနေ့က စားသောက်ဆိုင်မှာ ဘေးဝိုင်းက
အကိုကြီးနဲ့ အစ်မကြီး စုံတွဲတစ်တွဲကို
သတိထားမိတယ်။
နှစ်ယောက်စလုံး Rock ပုံစံ အရိုးခေါင်း အင်္ကျီကို
ဆင်တူ ကာပယ် ဝတ်ပြီး
တတ်တူးတွေနဲ့ ၊ ဝဝ ဖိုင့်ဖိုင်ကြီးတွေ..
လင်မယားထင်ပါရဲ့..
အစ်မကြီးက တော်တော်မူးနေပြီ။
ဖြစ်ချင်တော့ အဲဒီနေ့က ဆိုင်မှာ
ဆိုကြတီးကြတဲ့ Band ကလည်း Rock Band..
စလွှတ်တဲ့ အချိန်ကတည်းက
စင်ပေါ်က အဆိုသမား ဆိုသမျှကို
အဲဒီအစ်မကြီးက အသံဗြဲကြီးနဲ့ လိုက်ဆိုတယ်။
နာရီဝက်လောက်ကြာတော့ ထိုင်ရာကနေ ထပြီး
အရက်ခွက်လေးကို ပင့်ကာပင့်ကာနဲ့
ခန္ဓာကိုယ်ကို ယိမ်းနွဲ့ပြီး လိုက်ကတယ်။
သိပ်မကြာဘူး..
Mood အရမ်းပါလာတော့
ထိုင်ခုံပေါ်တက် ဒွန့် ပါလေရော...
နောက်ဆုံးတော့ ထိုင်ခုံပေါ်ကဆင်းပြီး
Band ရှေ့မှာ တစ်ယောက်ထဲ ထွက် ကဲ တယ်။
မောလာတဲ့အခါ ဝိုင်းကိုပြန်လာပြီး
အကိုကြီးကို ဖက်နမ်းတယ်။
ကျွန်တော် ပိုသတိထားမိတာက အဲဒီအစ်မကြီးထက်
သူ့အမျိုးသား အကိုကြီးကိုပဲ။
အကိုကြီးကလေ တချိန်လုံး
သူ့မိန်းမ လုပ်သမျှကို ပြုံးပြုံးကြီးနဲ့
ထိုင်ကြည့်နေတာဗျာ..။
သူ့မိန်းမပျော်နေရင် ပြီးတာပဲဆိုတဲ့ မျက်နှာပေးကြီး။
အရက်လေးသောက်လိုက်
သူ့မိန်းမကိုကြည့်ပြီး သဘောကျလိုက်နဲ့။
သီချင်းတွေ အသံဗြဲကြီးနဲ့ လိုက်ဆိုလည်း
ပြုံးပြုံးကြီးပဲ...
ထိုင်ခုံပေါ်တက် က လည်း ပြုံးပြုံးကြီးပဲ..
စင်ရှေ့ထွက် အော်ဟစ်နေလည်း
ပြုံးပြုံးကြီးပဲ..
သူ့ကို လာနမ်းပြီဆိုရင်တော့ ကျေကျေနပ်နပ်ကြီးကို
ဖြီးနေတာပေါ့လေ။
ငါ့မိန်းမ ဘာလုပ်လုပ် ချစ်တယ်ဆိုတဲ့
အမူအယာက သူ့မှာ အထင်းသားရယ်...။
ကိုယ်သိပ်သဘောကျတာပဲ။
တစ်ခါတလေ ချစ်ခြင်းမေတ္တာက
စကားလုံးတွေ အများကြီးပြောပြစရာ မလိုဘူး။
Surprise တွေ ၊ လက်ဆောင်တွေကနေလည်း
ဖော်ပြစရာ မလိုဘူး။
ဘာမှ အပိုတွေ လုပ်ပြမနေဘဲ
ဒီတိုင်းလေးကို ခံစားလို့ရနေတာ။
ကိုယ်တောင် အဲဒီအစ်မကြီးနေရာကနေ
တွေးကြည့်မိသေးတယ်။
ကိုယ်ဘာလုပ်လုပ် ချစ်သူကပြုံးပြုံးကြီးကြည့်ပြီး
ကာကွယ် အုပ်မိုးပေးနေတယ်ဆိုတဲ့
လုံခြုံ နွေးထွေးမှုကြီး...။
အိုး........ရှယ်ပဲ..ရှယ်ပဲ...။
ကိုစိုးထိုက်(ဖဒို)
10/08/2023
ဂုဏ်မာန်မာန ထောင်လွှားခြင်း မရှိသူ၌ တည်သော ပညာ၊ ရုပ်ရည်၊ ဥစ္စာတို့သည်၊ ကျား၊ ခြင်္သေ့တို့၌ ပေါက်သော အမြီး နဲ့တူ၏။ မိမိ၏ ဒွါရပေါက်ကိုလုံအောင် ဖုံးကွယ်နိုင်စွမ်း၏။ ခန္တာကိုယ်တွင် ဝိုင်းအုံကိုက်ခဲတတ်ကြသော မှက်၊ ခြင်၊ ယင် တို့ကိုလည်း ခြောက်လှန့်မောင်းထုတ်ရန် အသုံးပြုနိုင်၏။
ဂုဏ်မာန်မာန ထောင်လွှားသောသူ၌ တည်သော ပညာ၊ ရုပ်ရည်၊ ဥစ္စာတို့သည်၊ ခွေး၌ ပေါက်သောအမြီး နဲ့တူ၏။ မိမိ၏ ဒွါရပေါက်ကိုလည်း မဖုံးကွယ်နိုင်။ မှက်၊ ခြင်၊ ယင် တို့ကို ခြောက်လှန့်မောင်းထုတ်ရန်လည်း အသုံးမကျ။ တစ်ထောင်ထောင်လုပ်ယုံသာဖြစ်လေ၏။
အမတ်ကြီး ဦးပေါ်ဦး (ကုန်းဘောင်ခေတ်)
Bob Thwin Naung Soe
23/06/2023
အိမ်မက်တွေက စျေးသိပ်မကြီးပါဘူး။
အတူတူ မက်ပေးမယ့်သူတွေရှိရင်ပေါ့ 🥰
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon