Knowledge Sharing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Knowledge Sharing, Yangon.
07/01/2023
ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။
လူတစ်ယောက် အဓိကကျရူံးစေတဲ့ အကြောင်းတရား များဟာ အောက်ပါအတိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
၁။ #ချီတုံချတုံဖြစ်ခြင်း ( ၁၃ % )
ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊
ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့လူများ တစ်ပုံကြီးပါ။
မှားမှာကြောက်လို့၊ ဆုံးရူံးမှာကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်၊ ဘယ်အရာမဆို ၁၀၀ % သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေးဟာ
အဲဒီ့နေရာမှာ မရှိတော့ပါဘူး။
၂။ #အချိန်ဆွဲခြင်း ( ၁၉%)
လုပ်မယ်၊ လုပ်မယ်၊ မနက်ဖြန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖြန် ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။
ခဏနေမှလုပ်မယ်၊ မနက်ဖြန်မှလုပ်မယ်၊ နောက်တစ်ပတ်မှစလိုက်မယ် ဆိုတဲ့အကျင့်မျိုးဟာ လူတစ်ယောက်
ကျရူံးစေတဲ့ အဓိကအကြောင်းအရာထဲမှာ ပါပါတယ်။
၃။ #ကောက်ရိုးမီးအကျင့်ရှိခြင်း ( ၈%)
ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊
စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။
သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်ဆိုပြီး ဝိတ်ချတယ်၊
အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်၊ ချလေ ဝလေ ဖြစ်သွားတယ်။
လုပ်ငန်းတစ်ခု စလုပ်တယ်၊အစတော့ အားတက်တရော စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်၊ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။
၄။ #သူများငြင်းဆိုမှု့ကိုကြောက်ရွှံ့ခြင်း ( ၇%)
ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာကြောက်လို့ ရည်းစားစကား မပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင် အခွင့်အရေးတွေလည်း ဒီလိုပါပဲ၊ ကိုယ်စတောင် မစရသေးဘူး သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။
၅။ #မိမိကိုယ်မိမိဘောင်ခတ်ခြင်း ( ၆% )
ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်၊ လုပ်ကိုင်ဖို့ အခွင့်အရေးလည်းရှိတယ်၊ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ဂုဏ်ကိုငဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်၊ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်၊ဟိုအလုပ်မလုပ်နိုင်ဘူးဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး ဘာကြောင့်ဆိုပြီး ကိုယ့်ကိုကိုယ် ဘောင်ခတ်ထားတာ အများကြီးရှိပါတယ်။
၆။ #အဖြစ်မှန်ကိုရင်မဆိုင်လိုခြင်း ( ၇%)
လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ၊ စိတ်ကူးယဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်၊ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင် အားထုတ်နေတတ်တယ်၊ အချိန်ရှိတိုင်း ထီပေါက်နေချင်တယ်၊ နေ့ချင်း ညချင်း ချမ်းသာချင်နေကြတယ်။
ရ။ #ဆင်ခြေများလွန်းခြင်း ( ၂၂ % )
ဆင်ခြေများလွန်းခြင်း၊အကြောင်းပြချက်များလွန်းခြင်း ဟာဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ၊ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက်အပြည့်အစုံ အမြဲရှိနေတတ်တယ် လုပ်ဖေါ်ကိုင်ဘက်ကြောင့် အလုပ်ရှင်ကြောင့် ခေတ်စနစ်ကြောင့် မိဘများကြောင့် သူငယ်ချင်းကြောင့် အစိုးရကြောင့် သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်၊ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။
၈။ #သင်ယူရန်ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်၊ အားထုတ်ရပါတယ်၊ ဦးနောက်သုံးရပါတယ်။သူတို့ဟာ ဘာပဲလုပ်လုပ်ဘယ်မှာပဲလုပ်လုပ် အလုပ်ကို ပြီးအောင်လုပ်နိုင်တယ်၊
၀တ်ကျေတန်းကျေ လုပ်ပါတယ်၊ အပြစ်တင် လွတ်အောင် လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာ သူတို့မသိကြပါ၊ သိလည်း မလုပ်လိုကြပါ၊ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်း ဆော့နေကြပါတယ်၊ လ္ဘက်ရည်ဆိုင် ထိုင်ကြပါတယ် စကားပြောနေကြပါတယ်။
အဲဒီ့အချက်များဟာ လူတစ်ယောက်ကို ကျရှုံးစေတဲ့ အဓိက အကြောင်းအရာများဘဲ ဖြစ်ပါတယ်။
