Slim & Healthy Club

Slim & Healthy Club

Share

health & Fitness

17/04/2026

မြန်မာ့နှစ်သစ်အခါသမယမှစ၍
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
အလှအပနဲ့ကျန်းမာရေး နှစ်မျိုးလုံး ပြည့်စုံကြပါစေ ✨

အောင်မြင်မှုအသစ်တွေကို ယူဆောင်နိုင်ကြပါစေ

Slim & Healthy Club မှ
နွေးထွေးသော နှစ်သစ်ဆုမွန်ကောင်းများ ပို့သအပ်ပါသည် 💛

Photos from Slim & Healthy Club's post 28/03/2026

Yoga ကိုစနစ်တကျသေချာကျင့်ရင်ကလေးမရနိုင်သူတောင် ကလေးရသွားတာတွေကြုံခဲ့လို့
သင်တန်းသူတွေလာjoinပြီဆိုတာနဲ့
မလိုချင်ရင်ကြိုတင်တားကြဖို့ မှာပါတယ်
ခုသင်တန်းသူညီမလေးက
အသက် 40နားကပ်‌ေနပြီ
သူ့ကလေးတွေတောင်အတော်ကြီးနေပြီမို့
မရလောက်ဘူးဆိုမတားမိ
ခုတော့ကိုယ်၀န်ရှိနေပါပြီတဲ့😊

Photos from Slim & Healthy Club's post 24/03/2026

ဂျပန်နိုင်ငံေရာက်မြန်မာသင်တန်းသူတွေနဲ့အကျိုးပေး🥰
ခုလမှစတက်တဲ့သင်တန်းသူအသစ်တွေ❤️

24/01/2026

Photos from Slim & Healthy Club's post 10/10/2025

ကျွန်မ။Pilates Private Session ကအချောလေးရဲ့ကြိုးစားမှုလေး🥰

02/08/2025

❝ Pilates လေ့ကျင့်တဲ့ ပထမဆုံး ၁၀ ကြိမ်ဟာ
ထူးခြားမှု​တွေကို စတင်ပြီး ခံစားမိလာလိမ့်မယ်။

အကြိမ် ၂၀ ကို​ရောက်တဲ့အခါ ရလာဒ်​တွေကို
ကိုယ်တိုင်မြင်သာစွာ မြင်လာရလိမ့်မယ်။

အကြိမ် ၃၀ ​မြောက်မှာ​တော့ အချိုးကျပြီး လှပ​ကျော့ရှင်း၊
ဆွဲ​ဆောင်မှုရှိတဲ့ ကြွက်သား​တွေနဲ့ဖွဲ့စည်းထားတဲ့
ခန္ဓာကိုယ်ပုံစံသစ်ကို ​တွေ့မြင်ရပါလိမ့်မယ်။ ❞
- Pilates ကိုတီထွင်ခဲ့သူ Joseph Pilates

💁‍♀️ Pilates ​လေ့ကျင့်ခန်းဟာလည်း ​လေ့ကျင့်တဲ့အခါ
အမြဲမပြတ် consistency ရှိရှိ​လေ့ကျင့်ရမှာဖြစ်ပါတယ်။

💜 ​လေ့ကျင့်ချိန်၊ အ​ခေါက်​ရေများလာသ​လောက်
ခန္ဓာကိုယ်ဟာ ပိုမိုထိန်းချုပ်ရလွယ်ကူ၊ ​
ပျော့​ပျောင်းလာပြီး၊

mind and body connection အားကို​
ကောင်းလာ​စေမယ့်အပြင် ခန္ဓာကိုယ်လှုပ်ရှားမှု​တွေနဲ့
သတိကိုလည်း တိုက်ရိုက်ချိတ်ဆက်​ပေးပါတယ်၊

ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လှုပ်ရှားမှုအ​ပေါ် ထိန်းချုပ်ထားသလို၊
​လေ့ကျင့်ခန်းလုပ်တဲ့အခါနဲ့ လှုပ်ရှားမှု​တွေတိုင်းအတွက်
သက်​​ရောက်မှုရှိ​စေတဲ့ Core ဆိုတဲ့
ဝမ်းဗိုက်တစ်ဝိုက်နားကြွက်သား​တွေကို
ပိုမိုအား​ကောင်းလာ​​စေပါတယ်။

" In 10 sessions you'll feel the difference, in 20 sessions you'll see the difference, and in 30 sessions you'll have a whole new body."
— Joseph Pilates

👉 Body Structure လှပ​စေဖို့အပြင် Fitness,
Strength, Stability & Health တို့အတွက်
Pilates ​လေ့ကျင့်ခန်းကို
စတင်​လေ့ကျင့်ကြည့်လိုက်ပါ​နော်။

​ကောင်းကျိုးရလဒ််​တွေကို Pilates ရဲ့ တီထွင်ဖန်တီးရှင်
Joseph Pilates ​ပြောခဲ့သလို Quote ထဲကအတိုင်း
တစ်ဆင့်ချင်း ​တွေ့မြင်လာရမှာပါ။

16/05/2025

Pilates exercises မှရရှိနိုင်မဲ့အကျိုးကျေးဇူး (၁၁)ချက်

၁။ flexibility ခန္ဓာကိုယ် ပျော့ပျောင်းလာခြင်း

၂။ strength and muscle tone ခွန်အားတိုးလာပြီး ကြွက်သား လှလှပပတည်ဆောက်ခြင်း

၃။ ခန္ဓာကိုယ်မှာ သတိရှိပြီး ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ ကြွက်သားတွေကို ထိန်းချုပ်လာနိုင်ခြင်း

၄။ posture တိုးတက်လာပြီး ခန္ဓာကိုယ်မှာအရေးကြီးတဲ့ alignment မှန်ကန်လာခြင်း

၅။ stress and tension ဖိအားနဲ့ တင်းအားတွေ လျော့လာခြင်း

၆။ ခန္ဓာကိုယ်အားအင်ပြည့်ကာ နေထိုင်ကောင်းလာပြီး relaxဖြစ်စေခြင်း

၇။ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ injury နဲ့ chronic pain ကဲ့သို့ ဒဏ်များကို ပြုပြင်ချိန်ညှိပြီး သက်သာစေနိုင်ပါတယ်

၈။ မတူညီတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အတူတကွ ပေါင်းစည်းလေ့ကျင့်ခြင်းဖြင့် balance မျှစေတယ်

၉။ physical နဲ့ mental ပိုင်းဆိုင်ရာ စွမ်းအင်တွေ စုပေါင်းတိုးတက်လာစေတယ်

၁၀။ coreရဲ့ ခွန်အားတွေနဲ့ stable ဖြစ်မှုတွေကြောင့် physical လှုပ်ရှားမှုတွေမှာ များစွာအထောက်ကူဖြစ်စေတယ်

၁၁။ ကိုယ်ရရှိချင်တဲ့ fitness level နဲ့ goalတွေကို Pilates လေ့ကျင့်ခြင်းမှတဆငိ့ ရရှိစေနိုင်တယ်

25/04/2025

ကျွန်မ Yoga သင်ပေးနေတဲ့
Studio မှာ ထပ်မံဖွင့်လှစ်လိုက်တဲ့ coffee shop လေးပါ
Yoga ချစ်သူတိုင်း coffee ☕ ကြိုက်တတ်ကြပါတယ်ရှင်

ခု coffee Shop လေးက ဈေးသင့်ပြီးအရသာပိုင်းပြတအားကောင်းမွန်တာမို့
Yoga ချစ်သူများနဲ့ Coffee ☕ချစ်သူများကို လာရောက်မြည်းစမ်းဖို့ဖိတ်ခေါ်ပါတယ်ရှင်

Photos from Slim & Healthy Club's post 28/12/2024

Yoga is the journey of the self, through the self, to the self.”- The Bhagavad Gita

06/12/2024

💁 တစ်ချို့က Yoga ကျင့်တာကလဲ ဘာလို့ဇောက်ထိုးကြီးတွေထောင်နေတာလဲ ဇာတ်တွေကျိုးကုန်မှဖြင့် ပြုတ်ကြလို့ဒူးတွေနာကုန်မှဖြင့် အစရှိသဖြင့် ပြောတတ်ကြတယ်။ သူရဲ့ကောင်းကျိုးတွေကို သိပြီးသွားရင် သင်လဲဇောက်ထိုးကြီး နေချင်လာပါလိမ့်မယ်😁

ဘာလို့ Headstand ထောင်တာလဲ..သူ့ကောင်းကျိုးကဘာတွေလဲ👇

✅ ခန္ဓာကိုယ်ကို ဇောက်ထိုး ထောင်ထားရသဖြင့် ဦး နှောက်သို့ သွေးများရောက်စေပြီး အာရုံကြောများကို အားပေးသဖြင့် စိတ်အာရုံစူးစိုက်မှုကို ပိုမိုထိရောက်စေသည်။

✅ ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက် စေပြီး စိတ်ဓာတ်ကို ကြည်လင်စေသည်။

✅ အင်ဒိုကရိုင်းဂလင်း နှင့် သိုင်းရွှိုက်ဂလင်း အုပ်စုများကို အားပေးသဖြင့် ခန္ဓာကိုယ်တခုလုံး၏ ကျန်းမာရေးကို အထူးအကျိုးပြုပေသည်။

✅ဦးနှောက်အားကို တိုးတက်ကောင်းမွန်စေပြီး ရုပ်ရည်ပျိုမျစ်နုနယ်စေသည်။

✅ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို တိုးတက်ကောင်းမွန် စေသည်။

✅ အာရုံကြောတွင် စွဲကပ်သောရောဂါအမျိုးမျိုး နှင့် အိပ်မပျော်သောရောဂါများကို ပျောက်ကင်း စေသည်။

✅ အာဆန တို့၏ ဘုရင်ဟု သတ်မှတ်ပြီး ခန္ဓာကိုယ် တခုလုံး နှင့် ဦးနှောက်အာရုံကြောများကို ကြည်လင်လန်းဆန်းသွက်လက်စေသည်။

🛑သတိပြုရန်အချက်မှာ သွေးတိုးရောဂါရှိသူများ၊ သွေးအားနည်းသူများ၊ နှာခေါင်းရောဂါ၊ နားရောဂါ ၊ ချောင်းဆိုးရောဂါ နှင့် နှလုံးရောဂါရှိသူများသည် ကျွမ်းကျင်တဲ့ Instructor ၏ လက်​တွေ့ပြသညွန်ကြားမှုဖြင့်သာ ပြုလုပ်သင့်ပါသည်။

07/11/2024

🛑ကင်ဆာ လူနာတွေ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်.........

♦️လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကင်ဆာနဲ့ ကင်ဆာ ကုထုံးတွေကြောင့် ရတဲ့ ဆိုးကျိုးတွေကို ပိုမိုသက်သာစေပါတယ်။

♦️ကင်ဆာ လူနာ အများစု ခံစားရလေ့ရှိတဲ့ ပင်ပန်း နွမ်းနယ်တာ နှုန်းနေတာ စိတ်ဓာတ်ကျသလိုဖြစ်ပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတာ... ဒါတွေကို လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် သက်သာစေပါတယ်။

♦️လေ့ကျင့်ခန်း ဘယ်လောက်လုပ်သင့်လဲ ဆိုတော့
အနည်းဆုံး တစ်ပတ်ကို သာမာန် လေ့ကျင့်ခန်း မိနစ် ၁၅၀ နဲ့ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်း ၇၅ မိနစ် လုပ်ရမယ်။

♦️(လမ်းလျှောက်ခြင်း၊ ဖြေးဖြေးပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း။)
အလေးမလေ့ကျင့်ခန်းကိုတော့ တစ်ပတ်ကို သုံးကြိမ် ပြုလုပ်သင့်ပါတယ်။

♦️လေ့ကျင့်ခန်း စလုပ်တဲ့ အခါမှာ ဖြေးဖြေးစပြီး ကိုယ်ခံနိုင်ရည်ရှိသလောက် တဖြည်းဖြည်းတင်သွားရမယ်။

♦️တစ်ခါထဲ အပြင်းအထန်လုပ်တာမျိုးရှောင်ရပါမယ်။ အေရိုးဗစ် ကစားတာမျိုးလည်း သင့်တော်တယ်။

♦️လေ့ကျင့်ခန်းကို ဆေးကုသမှု တစ်ခုလို သဘောထားပြီး လုပ်ရမယ်။

♦️ကင်ဆာ မဖြစ်ခင် ဖြစ်နေစဉ် ကုသနေတုန်းနဲ့ ကုသမှု ပြီးသွားတဲ့ အခါ တောက်လျှောက်ကို လုပ်ရမှာ ဖြစ်တယ်။

♦️ဒီလို လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နောက်ထပ် ကင်ဆာ အသစ်တစ်ခုဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်။

♦️ ကင်ဆာ ပြန်ဖြစ်နှုန်း၊ ကင်ဆာကြောင့် သေဆုံးနှုန်း အခြားအကြောင်းများကြောင့် သေဆုံးနှုန်းတို့ကိုလည်း လျော့ကျစေတယ်။

♦️ဒီလေလာစူးစမ်းမှုမှာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ဆီးကြိတ် ကင်ဆာ လူနာများမှာ အများဆုံးပါဝင်တယ်။
လူနာကို အိပ်ရာထဲမှာ နေခိုင်းပြီး ဂွမ်းစောင်ခြုံပိုးမွေးသလို မွေးတဲ့ ခေတ် ကုန်သွားပါပြီ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


51street Middle Block, Pazun Taung Township
Yangon