YM Korea Cosmetics

YM Korea Cosmetics

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YM Korea Cosmetics, Health/Beauty, Yangon.

12/08/2023

အပြင်တစ်ခါထွက်ရင် ရှိသမျှ skincare တွေအကုန်သယ်စရာမလိုဘူးနော်😊

အပြင်သွားတဲ့အခါ ဘယ်လို skincare products တွေကို ကိုယ်နဲ့အတူ ဆောင်သွားသင့်လဲ❓

လက်တွေ့ဆန်တဲ့ ခေါင်းစဉ်လေးတခုအကြောင်း Nyi တို့ ဒီနေ့ ပြောရအောင်နော်... အပြင်သွားတဲ့အခါ ဘယ်လို skincare မျိုးတွေကို ကိုယ်နဲ့အတူ တပါတည်းယူသွားကြလဲ? Nyi အနေနဲ့ရော ဘာတွေယူဖြစ်လဲ? ဘာကြောင့်လဲ? ဆိုတာ ပြောပြပေးချင်ပါတယ်။

ဆိုတော့ ဒီ Products တွေကတော့ အပြင်သွားတဲ့အခါ Nyi အမြဲဆောင်ဖြစ်တာတွေပေါ့နော်။

✨Face Sunscreen

Sunscreen ကတော့ ဘယ်ရာသီပဲရောက်ရောက် အရေးကြီးဆုံးမလို့ အိတ်ထဲကတော့ 3,4ခု အမြဲကိုပါတယ်။ မနက် အိမ်ကထွက်ခါစ မိုးအုံ့နေလို့ဆိုပြီး ယုံစားလို့မရဘူး၊ နေ့ခင်းဘက်ရောက်ရင် နေကပြူးနေအောင်ထွက်တတ်တော့ sunscreen တခုကတော့ ကိုယ့်ရဲ့အိတ်ထဲမှာ အမြဲ staple အနေနဲ့ ရှိသင့်ပါတယ်။

အဲ့လို sunscreen ဆောင်တဲ့အခါ Nyi အမြဲရွေးဖြစ်တာက physical sunscreen ပေါ့နော်။ ဘာကြောင့်လဲဆို ရာသီဥတုကြောင့် လူကချွေးပြန် အဆီပြန်တာရယ်၊ ကိုယ်တိုင်ကလဲ combination skin ဖြစ်တာရယ်ဆိုတော့ အဆီထိန်းပြီး white cast နည်းတဲ့ mineral type မျိုး ရွေးဖြစ်ပါတယ်။ အကယ်၍ မနက်ခင်းက physical sunscreen လိမ်းခဲ့လို့ မျက်နှာက ခြောက်ကပ်ကပ်ဖြစ်နေရင်တော့ အရမ်း dewy မဖြစ်တဲ့ chemical sunscreen မျိုး သုံးတယ်ပေါ့နော်။ ဒါပေမဲ့ များသောအားဖြင့် physical/hybrid sunscreen မျိုး သုံးဖြစ်တာတော့ များပါတယ်။

ဒီမှာဆို sunscreen ဆောင်တဲ့သူတွေကို Nyi အနေနဲ့ မှာချင်တာက အပူဒဏ်ကနေ သေချာသိမ်းဆည်းဖို့ပဲ။ ကိုယ်နဲ့အတူ အိတ်ထဲနေလုံအောင် ထည့်ရင်ပဲဖြစ်ဖြစ် အဆင်ပြေတယ်။ ရှောင်ရမှာက အပူရှိန်ပြင်းတဲ့ ကားထဲတို့၊ ‌ဆိုင်ကယ် box ထဲတို့ပဲ၊ အဲ့လိုနေရာမျိုးတွေသိမ်းတာ လုံးဝရှောင်ပေးနော်။ Extreme temperature ကြောင့် ဈေးကြီးပေးပြီး ဝယ်ထားရတဲ့ ကိုယ့်ရဲ့ sunscreen တွေ ပျက်စီးကုန်နိုင်ပါတယ်။

✨Body Sunscreen

သူများကိုလဲ 'Face နဲ့တန်းတူမဟုတ်တောင် body ကို အနည်းဆုံး sunscreen တော့ လိမ်းပါ'လို့ အမြဲမှာလေ့ရှိသူမလို့ ကိုယ်တိုင်လဲ လိုက်နာတဲ့အနေနဲ့ body sunscreen အမြဲဆောင်ဖြစ်ပါတယ်။ ယုတ်စွအဆုံး၊ body sunscreen မပါရင်တောင် ကိုယ့်အိတ်ထဲမှာ မျက်နှာလိမ်းလို့ အဆင်မပြေတဲ့, body လိမ်းမယ်ဆိုပြီး ဖယ်ထားတဲ့ Spf မျိုးတော့ ပါတယ်ပေါ့နော်။ သေချာတာတော့ Nyi က sunscreen မပါဘဲ အပြင်လုံးဝထွက်လေ့မရှိပါဘူး(အကဲပိုတယ်ပြောလဲ ခံရမှာပါပဲ၊ ဒါပေမဲ့ ကိုယ့်ကိုကိုယ်တော့ sunscreen မှန်မှန်လိမ်းတဲ့အတွက် ဂုဏ်ယူတယ်၊ လူကြားထဲလဲ ထုတ်လိမ်းတာပဲ၊ မဟုတ်တာလုပ်တာ မဟုတ်လို့ ရှက်ဖို့မလိုဘူး)။ Nyi ရဲ့ blog readers တွေကိုလဲ skincare ရကျိုးနပ်အောင် sunscreen သေချာလိမ်းဖို့ မှာပါရစေ။ ဈေးတန်တန်နဲ့ body sunscreen ကောင်းတာဆိုရင် Nivea နဲ့ Vaseline ကဟာလေးတွေ recommend ပေးပါတယ်။

သူလဲပဲ အရေးကြီးတာက ကားထဲတွေ၊ ဆိုင်ကယ်ထဲတွေ မချန်ခဲ့ဘဲ ကိုယ့်အိတ်ထဲပဲ အမြဲဆောင်ထားပေးနော်။

✨Sebum care products

ပူပြင်းတဲ့နိုင်ငံ‌မှာ နေသူတွေအဖို့ sebum control products တွေကလဲ အမြဲဆောင်ထားသင့်တဲ့ အရာတွေထဲ ပါတယ်နော်။ သူတို့ကိုက အိမ်မှာသိမ်းထားသင့်တဲ့ products မျိုးတွေမဟုတ်ဘဲ ဒီလိုအပြင်ထွက်တဲ့အခါမှာ ဆောင်သွားသင့်တာမျိုး ဖြစ်တယ်။ ဥတုအခြေအနေကြောင့် တော်တော်များများဆိုရင် အဆီပြန်တဲ့သူတွေ များတယ်မလား? အပြင်ထွက်လိုက်ပြီဆိုတာနဲ့ မျက်နှာက အဆီတွေစို့တက်လာပြီး ညစ်ညစ်ကြီးဖြစ်သွားတယ်လေ။ အဲ့အတွက် ဒီ products တွေက ကူညီလိမ့်မယ်။

Sebum control powder, powder pact, matte sun stick, physical sunscreen, oil control paper စသဖြင့် အမျိုးမျိုးရှိတဲ့ထဲက ကြိုက်ရာရွေးသုံးပါ။ များသောအားဖြင့် compact type လေးတွေဖြစ်လို့ သုံးရတာ အဆင်ပြေပါလိမ့်မယ်။ နေ့ခင်းဘက် အဆီပြန်တဲ့အချိန် ထုတ်သုံးပေးရုံပဲနော်။ ကိုယ့်မျက်နှာက အဆီပြန်တတ်တယ်၊ အပြင်မှာလဲ အလုပ်လုပ်ရတယ်ဆိုရင် ဒီထဲက တခုခုတော့ဆောင်သင့်တယ်။

✨Lip Balm

နှုတ်ခမ်းဆိုတာကလဲ တခုခုစားပြီးလို့ သုတ်လိုက်ရင် လိမ်းထားသမျှ ပျက်တာမျိုးဆိုတော့ နှုတ်ခမ်းခြောက်တတ်တဲ့သူဆိုရင် lip balm တခုကလဲ မဆောင်မဖြစ်ပါပဲ။ Nyi လဲ အမြဲနီးပါး အပြင်ယူသွားဖြစ်ပါတယ်။ မိန်းကလေးတွေကတော့ အဓိက color lip stick မျိုး ဆောင်ကြတယ်ပေါ့နော်။ အဲ့မှာ မှာချင်တာ‌တခုက နှုတ်ခမ်းခြောက်တဲ့သူတွေဆို အရမ်း matte ဖြစ်တဲ့ lip stick တွေ မသုံးဖို့ပေါ့နော်။ မနက်ခင်း ဆိုးလာတာက အောက်က lip balm တခုခုခံထားရင် ကြည့်ရအဆင်ပြေပေမဲ့ နေ့ခင်းဘက် ခြောက်နေတဲ့နှုတ်ခမ်းပေါ်ကနေ retouch လုပ်ရင်ကျ နှုတ်ခမ်းက အရေခွံတွေလန်ပြီး အရမ်းကြည့်ရဆိုးပါတယ်။ ဒါမှမဟုတ် ကိုယ်က lip stick နဲ့အတူ lip balm ပါ ဆောင်ထားရင်တော့ အဆင်ပြေတာပေါ့နော်၊ သတိပြုနိုင်ဖို့ပါ။

✨Hydrating booster

ပြောသာပြောရတယ်၊ Nyi က အဆီပြန်တဲ့ type မလို့ ဒီတခုနဲ့ သိပ်ပြီး relatable မဖြစ်ဘူး။ ဒါပေမဲ့ အသားခြောက်တဲ့သူတွေအတွက် ပြည့်စုံသွားအောင် ထည့်လိုက်တယ်နော်။ ကိုယ်က အသားခြောက်တတ်တဲ့သူ၊ Aircon ခန်းထဲမှာ တနေကုန်အလုပ်လုပ်ရလို့ နေ့ခင်းဘက် အသားခြောက်တယ်ဆိုရင် ကိုယ်လိမ်းထားတာတွေပေါ်ကနေ touch up လုပ်လို့ကောင်းမယ့် hydrating product တခုခု ဆောင်ထားသင့်တယ်။ ဥပမာ- hydrating mist, hydrating stick, အစိုဓာတ်ရတဲ့ cushion စသဖြင့် တခုခုပေါ့နော်။ အသားခြောက်တဲ့အချိန် ဖြန်းလိုက်လို့ ကိုယ့်မျက်နှာ relief ရသွားစေမယ့် products မျိုးပေါ့။ အပွင့်လင်းဆုံး ဝန်ခံရရင် Nyi ကတော့ တခါတရံ sun spray ကလွဲ၊ မဆောင်ဖြစ်ပါဘူး။

အပြင်သွားတဲ့အခါ Nyi ယူဖြစ်တာတွေ၊ ယူသင့်တာတွေ ပြောပြီးရင် သိပ်မလိုအပ်တဲ့၊ မယူလဲ totally fine ဖြစ်တဲ့ products တချို့ကို ပြောချင်တယ်။ ဘာကြောင့် ထည့်ပြောရလဲဆိုရင်တော့ ဒီလိုမလိုအပ်တာတွေယူပြီး တကယ်လိုအပ်တာကျ ယူဖို့မေ့လျော့သွားနိုင်လို့ပေါ့နော်။

❗Hand Cream

Body sunscreen အများစုက moisturizing ဖြစ်လို့ တကယ်တမ်း အပြင်သွားတဲ့အခါ hand cream ဆောင်သွားဖို့ လိုကိုမလိုအပ်ဘူး။ အသားခြောက်တတ်လို့ ယူတာမှန်ပေမဲ့ hand cream ထက်ကို body sunscreen တခုက ပိုအရေးပါတယ်လို့ Nyi မြင်တယ်။ နေ့ခင်းဘက်မှာက အဓိက နေကြောင့် skin မပျက်စီးအောင် ကာကွယ်ဖို့ပဲ။ ညဘက်ရောက်မှ hand cream, lotion လိမ်းရုံမကလို့ သူများနိုင်ငံက hand model တွေလို 10step hand care routine ပဲလုပ်လုပ် ကိစ္စမရှိဘူး။

❗Cleanser

အဆီပြန်တိုင်း မျက်နှာထသစ်တယ်ဆိုတာ skincare အကြောင်း နားမလည်တဲ့သူတွေ လုပ်တဲ့အလုပ်ပါ။ အဲ့အတွက် cleanser ဟာလဲ ကိုယ်နဲ့အတူ အပြင်သွားတိုင်း ဆောင်သွားဖို့ လုံးဝလုံးဝမလိုအပ်ဘူး။ တခုတော့ရှိတာပေါ့နော်၊ ကိုယ်က ရံဖန်ရံခါ night out လုပ်တတ်တဲ့သူမျိုး၊ ကိုယ့်အလုပ်အကိုင်အရလဲ တခါတရံ အပြင်မှာ ညအိပ်လိုက်ရတာမျိုး ရှိတယ်ဆိုရင်တော့ ဆောင်ထားသင့်တာပေါ့။ အဲ့လိုမျိုးဆိုရင် cleanser တင်မဟုတ်ဘူး၊ micellar water/cleansing oil/balm တဗူးပါ ကိုယ့်အိတ်ထဲမှာ ထည့်ထားသင့်တယ်။

ခုရေးသွားတာတွေက လောလောဆယ် Nyi စဉ်းစားမိသလောက်ပေါ့နော်။ အတော်လေးလဲ ပြည့်စုံမယ်လို့ ထင်ပါတယ်။ ဖတ်ကြည့်ပြီး ကိုယ့်ရဲ့အမြင်နဲ့ ကိုယ်ရော အပြင်သွားရင် ဘာတွေယူသွားဖြစ်လဲ? ပြောခဲ့ပါဦးနော်။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်💕

သိပ်မကြာခင် 'What's In My Bag? Skincare Edition' ဆိုတဲ့ post လေးလဲ တက်ပါမယ်ခင်ဗျာ။

07/08/2023

Sunstop Sunscreen Cream ကို
Stock လက်ကျန်လဲရှင်းရင်းExp လေးလဲနီးနေလို့ ဝယ်ရင်းဈေးထက်လျှော့ပြီးပြန်ရောင်းပေးပါမယ်နော်☺️

Original price -42,000
ယခု Price - 30,000 (45ml)
Exp - 11.2023
Made in Australia 💯

Sunscreen ဆိုတာကနေ့တိုင်းသုံးရမယ့် skincare တွေထဲကမှ မပါမဖြစ်အရေးကြီးတဲ့ Step တစ်ခုဖြစ်ပါတယ်။

နေရောင်ခြည်ကိုအချိန်ကြာကြာထိတွေ့လာရတဲ့အခါ တင်းတိပ်၊ မှဲ့ခြောက်၊ အသားရေနီမြန်းတာ၊ အသားလောင်တာနဲ့ အရေပြားကင်ဆာတွေဖြစ်လာတတ်ပါတယ်။

Sunstop Sunscreen Cream မှာ
UVA_UVB/ SPF 30+ ပါလို့ အပြင်မထွက်ခင် မိနစ် (၂၀) လောက် ကြိုလိမ်းပေးရုံနဲ့
နေရောင်ခြည်ရဲ့တိုက်ခိုက်မှုတွေကို (၄) နာရီကြာ ကာကွယ်ပေးနိုင်ပါတယ်။

အရေပြားဆရာဝန်တွေ ထောက်ခံချက်ရထားမှ သုံးချင်တယ်ဆိုတဲ့သူတွေ အတွက် Sunstop Sunscreen Cream လေးက ကွက်တိပဲဆိုတော့ Stock ရှိတုန်းလေးမြန်မြန်ဝယ်ထားဖို့တော့လိုမယ်နော်☺️