:
19/05/2022
ဒူးနာ ခါးနာ ရောဂါသည်များ အတွက်
အစွမ်းထက်တဲ့ သဘာ၀ ဆေးနည်း (၈) မျိုး
~~~~~~~~~~~~
ဒူးနာ ခါးနာ၍ ဆေးခန်းပြသော်လည်း
မသက်သာပဲ ဆေးမတိုးဘဲ ရှိနေသူတွေ
သဘာ၀ ဆေးနည်းများကို အသုံးပြု ချင်သူတွေ အတွက် ဒူးနာ ခါးနာသဘာဝ ဆေးနည်း (၈) မျိုးကို
စုစည်း၍ ပေါင်းစုပြီး မျှဝေ ပေးလိုက်ပါတယ်။
~~~~~~~
ဆေးနည်း (၁)
~~~~~~~
လေဖြတ် လေငန်း လေးဘက်နာ ခါးနာ ဒူးနာ
ရောဂါများသည်များ
ဖီးကြမ်း ငှက်ပျောသီး အမှည့်ကို
ဖင်ဖြတ် ခေါင်းဖြတ်၍
သက်ရင်းကြီးရွက်နှင့် လုံအောင်လိပ်ကာ
(၅) နာရီခန့် ပြုတ်၍
တစ်နေ့သုံးလုံးစီ (၅) ရက်ဆက်တိုက်
စားပေးပါက
လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာ
နာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။
ပြုလုပ်ပုံလွယ်ကူ၍ အကုန်အကျ နည်းကာ
အစွမ်းထက် သက်စောင့်ဆေးအား
မှီဝဲကြပါကုန် ။
#(ဝိစိတ္တရတနာမြေ)
~~~~~~~
ဆေးနည်း (၂)
~~~~~~~
ငါးကြင်းခေါင်းကို
မကြာခဏ ဟင်းချက်စားခြင်း
ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို
ပျောက်ကင်းစေနိုင်ကြောင်း
ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍
လက်တွေ့စမ်းကြည့်ရာ
ဒူးထဲမှ ကုန်ခမ်းနေသော
ရိုးတွင်း ချဉ်ဆီများ အား
ပြန်လည် ပြည့်၀လာ၍
အမှန် တကယ် ပျောက်ကင်းခဲ့ပါသည်။
ဆေးရုံ (၃) လလောက်တက်ခဲ့ရတဲ့
အသိတစ်ယောက်
ဒီနည်းနဲ့ ပျောက်သွားပါတယ်။
(၃)ပတ်လောက်
ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်း
ဒီနည်းနဲ့ပဲ ပျောက်သွားတယ်။
(တိုင်းရင်းဆေး ဆရာကြီး ဦးကြည်မြင့်လွင်)
~~~~~~~
ဆေးနည်း (၃)
~~~~~~~
ဆေးနည်းကတော့
ဂျင်းတက်နဲ့ မြေဖြူခဲကို
ရောထောင်းပြီး
နာနေတဲ့ဒူးပေါ်ကို
တစ်နေ့ (၂) ကြိမ် လိမ်းပေးပါ။
(၃) ရက်အတွင်း သိသာလာမယ်။
တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။
:(ကိုယ်တွေ့တစ်ဦး)
~~~~~~~
ဆေးနည်း (၄)
~~~~~~~
ခွေးတောက်ရွက်
လက်တစ်ဆုပ်ခန့်ကို
ထုထောင်း၍ အရည်ညှစ်ယူကာ
၄င်းအရည်ဖြင့်
သနပ်ခါးသွေးကာ
ဒူးပေါ်ကို လိမ်းပေးပါ။
မနက်ရေချိုးပြီးတစ်ကြိမ်၊
ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။
တစ်ပတ်ခန့်လိမ်းပေးလျှင်
ဒူးနာသက်သာ ပျောက်ကင်းစေမည်။
: (Mg Naing)
~~~~~~~
ဆေးနည်း (၅)
~~~~~~~
ရှားစောင်းလက်ပပ်
လတ်လတ်ဆတ်လတ်ကို ခူးယူ၍
အပေါ်အခွံကိုခွါပြီး
အတွင်းသားဂျယ်လီကို
ဇွန်းဖြင့်ခြစ်ယူ၍
ကျိုချက်ထားသော
နွားနို့အအေးနှင့် သောက်ပါ။
(၅) ရက်ခန့်သောက်လျှင်
ဒူးနာသက်သာလာမည်။
: (ဒို့မြန်မာဒေါ့ကွမ်း)
~~~~~~~
ဆေးနည်း (၆)
~~~~~~~
ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့်
သဘာဝဆေးနည်း
(က) သင်္ဘောသီးအစိမ်းတစ်လုံးကို
ထိပ်ပိုင်းနေရာမှ
ကြက်ဥတစ်လုံးစာခန့်
ပိုင်းဖြတ်လိုက်ပါ။
အတွင်းမှ အစေ့များကိုလည်း
မထုတ်ပဲ ထားပါ။
(ခ) ကြက်ဥကို ထည့်လိုက်ပါ။
(သဘာ၀ ကြက်ဥ၊ တောကြဥ ဆိုလျှင်
ပိုကောင်းပါသည်)
(ဂ) ပိုင်းဖြတ်ထားသည့်
အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။
သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။
ပိုပြီး စိတ်ချချင်လျှင် ရွံ့စေးများဖြင့်
အုပ်ပေးထားနိုင်ပါသည်။
(ဃ) ၄င်းသင်္ဘောသီးကို
မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။
ပျော့အိပြီး အတွင်းမှ
ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
(င) ပြီးလျှင် အခွံကို ခွါချလိုက်ပြီး
အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။
တစ်ပတ်ကို တစ်ကြိမ်
အနည်းဆုံး (၃)ကြိမ်ခန့်
စားပေးပါက
ဒူးနာ၊ ခါးနာပျောက်ကင်း
သွားပါလိမ့်မယ်။
(အစာလည်းဆေး၊ ဆေးလည်းအစာ)
Aye
~~~~~~~
ဆေးနည်း (၇)
~~~~~~~
သံပုရာသီးကို ထက်ခြမ်းပိုင်း၍
၄င်းသံပုရာခြမ်းဖြင့်
နာနေသည့် ဒူးပေါ်ကို
အရည်များကုန်ခမ်းသည့်အထိ
ညင်သာစွာ ပွတ်တိုက်ပေးပါ။
ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ်
ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့်
လိမ်းပေးပြီး (၁၅) မိနစ်ခန့်
အ၀တ်ပါးပါး၊ ပတ်တီးစီးထားပါ။
အထူးသဖြင့်
ညအိပ်ခါနီး လိမ်းပေးလျှင်
ပိုထိရောက်ပါတယ်။
တစ်ပတ်ခန့်လိမ်းပေးလျှင်
ဒူးနာ ပျောက်ကင်း စေပါမည်။
Credit: (စောနွဲ့နေဆိုင်-ပူတာအို)
~~~~~~~~
ဆေးနည်း (၈)
~~~~~~~~
ဒူးနာ ဒူးနာသူများအတွက် ဆေးမြီးတို (နောက်တနည်း)
ခါးနာ ဒူးနာ သူများအတွက် မခက်ပါ .
ဘဲဥ ကိုပွတ်နေသော
ရေနွေးအိုးထဲ့ကို (၂) မိနစ်ခန့်ပြုတ်လိုက်ပြီး
ဆယ်ယူလိုက်ပါ ၊
ဆယ်ယူလိုက်သည့် ဘဲဥကို
ပန်းကန်လုံးထဲ့ကို
ဖောက်ထည့်လိုက်ပါ
စားကောင်းစေရန်
သကြား အနည်းငယ်
သင်စားကောင်းစေ လောက်သည့်
အနေအထားသို့ထည့်ပြီး
ခေါက်စား လိုက်ပါ။
တခြား မည်သည်အရာမှ
ရောစပ်ပြီး မစားရပါ
ဘဲဥ တစ်လုံးကိုတော့
ကုန်အောင် စားရပါလိမ့်မည်။
တစ်နေ့လျှင် ဘဲဥ တစ်လုံးကို
ကုန်အောင် စားလိုက်ပါ
ထိုနည်း အတိုင်း
နေ့စဉ် ဘဲဥတစ်လုံးစီ စားသုံးရမည်၊
အနည်းဆုံး မိမိအသက်၏ တ၀က်
အလုံးရေအထိ စားသုံးရမည်၊
ဥပမာ။
အသက် (၄၀)-နှစ်ရှိလျှင်
အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊
(ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။)
ဘဲဥ စားသုံးခြင်းသည်
လိုအပ်သော ခြင်ဆီဓာတ်အတွက်
ပြန်လည် ဖြစ်ပေါ်စေရန် ဖြစ်ပါသည် ။
ထိုကဲ့သို့ စားသုံးခြင်းဖြင့်
ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ
ခန်းခြောက်ခြင်းကို
ပြန်လည်ဖြည့်တင်း ပေးပြီး
ခါးနာ ဒူးနာများ ရောဂါများ သက်သာ
ပျောက်ကင်း သွားပါလိမ့်မည်။
: (မြန်မာ့ဆေးမြည်းတိုများ)
လွတ်လပ်စွာ Share ပြီး
ကုသိုလ် ယူနိုင်ပါသည်။
မှတ်စု(Page)
မိမိနဲ့ အဆင်ပြေနိုင်မယ့်
နည်းလမ်းကို ရွေးချယ်
စမ်းသပ်နိုင်ကြပါတယ်။
ဒူးနာ ခါးနာ အဆစ်မြစ်နာဝေဒနာကို
ခံစားနေသည့် မိတ်ဆွေများအားလုံး
အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ။
~~~~~~~~~~~~~~
ကိုးကား ကျန်းမာရေး၀က်ဆိုက်မျိုးစုံ
~~~~~~~~~~~~~~
20/02/2022
ဆောင်းရာသီမှာ "ချင်း" စားပါ
စာရေးသူ၏ မိတ်ဆွေ တစ်ဦးသည် လက်ဖက်ရည် အလွန်ကြိုက်သူ တစ်ဦးဖြစ်သည်။ ဈေးရောင်းရင်း ဆိုင်ထိုင်ရင်း တစ်နေ့လျှင် လက်ဖက်ရည် အချို့ပေါ့ကျ တစ်နေ့လျှင် သုံးခွက်၊ လေးခွက် သောက်သည်ဟု ဆိုသည်။ သူ့ သောက်နည်းမှာ အခြား သူများနှင့် မတူ ချင်းကို ခပ်ပါးပါး လှီးထားသော အဖတ်ကလေး များကို နှစ်ဖတ် သုံးဖတ်မျှ လက်ဖက်ရည် ထဲတွင် စိမ်ထားပြီး ဖြည်းဖြည်းချင်း သောက်သည်။ သူ၏ လက်ဖက်ရည်မှာ ချင်းရနံ့ကလေး သင်းနေသည်။
မကြာသေးမီ ကလည်း ကျန်းမာရေး ဂျာနယ် တစ်စောင်တွင် အနောက်တိုင်း ဆေးပညာရှင် များက ဘလက် ကော်ဖီတွင် ချင်း ထည့်သောက် ခြင်းဖြင့် ခေါင်းကိုက် ဝေဒနာကို သက်သာ စေကြောင်း ရေးထားသည်ကို ဖတ်ရှု လိုက်ရသည်။ ချင်းကို နာကျင်ကိုက်ခဲ ဝေဒနာ ကုသ ရာတွင်လည်း အသုံးပြုကြောင်း ရေးသား ထားသည်။ ချင်းကို အရည်ထုတ် ယူပြီး ဗိုက်အောင့် ဝေဒနာနှင့် ပျို့ချင် အန်ချင် ဖြစ်သော ဝေဒနာများ တွင်လည်း သုံးစွဲသည်ဟု ရေးသား ထားသည်။
ချင်းသည် မူလက အိန္ဒိယနိုင်ငံမှ တင်သွင်းခြင်း ဖြစ်ပြီး ပရဆေး ကုန်သည်များမှာ အိန္ဒိယ လူမျိုးများ ဖြစ်သည်။
ချင်းခြောက်ကို မပုပ် မသိုးစေရန် ထုံးရည်ဖျန်းပြီး သဘေ်ာကြီး များဖြင့် သယ်ဆောင် တင်သွင်း လာသဖြင့် သင်းဘောချင်းခြောက် ဟူသော အသုံးအနှုန်းမှာ ယနေ့ အထိ ပရဆေး လောကတွင် သုံးစွဲနေဆဲ ဖြစ်သည်။
နောက်ပိုင်းတွင် ချင်းကို မြန်မာပြည်တွင် စိုက်ပျိုးသည်။ အထက် မြန်မာပြည် နှင့် ရှမ်းပြည်နယ် မှထွက်သော ချင်းတက် များမှာ အပူဓာတ် အားကောင်းပြီး ကျစ်လျစ် မာကျောသဖြင့် ချင်းတက်ကောင်း အဖြစ် အိန္ဒိယ၊ ပါကစ္စတန် စသော နိုင်ငံများသို့ပင် ပြန်လည် တင်ပို့ရသည်။
ကျောက်မဲချင်း၊ အောင်ပန်းချင်း၊ ကျောက်ဆည်နယ် သံရွာချင်းတက် တို့သည် အတက်ကြီးပြီး အပူဓာတ် အားကောင်း သဖြင့် နာမည် ကျော်ကြားသည်။ လူကြိုက် များသော ချင်းတက်များ ဖြစ်သည်။
ချင်းကို ဟင်းခတ်ရာတွင် အသုံးပြုဆုံး လူမျိုးမှာ တရုတ် လူမျိုးများ ဖြစ်ကြောင်း သိရသည်။ ဟင်းခတ် အမွှေးအကြိုင် အဖြစ် သာမက အသားနူးအောင် ချင်းတက် ထည့်ချက် ကြသည်။ ချက်ပြုတ်သော အသားကို အစာအိမ်တွင် ရောက်လျှင် အစာကြေ စေရန်လည်း ချင်းက အထောက်အကူ ပြုကြောင်း သိရသည်။
ဆောင်းဥတုသည် အပြင်ထွက်လျှင် အအေးပတ် လွယ်သော ဥတု ဖြစ်သည်။ အဝတ်အစား လုံခြုံအောင် ဝတ်ဆင် ထားသည့် ကြားကပင် ဦးခေါင်းနှင့် လည်ပင်းကို အအေးပတ်ပြီး အသံဝင်ခြင်း၊ လည်ချောင်း နာခြင်း၊ သွားနာနှင့် သွားဖုံးများ အပူကန်ခြင်း၊ အာသီး ရောင်ခြင်းများ ဖြစ်လေ့ရှိသည်။
ထိုသိုအအေးပတ် ခြင်းကို ချင်း လက်ဖက်ရည် သောက်ခြင်းဖြင့် ကာကွယ် နိုင်သည်။ မိမိအိမ်တွင် သောက်နေကျ ရေနွေးကြမ်း ထဲသို့ ချင်းပါးပါး နှစ်လွှာ သုံးလွှာ လှီးထည့်ပြီး ပူပူလေး သောက်ခြင်းဖြင့် ကာကွယ် နိုင်သည်။
အအေးပတ်ပြီး အဖျားဝင်လျှင်၊ ကိုယ်လက်များ ညောင်းညာ ကိုက်ခဲလျှင် ချင်းပါးပါး ခုနစ်လွှာ၊ ထန်းလျက် သုံးခဲ၊ ကွမ်းရွက် တစ်ရွက်ကို ခြေ၍ မတ်ခွက်တွင် ထည့်ပြီး ရေနွေးအဖြူ ပူပူလောင်း ထည့်ပါ။ ၁၅ မိနစ်ခန့် အငွေ့လုံအောင် အုပ်ထားပါ။ ထို့နောက် အဖုံးဖွင့်ပြီး မျက်နှာ နှာခေါင်းပေါက်ဖြင့် အငွေ့ကို ရှူရင်း ဖြည်းဖြည်းချင်း သောက်ပါ။
အအေးမိခြင်းမှ သက်သာ စေနိုင်သည်။
ချင်းသုပ်သည် မြန်မာလူမျိုးများ အကြိုက် ရိုးရာ အစားအစာ ဖြစ်သည်။ ချင်းကို အမြွှာလေးများ ခြစ်ပြီး ရှောက်ရည်ဖြင့် စိမ်ထားသော ချင်းနှပ်သည် ဝမ်းမီးတောက်ပြီး အစာကြေ စေသည်။ အအေးပတ် ခြင်းမှ ကာကွယ် ပေးသည်။ လူကြီးများ ကိုယ်ငွေ့ ကောင်းစေရန် ချင်းသုပ်ကို မကြာခဏ ကျွေးပေးခြင်းဖြင့် ကျန်းမာ စေနိုင်သည်။
ဆေးဖက်ဝင် အသုံးပြုပုံများ
–----------------------------------------
၁။ ချင်းကိုပါးပါးလှီး (၇)လွှာ၊ သံပုရာသီးတစ်ခြမ်း၊ ပျားရည်တစ်ဇွန်း ရေနွေးစိမ်သောက်ပါ။ နေ့စဥ်တစ်နေ့မတ်ခွက်တစ်ဝက်သောက်ရုံဖြင့် အဆီကျပြီး ကျန်းမာစေသည်။
၂။ ခေါင်းကိုက်၊ မျက်ရိုးကိုက်၊အအေးမိ နှာစေး ဖြစ်လျှင် ချင်းတက်ကိုပါးပါးလှီး နထင်နှစ်ဘက်မှာကပ်ထားပါ။
၃။ ဇက်ကြောတက်လျှင် ချင်းတက်ပါးပါးလှိး ဇက်ရင်းနှင့် ပခုံးတလျှောက်မှာကပ်ပါ။
၄။ အဖျားအနာ မှန်သမျှ ချင်းပြုပ်ရည် သောက်ပေးလျှင် အခိုးပွင့်ပြီးသက်သာစေသည်။
၅။ ရှေးက မြန်မာလူမျိုးများ ဖျားလျှင်သောက်သုံးခဲ့သည့် အခိုးပွင့်ဆေးမှာ ချင်း၊ကွမ်းရွက်၊ထန်းလျက်ပြုပ်ရည်ဖြစ်သည်။
၆။ ညှော်မိ၊အနာဝင် ငန်းမန်းတက်ဖျားလျှင် ချင်း၊ကွမ်းရွက်၊ကြပ်ခိုး၊ ဆားလှော်အနည်းငယ် ထည့် ပြုပ်သောက်လျှင် သက်သာသည်။
၇။ ချင်းသည် သွေးကျဲစေသောသတ္တိရှိသဖြင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါ၊ ခြေထောက် သွေးမလျှေက်ရောဂါရှိသူများ ချင်းတက်အစိုကို ထုထောင်း၍ အရည်ညှစ်ယူပြီး ဟင်းစားဇွန်းတစ်ဇွန်း သောက်ပေးပါ။ ပိန်စေလိုလျှင် သံပရာရည် ရောသောက်ပါ။ အစာကြေစေလိုလျှင် ပျားရည်တစ်ဇွန်း ရေားစပ်သောက်ပါ။
ကြည်လွင်မြင့်(မုဒြာ)
၁၁.၁.၂၀၂၁
09/02/2022
ရက်ပိုင်းအတွင်း အသားဖြူချင်သူတွေ သတိပြု ဆင်ခြင်ရမယ့်အချက်တချို
====================
====================
အသားညိုသူတွေ တောင် ဖြူဝင်းလှပလာတဲ့ အခုအချိန်မှာ အလှပြုပြင်နည်းလမ်းတွေ၊ နည်းပညာတွေ၊ ထုတ်ကုန်ပစ္စည်းတွေ အမျိုးမျိုးရှိလာပါပြီ။ အသားဖြူဆေးတွေ၊ bleaching products တွေ အများကြီး ဈေးကွက်မှာပျံ့နှံ့နေပြီး အသုံးပြုသူလည်း များလာပါတယ်။ ဒါပေမဲ့ တချို့တွေမှာ အရည်အသွေးနဲ့ ဘေးဥပဒ်ကင်းရှင်းမှုအတွက် အာမခံချက် မရှိတာတွေကြောင့် အသားအရေတွေပျက်စီးတာ၊ အရေပြား ထိလွယ်ရှလွယ်တုံ့ပြန်မှု လွန်ကဲကုန်တာနဲ့ ကုသလို့ မရလောက်အောင် ထိခိုက်ပျက်စီးစေတာတွေအထိတောင် ဖြစ်တတ်ပါတယ်။
တကယ်တမ်းက နည်းပေါင်းစုံ စမ်းလုပ်ကြည့်လို့ အရေပြားထိ ခိုက်ရတာထက် skin care ကောင်းကောင်းလေးသုံးပြီး အသားအရေကို အားဖြည့်၊ သန့်စင်ပေးဖို့ အာရုံ စိုက်မယ်ဆိုရင် အသားဖြူဆေးဆိုတာ မလိုလောက်တော့ပါဘူး။
အလှတရားဟာ ဖြူစင်ကျန်းမာတဲ့ အသားအရေမှာပဲ ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ နေ့စဉ် skin care အသုံးပြုပုံတွေမှာ အောက်ပါအမှားတွေကို မလုပ်မိဖို့ သတိထားဆင်ခြင်ဖို့ လိုအပ်မှာပါ။
ပြဒါးပါတဲ့ ကုန်ပစ္စည်းတွေသုံးတာ
သည်လို ပြဒါးပါဝင်တဲ့ ကုန်ပစ္စည်းတွေက ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။
ရေဓာတ်ထိန်းသိမ်းမှု မလုပ်ခြင်း
ရေဓာတ်မထိန်းသိမ်းဘဲနဲ့ သုံးမယ်ဆိုရင် အသားဖြူစေတဲ့ ဘယ် အလှကုန်ပစ္စည်းကမှ ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး။ အသားအရေ ကျန်းမာလှပစေဖို့ ရေအလုံအလောက် သောက်ပါ။
ကိုယ့်အသားအရေနဲ့ မကိုက်ညီတဲ့ အသားဖြူဆေးတွေ အသုံးပြုခြင်း
အသားဖြူစေမယ့် ဆေးတွေ၊ ခရင်မ်တွေသုံးရင် အာမခံချက်ရှိတဲ့ အမျိုးအစားကိုသာ ထည့်စဉ်းစားပါ။ ပါဝင်မှုစာရင်းကို label မှာသေချာကြည့်ရှုပါ။ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာလေ့လာပါ။
exfoliation မလုပ်ခြင်း
အရေပြားဆဲလ်သေဖယ်ရှားတဲ့ exfoliation ကို မလုပ်ဘဲနဲ့ တော့ သင့်ရဲ့အသားဖြူရေး ရည်မှန်းချက်က ရလဒ်ကောင်းကောင်းထွက်မှာ မဟုတ်ပါဘူး။ ဆဲလ်သေ ဖယ်ရှားရင် အသားအရေကို သဘာဝအတိုင်း လင်းလက်လာစေနိုင်လို့ပဲ ဖြစ်ပါတယ်။
နေလောင်ခံ ခရင်မ်မသုံးခြင်း
sunscreen မသုံးဘဲ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်မှုက မပြည့်စုံနိုင်ပါဘူး။ နေလောင် ဒဏ်ကို မကာကွယ် နိုင်တာကြောင့် အသားဘယ်လို ဖြူနိုင်ပါ့မလဲ။
ကိုယ်သုံးတဲ့ပစ္စည်းရဲ့ ပါဝင်ပစ္စည်းတွေကို မသိရှိခြင်း
Label ကိုဖတ်မကြည့်ဘဲ သုံးနေတာက အသားအရေအ တွက် စွန့်စားလွန်းရာ ကျပါလိမ့်မယ်။ ကိုယ်နဲ့မတည့်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် ဆိုးကျိုးပေးနိုင် တဲ့ ပစ္စည်းတွေကိုသုံးမိတဲ့ အခါဖြစ်လာမယ့်အကျိုးဆက်က မကောင်းပါဘူး။
အရင်မစမ်းသပ်ဘဲ အသုံးပြုခြင်း
လက်မှာအရင်မစမ်းသပ်ကြည့် ဘဲ ဘယ်လိမ်းဆေးခရင်မ်ကိုမှ တစ်ကိုယ်လုံး မလိမ်းပစ်ပါနဲ့၊ ကိုယ်မသုံးဖူးသေးတဲ့ ဘယ် skin care ကိုမှ မျက်နှာမှာ ချက်ချင်း တန်းမသုံးပါနဲ့၊ လူသိနည်းတဲ့ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်တွေ မခိုင်မာတဲ့ ပစ္စည်းတွေဆို ပိုဆိုးပါတယ်။ ဘာပဲဖြစ်ဖြစ် ဓာတ်တည့်မတည့် အရင်စမ်းသပ် ကြည့်ပြီးမှ သုံးပါ။
facial wipes တွေ သုံးလွန်းခြင်း
မျက်နှာသုတ်တဲ့ wet tissue တွေ၊ facial wipes တွေက အသားအရေထိန်းသိမ်းမှုအတွက် အ ထောက်အကူမပေးနိုင်ဘူးဆိုတာ သတိရပါ။ ခရီးသွားရင်း၊ လမ်းသွားရင်း အရေးပေါ်သာ မျက်နှာသန့် စင်ရေးအတွက်အသုံးဝင်ပေမဲ့ အများစုက အရေပြားအပေါ်ယံ အ လွှာနုလေးတွေကို ပျက်စီးစေပြီး အသားအရေ ကြမ်းတမ်းစေပါတယ်။
မိတ်ကပ်ထူထူလိမ်းခြင်း
တချို့က ထင်ကြပါတယ်။ မိတ်ကပ်များများလိမ်းရင် ပိုလှလိမ့် မယ်၊ မျက်နှာ ပိုဖြူလ်ိမ့်မယ်လို့။ ဒါပေမဲ့ တကယ်တော့ ဆန့်ကျင်ဘက်ပါ။ အောက်ခံမိတ်ကပ်နဲ့ အ သားဖြူခရင်မ် အသားအရေနဲ့ ထိတွေ့မှုများလွန်းရင် အသားဖြူဝင်း လာမယ့်အစား ထိခိုက်ပျက်စီးမှု ပိုများစေပါတယ်။
သန့်စင်ရေးလုပ်တာ များလွန်းခြင်း
တချို့လူတွေက ကိုယ့်အသားအရေနဲ့ပတ်သက်ပြီး အရမ်းအာရုံထားလွန်းတတ်ပါတယ်။ မကြာခဏ ရေချိုး၊ ချေးတွန်းပွတ်တိုက်လွန်းတာ၊ သန့်စင်တာ၊ မျက်နှာ ခဏခဏသစ်တာ၊ scrub သုံးလွန်းတာတွေလုပ်ရင် အညစ်အကြေးကင်းစင်ပြီး ဖြူစင်လှပတဲ့ အသားအရေ ရနိုင်လိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်တော့ cleansing products တွေနဲ့ ဆပ် ပြာတွေကို လိုတာထက် ပိုမသုံးသင့်ပါဘူး။ cleanser သုံးတာများ လွန်းရင် အသားအရေပျက်စီးစေနိုင်ပါတယ်။
မကြာခဏ ဆဲလ်သေ ဖယ်ရှားခြင်း
Exfoliation လုပ်တာက အသားအရေအတွက် ကောင်းပါတယ်။ ဒါပေမဲ့ သိပ်များလွန်းရင်လည်း ကောင်းကျိုးမပေးနိုင်တော့ပါဘူး။ ဘယ်အရာကိုမဆို တန်ဆေး လွန်ဘေးဆိုတာလေး သတိချပ်စေချင်ပါတယ်။ တစ်ခုရှိတာက တုံ့ပြန်လွယ်တဲ့ အသားအရေရှိသူ တွေအတွက် Exfoliation လုပ်ဖို့ မသင့်တော်ဘူးဆိုတာပါပဲ။
အသားဖြူရင်ပြီးရောဆိုပြီး အရည်အသွေး မပြည့်တာတွေ၊ စိတ်မချရတာတွေ သွားသုံးမိရင် ဆိုးကျိုးတွေ အများနဲ့ ကြုံရနိုင်ပါ တယ်။ ရက်တိုအတွင်း ဘယ်လိုဖြူမယ်၊ ဘယ်လိုလှမယ်ဆိုတဲ့ မက်လုံးတွေကြောင့် အရေပြားဆေးခန်းကို ဆက်တိုက်မသွားရစေဖို့ သတိပေးလိုက်ပါတယ်နော်။
[www.boldsky.com ]
Author:
ယွန်းစန္ဒီ
---
ရက်ပိုင်းအတွင်း အသားဖြူချင်သူတွေ သတိပြု ဆင်ခြင်ရမယ့်အချက်တချို
https://www.kumudranews.com/news-36806
==========
ရက်ပိုင်းအတွင်း အသားဖြူချင်သူတွေ သတိပြု ဆင်ခြင်ရမယ့်အချက်တချို
====================
====================
အသားညိုသူတွေ တောင် ဖြူဝင်းလှပလာတဲ့ အခုအချိန်မှာ အလှပြုပြင်နည်းလမ်းတွေ၊ နည်းပညာတွေ၊ ထုတ်ကုန်ပစ္စည်းတွေ အမျိုးမျိုးရှိလာပါပြီ။ အသားဖြူဆေးတွေ၊ bleaching products တွေ အများကြီး ဈေးကွက်မှာပျံ့နှံ့နေပြီး အသုံးပြုသူလည်း များလာပါတယ်။ ဒါပေမဲ့ တချို့တွေမှာ အရည်အသွေးနဲ့ ဘေးဥပဒ်ကင်းရှင်းမှုအတွက် အာမခံချက် မရှိတာတွေကြောင့် အသားအရေတွေပျက်စီးတာ၊ အရေပြား ထိလွယ်ရှလွယ်တုံ့ပြန်မှု လွန်ကဲကုန်တာနဲ့ ကုသလို့ မရလောက်အောင် ထိခိုက်ပျက်စီးစေတာတွေအထိတောင် ဖြစ်တတ်ပါတယ်။
တကယ်တမ်းက နည်းပေါင်းစုံ စမ်းလုပ်ကြည့်လို့ အရေပြားထိ ခိုက်ရတာထက် skin care ကောင်းကောင်းလေးသုံးပြီး အသားအရေကို အားဖြည့်၊ သန့်စင်ပေးဖို့ အာရုံ စိုက်မယ်ဆိုရင် အသားဖြူဆေးဆိုတာ မလိုလောက်တော့ပါဘူး။
အလှတရားဟာ ဖြူစင်ကျန်းမာတဲ့ အသားအရေမှာပဲ ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ နေ့စဉ် skin care အသုံးပြုပုံတွေမှာ အောက်ပါအမှားတွေကို မလုပ်မိဖို့ သတိထားဆင်ခြင်ဖို့ လိုအပ်မှာပါ။
ပြဒါးပါတဲ့ ကုန်ပစ္စည်းတွေသုံးတာ
သည်လို ပြဒါးပါဝင်တဲ့ ကုန်ပစ္စည်းတွေက ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။
ရေဓာတ်ထိန်းသိမ်းမှု မလုပ်ခြင်း
ရေဓာတ်မထိန်းသိမ်းဘဲနဲ့ သုံးမယ်ဆိုရင် အသားဖြူစေတဲ့ ဘယ် အလှကုန်ပစ္စည်းကမှ ထိရောက်မှု ရှိမှာ မဟုတ်ပါဘူး။ အသားအရေ ကျန်းမာလှပစေဖို့ ရေအလုံအလောက် သောက်ပါ။
ကိုယ့်အသားအရေနဲ့ မကိုက်ညီတဲ့ အသားဖြူဆေးတွေ အသုံးပြုခြင်း
အသားဖြူစေမယ့် ဆေးတွေ၊ ခရင်မ်တွေသုံးရင် အာမခံချက်ရှိတဲ့ အမျိုးအစားကိုသာ ထည့်စဉ်းစားပါ။ ပါဝင်မှုစာရင်းကို label မှာသေချာကြည့်ရှုပါ။ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာလေ့လာပါ။
exfoliation မလုပ်ခြင်း
အရေပြားဆဲလ်သေဖယ်ရှားတဲ့ exfoliation ကို မလုပ်ဘဲနဲ့ တော့ သင့်ရဲ့အသားဖြူရေး ရည်မှန်းချက်က ရလဒ်ကောင်းကောင်းထွက်မှာ မဟုတ်ပါဘူး။ ဆဲလ်သေ ဖယ်ရှားရင် အသားအရေကို သဘာဝအတိုင်း လင်းလက်လာစေနိုင်လို့ပဲ ဖြစ်ပါတယ်။
နေလောင်ခံ ခရင်မ်မသုံးခြင်း
sunscreen မသုံးဘဲ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်မှုက မပြည့်စုံနိုင်ပါဘူး။ နေလောင် ဒဏ်ကို မကာကွယ် နိုင်တာကြောင့် အသားဘယ်လို ဖြူနိုင်ပါ့မလဲ။
ကိုယ်သုံးတဲ့ပစ္စည်းရဲ့ ပါဝင်ပစ္စည်းတွေကို မသိရှိခြင်း
Label ကိုဖတ်မကြည့်ဘဲ သုံးနေတာက အသားအရေအ တွက် စွန့်စားလွန်းရာ ကျပါလိမ့်မယ်။ ကိုယ်နဲ့မတည့်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် ဆိုးကျိုးပေးနိုင် တဲ့ ပစ္စည်းတွေကိုသုံးမိတဲ့ အခါဖြစ်လာမယ့်အကျိုးဆက်က မကောင်းပါဘူး။
အရင်မစမ်းသပ်ဘဲ အသုံးပြုခြင်း
လက်မှာအရင်မစမ်းသပ်ကြည့် ဘဲ ဘယ်လိမ်းဆေးခရင်မ်ကိုမှ တစ်ကိုယ်လုံး မလိမ်းပစ်ပါနဲ့၊ ကိုယ်မသုံးဖူးသေးတဲ့ ဘယ် skin care ကိုမှ မျက်နှာမှာ ချက်ချင်း တန်းမသုံးပါနဲ့၊ လူသိနည်းတဲ့ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်တွေ မခိုင်မာတဲ့ ပစ္စည်းတွေဆို ပိုဆိုးပါတယ်။ ဘာပဲဖြစ်ဖြစ် ဓာတ်တည့်မတည့် အရင်စမ်းသပ် ကြည့်ပြီးမှ သုံးပါ။
facial wipes တွေ သုံးလွန်းခြင်း
မျက်နှာသုတ်တဲ့ wet tissue တွေ၊ facial wipes တွေက အသားအရေထိန်းသိမ်းမှုအတွက် အ ထောက်အကူမပေးနိုင်ဘူးဆိုတာ သတိရပါ။ ခရီးသွားရင်း၊ လမ်းသွားရင်း အရေးပေါ်သာ မျက်နှာသန့် စင်ရေးအတွက်အသုံးဝင်ပေမဲ့ အများစုက အရေပြားအပေါ်ယံ အ လွှာနုလေးတွေကို ပျက်စီးစေပြီး အသားအရေ ကြမ်းတမ်းစေပါတယ်။
မိတ်ကပ်ထူထူလိမ်းခြင်း
တချို့က ထင်ကြပါတယ်။ မိတ်ကပ်များများလိမ်းရင် ပိုလှလိမ့် မယ်၊ မျက်နှာ ပိုဖြူလိ်မ့်မယ်လို့။ ဒါပေမဲ့ တကယ်တော့ ဆန့်ကျင်ဘက်ပါ။ အောက်ခံမိတ်ကပ်နဲ့ အ သားဖြူခရင်မ် အသားအရေနဲ့ ထိတွေ့မှုများလွန်းရင် အသားဖြူဝင်း လာမယ့်အစား ထိခိုက်ပျက်စီးမှု ပိုများစေပါတယ်။
သန့်စင်ရေးလုပ်တာ များလွန်းခြင်း
တချို့လူတွေက ကိုယ့်အသားအရေနဲ့ပတ်သက်ပြီး အရမ်းအာရုံထားလွန်းတတ်ပါတယ်။ မကြာခဏ ရေချိုး၊ ချေးတွန်းပွတ်တိုက်လွန်းတာ၊ သန့်စင်တာ၊ မျက်နှာ ခဏခဏသစ်တာ၊ scrub သုံးလွန်းတာတွေလုပ်ရင် အညစ်အကြေးကင်းစင်ပြီး ဖြူစင်လှပတဲ့ အသားအရေ ရနိုင်လိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်တော့ cleansing products တွေနဲ့ ဆပ် ပြာတွေကို လိုတာထက် ပိုမသုံးသင့်ပါဘူး။ cleanser သုံးတာများ လွန်းရင် အသားအရေပျက်စီးစေနိုင်ပါတယ်။
မကြာခဏ ဆဲလ်သေ ဖယ်ရှားခြင်း
Exfoliation လုပ်တာက အသားအရေအတွက် ကောင်းပါတယ်။ ဒါပေမဲ့ သိပ်များလွန်းရင်လည်း ကောင်းကျိုးမပေးနိုင်တော့ပါဘူး။ ဘယ်အရာကိုမဆို တန်ဆေး လွန်ဘေးဆိုတာလေး သတိချပ်စေချင်ပါတယ်။ တစ်ခုရှိတာက တုံ့ပြန်လွယ်တဲ့ အသားအရေရှိသူ တွေအတွက် Exfoliation လုပ်ဖို့ မသင့်တော်ဘူးဆိုတာပါပဲ။
အသားဖြူရင်ပြီးရောဆိုပြီး အရည်အသွေး မပြည့်တာတွေ၊ စိတ်မချရတာတွေ သွားသုံးမိရင် ဆိုးကျိုးတွေ အများနဲ့ ကြုံရနိုင်ပါ တယ်။ ရက်တိုအတွင်း ဘယ်လိုဖြူမယ်၊ ဘယ်လိုလှမယ်ဆိုတဲ့ မက်လုံးတွေကြောင့် အရေပြားဆေးခန်းကို ဆက်တိုက်မသွားရစေဖို့ သတိပေးလိုက်ပါတယ်နော်။
[www.boldsky.com ]
Author:
ယွန်းစန္ဒီ
==========
Kumudra Health
07/02/2022
ဗိုက်ပူခါးတုတ်မဖြစ်စေဖို့ ရှောင်ရမယ့် အစားအစာ (၇) မျိုး
==================
ဗိုက်ပူခါးတုတ်တာမျိုး ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ ကိုယ်လက်လေးလံပြီး မအီမသာဖြစ်လို့ ကျန်းမာရေးအရ ဘယ်သူမှလည်း မဝချင်ကြပါဘူး။ အဲဒီလိုမဝချင်ဘူးဆိုရင်တော့ ကျန်းမာရေးနဲ့ညီညအတ်တဲ့အစားအစောတွ စားပေးဖို့လိုပါတယ်။ သင့်ကို ဗိုက်ပူခါးတုန်စေတဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။
၁။ နို့နဲ့ နို့ထွက်ပစ္စည်း
နို့နဲ့ နို့ထွက်ပစ္စည်းတွေ များများစားတာကို ရှောင်ပေးသင့်ပါတယ်။ အစာချေစနစ်နဲ့ ပတ်သက်တဲ့ ပြဿနာဖြစ်ပေါ်စေနိုင်ပါတယ်။ နွားနို့အစား တခြားအသီးအရွက်က ရတဲ့နို့ ဥပမာ ပဲနို့ တို့ကိုပြောင်းသောက်ပေးပါ။
၂။ ပြုပြင်ထားတဲ့ နှံစားသီးနှံတွေ
ပြုပြင်ထားတဲ့ နှံစားသီးနှံတွေမှာ အဟာရဓာတ်ပါဝင်မှုနည်းပါတယ်။ အမျှင်ဓာတ်ပါဝင်မှုနည်းလို့ အစာချေစနစ်ကို အခက်အခဲဖြစ်စေနိုင်ပြီး ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ပေါင်မုန့်၊ ပီဇာစတဲ့ နှံစားသီးနှံနဲ့ လုပ်ထားတဲ့အစားအစာတွေကို များများစားသုံးခြင်းကို ရှောင်ပေးပါ။
၃။ အသီးအရွက်စိမ်းတွေ
အသီးအရွက်စိမ်းတွေကို များများစားတာဟာလည်း သင့်ကို ဗိုက်ပူစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲစားပါ။ ပြုတ်စားတာမျိုးလုပ်ပါ။
၄။ ပြုပြင်ထားတဲ့အသားတုတွေ
ပြုပြင်ထားတဲ့ အသားတုတွေကိုလည်း ကန့်သတ်ပြီစားပေးသင့်ပါတယ်။ အခုလို အမြန်စားအစားအစာတွေဟာ သင့်ကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။ အဲဒီအစား ကြက်သားကို စားပါ။
၅။ အကြော်စာတွေ
အကြော်စာတွေဟာ သင့်ကို ဗိုက်ပူခါးတုတ်စေတဲ့ အဓိကအစားအစာဖြစ်ပါတယ်။ ကိုယ်လက်စထရောပါမာဏကို တက်စေပြီး အစာချေစနစ်ကိုနှေးကွေးစေလို့ သင့်ကို ဗိုက်ပူခါးတုတ်စေပါတယ်။
၆။ ဟင်းအနှစ်များ
အစားအစာကို အရသာရှိအောင်ထည့်တဲ့ ဟင်းအနှစ်တွေ၊ ဆော့လ်တွေကို များများစားသုံးခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ အဲဒီအစားအစာတွေဟာ သင့်ကို ပိုပြီး ဗိုက်ပူခါးတုတ်စေပါတယ်။
၇။ ပဲအမျိုးမျိုး
ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာဖြစ်ပြီး အရသာရှိပေမယ့် အများအပြားစားသုံးမယ်ဆိုရင် မကောင်းပါဘူး။ ပဲတွေမှာ Polysaccharide ဆိုတဲ့ဓာတ်တမျိုးပါဝင်ပြီး ရောင်ရမ်းမှုကို ဖြစ်ပေါ်စေနိုင်လို့ ဗိုက်ပူလာစေနိုင်ပါတယ်။
===========
MyFood Myanmar
31/01/2022
30/01/2022
ဂေါ်ဖီထုပ် စားသင့်သောအကြောင်းအရင်းများ
==================
သာမန်အားဖြင့် ဂေါ်ဖီထုပ်ကို အသုပ်တွေထဲမှာသာ ထည့်စားလေ့ရှိပြီး နှစ်နှစ်ခြိုက်ခြိုက်ချက်စားတာမျိုးက ရှားပါတယ်။ ဒါပေမယ့် သူ့မှာလည်း ကျန်းမာရေးအာနိသင်မနည်းပါဘူးနော်။
၁။ ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေ။
ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း (Broccoli)၊ ဂေါ်ဖီထုပ်၊ ကိုက်လန်စသည်တို့ဟာ ဂေါ်ဖီမျိုးနွယ် ဟင်းသီးဟင်းရွက်တွေဖြစ်ကြပါတယ်။ ဂေါ်ဖီနွယ်ဝင် ဟင်းရွက်တွေစားပေးခြင်းဖြင့် ဆီးကြိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ပါးစပ်ကင်ဆာ၊အစာအိမ်ကင်ဆာနှင့် ပန့်ကရိယ ကင်ဆာ ဖြစ်နိုင်နှုန်းကိုလျော့နည်းစေတယ်လို့ သိရပါတယ်။
၂။ Vitamin C ကိုမြှင့်တင်ပေးသည်။
ခြစ်ထားတဲ့ ဂေါ်ဖီတစ်ခွက်စာဟာ ခန္ဓာကိုယ်ရှိ ရောဂါခုခံရေးစနစ်အတွက်လိုအပ်တဲ့ အာဟာရဓာတ် ၅၀ရာခိူနှုန်းပါရှိပါတယ်။ Vitamin C ဟာ ဆံပင်၊လက်သည်း နှင့် အသားအရေကျန်းမာရေးအတွက် အလွန်အရေးပါပါတယ်။
၃။ အမျှင်ဓာတ်လုံလောက်စွာပေးသည်။
လူအတော်များများ နေ့တစ်နေ့တာအတွက်လိုအပ်တဲ့ အမျှင်ဓာတ်လုံလောက်စွာမရရှိကြပါဘူး။ အမျှင်ဓာတ်ဟာ ကိုလက်စထရော ဓာတ်လျော့နည်းစေပြီး အစာခြေလမ်းကြောင်းကို ကောင်းမွန်စွာလည်ပတ်စေပါတယ်။ဂေါ်ဖီထုပ်တစ်ခွက်မှာ တစ်နေ့တာအတွက်လိုအပ်တဲ့ အမျှင်ဓာတ် ၉ရာခိုင်နှုန်းပါဝင်ပါတယ်။
၄။ ကိုယ်အလေးချိန်လျော့နည်းစေသည်။
ချက်ထားတဲ့ ဂေါ်ဖီထုပ်တစ်ခွက်ထဲမှာ ၃၃ ကယ်လိုရီသာ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချတဲ့အခါမှာစားပေးသင့်ပါတယ်။
၅။ ဦးနှောက်ကို ကျန်းမာစေသည်။
ဂေါ်ဖီထုပ်ထဲမှာ ဦးနှောက်ကျန်းမာရေးနှင့် အာရုံစူးစိုက်မှုကို မြှင့်တင်ပေးတဲ့ Vitamin K နဲ့ Anthocyanins ပါဝင်ပါတယ်။ ယင်းအာဟာရဓာတ်တွေဟာ အာရုံကြောချို့ယွင်းမှု၊ ဦးနှောက်အမြေးပါးရောင်ရောဂါနှင့် ရူးသွပ်ခြင်းမှကာကွယ်ပေးတယ်လို့သိရပါတယ်။
အခုဆို ဂေါ်ဖီထုပ်ရဲ့ အာနိသင်သိရပြီဆိုတဲ့အတွက် အသုပ်တွေမှာပဲဖြစ်ဖြစ်ဟင်းခါးတွေထဲပဲဖြစ်ဖြစ် အမြဲလိုလိုစားသုံးခြင်းက အကျိုးပြုပါလိမ့်မယ်။
===========
MyFood Myanmar
29/01/2022
Toner အကြောင်းသိကောင်းစရာ(7)ချက်
1. Toner ကို အဆီပြန်တဲ့ အသားအရည်သမားတွေနဲ့ ဝက်ခြံထွက်တတ်တဲ့သူတွေ ကတော့ မသုံးမဖြစ်ကို သုံးပေးရပါတယ်။
2. ဘာဖြစ်လို့လဲဆိုတော့ Toner ဟာချွေးပေါက်တွေကိုကျဉ်းသွားအောင် လုပ်ဆောင်ပေးနိုင်လို့ပါ။ပြီးတော့ မျက်နာမှာရှိတဲ့ အဆီတွေ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါသေးတယ်။
3. တကယ်လို့ Toner ဝယ်မယ်ဆိုရင် Alcohol free လား Alcohol ပါလား ဆိုတာ ရွေးဝယ်ဖို့လဲပြောချင်ပါတယ်။
4. Alcohol free toner ကတော့ ချွေးပေါက်ကျဉ်းဖို့အဓိကလုပ်ဆောင်ပေးပြီး sensitive အသားအရည်တော်တော်များများနဲ့လဲ အဆင်ပြေပါတယ်နော်။
5. လူတစ်ယောက်ရဲ့ မျက်နာအသားအရည်အတွင်းပိုင်းမှာ PH level 5 ကနေ 6 အထိ ပုံမှန်ရှိပြီးတော့ မျက်နာသစ်ဆပ်ပြာတွေနဲသစ်လိုက်တဲ့အခါ PH level လျော့သွားတာမျိုးဖြစ်တတ်တယ်တဲ့ချစ်တို့။ အဲ့လို လျော့သွားတဲ့ PH level ကိုပြန်ရအောင် Toner က ပုံမှန်ပြန်ဖြစ်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။
6. တချို့Toner တွေမှာ မျက်နာအသားအရည်ကို စိုစွတ်အောင်လုပ်ပေးနိုင်တဲ့ အာနိသင်ပါ ပါတာကြောင့် moisturizer တစ်ခုလိုလဲ ပေးစွမ်းနိုင်ပါတယ်။
7. ပြီးတော့ Toner မှာ gylcolic acid ပါဝင်တာဖြစ်လို့ မျက်နာမှာ အမွှေးနုတွေပေါက်တာကို သက်သာစေနိုင်သေးတယ်တဲ့ချစ်တို့❤️
#အရေပြားအလှအပ
17/01/2022
ကိုယ်အလေးချိန် အနည်းငယ် လျှော့ချနိုင်ရုံဖြင့် ကြီးမားသော ကျန်းမာရေးအကျိုးကျေးဇူးများရနိုင်
============
သာမန်ထက်ပိုများနေသော ကိုယ်အလေးချိန်ကို အနည်းငယ်လျှော့ချနိုင်ရုံဖြင့် ကျန်းမာရေးအတွက် ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း Cell Metabolism ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
ကိုယ်အလေးချိန် လျှော့ချရခက်နေပြီး စတင်ရန် ခက်ခဲနေသော်လည်း ကိုယ်အလေးချိန် ငါးပေါင်မှ ၁၀ ပေါင်အထိ လျှော့ချနိုင်ခြင်းသည် ပေါင် ၅၀ အထိ လျှော့ချရန် ပထမခြေလှမ်းဖြစ်သည်ဟု သုတေသီများကပြောသည်။
ကိုယ်အလေးချိန် လျော့ကျခြင်းကြောင့် ခန္ဓာကိုယ်၏ အဆီများနှင့် ကိုယ်တွင်းအင်္ဂါများတစ်ဝိုက်ရှိ အဆီများ လျော့ကျသွားစေနိုင်သည်။ အသည်းတစ်ဝိုက် အဆီများလည်း လျော့ကျသွားပြီး သွေးပေါင်လျော့ကာ အင်ဆူလင်ကို ခန္ဓာကိုယ်က အသုံးချနိုင်မှု ပို အားကောင်းလာနိုင်သည်။
ကိုယ်အလေးချိန်များခြင်းကြောင့် သွေးထဲရှိ ကိုလက်စထရော ပမာဏမြင့်မားပြီး နှလုံးသွေးကြောများထဲတွင် အဆီကဲ့သို့သောအရာများ ဖြစ်ပေါ်ကာ နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်မားသည်။ ကိုယ်အလေးချိန်ကို ၁၀ ပေါင်ခန့် လျှော့ချနိုင်ခြင်းဖြင့် မကောင်းသော ကိုလက်စထရောပမာဏကို လျော့ကျစေနိုင်သည်။
ကိုယ်အလေးချိန်ကို ကျန်းမာရေးနှင့်ညီသော နည်းလမ်းဖြင့် လျှော့ချခြင်းကြာင့် အသည်းလုပ်ဆောင်ချက် ပိုအားကောင်းလာပြီး အိပ်စက်ရပိုကောင်းခြင်းနှင့် ခြောက်လအတွင်း စိတ်နှင့်ကိုယ် ပေါ့ပါးခြင်းကဲ့သို့ အကျိုးကျေးဇူးများ ရရှိနိုင်သည်။
အစားအသောက်ဆင်ခြင်ပြီး ၁၂ ပတ် လေ့ကျင့်ခန်းလုပ်ရုံဖြင့် ကိုယ်အလေးချိန် အနည်းဆုံးခြောက်ပေါင် လျှော့ချနိုင်ပြီး ခန္ဓာကိုယ်ရောင်ရမ်းမှုအန္တရာယ်ကို ကာကွယ်နိုင်သည်။
ထို့အပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် အရိုးအဆစ်များ သန်မာစေပြီး ကိုယ်အလေးချိန်များခြင်းကြောင့် ဒူးနှင့်အဆစ်များအပေါ် ဖိအားပိုလာကာ အန္တရာယ်ပေးနိုင်သည်။ ထို့ကြောင့် သာမန်ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် လိုအပ်ကြောင်း သုတေသီများကပြောသည်။
—Ref: MNT
===========
7Day News Journal
http://7daydaily.com/story/118045
Click here to claim your Sponsored Listing.