May Phoo

May Phoo

Share

Fashion not Money, Fashion is Fashion

27/01/2024

အသိတယောက်ဖုန်းဆက်ပြီး

အရေးပေါ်ငွေလိုလို့ဗျာ

ကျွန်တော့်အိမ်နဲ့ဝင်း ရောင်းမယ်တဲ့

ဟိုယောက်တော့ မင်းသားကဖဲဝိုင်းမှာ

မေးကြည့်တော့ ဖဲရှုံးလို့တဲ့ စာချုပ်ပါခါးကြားထိုးဆော့နေတာ

စဉ်းစားပါအုံး ကိုယ့်လူ ခဏတာစိတ်အပန်းဖြေမှု့ အတွက်တသက်လုံးနေခဲ့တဲ့အိမ်ရောင်းရမှာမို့ဆိုတော့

အကိုမယူရင် သူတို့ကို စျေးလျော့ရောင်းရမှာမို့တဲ့

စာချုပ်ကြည့်တော့လည်းသူ့နာမည်နဲ့

လူကလဲ လူရင်း

ဒါပေမယ့် ဘောင်ဝင်အောင် ရုံးသွားချုပ်ပြီး
ကိုယ်တိုင်ဝယ်ခဲ့တာပေါ့

ဝယ်ပြီးနောက်ရက် ဝင်းရှင်းပြီး သော့အသစ်လဲ ပြန်ပိတ်ထားခဲ့တာပေါ့

မြတ်ရင်ရောင်းမယ်လေ

ဒီလိုနဲ့၃လလောက်ကြာတော့ အသိတယောက်ကို ကိုယ်ဝယ်ထားတဲ့ နေရာလေးလိုက်ပြတော့

၃လအကြာဆို ဝင်းကအမှိုက်သရိုက်နဲ့ရှုတ်ထွေးနေရမှာကို တောက်ပြောင်လို့
သော့ဖွင့်တော့လည်း ဖွင့်မရ

အိမ်ဘေးအမျိုးသမီးရောက်လာတယ်

ဒီဝင်းက ရောင်းလိုက်ပြီတဲ့ အိမ်ရှင်က ခင်ဗျားအပြင်နောက်တယောက်ကိုတဲ့

ကျွန်တော်နည်းနည်း တွေသွားတယ်

ဟိုကောင်စာချုပ်အတုနဲ့ နောက်တယောက်ကိုရောင်းလိုက်ပြီဆိုတာတန်းသိလိုက်တယ်

ရုံးမှာရင်ဆိုင်ရင် ဒါတရားမမှု

နှစ်ချည်ကြာတတ်တာ

ကျွန်တော်ချက်ခြင်း ဒီကောင့်ကိုရှာရတယ်

သူကအမြဲဖဲရိုက်သူဆိုတော့ ငွေအမြဲလိုတာလေ

ငွေတိုးပေးမဲ့သူကို သူအမြဲရှာတယ်

အိမ်ကမိန်းမကိုသူမမြင်ဘူးတာ ကိုယ့်အတွက်

ကောင်းသွားတယ်

မိန်းမကို ငွေတိုးပေးသူအဖြစ်အယောင်ဆောင်
ခိုင်းပြီးနေရာတခုကို

လှမ်းခေါ်ခိုင်းပြီး ဖမ်းရတယ်

ရုံးခေါ်

သူလိမ်ရောင်းခံရတဲ့သူကိုခေါ်

လိမ်ရောင်းခံရကြောင်း ဟိုလူကိုရှင်းပြရတာပေါ့

ဒါတောင်ဟိုလူက တဝက်ဆီခွဲယူကြရအောင်ပြောလို့

နောက်တခါ ထပ်ပြောရင် ခင်ဗျားပါ သူခိုး
လက်ခံအဖြစ် တရားစွဲမှာပြောလို့ငြိမ်သွားတယ်

နောက်တခါဝယ်သူကတော့ လုံးလုံးဆုံး
သွားရဲ့

အနှစ်ချုပ်ကြပါဆို့ ဒါလေးက ကျွန်တော်ကိုယ်တိုင်ခံခဲ့ရတဲ့ ဇာတ်လမ်းလေးပါ

ပြောချင်တာက ဝယ်ပြီးရင် ကိုယ်ဝယ်ထားတာလေး ပတ်ဝန်းကျင်သိအောင်လုပ်ပါ

နယ်ဝေးဆို အမြဲမပြတ်ကြည့်ပေးနိုင်သူထားပါ

ဘောင်ဝင်အောင်စာချုပ်ပါ

ပွဲခမနှမြောပါနဲ့ နားလည်တတ်ကျွမ်းသူပါပါစေ

နောက်ဆုံးအချက်ကတော့ ဖြစ်လာရင်
လည်လည်ဝယ်ဝယ် ဖြေရှင်းတတ်သူကို တိုင်ပင်ပါ အချိန်မဆွဲပါနဲ့

စေတနာဖြင့်သာ

Crd. U Myo Min Thant

22/01/2024

မြောက်ဒဂုံမြို့နယ်ရဲ့ ခေတ်ထနေတဲ့လုပ်စားဈေးကွက်

လွန်ခဲ့သောနှစ်ပတ်ခန့်က မိတ်ဆွေတစ်ဦးမှမြောက်ဒဂုံမှာ မြေနှင့်အိမ်ဝယ်လိုကြောင်း၊ဈေးနှုန်းနှစ်ဘက် ညှိနှိုင်းပြီးပြီမို့စာရွက်စာတမ်းလိုက်စစ်ဆေးပြီး၊
စရံပေးစာချုပ်ချုပ်ပေးပါရန်အလုပ်အပ်သဖြင့်၊သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။

အကျိုးဆောင်မှ ကျွန်တော့်မိတ်ဆွေအားဂရန်အမည်ပေါက်မှရောင်းမည်ဖြစ်ကြောင်းပြောပါတယ်။
ကျွန်တော်နှင့်ကျွန်တော့မိတ်ဆွေတို့အတူ အိမ်ခြံမြေအကျိုးဆောင်၏ရုံးခန်းသို့သွားရောက်ခဲ့ကြပါတယ်။

အကျိုးဆောင်ရဲ့ရုံးခန်းသို့ရောက်သောအခါမြေကွက်ပိုင်ရှင်ဆိုသူနှင့်မိတ်ဆက်ပေးပါတယ်။
ကျွန်တော်မှထိုသူအားစာရွက်မူရင်းများပြသပေးရန်ပြောသောအခါ၊ပိုင်ရှင်ထံတွင်လိုက်ကြည့်နိုင်ကြောင်း
ယခုမိတ္တူသာရှိကြောင်းအရောင်းအဝယ်အတွက် စရန်ချပြီးပါက မူရင်းစာရွက်စာတမ်းအားလိုက်ပြပါမည်ဟုပြောပါတယ်။

ကျွန်တော်မှ ဒါဆိုရင်ခင်ဗျားကပိုင်ရှင်မဟုတ်ဘူးပေါ့လို.မေးတော့

အဆိုပါရောင်းသူမှ သူကဝယ်ထားပြီး တဆင့်ပြန်ရောင်းခြင်းဖြစ်ကြောင်းပြောပါတယ်။

ဒါဆိုခင်ဗျားဝယ်ထားတဲ့စာချုပ်ပြဆိုတော့ မပြဘူးလို့ပြောပါတယ်။
ဒါဆိုခင်ဗျားမှာပိုင်ရှင်ကပေးထားတဲ့ကိုယ်စားလှယ်လွှဲစာရှိလားလို့မေးတော့လည်းမရှိဘူးလို့ပြောပါတယ်။

ရောင်းသူက ပိုင်ရှင်လည်းမဟုတ်၊ပိုင်ရှင်ထံကကိုယ်စားလှယ်လွှဲစာရထားသူလည်းမဟုတ်၊

ပိုင်ရှင်ထံမှဝယ်ယူရန်စရံပေးစာချုပ်ချုပ်ဆိုထားသူလည်းမဟုတ်ပေ ။၎င်းမြေနှင့်ပတ်သက်‌ပြီး ပိုင်ဆိုင်သည့်အထောက်အထားတခုမှမပြသနိုင်ပေ

ထို့ကြောင့်ကျွန်တော့မိတ်ဆွေအား မဝယ်ရန်ပြောသောအခါ၊
ထိုရောင်းချသူမှ သူ့ကိုယုံကြည်နိုင်ပါကြောင်းပြောပါတယ်။

အကျိုးဆောင်မှလည်းသူအာမခံကြောင်း၊
သူအကျိုးဆောင်လုပ်လာတာကြာပြီဖြစ်ကြောင်း၊
လမ်းဘေးပွဲစားမဟုတ်ကြောင်း
ရုံးခန်းနှင့်အခိုင်အမာဆောင်ရွက်နေသူဖြစ်ကြောင်း
ပြဿနာအရှုပ်အရှင်းဖြစ်လာပါက
အကျိုးဆောင်မှ မိမိတာဝန်ယူဖြေရှင်းပေးပါမည်ဟု
အာမခံ‌ ပြောကြားပါသည်။

ကျွန်တော်တို့ရှေနေများအနေဖြင့်စာရွက်စာတမ်းခိုင်မာမူ့၊နှင့်
အလုပ်အပ်နှံသူရဲ့အကျိုးစီးပွားမထိခိုက်စေရန်သာဆောင်ရွက်ပေးပါတယ်။

ထို့ကြောင့်မဝယ်ပေးပဲပြန်ခဲ့ပါတယ်။
ထိုဖြစ်စဉ်မျိုးနှင့်အလားတူကိစ္စများအခုတလော
မကြာခဏကြုံ‌နေရပါသဖြင့်မိတ်ဆွေများသတိထားနိုင်ရန်တင်ပြခြင်းသာဖြစ်ပါတယ်။

မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနေသောအိမ်ခြံမြေအကျိုးဆောင်များ ၊အများအပြားရှိပါတယ်။
၎င်းတို့ကိုမဆိုလိုပါ။

ကျွန်တော်ခန့်မှန်းမိသည်မှာ
ကျွန်တော်တို့ကစရံပေးစာချုပ်ချုပ်မှ ကျွန်တော်တို့စရံပေးသောငွေဖြင့်ပိုင်ရှင်ထံ
စာချုပ်သွားချုပ်ပြီး၊ပိုသောအမြတ်ငွေကိုထုတ်ယူသွားမည့်ပုံဖြစ်ပါတယ်။
အိမ်ကိုင်အကျိုးဆောင်မှဈေးတင်ရောင်းခြင်းပုံစံတမျိုးသာဖြစ်ပြီး
တာဝန်ယူမှု့ တာဝန်ခံမှုမရှိသော အရောင်းအဝယ်သာဖြစ်ပါသည်။

ပြဿနာတစ်စုံတရာပေါ်ပေါက်ပါက ဝယ်ယူသူသာလျှင်နစ်နာမည့် အရောင်းအဝယ်ဖြစ်ပါသည်။
ထို့ကြောင့် မိတ်ဆွေများအမှားကင်းစွာဖြင့်ဝယ်ယူနိုင်ကြပါစေ

လေးစားစွာဖြင့်
Credit : UTO( UTZ Lawfirm )

ရောင်းရန်၊ ဌားရန် အိမ်ခြံမြေများ

17/01/2024

သွေးကျဲ ဓါတ်စာအမြဲစားပါ

သွေးပျစ်ခြင်း ဟာ
မကောင်းဘူး

သွေးကျဲ နေမှပဲ
နေလို့ ထိုင်လို့ ကောင်းတယ်
သွေးပျစ် နေရင်
သွေးတိုး
သွေးကြော ပိတ်
သွေးခဲ
ဆီးချို
ကိုယ်လက်ကိုက်ခဲ လေးလံ
ထိုင်းမှိုင်း စသည်ဖြင့်
ရောဂါ အမျိုးမျိုး
ဖြစ်ဖို့ သိပ်လွယ်တယ်။

ဒါကြောင့်
သွေးကို ခပ်ကျဲကျဲပဲ
ထားရမှာ ဖြစ်တယ်။

သွေးကျဲ
နေဖို့ လိုအပ်တဲ့အတွက်
သွေးပျစ်သူ တွေဟာ
သွေးကျဲဆေး
သောက်နေ ကြရလေ့ရှိတယ်။

အဂ်လိပ်ဆေး ကို
နေ့တိုင်း မသောက်
ချင်ကြတဲ့
သူတွေကတော့
သဘာဝဆေး
ကိုတောင်း ကြပါတယ်။

(အစာလည်း ဆေး-
ဆေးလည်း အစာ)

သဘာဝ အစားအစာ
ထဲက သွေးကျဲအောင်
လုပ်ပေး နိုင်တာကတော့
#နေကြာစေ့ပဲ ဖြစ်ပါတယ်။

နေကြာစေ့က
ဘာကြောင့်
သွေးကျဲ အောင်
လုပ်ပေး နိုင်တာလဲ။

နေကြာစေ့ အဆံထဲမှာ
ဆီတွေ ရှိနေပါတယ်။

အဲဒီ ဆီထဲမှာ
ဗီတာမင် E
အပြည့် ပါပါတယ်။

ဗီတာမင်E
က သွေးကျဲအောင်
အဓိက
လုပ်ပေးတာဖြစ်တယ်။

အနောက် နိုင်ငံက
လူတွေ နှလုံးသွေးကြော
မပိတ်အောင်
ဗီတာမင် Eကို
အဓိက သောက်ကြတယ်။

သွေးကျဲ ဖို့နဲ့
သွေးကြော ထဲမှာ
Block မဖြစ်ဖို့၊
သွေး လည်ပတ်မှု ကောင်းဖို့တွေ အတွက်ဖြစ်တယ်။

#နေကြာစေ့ကို

ရှမ်း လူမျိုးတွေ
အမြဲစား ကြလေ့ရှိတယ်။

ရာသီဥတု
အရမ်း အေးတဲ့
အချိန် မျိုးမှာတောင်
နေကြာစေ့ က
သွေး မပျစ်အောင်
သွေး မခဲအောင်
လုပ် ပေးနိုင်တယ်။

အရင်ခေတ်က
နှလုံးရောဂါ သည်တွေ

သွေးကြော မပိတ်အောင်
သွေးကျဲအောင်
နေကြာစေ့
စားကြ လေ့ရှိပါတယ်။

နေကြာစေ့ စားတာဆိုပေမဲ့
အပူပြင်းပြင်းနဲ့
လှော်ထားတဲ့
နေကြာစေ့ မျိုးတော့မစားနဲ့။

ဘာလို့လဲ ဆိုရင်
ဗီတာမင်E က
အပူပေးတာ များရင်
ပျက်စီးသွား
တတ်လို့ ဖြစ်ပါတယ်။

မီးနဲနဲ နဲ့
လှော်ရင်တော့ မပျက်စီးဘူး။

ကောင်းတာကတော့
နေကြာစေ့
အစိမ်း ဝယ်ပြီး
ကိုယ့်ဟာ ကိုယ်
လှော်စား သင့်တယ်။

အိမ်ကျမှ
မီးပါးပါးနဲ့ ဒယ်အိုးထဲ
ထည့်လှော် စားတယ်။

ချက်ချင်းလှော်
ချက်ချင်းစားတာ သိပ်စား
လိူ့ ကောင်းပါတယ်။

သွေးကျဲဖို့ အတွက်
နေကြာစေ့ ဓါတ်စာအပြင်
ရေများများ
သောက်ဖို့လည်း လိုတယ်။

ရေသောက် နဲရင်
သွေး ပျစ်တယ်
သွေး ချိုတယ်
သွေး ငန်တယ်
သွေး ညစ်တယ်။

ဒါကြောင့်
50Lbကို
ရေတစ်လီတာ
နှုန်း သောက်ရမယ်။

ဥပမာအားဖြင့်
ပေါင်၂၀၀ရှိတဲ့ သူဟာ
နေ့စဉ် ရေ၄ ပုလင်း
အနဲဆုံး သောက်ရမယ်။

ရာသီဥတု ပူရင်
ဒီထက်
ပိုသောက် ဖို့လိုပါတယ်။

သွေးကျဲဖို့ အတွက်
အချဉ်အရသာ၊
ကြက်သွန်ဖြူနီ၊
နနွင်း၊
ကြွက်နားရွက်မှို
တွေ ကိုလည်း
စားပေး ဖို့လိုတယ်။

ဒီလိုNetwork
နဲ့လုပ်သွားရင်
သွေးကျဲပြီး အမြဲ
ကျန်းမာနေပါလိမ့်မယ်။

ရောဂါ ခပ်သိမ်း
ကင်းဝေး ကြပါစေ......

Crd
#ကျန်းမာရေး

17/01/2024

သူ့တန်ဖိုး နှင့်သူ

တစ်ခါက ရွာတစ်ရွာမှာ အဖွားအိုနေသတဲ့။ သူမဟာ မဆင်းရဲလွန်း မချမ်းသာလွန်းသူလေးပေါ့။ တစ်ယောက်တည်း ရပ်တည်နေရှာတယ် ။

သူမပိုင်ဆိုင်တဲ့အရာတွေထဲမှာ အိုး၂ အိုးလည်း ပါတယ် ။ အိုးတစ်လုံးမှာ အက်ကြောင်းရှိနေပြီး နောက်တစ်အိုးကတော့ အကောင်းပကတိအတိုင်းလေးပဲ။ သူမဟာ မနက်ခင်းတိုင်း အိမ်ကနေ အတော်လေးဝေးတဲ့ ချောင်းငယ်စီသွားပြီး ရေအိုးတွေမှာရေဖြည့် ပြန်လာနေကြပေါ့။
ရေအိုးကို လက်တစ်ဖက်တစ်ချက်စီ မပြီး ပြန်လာရှာတယ် ။ အိမ်ရောက်တဲ့အချိန် အက်ကြောင်းဖြစ်နေတဲ့အိုးမှာ အမြဲရေတစ်ဝက်ခန့်သာပါလာပြီး အိုးကောင်းမှာတော့အပြည့်ပါလာစမြဲ။

ဒီတော့ အက်နေတဲ့အိုးလေးက စိတ်မကောင်းစွာနဲ့ပဲ မေးလိုက်တယ် ။
-အို ငါ့သခင်မလေး !သင်ဟာဘာလို့ငါ့ကိုအမြဲရေခပ်ဖို့ခေါ်သွားနေတာလဲ? ငါ့မှာ အက်ကြောင်းကြီးနဲ။သင်ဘယ်လောက်ပဲ ရေအပြည့်ခပ်ခပ် ငါ့ရဲ့အားနည်းချက်ဖြစ်တဲ့ အက်ကြောင်းရာကနေ ရေတွေအပြင်ထွက်ကျတာပဲ။ အိမ်ရောက်ရင် တစ်ဝက်ပဲဖြစ်နေတယ် ။ ဒါပေမယ့် အသင် ငါ့ကိုမပစ်ပဲ ဘာလို့သုံးနေတာလဲ

ဆိုပြီး စိတ်မကောင်းစွာ မေးခွန်းထုတ်လေတော့တယ် ။

အဖွားကလည်းပြုံးရယ်လျက်

- အသင် ရေအိုး ၊ ငါနောက်နေ့ရေခပ်သွားရင်းနဲ့ ပြောပြမယ်
ဆိုပြီး ပြောခဲ့တယ် ။
ဒီလိုနဲ့ နောက်တစ်နေ့နံနက်ခင်းအချိန် ထုံးစံအတိုင်း ရေအိုး၂ လုံးကိုင်ပြီး ရေခပ်သွားလေရော ။

ရေခပ်ပြီးအပြန်လမ်းကြတော့ အက်နေတဲ့ရေအိုးလေးကိုအဖွားက ပြောရှာတယ်

- ကဲ ရေအိုးလေးရေ နင့်အောက်ဖက်ကိုကြည့်လိုက်စမ်းပါ။ ဘာတွေတွေ့သလဲ?

အက်နေတဲ့ရေအိုးလေးကလည်း သိချင်စိတ်ပြင်းပြနေတော့ ချက်ချင်းဆိုသလို အပြန်လျှောက်လမ်းအောက်ကိုကြည့်လိုက်တယ် ။ ခဏတော့သူအံ့ဩသွားတယ် ။ အောက်ဖက်မှာလှပတဲ့ အလေ့ကျပေါက်တဲ့တောရိုင်းအလှပန်းလေးတွေ ဝေဆာနေတယ် ။ သူပထမတော့ နားမလည်သေးဘူး ။ နောက်တော့ အဖွားက

- ဒါဟာ နင့်ကျေးဇူးတွေပါပဲ ။ အက်ကြောင်းကနေ အပြင်ထွက်ကျတဲ့ ရေလေးတွေက ဒီပန်းပင်လေးတွေအတွက်တော့ ရှင်သန်ရာဖြစ်နေတယ် ။ ဒါ့ကြောင့် ငါအပြန်လမ်းတစ်လျှောက်မှာ တောရိုင်းပန်းလေးတွေ ဝေဝေဆာဆာ ပွင့်နေနိုင်ကြတာလေ ။ငါ့အိမ်ရဲ့ ဧည့်ခန်းက ပန်းအိုးထဲကို ဒီပန်းလေးတွေငါအမြဲထည့်တယ် ။ ဒီတော့နင်ဟာ အသုံးမကျတဲ့ အိုးမဟုတ်ဘူး။

ဆိုပြီးရှင်းပြသတဲ့ကွယ် ။

အဲ့နောက်ကနေစပြီး အက်နေတဲ့အိုးလေးကလည်း သူ့ကိုသူ အားငယ်မနေပဲ ပျော်ရွှင်စွာနဲ့အဖွားထံနေသွားသတဲ့။

ဒီပုံပြင်လေးရဲ့ ရည်ရွယ်ချက်ကတော့ လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိပါတယ် ။ အိုးလေးတွေလိုပဲ ရေအပြည့်သယ်နိုင်ပေမယ့် ပန်းပင်လေးတွေကို ရေမပေးနိုင်ခဲ့ဘူး။အက်နေပေမဲ့ ရေတွေအပြင်ထွက်ကျတော့လည်း ပန်းပင်ကလေးတွေအတွက် အားထားရာဖြစ်နေတော့တယ် ။
ကျွန်တော်တို့အားလုံးမှာလည်း သူမတူတဲ့ အားနညျးခကြျတှရျှေိနပေါတယျ ။ အားနည်းချက်လေးတွေကို လက်ခံပြီး ဘဝမှာ အားငယ်စိတ် ၊ သိမ်ငယ်စိတ်တွေကို စွန့်လွှတ်ကာ ရှင်သန်ကြရအောင်လား။ ကျေးဇူးတင်တတ်တဲ့သူက အားနည်းချက်ကိုလည်း ကျေးဇူးတင်ကြမှာပါ။

16/01/2024

စမတ်ကျကျ အရက်သောက်တတ်စေဖို့

🔹လတ်တလောမှာ အရက်ကို မဖြတ်နိုင်သေးဘူးဆိုရင်တောင် ကျန်းမာရေးအတွက် လျှော့သောက်ဖို့ လိုတာပေါ့။ အရက်ကို လျှော့သောက်ရမယ်ဆို ဘယ်လောက်ထိ လျှော့သောက်သင့်သလဲ။ ဘယ်လောက်ပမာဏလောက်ဆိုရင် ကျန်းမာရေးသိပ်မထိခိုက်ဘဲ စမတ်ကျကျ သောက်နိုင်မလဲဆိုပြီး တွက်ချက်ထားတာ ရှိပါတယ်။

🔹ဒါကို ‘ယူနစ်’ လို့ ခေါ်ပါတယ်။ စာတွေဖတ်ရင်ပဲဖြစ်ဖြစ်၊ ဆရာဝန်နဲ့ သွားပြရင်ဖြစ်ဖြစ် ‘အရက်လျှော့သောက်၊ တစ်ရက်ကို __ယူနစ်ထက် မပိုစေနဲ့။’ လို့ ပြောတာ ကြားဖူးမှာပါ။ အဲ့မှာပြောတဲ့ ယူနစ်ဆိုတာက ဘယ်လောက်လဲ။ ၁ခွက်လား၊ ၁ပုလင်းလား၊ ၁ပိုင်းလား။ အရက်တစ်ခုနဲ့ တစ်ခုရော ယူနစ်တွက်ပုံချင်း တူသလား။

🔹ဆေးပညာရှင်တွေရဲ့ အကြံပြုချက်ကတော့
အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် တစ်ပတ်ကို ၁၄ယူနစ်ထက် ပိုမသောက်သင့်ဘူးလို့ ဆိုပါတယ်။

🔹၁၄ယူနစ်သောက်လို့ ရတယ်ဆိုပြီး တစ်ရက်တည်းနဲ့ ၁၄ယူနစ်လုံးလုံး မော့လိုက်လို့လည်း မဖြစ်ပြန်ပါဘူး။ အနည်းဆုံး ၃ရက်လောက်တော့ မျှပြီး သောက်သင့်ပါတယ်။

🔹ဒါက သောက်တတ်သူတွေ အလွန်အကျွံ မဖြစ်အောင် ထိန်းထားတာ ဖြစ်ပြီး ဒီထက်လျှော့သောက်နိုင်ရင် ကောင်းပါတယ်။ မသောက်တတ်သေးရင်လည်း အစလုပ်ပြီး မသောက်ဖို့ လိုပါတယ်။

🔹ဒါဆိုရင် အရက်ယူနစ်အကြောင်း ဆက်ပြောရအောင်။ အရက်တစ်ယူနစ်ဆိုတာ အရက်သီးသန့် ၁၀ မီလီလီတာ ဒါမှမဟုတ် ၈ ဂရမ်နဲ့ ညီပါတယ်။ ဒီပမာဏကို အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ချေဖျက်ဖို့ တစ်နာရီလောက် အချိန်ယူရပါတယ်။

🔹သီအိုရီအရဆိုရင်တော့ တစ်ယူနစ်သောက်ပြီး ၁နာရီကြာတဲ့အခါ သွေးထဲမှာ အရက်ရဲ့ အာနိသင် မရှိသ‌လောက်ဖြစ်နေပါပြီ။ ဒါပေမဲ့ ဒါက တစ်‌ယောက်နဲ့ တစ်ယောက်တော့ အနည်းငယ်ကွာခြားပါတယ်။

🔹အရက်ယူနစ်ကို တွက်တဲ့အခါ ပါဝင်တဲ့ အရက်ပမာဏ၊ အရက်ပြင်းအားပေါ် မူတည်ပြီး အရက်အမျိုးအစား တစ်ခုနဲ့ တစ်ခု ကွာသွားပါတယ်။
ဥပမာ ၁၄ ယူနစ်ချင်းတူပေမယ့် ဘီယာဆို ၆ ပိုင့် ဖြစ်ပြီး ဝိုင်ဆိုရင်တော့ ဝိုင်ခွက်အသေး ၁၀ ခွက်စာနဲ့ ညီမျှပါတယ်။

🔹ဒါဆိုရင် ကိုယ်သောက်တဲ့ အရက်က ဘယ်နှယူနစ်လဲဆိုတာ ဘယ်လိုတွက်ကြမလဲ။
အရင်ဆုံး ပုလင်းမှာရှိတဲ့ alcohol by volume (ABV) ကို ရှာပါ။ ဒါကို ABV ဒါမှမဟုတ် vol ဒါမှမဟုတ် alcohol volနဲ့ ပြထားတတ်ပါတယ်။
ဥပမာ ပုလင်းမှာ 12% ABVလို့ ပြထားတယ်ဆိုရင် ဒီပုလင်းရဲ့ ၁၂%က အရက်သီးသန့်လို့ ဆိုလိုတာပါ။
ပုလင်းမှာ ဘယ်နှယူနစ်ပါလဲဆိုတာကို သိချင်ရင် ABVနဲ့ ပုလင်းမှာပါတဲ့ မီလီလီတာနဲ့ကို မြှောက်၊ ၁၀၀၀ နဲ့ စားရပါတယ်။
🔹၇၅၀ မီလီလီတာ ပါတဲ့ ဝိုင်တစ်လုံးမှာ ABV 13.5%ပါတယ် ဆိုပါစို့။
13.5 (%) x 750 (ml) ÷ 1000 = 10 ယူနစ်
အဲ့မှာမှ ကိုယ်က ဒီနေ့ ပုလင်း တစ်ဝက်လောက် သောက်လိုက်တယ်ဆိုရင် ၅ ယူနစ်၊ တစ်လုံးလုံး သောက်မိတယ်ဆိုရင် ၁၀ ယူနစ် ဒီလိုမျိုးတွက်လို့ ရပါတယ်။

➡️ အောက်မှာ အရက်အမျိုးအစားနဲ့ ယူနစ်တွေကို ဗဟုသုတအဖြစ် ပြောပြပေးပါမယ်။

♦️ဂျင်၊ ရမ်၊ ‌ဗော့ကာ၊ ဝီစကီ၊ တက်ခီလာမှာ ABV 40%လောက်ပါတတ်ပြီး 25ml တစ်ခွက်ကို ၁ယူနစ်ပါ။

♦️ ABV 12%ပါတဲ့ ဝိုင်က
ခွက်သေး 125mlဆိုရင်တော့ ၁.၅ယူနစ်ဖြစ်ပါတယ်။
ပုံမှန်ခွက် 175mlဆိုရင်တော့ ၂.၁ယူနစ်
ခွက်ကြီး 250mlဆိုရင် ၃ယူနစ်ပါ။

♦️ဘီယာမှာ
ABV 5%နဲ့ 330mlပုလင်းဆိုရင် ၁.၇ယူနစ်
ABV 5.5%နဲ့ 440ml သံဗူးဆိုရင် ၂.၄ယူနစ်
ABV 3.6% တစ်ပိုင့်ဆိုရင် ၂ယူနစ်
ABV 5.2% တစ်ပိုင့်ဆိုရင် ၃ယူနစ်

🔹ဒါတွေကတော့ အသောက်များတဲ့ အရက်အမျိုးအစားတွေရဲ့ ပြင်းအားနဲ့ ယူနစ်တွေပါ။ ကိုယ်သောက်ခါနီးရင် ကိုယ့်ဟာကိုယ် ပြန်တွက်ကြည့်တာ ပိုကောင်းပါတယ်။ တွက်နည်းကလည်း လွယ်ပါတယ်။

🔹အရက်ယူနစ်ဘယ်လိုတွက်ရလဲဆိုတာကို သိသွားပြီဆိုရင်တော့ ကျန်းမာရေး သိပ်မထိဘဲ စမတ်ကျကျ အရက်သောက်လို့ ရပြီပေါ့။ ဒါပေမဲ့ ကိုယ့်လစ်မစ်ကိုယ်တော့ အသိဆုံးမလား။ ဒါ့ပြင် တစ်ပတ်ကို ၁၄ယူနစ် မကျော်အောင် ထိန်းသောက်ဖို့၊ တတ်နိုင်သမျှ လျှော့သောက်ဖို့၊ နောက်ဆုံး အရက်ဖြတ်ဖို့ ထပ်ပြီး အကြံပြုချင်ပါတယ်။

Dr Htet Htet Zaw Win

28/11/2023
01/09/2023

လိမ်နည်းတွေကတော့ အများကြီးရှိပါတယ် ဒါပေမယ့် အခုကတော့
ခုတလောလိမ်တဲ့ နည်းမို့
မိတ်ဆွေများသတိထားမိစေရန်ဖော်ပြပေးလ်ိုက်ပါတယ်။

လူမှုကွန်ယက်ပေါ်ကဖတ်မိပြန်တဲ့စာ....

မရီတယောက် သိန်း ၅၀၀တန် အိမ်ဝင်းရောင်းတာကို
ဝယ်သူက စျေးတောင်မဆစ်ဘူး တန်လွန်းလို့ထင်ရဲ့သိန်း (၁၀၀)စရံရိုက်သွားရဲ့စာချုပ်ပါ ကန့်သတ်ချက်တော့ရှိတယ်။မရောင်းဖြစ်ရင် ရောင်းသူက သိန်း (၃၀၀)ပြန်လျော်ဝယ်သူမဝယ်ဖြစ်ရင် စရံဆုံးပေါ့။အဆင်ကိုပြေလို့။

ဒါပေမယ့် ကြားဖြတ် အစီစဉ်မှာ မရီတယောက် လောဘဇောတက်ပြီလေ။နောက်ဝယ်လက်က အမရဲ့ ဝင်းကို ၁၀၀၀ပေးမယ် သူ့ကိုရောင်းပါတဲ့စရံ၁၀၀ပေးမယ်တဲ့။

မရီတွေးပြီလေ သူပေးတဲ့ ၁၀၀ ရယ် ဟိုအရင်လူ ပေးတဲ့၁၀၀ရယ် သူ့ရှိတဲ့၁၀၀ရယ် ပေါင်းပြီးပထမလူကို ၃၀၀ပြန်လျော်လိုက်တယ်။မရီ ၁၀၀စိုက်လိုက်ရတယ်။

ကိစ္စမရှိ ဒုတိယလူဆီက နောက်ထပ် ၉၀၀ရမယ်ပေါ့ဆိုတော့ သူ ၈၀၀ ရမယ်ပေါ့။မူရင်း၅၀၀ထက် ၃၀၀ပိုရမယ်ပေါ့အဆင်ကိုပြေလို့ သူ့အတွေးနဲ့သူ။

ရက်ကြာတော့ ဒုတိယလူက စရံအဆုံးခံပြီးကျန်ငွေ ၉၀၀ မချေတော့ဘူး။ကဲဗျာစာရင်းချုပ်တော့ မရီ ၁၀၀ပြုတ်ပြီ။ပြုတ်မှာပေါ့ ဟို၂ယောက်ကတဖွဲ့ထဲလေ။

တချို့လိမ်လည်သူတွေက သိပ်ပညာပါရင် ဘာပုဒ်မမှ တတ်မရဘူးနော်။ဘောင်ထဲကလိမ်ရင် သိပ်ကြောက်စရာကောင်းတာဖြစ်စဉ်က ဘယ်သူ့ကိုမှ တရားစွဲမရပါ။လောဘကြောင့် မှားတတ်ကြောင်းသတိပြုစရာပါ။
ကူးယူဖော်ပြပါသည်။

10/07/2023

ငါလည်းသိမ်းထားအုံးမှ😍

ရန်ကုန်မှာ Bus ကားစီးမယ်ဆိုရင် 🚌🚎

မင်္ဂလာစျေးကို ရောက်တဲ့ နံပါတ်တွေ
၃၊ ၇၊ ၈၊ ၂၅၊ ၂၇၊ ၃၃

ယုဇနပလာဇာကို ရောက်တဲ့နံပါတ်တွေ
၃၊ ၉၊ ၂၀၊ ၂၅၊ ၂၇၊ ၃၃

အောင်မင်္ဂလာအဝေးပြေးဝင်း ကိုရောက်တဲ့နံပါတ်တွေ
၂၊ ၁၇၊ ၁၈

ပါရမီလမ်းကိုရောက်တဲ့နံပါတ်တွေ
၁၀၊ ၁၂၊ ၁၈၊ ၃၂

ပါရမီကိုရောက်တဲ့နံပါတ်
၃၀

နတ်မောက်လမ်းကို ရောက်တဲ့နံပါတ်


မြေနီကုန်းကိုရောက်တဲ့နံပါတ်တွေ
၁၁၊ ၂၀၊ ၂၁၊ ၃၅၊ ၃၇၊ ၃၉

လှည်းတန်းကိုရောက်တဲ့နံပါတ်တွေ
၂၁၊ ၃၅၊ ၃၇၊ ၃၉

ယာဉ်လိုင်း အမှတ် ၁ မှ ၆၀ အောက်ပါခရီးစဉ်လမ်းကြောင်းများပေါ်ရောက်ရှိနိုင်သော ယာဉ်လိုင်း အမှတ်များဖြစ်ပါတယ်။ ယာဉ်အမှတ် ဆုံပွိုင့်များဟာ ယာဉ်လိုင်းအမှတ်တစ်ခုမှအခြားတစ်ခုသို့ပြောင်းစီးနိုင်မယ့် transit point များဖြစ်ပါတယ်။

လှည်းကူးဈေးရှေ့ 1,45
တာဆုံ 1,43,44
ဒရယ်ဖို 1
ပေါက်ကုန်း 1
ရဲမွန် 1
စီအိုတီ 1
ဇရပ်ကွင်း(တာဆုံ) 1
အင်းတိုင် 1
တရုတ်ကုန်း 1
သနပ်ပင် 1,51
သင်္ဃန်းကျွန်း 1
ရွာသာကြီး(စီးပွားရေးတက္ကသိုလ်) 1,46
တောင်မြောက်လမ်းဆုံ 1,2,3,6,7,24,25,46,60
စံပြဈေး 1,1,3,6,7,24
ဇဝန 1,7,10,18,24,32
သုမင်္ဂလာ 1
ရတနာလမ်း(သင်္ဃန်းကျွန်း) 1,14,26,27,42,60
မြင်သာ(ကညန) 1
ယုဇန(ခိုင်ရွှေဝါလမ်း) 2
ပြည်ထောင်စုလမ်း 2,7,15,24,25,26,27,29,30
လှော်ကားလမ်း 2,6,7,42,43,44
မောင်းမကန်လမ်း 2,3,6
အမှတ်(၂)လမ်း 2,46,60
ဗိုလ်မှူးဗထူးလမ်း 2
မြောက်ဥက္ကလာပအဝိုင်း 2,10,15,16,19,28,32,36
ခေမာသီလမ်း 2,15
ဆေးတက္ကသိုလ်(၂) 2
မြောက်ဥက္ကလာပဆေးရုံ 2
သုဓမ္မာလမ်း 2,8,10,15,18,19,36,42
၆ကွေ့ 2,16,17,18,19
အောင်မင်္ဂလာအဝေးပြေးကွင်း 2
ယုဇနဥယျာဉ်မြို့တော် 3,4
ပဲခူးမြစ်လမ်း 3,4,5
ဧရာဝဏ်လမ်း 3,4,8,9,32
စည်ပင်လမ်း 3,6
လေးထောင့်ကန်လမ်း 3,18,24,32
အရှေ့မြင်းပြိုင်ကွင်းလမ်း 3,18,26,27
တာမွေအဝိုင်း 3,12,14,20,26,27,29,59
ဗညားဒလလမ်း 3,20,27,33
ယုဇနပလာဇာ 3,9,20,25,27,33
မင်္ဂလာဈေး 3,7,8,25,27,33
ကျိုက္ကဆံလမ်း 3,9,18,25,27,33
ကွေ့မ 4
ရတနာလမ်း(ဒဂုံဆိပ်ကမ်း) 4,5
တိုင်းရင်းသားကျေးရွာ 4,5
သံလျင်တံတားချဉ်းကပ်လမ်း 4,42
သာကေတအဝိုင်း 4,32,33,42
ကျောက်တိုင် 4,5,9,9,10,32,33
မင်းနန္ဒာလမ်း 4,5,8,9,10,33
မဟာဗန္ဓုလတံတား 4,31,34
အနော်ရထာလမ်း 4,5,7,31,54,58
ဆူးလေ 4,7,12,29,36
ရိုးမရိပ်သာ 5
၈၉လမ်းဆုံ 5
ယုဇနဥယျာဉ် 5
ကျွန်းရွှေဝါလမ်း 5
ရွှေလီလမ်း 5
သာကေတ(အဝိုင်း) 5,8,34
စက်ဆန်းတံတား 5
ညောင်တန်း 5
ဗိုလ်တစ်ထောင်ဘုရားလမ်း 5,24,26,31,34,56,58
ဗိုလ်ချုပ်အောင်ဆန်းလမ်း 5,56
အောင်မြင့်မိုရ် 6
သံသုမာလမ်း 6,9,14,18,24,25,26,27,29,32,38,42,60
ဘေလီ 6,12,14,18,26,27,29,30,32
ချော်တွင်းကုန်း 6,10
နဝဒေး 6,10,15,16,19,28,36
၈မိုင်လမ်းဆုံ 6,15,16,19,30,35,37
ကျိုက်ဝိုင်းဘုရားလမ်း 6
မင်းဓမ္မလမ်း 6
စော်ဘွားကြီးကုန်း 6,11,37,41
ပြည်လမ်း 6,35,37,41,43
၁၀မိုင်ကုန်း 6,37
၉မိုင် 6
တောင်ဒဂုံ(၇၀/၇၂)ရပ်ကွက် 7
ရတနာပုံလမ်း 7
ကျန်စစ်သားလမ်း 7,29,30,53,54
ဘုန်းကြီးကျောင်းကွေ့ 7
ကုန်တိုက် 7
စက်မှုဇုံ 7
တာမွေ(ဗလီ) 7,25
သိမ်ဖြူ 7,20,20
မဟာဗန္ဓုလလမ်း 7,21,34,35,37,39,42,57
အင်းဝ အိမ်ရာ 8
၇ဈေးလမ်း 8
မြင်တော်သာလမ်း 8,34
ယမုံနာလမ်း 8,31
သာကတေတံတား 8,9
နတ်မောက်လမ်း 8
ဦးထောင်ဘိုလမ်း 8,11
ရွှေတိဂုံဘုရားလမ်း 8,11
ဇီဝကလမ်း 8,11
တိုင်းရင်းသား နည်းပညာတက္ကသိုလ် 9
ဒေါပုံ 9,33
ရွေဗဟို 9
သမိန်ဗရမ်းလမ်း 9,18,25,26,59
ကြက်ဘဲဈေး 9,18,24,25,26
သုဝဏ္ဏတံတား 9,10,24,32
တိုင်းရင်းသားကျေးရွာ 10
ရှုခင်းသာမြို့ပါတ်လမ်း 10,31,42
၅ကွေ့ 10
ဇင်ဂမလမ်း 10
အသင်းတိုက် 10,18,24
သုမင်္ဂလာလမ်း 10,32
ပါရမီလမ်း 10,12,18,32
ဗိုလ်မှုးဗထူးလမ်း 10,27,28
ဒဂုံတက္ကသိုလ် 10,27
ခရေရိပ်မွန်အိမ်ရာ 11
ခရေပင်လမ်းခွဲ 11,17,35,37,42,44
အင်းစိန်ပန်းခြံ 11,15,21,22,41
ဗဟိုလမ်း 11,22
ရွာမကျောင်းလမ်း 11,22
လှည်းတန်းခိုင်ရွှေဝါ 11,22
ဟံသာဝတီလမ်း 11
အထက်ကြည့်မြင့်တိုင်လမ်း 11,22,41
ဗားကရာလမ်း 11,20,59
မြေနီကုန်း 11,20,21,35,37,39
ဓမ္မစေတီလမ်း 11,59
လင့်လမ်း 11,20
အနောက်ရွှေဂုံတိုင်လမ်း 11
သွေးဆေးကန်လမ်း 11
ဦးဝိစာရလမ်း 11,27
(၅၀)ကွေ့ 12,15
၄၆လမ်းဆုံ 12
(၇/၈)လမ်းဆုံ 12,25
မဝတလမ်းဆုံ 12
နန္ဒဝန်ဈေး 12
သစ္စာလမ်း 12,29,38
မိုးကောင်းလမ်း 12,14,26,27,38
ကံဘဲ့လမ်း 12,29
ရန်ကင်းလမ်း 12,14,29,38
ဂွတ္တလစ်ဈေးကွေ့ 12
ရွှေဂုံတိုင်လမ်း 12,59
ရွှေဂုံတိုင် 12,20,29
ရန်ကုန်ဘူတာကြီး 12,28,29,36
ဒဂုံမြောက်(ဘုရင့်နောင်လမ်းဆုံ) 14
ဘုရင့်နောင်လမ်း 14,15,19,20,23,38,42
ပင်လုံလမ်း 14,26,29
ဦးချစ်မောင်လမ်း 14
ရန်ကင်းစင်တာ 14
ရန်ရှင်းလမ်း 14,38
စက်မှု(၁)လမ်း 14,38
ကမ္ဘာအေးဘုရားလမ်း 14,28,29,30,36,38
ကုက္ကိုင်း 14,38
တက္ကသိုလ်ရိပ်သာလမ်း 14,38
လှည်းတန်းလမ်း 14,30,38
ဆင်မလိုက် 14,19,20,23,38,40
ကြည့်မြင့်တိုင်ကမ်းနားလမ်း 14,59
သခင်မြပန်းခြံ 14,19,22,23,30,40,41,56,57
ရာဇာသင်္ကြန်လမ်း 15
ကြိုးတံတား 15
သမိုင်းလမ်းဆုံ 15,19,21,39
ဘုရင့်နောင်လမ်းဆုံ 15,19
ပေါက်တောဝ 15,22,40
ဘီအိုစီ 15,39
YTU 15,21,39
ရွှေပေါက်ကံ(တောင်ငူလမ်း) 16
ကျောက်လမ်း 16
ဘုရင့်နောင်တံတား 16,20,23
ပုသိမ်လမ်း 16,23,54
သမကုန်း 16,22
ဒဂုံဧရာအဝေးပြေးဝင်း 16
ရွှေပေါက်ကံ 17,19
(ဆင်ဖုံ) 17,19
အောင်မင်္ဂလာအဝေးပြေး 17,18
ဒညင်းကုန်းလမ်းဆုံ 17,40,42
ရွှေပြည်သာတံတား 17,21
ပေါက်တန်းအဝိုင်း 17
သမကုန်းအဝိုင်း 17,20,23
အနောက်ပိုင်းနည်းပညာတက္ကသိုလ် 17,23
ခရေရိပ်မွန် 18
အမှတ်(၃)လမ်းဆုံ 18,32,35,36,42
ဘုန်းကြီးလမ်း 18,32,35,37,39,42
ဝေဇယန္တာလမ်း 18,32
သီရိမင်္ဂလာဈေးသစ် 19,20,23,38,40
စံပြငါးဈေး 19,20,23,40
TBဆေးရုံ 20
ဒဂုံဧရာအဝေးပြေး 20
ဘီအိုစီအဝိုင်း 20,23
တာမွေလမ်း 20,27
မြရာကုန်းလမ်း 20
မြန်မာ့ဂုဏ်ရည်လမ်း 20
အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်) 21,22
ပေါက်ကုန်းအဝိုင်း 21,22
၁၄လမ်းဆုံ 21,40
ဒညင်းကုန်း 21,39,44
အောက်မင်္ဂလာဒုံလမ်း 21
ပြည်တော်သာ 21,40
မင်းကြီးလမ်း 21
လှည်းတန်း 21,35,37,39
စံပြ 21,37,39
ကမ်းနားလမ်း 21,23,24,26,34,35,37,39,40,56,57,58
မော်တင် 21,35,37,39
ရိုးကြီး/ရိုးလေး 22
မီးခွက်ဈေး 22,52
အောင်ဇေယျတံတား 22
အနောက်ကြို့ကုန်း 22
ဟံသာဝတီ 22
စလင်းကွင်း 22
ဗားကရာ 22
အနောက်ပိုင်းဆေးရုံ 22
အလုံလျှပ်စစ်ရုံး 22
ဂျမခန်နာ 22
(တူးချောင်း) 23
ကျန်စစ်သားလမ်း 24
တပင်ရွှေထီးလမ်း 24
အထက်ပုဇွန်တောင်လမ်း 24,26
ပုဇွန်တောင်ဈေး 24,26
မဟာဗန္ဓုလတံတားအောက် 24,26
ရာဇဓိရာဇ်လမ်း 24,26
ဒဂုံတက္ကသိုလ် 25,26,28,29,30
မင်းရဲကျော်စွာလမ်း 25,26,27,29,30
ငမိုးရိပ်တံတား 25
ရွှေဗဟိုရ် 25
အောင်ဇေယျလမ်း 26,60
စိတ်ကျန်းမာရေး 27
၁၃၃ရပ်ကွက် 27
ဗဟန်း(၃)လမ်း 28,36
ဆူးလေမြို့တော်ခန်းမ 28
ဂွတ္တလစ်ဈေး 29
ပါရမီ 30
ညောင်ပင် 30
ကြည့်မြင့်တိုင် 30
သန်လျင်(အရှေ့ပိုင်းတက္ကသိုလ်) 31
သန်လျင်ကျောက်တန်းလမ်း 31
သန်လျင်အမှတ်(၁)တံတား 31,32,33,34
ဗိုလ်တစ်ထောင်ဈေးလမ်း 31
ကုန်သည်လမ်း 31,56
ရေကြောင်းတက္ကသိုလ် 32
ဘုရားလမ်းဆုံ 32
သန်လျင်(မြို့မဈေး) 32
ဗိုလ်ချုပ်နေဝင်းလမ်း 32
ခရေရိပ်မွန်အိမ်ရာ 32
ကျောက်တန်း 33
ကျောက်တန်း(သန်လျင်လမ်း) 33
ခရမ်း 34
သုံးခြ 34
အရှေ့ပိုင်းတက္ကသိုလ် 34
သန်လျင်ကျောက်တန်း လမ်း 34
သိမ်ဖြူလမ်း 34
ထောက်ကြန့် 35,36,37,41
နွယ်ခွေ 35,36
အမှတ်(၃)လမ်းပုလဲမြို့သစ် 35
အမှတ်(၃)လမ်း 36
ပုလဲမြို့သစ် 36
ဘေလီ 38
တောင်ဥက္ကလာဘုရား 38
ရွှေပြည်သာ(လိန်ကုန်း) 39,40,42
အမှတ်(၄)လမ်း 39,43,44
ကွန်ပြူတာတက္ကသိုလ် 39
ပြည်တော်သာ(အောက်လမ်း) 39
ထန်းခြောက်ပင် 40,42
ပုလဲလမ်း 40
ဘုရင့်နောင်လမ်းမကြီး 40
ဘုရင့်နောင် 40
လမ်းသစ်လမ်း 41
လှည်တန်းလမ်း 41
၃ထောင်ကွေ့ 41
အောက်ကြည့်မြင့်တိုင်လမ်း 41,59
ရွှေပြည်သာကွေ့ 42
ကမာကြည်လမ်း 42
လိန်ကုန်း 43,44
မှော်ဘီဈေးရှေ့ 43
ထောက်ကြန့် 44,55
ရန်ကုန်ပဲခူးလမ်း 44
လှည်းကူးဈေးရှေ့ 44
ဖောင်ကြီးလမ်း 45
ဖောင်ကြီး 45
မင်းကုန်း 45
ဒါးပိန် 46
လှိုင်သာယာ ဘီအိုစီ 47,49
တွံတေးကြိုးတံတား 47,49
တွံတေးမြို့ 47
ဘုရားငုတ်တို 47,48,49,50
ကံဘဲ့ 47,49,50
တွံတေး 47,48
ဒလ 48,50
ကော့မှူး 49,50
ကွမ်းခြံကုန်း 49,50
ပဲခူး 51
ခရမ်း 51
ထန်းတစ်ပင် 52
ရန်ကုန်ပုသိမ်လမ်း 52
ရန်ကုန်ညောင်တုန်းလမ်း 52
ရွှေလင်ဗန်းလမ်းဆုံ 53
ညောင်တုန်းလမ်း 53,54
ဗိုလ်အောင်ကျော်လမ်း 53,54,54
ရွှေလင်ဗန်းလမ်းဆုံ 53
၈၆ဂိတ် 54
ရွှေရင်အေးလမ်း 54,54
အောက်ထိပ် 54
၈၆ဂိတ် 54
တိုက်ကြီး 55
ဥက်ကံ 55
မြောင်းတကာ 55
မှောဘီနည်းပညာတက္ကသိုလ် 55
မှော်ဘီ 55
သခင်မြပန်းခြံ 56,57
ဗိုလ်တစ်ထောင် 57
ဘုရားလမ်း 57
ဗိုလ်တစ်ထောင်ဘုရား(ကမ်းနားလမ်း) 58
ဗိုလ်တစ်ထောင်ဘုရား 58
သင်္ဃန်းကျွန်းစံပြဈေး 59
သံသုမာ 59
ကြက်ဘဲစျေး 59
အာသောကလမ်း 59
ရွှေဂုံတိုင်ဂုံးကျော်တံတား 59
ရွှေဂုံလမ်း 59
သခင်မြပန်းခြံလမ်း 59
နှင်းဆီကုန်းလမ်း 59
တောင်ဒဂုံ 60
သာကေတဧရာဝဏ် 60
ပြည်ထောင်စုလမ်းဆုံ 60
ပြည်ထောင်စုလမ်းမကြီး 60
သင်္ဃန်းကျွန်းစံပြစျေး 60
ကျောက်ကုန်း 60

credit-Khin Maung Ko

10/07/2023

စိတ်ပူကြပြန်ပြီ…..
မေးကြပြန်ပြီ……။
အဲ့သည့်တော့လည်း ဖြေရပြန်ပါပြီ…….။

ဟုတ်ပါတယ်။
ခု ရက်ပိုင်း
ကလေးတွေ ဖျားကြပါတယ်။
ဖျားတဲ့ ကလေး အတော်များများ က
Bronchitis ဆိုတဲ့ လေပြွန်ရောင်တာ ပါ
ဖြစ်နေကြပါတယ်။

ရောဂါ ပုံစံ ကတော့
ကိုယ် ပူ ပါမယ်။
အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက် ကျော်ထိ
တက်နိုင်ပါတယ်။
ကိုယ် စ ပူပြီး သုံးရက် ဝန်းကျင် လောက်ထိ ပါပဲ။
နောက်ပိုင်း ရက်တွေ မှာတော့
ကိုယ်ပူတာ ဖြစ်လိုက် ကောင်းလိုက် ဆက်ရှိနေပေမယ့်
အပူကြီးတာ မျိုး မရှိတော့ဘဲ
အပူချိန် ၁၀၀ ကနေ ၁၀၁ ဒီဂရီ ဖာရင်ဟိုက် လောက် ထိ တော့ တက်ပါမယ်။
၇-၈ ရက် လောက်ထိ ကြာနိုင်ပါတယ်။

ချောင်းဆိုး ပါမယ်။
ချောင်းဆိုး တဲ့ အချိန် ဆက်တိုက် ဆိုးတာမျိုး ဖြစ်ပါမယ်။
မျက်လုံး ပြူး၊ လျှာထွက် တဲ့ ထိ ချောင်းဆိုး ပါမယ်။
လည်ချောင်းယားသလို၊
လည်ချောင်းခြစ်ခြစ် ဆိုးတာမျိုး ဖြစ်ပါမယ်။
(တကယ်တော့ မယားပါဘူး။)

နုံးခွေပါမယ်။
ငြိမ်သွားပါမယ်။
ဂျီကျပါမယ်။
စိတ်တိုတာ၊ စိတ်ဆိုးတာ၊ စိတ်အလိုမကျတာတွေ ဖြစ်ပါမယ်။
အစား သေချာ မစားတော့ပါဘူး။

အခြား လက္ခဏာတွေ
အနည်း အများ ရှိနိုင်သေးပေမယ့်
အဓိက လက္ခဏာ ကတော့
အဲ့သည့် လက္ခဏာတွေ ပါ။

ရောဂါ အကြောင်း
အခြေခံ သိထားရင် ကောင်းပါတယ်။

Bronchitis ဆိုတာ လေပြွန်ရောင် တာပါ။
အတိအကျ ပြောရရင်
လေပြွန် ရဲ့ အတွင်း နံရံတွေ ရောင်ပြီး ဖောင်းကြွ လာတာပါ။
အဲ့သည်တော့ လေပြွန် ထဲ ကို
လေ အဝင်အထွက် လုပ်ရမယ့် လမ်းကြောင်း
ကျဉ်း လာတာပေါ့။
(ပုံ ကို ကြည့်ရင် သိမှာပါ။)
အဲ့လို ကျဉ်းနေတဲ့ လေပြွန် လမ်းကြောင်း ထဲ
လေဝင် အောင် ပို အားစိုက် ပြီး ရှူသွင်း လို့ ရပေမယ့်
အဆုတ် ထဲ က လေဟောင်း တွေ ပြန်ထုတ် ဖို့ ကတော့
ကိုယ်ခန္ဓာ ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ
ချောင်းဆိုးပြီး ထုတ် ရပါတယ်။

အသက်ရှူ လမ်းကြောင်း စနစ် တစ်ခုလုံး က
သူ့ အထဲ မှာ လက်ခံ လို့ မရတဲ့ အရာ မှန်သမျှ ကို
ချောင်းဆိုးခြင်း အားဖြင့် ပြန်ထုတ်ပါတယ်။
ဒါကြောင့် တစ်ခုခု စားရင်း သောက်ရင်း သီးသွားရင်
အသက်ရှူ လမ်းကြောင်းထဲ ရောက် သွားလို့
ချောင်းဆိုး ရင် ပြန်ထွက်လာတာမျို ကြုံဖူး ကြမှာပါ။

အဆုတ် ထဲ မှာ ရှိနေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ် ပါ လေဟောင်းတွေ
အပြင် ကို ထွက်သွား ပြီးမှ
အောက်ဆီဂျင် ပါ လေသစ်တွေ
အဆုတ်ထဲ ပြန် ဝင် လာလို့ ရမှာပါ။
အဆုတ် ထဲ က
လေဟောင်းတွေ မထွက်ဘဲ ခံ နေသရွေ့
အဆုတ် ထဲ ကို
လေသစ် မဝင် နိုင်လို့
တဖြည်းဖြည်း အောက်ဆီဂျင် ရရှိမှု နည်းလာမှာပါ။

ပြောချင်တာ က
လေပြွန် ကျဉ်းနေတဲ့ အချိန်၊ ပိတ်နေတဲ့ အချိန် မျိုး မှာ
ချောင်းဆိုးတယ် ဆိုတဲ့ ဖြစ်စဉ် က
လိုအပ် လို့
ခန္ဓာကိုယ် က တုံ့ပြန်ပြုလုပ်တဲ့
ဇီဝကမ္မ ဖြစ်စဉ် ပါ။
အဲ့သည်လို အချိန်အခါ အခြေအနေမျိုး မှာ
ချောင်းဆိုးရပ်အောင် ချောင်းမဆိုးနိုင်အောင်
လုပ်လိုက်ရင်
အသက်ရှူ ရ ခက်တဲ့ ပြဿနာမျိုး၊
အောက်ဆီဂျင် ကျ သွားတဲ့ ပြဿနာမျိုး ဖြစ်နိုင်ပါတယ်။

အဓိက က
လေပြွန် ပြန်ကျယ်စေ၊ ပွင့်စေတဲ့ ဆေး နဲ့
လေပြွန် ရောင်တာ လျော့စေတဲ့ ဆေး၊
ကျဉ်းနေ တဲ့ လေပြွန်ထဲ မှာ ချွဲတွေ ပစ်ခဲ သွားလို့
ချွဲ ပျော်စေတဲ့ ဆေး၊
အဲ့ဒါတွေ သောက်တန်သောက် ရှူတန် ရှူ
လုပ်ဖို့ လိုအပ်ပါတယ်။
သောက်ပြီး ရှူပြီး ရင်
လေပြွန် ခဏ ပြန်ကျယ် သွားတဲ့ အတွက်
ပျော်ကျ လာတဲ့ ချွဲတွေ ကို အန် ထုတ် တတ်ပါတယ်။
အဲ့ဒါ အန်ထွက်တာ ဟာ
ကောင်းတဲ့ လက္ခဏာ ပါ။
စိုးရိမ် စရာ မဟုတ်ပါဘူး။
သတိထား ကြည့်ပါ။
အဲ့လို ချွဲတွေ အန်ထွက်ပြီးတဲ့ အချိန်
ချောင်းဆိုးတာ သိသိသာသာ လျော့သွားပါလိမ့်မယ်။
လေပြွန် ကျဉ်းပြီး ပိတ်နေတဲ့ ချွဲတွေ ထွက်သွားလို့ပါ။

အဲ့လို မှ မဟုတ်ဘဲ
ချောင်းဆိုးနေရင် ကို
စိတ်မချမ်းသာဘဲ စိုးရိမ် စိတ်ပူပြီး
ချောင်းမဆိုးအောင် ထိန်းချုပ်တဲ့
ချောင်းဆိုးရပ်အောင် လုပ်တဲ့ ဆေးမျိုး တိုက်မိရင်တော့
အသက်ရှူရ ခက်တာ၊ အောက်ဆီဂျင် ကျတာ ဖြစ်နိုင်ပြီး
အသက် အန္တရာယ် ပါ ရှိနိုင်ပါတယ်။

ခု ကြားနေ သိနေကြတဲ့
ဆေးရုံရောက်သွားပြီး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်ရတာ
ရောဂါ ရဲ့ ပြင်းထန်မှု ကြောင့် ဆိုတာထက်
အဲ့သည့် နောက်ဆက်တွဲ ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့်
မှန်ကန် သင့်လျော်တဲ့
ကုသမှု နဲ့ စီမံမှု ရရင်
Bronchitis ဆိုတဲ့ လေပြွန်ရောင်တာ
အုတ်အော်သောင်းနင်း
စိုးရိမ်စရာ တစ်ခုတော့ မဟုတ်ပါဘူး။

တစ်ယောက်ဆီကနေ တစ်ယောက်
အလွယ်တကူ အလျင်အမြန် ကူးစက်နိုင်တာ ဖြစ်လို့
လူအများ ကြား နေထိုင် သွားလာရတဲ့ ကိစ္စတွေ
တစ်ပတ် နှစ်ပတ် လောက် ရှောင်နိုင် ရင်တော့ ကောင်းပါမယ်။

အဓိက သတိပေးချင်တာ
ချောင်းဆိုးနေလို့ ဆိုပြီး
ကြုံရာ ရရာ ချောင်းဆိုးပျောက်ဆေး တွေ
အလွယ်တကူ မတိုက်မိဖို့ပါ။
အထူးသဖြင့်
ခုလို လေပြွန်ရောင် လေပြွန်ပိတ် တဲ့
အခြေအနေမျိုး မှာ
ဆေးပုလင်းပေါ် မှာ၊ ဆေးကဒ်ပေါ် မှာ
"Dextromethorphan" ဆိုတာ ပါရင်
(လုံးဝ) မတိုက်သင့် မသောက်သင့် ပါဘူး။ ။

(Bronchitis လေပြွန်ရောင်တာ ရဲ့ နောက်ဆက်တွဲ အဖြစ်
အဆုတ်ရောင်တာ အဆုတ်ခဲတာ ဖြစ်လာ နိုင်ပေမယ့်
Bronchiolitis ဆိုတဲ့ လေပြွန်မွှာလေးတွေ ရောင်တာ နဲ့တော့
မတူ ပါဘူး။
Bronchiolitis ဆိုတဲ့ လေပြွန်မွှာလေးတွေ ရောင်တာ က
အသက် နှစ်နှစ် အောက် ကလေးတွေ မှာပဲ ဖြစ်လေ့ ရှိပြီး
အသင် တစ်နှစ် အောက် မှာပဲ အဖြစ်များပါတယ်။
အသက် ၆ လ အောက်မှာတော့
အသက် အန္တရာယ် ရှိတဲ့ အထိ ပြင်းထန်တတ်ပါတယ်။
သိ နားလည်မှု ရောထွေးနေမှာ စိုးလို့ပါ။)

မေတ္တာဖြင့်
ဒေါက်တာ ခန့်ဝင်း

Graphic Credit: study.com

Home | GPTZero 10/06/2023

ChatGPT ကို Assignment တွေရေးခိုင်းချင်တယ်

ဒါပေမယ့် plagiarism လဲ မမိချင်ဘူးဆိုတဲ့သူများ

ဒီနည်းကို ကျနော်ပြောတယ်လို့

ဘယ်သူကိုမှ ပြန်မပြောရဘူးနော် 🤫

ChatGPT နဲ့ရေးထားတဲ့ စာတွေကို ဆရာမတွေက

ဘာနဲ့စစ်လို့ရလဲဆိုတော့ GPTzero ဆိုတဲ့

tools နဲ့စစ်လို့ရတယ် 🔗 https://gptzero.me

ဒီတော့ ကိုယ် generate လုပ်ထားတဲ့ text တွေကို

လူမမိချင်ရင် အဲ့ထဲမှာသွားပြီိး စစ်ကြည့်

Ai generate text လို့ ပြောနေသေးရင်

⭐️ပထမဆုံးအဆင့်အနေနဲ့

https://www.paraphraser.io ကိုသွား

ChatGPT က ရလာတဲ့စာတွေကို paraphrase လုပ်

ပြီးရင် copy ကူးလာခဲ့

⭐️ နောက်တစ်ဆင့်အနေနဲ့ https://quillbot.com

ကိုသွား ခုဏက copy ကူးလာတာကို ထပ်ပြီး

Paraphrase ထပ်လုပ် 😬

ဒါပြီးရင် GPTZero မှာပြန်သွားစမ်းကြည့်

Ai Generated လို့ပေါ်နေသေးရင်

ပထမ အဆင့်ကနေ နောက်တစ်ကြော့ပြန်သွား 🤘🏻

နောက်ဆုံးမှာ “your text is likely to be written entirely by a human “

ဆိုတဲ့ result ရလာပါလိမ့်မယ်

ပညာကိုတော့ တတ်အောင်သင်ခဲ့ပါ

စာကိုတော့ ChatGPT ကိုပေးရေးလိုက်ပါ😁

Hope this is helpful 🙏🏻
thelapyae

Home | GPTZero The World's #1 AI Content Detector with over 1 Million Users

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

12/4A, Thiri 7 Street, 2nd Quarter, Hlaing
Yangon