ThuThu & HanSue Online Shop

ThuThu & HanSue Online Shop

Share

Sell everything whatever you can use.

14/10/2023

ဘယ်သူ့ကိုမှ ပြောင်းလဲဖို့ မကြိုးစားပါနဲ့
သူတို့အပေါ် ကိုယ့်ရဲ့ ဆက်ဆံပုံကိုသာ ပြောင်းလိုက်ပါ။

ကိုယ့်အပေါ် နားမလည်တဲ့သူကို
နားလည်ပေးဖို့ ပြောပြလို့ မရဘူး ။
သူ့အပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကိုသာ
ရုတ်သိမ်းရမှာ ။

ကိုယ့်အပေါ် အေးစက်လာတဲ့သူကို
နွေးထွေးပေးဖို့ တောင်းဆိုလို့ မရဘူး ။
ပူလောင်နေရတဲ့ ကိုယ့်ရဲ့ တွယ်တာမှုတွေကိုပဲ
လျှော့ချရမှာ ။

ကိုယ့်အပေါ် ပြောင်းလဲလာတဲ့သူကို
မပြောင်းလဲဖို့ တားဆီးလို့ မရဘူး ။
သူ မရှိလည်း နေနိုင်အောင်သာ
ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရမှာ ။

အရာရာ ကိုယ်မျှော်လင့်သလို
တထပ်တည်း ဖြစ်လာဖို့ဆိုတာ
ခဲယဉ်းပါတယ် ။
ဘဝမှာ ကြိုမတွေးထားတဲ့အရာတွေ
ဖြစ်လာတတ်တာမို့လေ ။

ပေးလိုက်ပါ။
ကိုယ်ပေးတိုင်း ပြန်ရဖို့
မျှော်လင့်ချက် မထားပါနဲ့ ။

ချစ်လိုက်ပါ ။
ကိုယ်ချစ်တိုင်း ပြန်အချစ်ခံရဖို့
မျှော်လင့်ချက် မထားပါနဲ့ ။

စိတ်ကောင်း ထားလိုက်ပါ ။
ကိုယ်ကောင်းတိုင်း ကိုယ့်အပေါ်
ပြန်ကောင်းဖို့ဆိုတာ မျှော်လင့်ချက် မထားပါနဲ့ ။

ဘယ်အရာကိုမဆို
မျှော်လင့်ချက်သာ မထားခဲ့ရင်
ဘဝကြီးက သိပ်ကို လွတ်လပ်ပေါ့ပါးနေမှာ။

မျှော်လင့်ချက်သာ မထားခဲ့ရင်
နာကျဉ်မှုဆိုတာ မရှိနိုင်ဘူး ။

မျှော်လင့်ချက်သာ မထားခဲ့ရင်
အင်မတန် အပူအပင်ကင်းနေရမှာ ။

အများကြီး မျှော်လင့်မိလေ
မျှော်လင့်သလောက် ဖြစ်မလာတဲ့အခါ
အများကြီး ‌ပူလောင်ခံစားရလေပဲ ။

မျှော်လင့်ချက် နည်းနိုင်သမျှ နည်းအောင်
နေထိုင်ခြင်းက ဘဝကို ငြိမ်းချမ်းစေမယ့်
နည်းလမ်းတွေထဲက တစ်ခုပဲပေါ့ ။

#ညဏ
#ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝ
Mar 🍀🍀🍀
#လူငယ်များအတွက့်စာကြည့်တိုက့်

Photos from ThuThu & HanSue Online Shop's post 11/10/2023

စောင်ပါးလေးတွေနဲ့ကိုရီးယားဂွမ်းကပ်လေးတွေရောက်ပါတယ်ရှင့် ကာကာလေးတွေရေအားပေးပါအုံးနော်😊

29/08/2023

❖ ကိုယ့်သိက္ခာ ကိုယ်ယုံရင် ……
ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး။