31/07/2023

🙏ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) 🙏

(1.8.2023) အင်္ဂါနေ့တွင် ကျရောက်‌သော ဝါဆိုလပြည့် အခါသမယမှာ ၇ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေလို့ YM Korea Cosmetics မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်🙏

#ဝါဆိုလပြည့်
#ဓမ္မစင်္ကြာအခါတော်နေ့

Photos from YM Korea Cosmetics's post 29/07/2023

ချွေးပေါက်များအတွင်းထိ သန့်စင်ပေးပြီးနူးညံ့‌စေမယ့် Dermavive Hydra Cleanser🌾💚
Price - 38,000 (120ml)
Made in Australia 💯

Soap free ဖော်မြူလာ ၊ pH ထိန်းညှိပေးနိုင်တဲ့အရည်အသွေး၊ ထိရောက်ပြီး နူးညံ့စွာသန့်စင်ပေးမှုတွေနဲ့ ချစ်တို့ရဲ့ နေ့ရက်တိုင်းအတွက်Dermavive ရဲ့ Hydra Cleanser မျက်နှာသစ်က ထိထိရောက်ရောက်နဲ့ နူးညံ့စွာသန့်စင်ပေးဖို့ အထူးစီမံထုတ်လုပ်ထားပါတယ်။

Oatmeal ကနေပြုလုပ်ထားတဲ့ Dermavive Hydra Cleanser ဟာ
🧖အသားအရည်ကို နူးညံ့စိုပြေစေတယ်။
🧖အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးတယ်။
🧖အရေပြားအတွင်းပိုင်း ချွေးပေါက်တွေထဲထိ သန့်စင်ပေးတယ်။
🧖အဆီပြန်ခြင်းကို သက်သာစေတယ်။
🧖အရေပြားထိခိုက်မှု၊ ယားယံမှုတွေကနေ ကာကွယ်ပေးတယ်။
🧖၀က်ခြံဖြစ်ခြင်းကိုလဲ ကာကွယ်ပေးပါတယ်ရှင့်။

အသားအရေအမျိုးအစားတိုင်းနဲ့ အဆင်ပြေစေပြီး အသားအရေဓာတ်မတည့်တဲ့ Sensitive Skin အမျိုးအစားတောင်အသုံးပြုနိုင်တာမို့ ချစ်တို့ရဲ့ မျက်နှာသစ်ရွေးချယ်မှုအတွက် Dermavive Hydra Cleanser လေးကအသင့်တော်ဆုံးပါဘဲနော်😍

Photos from YM Korea Cosmetics's post 23/07/2023

Neutriderm Moisturising Lotion with Vit E

125 ml - 38,000 ks
Made in Australia 💯

🧖Cream Type ဖြစ်ပေမယ့် အဆီပြန်တာ ၀က်ခြံထွက်တာမျိုးလည်းမရှိဘဲ အသားအရည်ကို နူးညံ့စိုပြေစေပါတယ်။
🧖ရာသီမရွေး၊ အသားအရည်အမျိုးအစားမရွေး အသုံးပြုနိုင်ပါတယ်။
🧖လိမ်းလိုက်တာနဲ့ချက်ချင်းစိမ့်ဝင်သွားပြီး Skin လေးက အစိုဓာတ်အပြည့်နဲ့ နူးညံ့ချောမွေ့သွားတာကိုလည်း ခံစားရပါမယ်။
🧖မျက်နှာပေါ် တခုခုလိမ်းထားရသလိုခံစားမှုမျိုးလည်း လုံးဝမရပဲ ပေါ့ပေါ့ပါးပါးတကယ်ကိုဖြစ်ပါတယ်။
🧖Vitamin E Phosphate ပါလို့အမည်းစက်တွေ ၊ နေလောင်ကွက်တွေကိုလျင်မြန်စွာ ဖယ်ရှားပေးပါတယ်။
🧖ချွေးပေါက်တွေကို မပိတ်စေဘဲ အရေပြားအစိုဓာတ်ကို ဖြည့်တင်းပေးပါတယ်။
🧖125ml တောင်ပါတာမို့ အသုံးလည်းခံပါတယ်နော်။

22/07/2023

Physical sunscreen နဲ့ Chemical sunscreen တို့ရဲ့ကွာခြားပုံကိုဖတ်ကြည့်ကြည့်နော်😊

Physical sunscreen နဲ့ Chemical sunscreen ဘာကွာလဲ❓ ကိုယ့်အတွက် ဘယ်တခုကိုတော့ ပိုရွေးသင့်လဲ❓

Sunscreen နဲ့ပတ်သက်ပြီး အမေးအများဆုံး မေးခွန်းတွေထဲကတခုကို Nyi ဒီနေ့ ဖြေပေးချင်ပါတယ်။ ကိုယ်သုံးနေတဲ့ sunscreen က Physical လား? Chemical လား? မသိသေးဘူး၊ ခွဲတတ်ချင်တယ်ဆိုရင် ဖတ်ကြည့်ပါနော်🤗

ဆိုတော့ Physical sunscreen တွေမှာ Inorganic/physical UV filters တွေပါပြီးတော့ Chemical sunscreen တွေမှာတော့ organic/chemical UV filters တွေပါတယ်။

2ခုလုံးကတော့ သူ့ဟာနဲ့သူ နေကလာတဲ့ UV rays တွေရန်က ကာကွယ်ပေးတာပဲ။ ဘာကွာသွားလဲဆိုရင် Chemical UV filters တွေက UV rays တွေကို အရေပြားထဲကို စုပ်ယူပြီး အပူအဖြစ်ပြောင်းလဲလိုက်ခြင်းဖြင့် ကာကွယ်ပေးတယ်။ Physical/mineral UV filters တွေကတော့ အရေပြားပေါ်မှာ shield တခုသဖွယ်ရှိနေပြီးတော့ မျက်နှာပေါ်ကျရောက်တဲ့ UV rays တွေကို reflect လုပ်ခြင်းဖြင့် ကာကွယ်ပေးတယ်။ အဲ့ဒါ အရင်တုံးက ပြောကြတဲ့စကားပေါ့နော်၊ နောက်ပိုင်း update တွေကြည့်ရတာတော့ chemical sunscreen တွေကလဲ UV rays တွေကို mainly reflect လုပ်တဲ့ method နဲ့ပဲ protection ပေးတယ်လို့ သိရတယ်။ အမျိုးမျိုးပါပဲ၊ အဓိက ကိုယ်က sunscreen 2မျိုးလုံးသည် နေကာဖို့အတွက် equally ထိရောက်တယ်ဆိုတာ သိထားရင်ရပါပြီ။

ဒါက သူတို့ရဲ့လုပ်ဆောင်ပုံပေါ့နော်၊ 2ခုကို ဘယ်လိုအလွယ်ခွဲနိုင်မလဲဆိုရင်တော့ ပါဝင်ပစ္စည်းတွေထဲမှာ...

> Zinc oxide +/- Titanium dioxide တွေ့ရင် Physical/Mineral sunscreen🌱

> 2ခုလုံးမပါဘဲ Dibutyl Adipate, Homosalate, Ethylhexyl Salicylate စသဖြင့် ဘာမှန်းမသိတဲ့ chemical name အရှည်ကြီးတွေတွေ့ရင် Chemical sunscreen🌱

လို့ မှတ်နိုင်ပါတယ်။ Sunscreen 2မျိုးလုံးက နောက်ပိုင်းမှာ broad spectrum SPF အနေနဲ့ပဲ ထုတ်လာကြတာမလို့ Nyi တို့သုံးတဲ့အခါ both UVA & UVB protection ရပါ့မလား ထည့်တွေးဖို့မလိုတော့ဘူး။ 2ခုရဲ့ကွာခြားချက်ကို သိပြီဆိုရင်တော့ တခုစီရဲ့အားသာချက် အားနည်းချက်နဲ့ ဘယ်တခုကို ပိုရွေးသင့်လဲ ပြောမယ်နော်။



အားသာချက်~

- အသားအရေအတွက် အရမ်း safe ဖြစ်တယ်
- အဆီထိန်းနိုင်တယ်
- ရေစိုခံ ချွေးစိုခံတယ်
- outdoor activities များတဲ့သူ၊ နေပူထဲထွက်ရင် အသားနီမြန်းလွယ်တဲ့သူတွေနဲ့ အထူးသင့်တော်တယ်

အားနည်းချက်~

- texture ထူပျစ်တတ်တယ်
- ကိုယ့် skin tone ပေါ်လိုက်လို့ white cast အနည်းအများကျန်နိုင်တယ်
- reapply လုပ်ရခက်တယ်
- makeup အောက်က ခံလိမ်းဖို့မသင့်ဘူး



အားသာချက်~

- texture ပေါ့ပါးပြီး လိမ်းရလွယ်ကူတယ်
- white cast မကျန်ဘူး
- makeup အောက်က ခံလိမ်းလို့ကောင်းတယ်
- reapply လုပ်လို့ အဆင်ပြေတယ်

အားနည်းချက်~

- အဆီပြန်တာမျိုး ရှိနိုင်တယ်
- တချို့ မျက်လုံးတဝိုက် လိမ်းတဲ့အခါ စပ်တာမျိုး ကြုံတတ်တယ်
- water resistant ဖြစ်တာမျိုး ရှားတယ်
- အရမ်း sensitive ဖြစ်တဲ့ skin ဆိုရင် အသားရဲနိုင်တယ်

Pros & Cons လေး‌တွေ သိပြီဆိုရင်တော့ ရွေးရလွယ်ကူသွားမယ်လို့ ထင်တယ်။ သူ့အားသာချက်နဲ့သူ၊ သူ့အားနည်းချက်နဲ့သူ ရှိတာမလို့ ဘယ်ဟာကတော့ ပိုကောင်းတယ်ဆိုပြီး အငြင်းပွားနေမယ့်အစား ကိုယ်နဲ့သင့်တော်တာကိုသာ ရွေးချယ်သုံးဖို့ Nyi အနေနဲ့ တိုက်တွန်းပါရစေ။ တလက်စတည်း မှာချင်တာကလဲ alcohol ပါတဲ့ sunscreen သုံးဖို့ မကြောက်ပါနဲ့လို့၊ alcohol ပါတဲ့ sunscreen သုံးတာထက် sunscreen မသုံးဘဲနေတာက အများကြီးပိုပြီး အ‌န္တရာယ်များပါတယ်နော်❗

အနှစ်ချုပ်အနေနဲ့ blog readers တွေအဖို့ Physical နဲ့ Chemical sunscreen ထဲက Nyi ရွေးပေးရမယ်ဆိုရင်...

✅ ရေကူးတဲ့သူ၊ ကမ်းခြေသွားမယ့်သူ၊ ချွေးထွက်များ အဆီအရမ်းပြန်တဲ့သူ၊ very sensitive skin ရှိသူတွေ Physical sunscreen သုံးပါ

✅ အသားညိုသူ၊ မိတ်ကပ်လိမ်းသူ၊ sunscreen ကို လိမ်းလို့ကောင်းပြီး lightweight ဖြစ်တာပဲ ကြိုက်တဲ့သူဆိုရင် Chemical sunscreen သုံးပါ

အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်နော်။ နောက်ရက် ပြန်တွေ့ပါမယ်ခင်ဗျာ❤️

Photos from YM Korea Cosmetics's post 20/07/2023

🍋 Some By Mi Yuja Niacin Brightening Toner
Price - 26,500 (150ml)

🍋 ဒီToner လေးမှာ Yuja Extract 90% ၊ Niacinamide 5% နဲ့ Vitamin (12) မျိုးပါလို့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်နဲ့ တင်းတိတ် အမဲစက်တွေကို သိသိသာသာ မှေးမှိန်စေပါတယ်ရှင့်။

🍋 Vitamin C ပါဝင်လို့ အသားရည်ကို ကြည်လင်တောက်ပ စိုပြေစေပါတယ်။

🍋Niacinamide ပါ၀င်လို့ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားအရေမညီတာ နဲ့ အမဲစက်၊ မှဲ့ခြောက်တွေကို သိသာစွာ လျော့ချပေးပါတယ်။

🍋 နေလောင်ဒဏ်၊ အသားရည်မညီညာတာ‌မျိုးတွေဆိုရင်ဒီ Toner ကို တပတ်ကျော်လောက်သုံးပေးရင်ကိုတော်တော်လေးသက်သာလာတာနော်။

🍋 လိမ်းလိုက်ရင် စေးကပ်ကပ်ဖြစ်မနေဘဲမျက်နှာ အတွင်းထဲထိ စိမ့်ဝင်တာမြန်ပါတယ်ရှင်။

🍋အသားရည်မွဲခြောက်ပြီး အမဲစက်အမာရွတ်တွေရှိလို့ Toner ကောင်းကောင်းလေးရှာနေရင် ဒါလေးသာသုံးကြည့်ပါနော်😍

Photos from YM Korea Cosmetics's post 11/07/2023

Mamonde Pore Clean Toner

Price - 16,500 (250ml)

Mamonde Toner တွေထဲမှာ Best seller
အဖြစ်ဆုံး Toner လေးပါနော်။

အဆီပြန် ချွေးပေါက်ကျယ်ပီး ဆားဝက်ခြံတွေထွက်တယ် ဆိုတဲ့ Oily Skinတွေ အတွက် အဆီပိုတွေကို အသန့်စင်ဆုံး ဖယ်ရှားပေးပါတယ်။

Pore Toner က အရည်ကြည်နဲ့ အနယ်လွှာလေး ၂လွှာပါပါတယ်။

💚အရည်ကြည်လေးမှာ Eoseongcho ပန်းပါလို့ အဆီပြန်တာကို ထိန်းပေးပြီးချွေးပေါက်ကျယ်တာတွေကို ကျဉ်းစေပါတယ်။

💚West Coast Mud ဆိုတဲ့ အောက်ကအနယ်လွှာလေးကတော့ အဆီတွေကို စုပ်ယူနိုင်တဲ့ ရွံ့စေးမှုန်လေးတွေပါလို့ အဆီအကြွင်းအကျန်တွေနဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားပေးပါတယ်။

သူက အလွှာနှစ်လွှာမို့ သုံးခါနီး Shake ပေးဖို့မမေ့နဲ့ဦးနော်☺️

Photos from Austin Thet's post 08/07/2023

Fraijour wormwood facial foam လေး instockပါနော်☺️

Photos from YM Korea Cosmetics's post 06/07/2023

Fraijour Original Herb Wormwood Foam
Price - 15,000 (150ml)

Fraijour facial foam‌ လေးက အဆီပြန်သမားတွေ၊ အဆီဖု နဲ့ ဝက်ခြံသမားတွေအတွက်အရမ်းအဆင်ပြေပါတယ်နော်

တခြား Deep Cleansing တွေလို သစ်ပီးရင် ခြောက်ကပ်ကပ်မဖြစ်ပဲချွေးပေါက်ထဲရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီးမျက်နှာလေးကချောချောအိအိလေးဖြစ်သွားတဲ့အပြင်အမြှုပ်ထွက်အားလည်းကောင်းပါတယ်။

Deep Cleaning ပေမဲ့ Mild Type ဖြစ်လို့ Sensitive Skin သမားတွေပါသုံးလို့အဆင်ပြေတယ်နော်။

မှာယူလိုပါက Page Messenger (သို့) 09260313598 ကိုဆက်လို့ရပါတယ်ရှင့်ရန်ကုန်မြို့အတွင်း cash on delivery ရပါတယ်နော်.

05/07/2023

Moisturizer မလိမ်းရင်ဘာတွေဖြစ်လာနိုင်လဲ?

Moisturizer မလိမ်းခြင်းရဲ့
နောက်ဆက်တွဲဆိုးကျိုး 5ချက်📌

Moisturizer ဆိုတာ skincare routine တခုမှာ vital step ဖြစ်ကြောင်းတော့ အားလုံးသိပြီးသားဖြစ်မှာပေါ့နော်။ ဒါပေမဲ့ moisturizer မသုံးရင် နောက်ဆက်တွဲဘာဆိုးကျိုးတွေဖြစ်လဲရော သိထားကြလား? မသိသေးဘူးဆိုရင် Nyi ဒီနေ့ရေးတဲ့ post လေးကို ဖတ်ကြည့်ဖို့လိုပါပြီ။ Moisturizer မလိမ်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး 5ချက်ကို ပြောပြချင်ပါတယ်...

1. စိုစိုပြေပြေမရှိဘဲ အသားအရေက မွဲခြောက်ကြမ်းတမ်းမယ်💦

Moisturizer ဆိုတာ skincare routine ထဲမှာ powerful အဖြစ်ဆုံး hydrating step ပါ။ ရေဓာတ်ကိုပေးရုံတင်မဟုတ်ဘဲ skin ကနေ evaporate မဖြစ်အောင်ပါ lock လုပ်နိုင်လို့ အသားအရေအတွက် အစိုဓာတ်သေချာရချင်တယ်ဆိုရင် moisturizer ကို လုံးဝ skip မလုပ်သင့်ဘူးနော်။ တချို့ကျ moisturizer လိမ်းရင် အဆီပြန်လို့၊ အဖုထွက်လို့ စသဖြင့် reason တွေပေးကြပေမဲ့ အဲ့ဒါတကယ်တမ်း ကိုယ့် skin type နဲ့ကိုက်ညီတာမျိုး မရွေးတတ်သေးလို့ပါ။ အကယ်၍ ကိုယ်က moisturizer မလိမ်းဖြစ်ဘဲ toner, serum ‌အဆင့်ထိပဲ လိမ်းတယ်ဆိုရင် သူတို့က moisturizer နဲ့တန်းတူ hydration ပေးနိုင်ရင်တောင် moisture loss ဖြစ်တာကိုတားဖို့ မစွမ်းတဲ့အတွက် ရေရှည်မှာ skin က moisture မလုံမလောက်ဖြစ်ပြီး စိုစိုပြေပြေမရှိတာမျိုး, မွဲခြောက်ပြီး ကြမ်းတမ်းလာတာမျိုး ကြုံရနိုင်ပါတယ်။

2. ပုံမှန်ထက် အဆီပိုပြန်မယ်💦

ဒါကတော့ အဆီပြန်တာတခုတည်းနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်နေမိတဲ့သူတွေအဖို့။ အရေပြားမှာ water-oil balance ဆိုပြီး ရှိတယ်နော်။ ကျန်းမာသန်စွမ်းတဲ့ အသားအရေတခုက အဆီဓာတ်ရေဓာတ်မျှတနေဖို့ လိုပါတယ်။ အဲ့လိုမဟုတ်ရင် မျက်နှာက အဆီပြန်လိုက်အသားခြောက်လိုက် ဖြစ်နိုင်သလို ရေဓာတ်နည်းနေရင်လဲ မျက်နှာက အဆီဂလင်းတွေက ပုံမှန်ထက်ပိုပြီး အလုပ်လုပ်တဲ့အတွက် အဆီပိုပြန်ရပါတယ်။ ဒါကြောင့်မလို့ Nyi တို့ အဆီပြန်တာကို သက်သာအောင်လို့ဆိုရင် moisturizer ကို မဖြစ်မနေလိမ်းပေးသင့်တယ်နော်။ အကယ်၍ ကိုယ်ကအဆီပြန်လို့ဆိုပြီး oil control products တွေချည်း သုံးနေရင်တော့ အဆီပြန်တာက ဆိုးသထက်ပိုဆိုးဖို့ပဲ ရှိပါတယ်လို့။ အဲ့လို skin တွေအတွက်ဆို Nyi အနေနဲ့ တခြားထက် lightweight moisturizer တခုသုံးကြည့်ဖို့ အကြံပြုပါရစေ။

3. ဝက်ခြံအဆီဖု ပိုဆိုးမယ်💦

ဝက်ခြံအဆီဖုဘာကြောင့်ဖြစ်၊ အဆီပြန်လို့ ချွေးပေါက်ပိတ်ပြီးဖြစ်နော်။ အသားခြောက်တဲ့သူက ဝက်ခြံအဆီဖုထွက်တယ်ဆိုတာ အရမ်းကိုရှားတယ်၊ အဓိက မျက်နှာအဆီပြန်တဲ့သူ၊ pore clogging အရမ်းဖြစ်တဲ့သူတွေမှာပဲ ဒီပြဿနာကို ကြုံရလေ့ရှိပါတယ်။

Moisturizer မလိမ်း > အဆီပိုပြန် > အဖုထွက်

အဖုထွက်နေလို့ ပိုဆိုးမှာစိုးလို့ဆိုပြီး moisturizer မလိမ်းတော့ ပိုဆိုးတာပေါ့နော်။ Moisturizer ရဲ့ function က အစိုဓာတ်‌ပေးတာအပြင် အရေပြားရဲ့ natural healing process/recovery rate ကို မြန်စေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေတဲ့အသားအရေကို အမြန်ပြန်ကောင်းဖို့ အထောက်အကူပြုတယ်။ ဒါကြောင့် ဝက်ခြံအဆီဖုထွက်နေလဲ moisturizer လိမ်းပေးရမယ်နော်၊ မလိမ်းဘဲနေမယ့်အစား ပေါ့ပါးပြီး စိမ့်ဝင်လွယ်တဲ့ moisturizer မျိုး ရွေးသုံးပေးပါ။

4. သုံးတဲ့ skincare တွေ ထိရောက်မှုမရှိဘူး💦

Moisturizer ရဲ့နောက်ထပ်စွမ်းဆောင်ရည်တခုက occlusive function ပါ။ သူက အရေပြားအတွင်းမှာ ရေဓာတ်အပြင် ကောင်းသောအရာတွေကို သိမ်းဆည်းပြီး မကောင်းတဲ့အရာတွေ ဥပမာ - bacteria, ဖုန်မှုန့်နဲ့ အမှိုက်သရိုက်တွေကိုတော့ အဟန့်အတားအနေနဲ့ တားဆီးပေးတယ်။ ဒီမှာ အဓိကပြောချင်တာကတော့ ကောင်းတဲ့အရာတွေကို seal လုပ်ပေးနိုင်တဲ့ သူ့ရဲ့ occlusive property အကြောင်းပေါ့။

ကိုယ်က ရှေ့မှာ တဆင့်ပြီးတဆင့်လိမ်းခဲ့သမျှ skincare တွေရဲ့အာနိသင်ကို အပြည့်အဝလိုချင်တယ်ဆိုရင် moisturizer လိမ်းဖို့က a must ‌ပဲနော်။ Moisturizer မလိမ်းဘဲ toner, serum တွေပဲ လိမ်းနေရင်တော့ အရေပြားမှာ seal လုပ်တဲ့ layer မရှိတဲ့အတွက် ငွေကုန်ခံ အချိန်ကုန်ခံလိမ်းနေပေမဲ့ မထိရောက်တာ အာနိသင်မရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Moisturizer ကို essential step ထဲထည့်ထားတာ အလကားမဟုတ်ပါ၊ လိမ်းသမျှထိရောက်စေဖို့ moisturizer လိုအပ်ပါတယ်။

5. Skin irritation ရလွယ်မယ်💦

Skin irritation ဆိုတာ ဘာကိုခေါ်လဲ? Active ingredients ဒါမှမဟုတ် ပြင်းတဲ့ ingredients တွေကြောင့် အရေပြားကို သွားဆွမိသလိုဖြစ်ပြီး skin မှာ inflammation, rash, pimples ထွက်တာတွေကို ခေါ်တယ်ပေါ့နော်။ နောက်ပိုင်းမှာ active ingredients တွေသုံးတာ ပိုတွင်ကျယ်လာတော့ skin irritation တွေလဲ ပိုရလာကြတယ်။ အဲ့ဒီ skin irritation ကို ထိန်းဖို့အတွက် Nyi တို့ အလုပ်သင့်ဆုံးအရာတွေထဲမှာ moisturizer လိမ်းတာလဲ ပါတယ်နော်။ Active ingredients တွေသုံးပြီးတဲ့အခါ ကိုယ်က skin ကိုပြန်ပြီး nourish & hydrate လုပ်ပေးမှ irritation risk နည်းပါမယ်။ Active ingredients သုံးမယ့်သူတိုင်း moisturizer မဖြစ်မနေလိုတယ်။ Moisturizer လိမ်းမှပဲ ကိုယ်သုံးတဲ့ active ingredient ကြောင့် irritating မဖြစ်အောင် ကာကွယ်ရာရောက်သလို benefits ကို အပြည့်ရဖို့လဲ အထောက်အကူဖြစ်ပါတယ်။

ဒီနေ့တော့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါရစေနော်။ နောက်ရက်ကျရင် စိတ်ဝင်စားစရာ review လေးတခုနဲ့ ပြန်ဆုံပါမယ်။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါခင်ဗျာ💕

Photos from YM Korea Cosmetics's post 05/07/2023

Elizavecca Witch Piggy Hell Pore Control Serum🐷
Price - 15,500(50ml)

ဒီ Serum လေးကတော့ Pore Control အတွက် အဓိကမို့ ချွေးပေါက်ကျဉ်းတယ် ..
🧖Hyaluronic Acid 97% ပါ၀င်ထုတ်လုပ်ထာလို့ရေဓာတ်ကို အရေပြားအတွင်းပိုင်းထိ ဖြည့်ပေးနိုင်တယ်။
🧖Anti aging effect ပါလို့ အရေးအကြောင်းလျော့ပီး ကြည်ကြည်တင်းတင်းလေးနဲ့ စိုစိုအိအိ skin မျိုးလေး ရစေတယ်။
🧖Wrinkle Care လည်းပါ၀င်လို့ နဖူးမှာဖြစ်ပေါ်တတ်တဲ့ အရေးကြောင်း၊ ပါးရေတွန့်ခြင်းနဲ့ မျက်လုံးအောက် အရေးကြောင်းတွေကိုပါ သက်သာစေပါတယ်။
🐷 ဈေးနှုန်းလဲသင့်တင့်ရမယ် Serum ကောင်းကောင်း‌လေးလဲသုံးချင်တယ်ဆိုရင်တော့ Witch Piggy Hell Pore Control Serum လေးကိုသတိရလိုက်ပါနော်.

မှာယူလိုပါက Page Messenger (သို့) 09260313598 ကိုဆက်လို့ရပါတယ်ရှင့်ရန်ကုန်မြို့အတွင်း cash on delivery ရပါတယ်နော်.

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon