Hello Lady
ဆံပင်ဖြောင့်/ကောက်/ပေါင်းတင်/နှိပ်လ? ကန်သာယာမှတ်တိုင်အနီး၊ရွှေပြည်သာ
19/07/2022
🇲🇲အာဇာနည်နေ့ တို့မမေ့ 🇲🇲
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ သည် (၇၅) ကြိမ်မြောက်အာဇာနည်နေ့ ဖြစ်ပါသည်။
ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား Hello Lady မှ ရိုသေလေးစားစွာဂါရဝပြုပါသည်။
Lady
12/07/2022
🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕
မြတ်စွာဘုရားမှ ပဉ္စ၀ဂ္ဂီ ၅ ဦးအား“ဓမ္မစကြာ" တရားဦး တရားမြတ် ဟောကြားသောနေ့ ဝါဆိုလပြည့်နေ့ကို "ဓမ္မစကြာနေ့” အဖြစ် အလေးအမြတ်ထားကြပါတယ်
ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုလုပ်ကြပါတယ် 🙏🏻
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အလေးအမြတ်ထားရာ ဝါဆိုလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုများပြုလုပ်ပြီး တရားဘာဝနာများအားထုတ်နိုင်ကြပါစေလို့ Hello Lady မှဆုတောင်းလိုက်ပါတယ် 🙏🏻🙏🏻🙏🏻
Lady #ဝါဆိုလပြည့်နေ့
20/06/2022
BOB ပုံလေးညှပ် ကာလာပြေပြေလေးဆိုးပြီးချစ်စရာကောင်းနေသော ကိုယ့်ရဲ့customer အချောလေး😘😘
18/06/2022
ဆံသားပါးပါးလေးနဲ့ညီမလေးကိုကောက်ပေးဖြစ်တာလေး😍😍
Hello Ladyဆိုင်လေးဖွင့်တာတောင်တလပြည့်ပြီပဲ 🙂🙂🙂
Hello Lady Send a message to learn more
13/05/2022
💢💢မနက်ဖြန် 14.5.2022 #ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုတွေ မမေ့မလျော့ပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်ရှင်။
🙏🙏🙏ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
☝️ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
👶မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
🙏မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
😔မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။
ကိုးကား - Wiki
Lady
08/05/2022
🌟Happy Mother’s Day to Our amazing moms🌟
မေမေများအားလုံး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေကြောင်း Hello Lady မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏♥️♥️♥️♥️
06/05/2022
ဆိုင်သစ်မှာ ဒစ်ဂျစ်တယ်ကောက် အားပေးတဲ့ ညီမလေး😘😘😘
01/05/2022
🔈ဆိုင်ဖွင့်ပါပြီ ရှင့်🔈
ယနေ့ May Day တနင်္ဂနွေနေ့မှာ Hello Lady
အလှပြင်ဆိုင်ဖွင့်ပါပြီရှင်☺️
မိတ်ဟောင်း/သစ်များအားလုံးကို ဖိတ်ခေါ်ပါတယ်ရှင်☺️
ကိုယ့်ကိုတိုင် သတိမထားမိတဲ့ ကိုယ့်ရဲ့အလှတရား
တွေကို လူပုံအလယ်မှာ ထင်ရှားပေါ်လွင်စေဖို့
Hello Lady ကြွလှမ်းစို့ 😊😊😊
⏰ ဆိုင်ဖွင့်ချိန် - ၀၉:၀၀ နာရီ မှ ညနေ၆:oo နာရီထိ
☎️ 09 250525268
🏠. Hello Lady👩🦰👩🦰👩🦰
📍 ငြိမ်းရိပ်ငြိမ်၊အမှတ် ၃၄၂၊ချမ်းမြေ့သာယာလမ်း၊ကန်သာယာမှတ်တိုင်အနီး၊ရွှေပြည်သာမြို့နယ်,ရန်ကုန်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11411
Opening Hours
| Monday | 08:00 - 18:00 |
| Tuesday | 08:00 - 18:00 |
| Wednesday | 08:00 - 18:00 |
| Thursday | 08:00 - 18:00 |
| Friday | 08:00 - 18:00 |
| Saturday | 08:00 - 18:00 |
| Sunday | 08:00 - 18:00 |