❖ ကိုယ့်အရည်အချင်း ကိုယ်ယုံရင် ……
ဘယ်သူ့ကိုမှ မနာလိုဖြစ်စရာ မလိုဘူး။

❖ ကိုယ့်လိပ်ပြာ ကိုယ်သန့်ရင် ……
ဘယ်သူ့ကိုမှ ရှင်းပြစရာ မလိုဘူး။

❖ ကိုယ့်စေတနာ ကိုယ်မှန်နေရင် ……
ဘယ်သူ့ကိုမှ ဟန်လုပ်စရာ မလိုဘူး။

❖ ကိုယ့်အကြောင်း ကိုယ်သိနေရင် ……
ဘယ်သူ့ကိုမှ ကြွားပြောစရာ မလိုဘူး။

✿ သီလမလုံတဲ့သူက လူတိုင်းကို……
ကြောက်နေရတတ်တယ်။

✿ အရည်အချင်းမရှိတဲ့သူက ……
ကိုယ့်ထက်သာရင် မနာလို ဖြစ်တတ်တယ်။

✿ ကိုယ့်လိပ်ပြာကိုယ် မလုံတဲ့သူက ……
သူများကို မယုံမကြည် ဖြစ်တတ်တယ်။

✿ ကိုယ့်စေတနာ မမှန်တဲ့သူက ……
စေတနာနဲ့ မတန်ဘူးလို့ ဆိုတတ်ကြတယ်။

✿ ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းမသိတော့……
သူများသိအောင် ကြွားတတ်ကြတယ်။

❖ အရင်းစစ်တော့ ကိုယ့်အကြောင်းကိုယ်သိဖို့ပဲ။

❖ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်ဖို့ပဲ။
ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ရင် ဘယ်သူ့ဘယ်သူအပေါ်မှ
မနာလိုဖြစ်စရာမရှိသလို ကြောက်နေဖို့လည်း မလိုဘူး။

✿ ဟန်လုပ်ဖို့ မလိုသလို မာန်တက်ဖို့လည်း မလိုဘူး။
ကြွားနေဖို့ မလိုသလို ဖားနေဖို့လည်း မလိုဘူး။
ကိုယ်ကောင်းအောင် နေဖို့ပဲလိုတယ်။

♥အေအမ်ကေ♥
━━━━━━━━━━━━━━━━━━━━
လေးစားစွာဖြင့်

29/08/2023

" အချိန်ကပေးတဲ့ ရင့်ကျက်မှု......."
ဖြတ်ရခက်တဲ့ သံယောဇဉ်နှောင်ကြိုးတွေလည်း ……အချိန်ကြာလာတော့ ပြေလျော့သွားတာပါပဲ ။

သူမရှိရင် မဖြစ်ပါဘူးဆိုတဲ့ အတွေးတွေလည်း ……
လက်တွေ့မှာတော့ ဘောင်မဝင်ခဲ့ပါဘူးလေ ။

တကယ်ထွက်သွားတဲ့အခါ အဆင်ပြေအောင် ……
နေတတ်ဖို့ အချိန်ကပဲ သင်ပေးသွားတယ် ။

မျှော်လင့်ချက်တိုင်း ဖြစ်မလာတတ်တဲ့အခါ ……
ဘာကိုမှ သိပ်ပြီး မျှော်မှန်းမထားတတ်တော့ဘူး ။

ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်းတွေဆိုတာ ……
ကိုယ်သတ်မှတ်ထားတဲ့ အရာတွေပဲဆိုတာ သိပြီးတဲ့နောက်
ကိုယ့်စိတ်ကို ပျော်ရွှင်အောင် ထားတတ်လာတယ် ။

တိတ်ဆိတ်ခြင်းတွေနဲ့ အခန်းကျဉ်းလေးထဲမှာ ……
အဖော်ပြုနေရလည်း အထီးကျန်သလို မခံစားရတော့ဘူး ။

တစ်ယောက်ထဲနေရတာလေးကိုပဲ နှစ်သက်ခုံမင်မိလာတယ် ။

သူတို့စိတ်ကြိုက် လိုက်လုပ်မပေးနိုင်တဲ့အခါ လူဆိုးစာရင်း
သွင်းသွားတတ်ကြတာများတော့ သင်ခန်းစာတွေရလိုက်ပါပြီ ။

တကယ်တော့လည်း ကိုယ်ရှင်သန်နေတာ
သူတို့သတ်မှတ်ချက်နဲ့မှ မဟုတ်ပဲ ……
ကိုယ့်စံနှုန်းနဲ့ကို ရှင်သန်နေရတာပဲမို့ ……
အရာအားလုံးကို လိုက်ပြီး ခံစားခွင့်မပြုတော့ဘူး ။

ရယူလိုခြင်းဆိုတာ ပူလောင်ရပါ့လားလို့ သိပြီးတဲ့နောက် ……
ပိုင်ဆိုင်ရမှာထက် ပေးဆပ်ရမှာကို ပိုနှစ်သက်လာတယ် ။

ပြဿနာတစ်ခုကြုံလာတိုင်း ရှောင်ပြေးဖို့မကြိုးစားတော့ဘူး ။

အကောင်းဆုံးဖြေရှင်းရမှာ ကိုယ့်တာဝန်ဆိုတာ
အချိန်တွေက သင်ပေးပြီးတဲ့နောက် ……
ကိုယ် အဆင်ပြေလာခဲ့တယ် ။

crd. ပြန်လည်မျှဝေပါသည် မေတ္တာဖြင့်
#လူငယ်များအတွက့်စာကြည့်တိုက့်

20/01/2023

#ကြိုးစားမှုရဲ့ မနက်ဖြန်"
- - - - - - - - - - - - - - - - - - -

ကောင်းကင်နဲ့ မတန်တဲ့
ကြယ်ဆိုတာ မရှိဘူး။

ကမ်းခြေနဲ့ မလိုက်ဖက်တဲ့
လှိုင်းဆိုတာ မရှိဘူး။

ရေကန်နဲ့ မတင့်တယ်တဲ့
ကြာပင်ဆိုတာ မရှိဘူး ။

ဒုက္ခနဲ့ ကင်းဝေးတဲ့ ဘဝဆိုတာ မရှိဘူး
ပန်းတိုင်နဲ့ ဝေးသော ကြိုးစားမှုဆိုတာ မရှိဘူး ။

အောင်မြင်မှုနဲ့ မထိုက်တန်တဲ့
ဆုလဒ်ဆိုတာ မရှိဘူး ။

ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နေရတဲ့
ဘဝတွေဟာ မျှော်လင့်ချက်နဲ့
အသက်ရှင်နေတာ မဟုတ်ပါဘူး
ရည်ရွယ်ချက်တွေနဲ့ အသက်ရှင်နေတာပါ။

ကြိုးစားတာတွေ ဖြစ်မလာတဲ့အခါ
စိတ်ပျက်အားငယ်တတ်တာ သဘာဝပါ။

အဆင်မပြေတာ တစ်ခုကြောင့်
ရည်ရွယ်ချက်တော့ မပျက်စေနဲ့
ရည်ရွယ်ချက်ပျက်ရင် ဘဝပျက်တတ်တယ်။

စိတ်ဓာတ်ကျနေရင် ပန်းတိုင်နဲ့ဝေးသွားမယ်။
ပန်းတိုင်ဆိုတာ ကိုယ့်ဆီကိုယ် မလာဘူး။
ကိုယ်ကသာ ပန်းတိုင်ဆီရောက်အောင် သွားရမှာ။

ဒီနေ့ ကျရှုံးနေလို့ စိတ်ပျက်အားငယ်နေမယ့်အစား
မနက်ဖြန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

ကြိုးစားမှုရဲ့ မနက်ဖြန်တိုင်းမှာ
အောင်မြင်မှုတွေ ရှိပါတယ်။

မလျော့သော ဇွဲ၊လုံ့လနဲ့ကြိုးစားမယ်ဆိုရင်
မနက်ဖြန်တိုင်းမှာ အောင်မြင်မှုတွေက
စောင့်ကြိုလို့နေမှာပါ။

#မူရင်းရေးသားသူကိုCrdပေးပါသည်

20/01/2023

ဂွမ်းကပ်လှလှလေးများလိုချင်သူများနောက်နေ့ပုံရိုက်တင်ပေးပါမယ်ရှင့် ဝယ်ယူအားပေးသောမိတ်ဟောင်းမိတ်သစ်များကျန်းမာ ချမ်းသာ လိုရာပြည့်ပါစေ 🙏

04/06/2022

စိတ် _______🎗️

🍒 ရင်မဆိုင်ရဲတဲ့စိတ်က
ကိုယ့်ကိုရှုံးစေနိုင်တယ်။

🍒 မျှော်လင့်ချက်မရှိတဲ့စိတ်က
ကိုယ့်ဘဝကိုနိမ့်ကျစေနိုင်တယ်။

🍒 မပြတ်သားတဲ့စိတ်က
ကိုယ့်ကိုတွေဝေစေနိုင်တယ်။

🍒 မကြိုးစားတဲ့စိတ်က
ကိုယ့်ကိုညံ့ဖျင်းစေနိုင်တယ်။

🍒 ပျင်းရိတတ်တဲ့စိတ်က
ကိုယ့်ကိုဆင်းရဲစေနိုင်တယ်။

🍒 အပြောင်းအလဲမြန်တဲ့စိတ်က
တန်ဖိုးရှိတဲ့အရာတွေကိုဆုံးရှုံးရတတ်တယ်။

🍒 ဘဝမှာအကောင်းဆုံးတွေကိုလိုချင်ရင်
အခက်ခဲတွေကိုသည်းခံပြီးကျော်ဖြတ်ရဲတဲ့
စိတ်ရှိဖို့လိုအပ်တယ်။

🍒 လူလဲကျသွားတာထက်
စိတ်ဓာတ်လဲမကျသွားဖို့ကပိုအရေးကြီးပါတယ်။

🍒 ဒါကြောင့်
ဘဝကိုအကောင်းဆုံးဖြစ်စေချင်ရင်
အပြောင်းအလဲလုပ်မှဖြစ်မယ်။

🍒 အရာအားလုံးအတွက်ကိုယ့်စိတ်မှာ
ခွန်အားတွေရှိနေဖို့လိုတယ်။
စိတ်ကိုခွန်အားဖြစ်စေမယ့်စာတွေကိုဖတ်ပါ။📒

©®___

22/05/2022

ဘဝဆိုတာ
အားငယ်ဖို့ မလိုဘူး
နားလည်ဖို့ပဲလိုအပ်တယ်။

ဘဝဆိုတာ
ကုန်းခံဖို့မလိုဘူး
ရုန်းကန်နေဖို့ပဲလိုတာ။

ဘဝဆိုတာ
လှပဖို့ မလိုဘူး
မျှတဖို့ပဲလိုအပ်တယ်

ဘဝဆိုတာ
အပြန်စားရှိဖို့မလိုဘူး
အမှန်တရားသိဖို့ပဲလိုအပ်တယ်။

ဘဝဆိုတာ
ကျော်ကြားဖို့မလိုဘူး
မတော်မတရား မလုပ်မိဖို့ပဲ လိုအပ်တယ်။

ဘဝဆိုတာ
တောင်းတနေဖို့မလိုဘူး
မကြောင်းမကျနေနိူင်အောင်ကြိုးစားဖို့ပဲ လိုအပ်တယ်၊၊

❤❤❤👉👉....ရွှေသင်း... 👈👈❤❤

07/02/2022
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon