Revive Bag Spa By Thida Lwin

Revive Bag Spa By Thida Lwin

Share

Bring your beloved bags back to life and in some instances, they will look as good as new

Revive Bags Spa မှ ရရှိသော Service တွေကတော့

👜 Treatment Spa ( အိတ်အတွင်းအပြင် အခြောက်လျှော်ပေးပြီး Leather Treatment နှင့် Leather ကာလာတွေ အရောင်မကျစေရန် UV Protection ပြုလုပ်ပေးခြင်း)

👜 Recoloring ( အိတ်တွေ ဆေးကွက်တာ ဒေါင့်တွေပွန်းတာ၊ အရောင်မှိန်တာတွေအတွက် အရောင်ပြန်တင်ပေးခြင်း)

👜 Repairing ( အိတ်တွေကြိုးပျက်ခြင်း၊ ဇစ်ပျက်ခြင်း၊ ပေါက်ပြဲခြင်း စတဲ့ အမျိုးမျိုးသော ပျက်စီးမှုများအား ပြန်လည်ပြင်ဆင

19/08/2026

"Original အတိုင်းပဲ အရမ်းကြိုက်တယ်... နောက်ထပ်လည်း ထပ်အပ်ဦးမယ်နော်!" 🥹✨

Revive ကို အားပေးခဲ့ကြတဲ့ ချစ်ရတဲ့ Customer မမတွေဆီက ရရှိလိုက်တဲ့ ဒီလို ကျေနပ်ပီတိ Review စာလေးတွေဟာ Revive Bag Spa အဖွဲ့သားတွေအတွက် အကြီးမားဆုံး ခွန်အားပါပဲရှင်... 💖

"ကြာကြာမသုံးဘဲ ထားလို့ အရောင်မှိန်ပြီး ကြာနွမ်းနေတဲ့ Bonia အိတ်လေးတွေကအစ၊ LV အိတ် အရောင်ပြန်တင် သန့်ရှင်းတာနဲ့ Bag Liner လေးတွေ အပ်တာအထိ..."အသစ်အတိုင်း ပြန်ဖြစ်သွားပြီ" ဆိုတဲ့ စကားသံလေးတွေက -

✅ အနုစိတ် ဖန်တီးပေးရတဲ့ Technician တွေအတွက် ဝမ်းသာခွန်အား ဖြစ်ရသလို

✅ နောက်ထပ် အိတ်အပ်ဖို့ စိုးရိမ်နေတဲ့ မမတွေအတွက်လည်း အကောင်းဆုံး သက်သေပါပဲ

Lady Boss တို့ရဲ့ တန်ဖိုးကြီး Luxury Bag လေးတွေကို အရောင်မကျသွားဘဲ နဂို Original အတိုင်း သန့်ရှင်းသပ်ရပ်နေအောင် ပြုပြင်ထိန်းသိမ်းချင်တယ်ဆိုရင် Revive Bag Spa ကို အရောက်လှမ်းခဲ့ လိုက်ပါနော် ရှင်။

📩 Message Box ကနေ အိတ်ရဲ့ အခြေအနေပုံလေး ပို့ပြီး အသေးစိတ် လာရောက် တိုင်ပင်နိုင်ပါတယ်ရှင့်။

📞 Call Center - +959-779-779-809

16/08/2026

Luxury အိတ်တွေကို ပုံမှန် Spa လုပ်ပေးတာဟာ မကုန်သင့်တာ မကုန်ရအောင် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ 👜

အိတ်တွေကို Bag Spa ပုံမှန်အပ်ခြင်းဖြင့် -

💰 ရေရှည်မှာ ငွေကုန်သက်သာစေတယ်

အိတ်တွေမှာ မှိုတက်တာ၊ သားရေခြောက်ပြီး ကွဲအက်တာ၊ အရောင်လွင့်တာတွေကို ကြိုတင်ကာကွယ်နိုင်တာမို့ အိတ်တစ်လုံးလုံး ပျက်စီးသွားပြီး တစ်အိတ်လုံး ပြန်ပြုပြင်ဖို့ လိုတာ၊ ပြန်ပြင်မရတော့လို့ လွှင့်ပစ်ရမယ့် အခြေအနေမျိုးတွေကနေ ကာကွယ်ပေးပါတယ်။

💰 တန်ဖိုးကို ထိန်းထားပေးတယ်

Spa လုပ်ခြင်းက နေ့စဉ်သုံးရင်း စွန်းထင်ကျန်ခဲ့တဲ့ ဂျီးတွေ၊ မိတ်ကပ်အစွန်းအထင်းတွေကိုပါ စနစ်တကျ သန့်စင်ပေးနိုင်ပြီး Leather တွေကို နူးညံ့တောက်ပြောင်နေစေပါတယ်။ ဒါကြောင့် နောင်တစ်ချိန်မှာ ပြန်ရောင်းချချင်ရင်တောင် Condition ကောင်းမွန်နေတဲ့အတွက် ဈေးတန်းတစ်ခု ပြန်လည်ရရှိမှာဖြစ်ပါတယ်ရှင်…

ညီမတို့ Revive မှာဆိုရင် Founder အမသီတာလွင် ကိုယ်တိုင် စနစ်တကျ training ပေးထားတဲ့ Well-trained Staff တွေကိုယ်တိုင်က Brand တစ်ခုချင်းစီကို သီးသန့်ကိုင်တွယ်ပြီး Bag Spa Treatment ပြုလုပ်ပေးနေပါပြီနော်…

မမတို့ရဲ့ တန်ဖိုးကြီး Luxury အိတ်တွေကို Luxury Bag Spa လုပ်ဖို့ လိုအပ်လာပြီဆိုရင်တော့ Revive Bag Spa ကိုသာ သတိရလိုက်ပါရှင် ✨

Disclaimer: No Copyright infringement. Product photos are for Repairing Service purposes only. We do not own the trademark of the product. All rights and credits go to the rightful owner.

15/08/2026

မှိုတက်နေတဲ့ အိတ်လေးတွေအတွက် Revive Bag Spa ✨

မိုးရာသီရဲ့ မိုးအရမ်းရွာတဲ့ ကာလတွေမှာ လူတွေ ဖျားနာကြသလို အိတ်လေးတွေကလည်း စိုစွတ်တဲ့ ရာသီဥတုကြောင့် မှိုတက်တာက ဖြစ်လေ့ရှိတဲ့ အရာတစ်ခုပါပဲနော်။

မမတို့ရဲ့ အိတ်လေးမှာ မှိုပြဿနာ ဖြစ်လာပြီဆိုရင် အရင်ဆုံး Leather အကြောင်း နားလည်တဲ့သူ (ဒါမှမဟုတ်) Bag Spa တစ်ခုခုကို အိတ်ရဲ့ အခြေအနေကို ပြပြီး ဆွေးနွေးသင့်ပါတယ်။

ကိုယ်တိုင် ဖယ်ရှားဖို့ လုပ်မိမယ်ဆိုရင်တော့ မကျွမ်းကျင်တာအပြင် သုံးရမယ့် ဆေးတွေ ရှိမနေတာကြောင့် အိတ်ရဲ့ Leather တွေကို ထိခိုက်စေနိုင်လို့ပါ။

အိတ်လေးမှာ မှိုတွေ/တခြားသော ထိခိုက်မှုတွေအတွက် အိတ်အခြေအနေကို Revive Bag Spa ရဲ့ Chat Box မှာ ပုံလေးတွေပြပြီး ဆွေးနွေးနိုင်ပါတယ်နော်။

ညီမတို့ရဲ့ Founder အမသီတာ ကိုယ်တိုင် Well-Trained ပေးထားတဲ့ Professional Staff တွေက ၆ နှစ်တာ အတွေ့အကြုံတွေနဲ့အတူ မမတို့ရဲ့ အိတ်လေးတွေကို အသစ်နီးပါး ဖြစ်အောင် ပြန်လည် ပြုပြင်ပေးနေတာမို့ အိတ်လေးမှာ Error တွေ ရှိနေပြီဆိုရင် ညီမတို့ရဲ့ Revive Bag Spa ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်🥰💼

Call Center Number
09-779 779 809

13/08/2026

မိုးရွာလို့ ရေစိုမှာ၊ စွန်းထင်းမှာ မစိုးရိမ်ရတော့ဘူး❗

Luxury အိတ်နဲ့ ဖိနပ်တွေအတွက် 365 ရက်လုံး အပြည့်အဝ အကာအကွယ် ✨

Lady Boss တို့ရဲ့ အချစ်ဆုံး သားရေအိတ်နဲ့ ဖိနပ်တွေကို နေ့စဉ် အပြင်ထွက်ရင် ဖုန်ကပ်တာ၊ မိုးရေစိုတာ၊ ကော်ဖီ/အစားအသောက် စွန်းတာနဲ့ နေရောင်ကြောင့် အရောင်မှိန်မှာ စိုးရိမ်နေရပါသလားရှင့်။

အချစ်တော်အိတ်လေးတွေကို အသစ်အတိုင်း သက်တမ်းရှည်ရှည် တောက်ပြောင်နေစေဖို့ Revive Bag Spa မှာ ကမ္ဘာ့နာမည်ကြီး Brand တွေဖြစ်တဲ့ Collonil Carbon Pro, Collonil Waterstop နဲ့ Shucare Nano Water Proofer ဘူးလေးတွေ အဆင်သင့် ရှိနေပါပြီနော်။

🛡 ဘာကြောင့် ဆောင်ထားသင့်တာလဲဆိုတော့ -

✅All-in-One Protection

ရေစိုတာ၊ မိုးရေစိမ့်တာ၊ အရည်/အစားအသောက် စွန်းထင်းတာနဲ့ ဖုန်ကပ်တာတွေကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။

✅UV Protection

နေရောင်ကြောင့် သားရေ အရောင်မှိန်မသွားအောင်လဲ ထိန်းပေးပါတယ်ရှင့်။

✅Material Safe

သားရေရဲ့ မူလ အရောင်နဲ့ နူးညံ့မှုကို လုံးဝ မထိခိုက်ဘဲ ငြင်သာစွာ ကာကွယ်ပေးပါတယ် ရှင်။

ဈေးကြီးပေးဝယ်ထားရတဲ့ အချစ်တော်လေးတွေ မိုးရာသီမှာရော တစ်နှစ်ပတ်လုံးပါ မပျက်စီးရအောင် Water Proofer ဘူးလေးတွေကို Revive မှာ အခုပဲ မှာယူလိုက်တော့နော် 😉

Call Center Number
09-779 779 809

13/08/2026

ဒီတစ်ပတ်မှာတော့ Revive ရဲ့ Taste Buddies Group ကနေ လက်စွမ်းပြချက်ပြုတ်သွားတာပဲ ဖြစ်ပါတယ်ရှင်။ 😋🍲

12/08/2026

Dauk Pin လေးတွေပြင်လို့ ရလားဆိုပြီး မေးထားတဲ့ မမတို့ အတွက် 💗✨

Call Center Number
09-779 779 809

08/08/2026

Luxury Bag လေးတွေရဲ့ Value မကျရအောင် ရှောင်သင့်တဲ့ Care Mistakes (၃) ခုနဲ့ မှန်ကန်တဲ့ ထိန်းသိမ်းနည်းများ✨

Call Center Number
09-779 779 809

08/08/2026

(၄) ကြိမ်မြောက် မရမ်းချောင်း မေတ္တာပရဟိတဂေဟာ လစဉ်အလှူတော် မှတ်တမ်း ✨

Revive Bag Spa နှင့် The Bag Queen ကို အမြဲယုံကြည်အားပေးနေကြတဲ့ Customer များတစ်ဦးချင်းစီရဲ့ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုတွေကြောင့် ယခုလို (၄) ကြိမ်မြောက် မရမ်းချောင်း မေတ္တာပရဟိတဂေဟာရှိ အဘိုးအဘွား (၁၃၃) ဦးနှင့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့ဝင်များ စုစုပေါင်း (၁၅၀) ဦးအတွက် လစဉ်နေ့ဆွမ်း/အာဟာရဒါနကို စေတနာအပြည့်ဖြင့် ဆက်လက်လှူဒါန်းနိုင်ခဲ့ပါတယ်ရှင့်။

ဒီအလှူဟာ Revive Bag Spa နှင့် The Bag Queen တို့တင် မဟုတ်ဘဲ၊ ညီမတို့ကို ရွေးချယ်ယုံကြည်ပေးတဲ့ Customer များအားလုံးနဲ့အတူ ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုလေးတစ်ခုလည်း ဖြစ်ပါတယ်။

ယုံကြည်အားပေးမှုတိုင်းအတွက် အထူးကျေးဇူးတင်ရှိပြီး ဤပြုသမျှ ကုသိုလ်အစုစုတို့ကို Customer များအားလုံးနှင့် ထပ်တူထပ်မျှ မျှဝေကာ မုဒိတာပွားများနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏✨

Call Center Number
09-779 779 809

Photos from Revive Bag Spa By Thida Lwin's post 01/08/2026

✨အသစ်ပြန်ရလိုက်သလိုပဲ... မှတ်တောင် မမှတ်မိတော့ဘူး✨

ချစ်ရတဲ့ Customer တွေဆီက ရရှိတဲ့ ဒီလို Review စာလေးတွေဟာ Revive Bag Spa ရဲ့ စိတ်ဓာတ်ခွန်အားပါပဲရှင် ❤️

👜 တန်ဖိုးကြီးLuxury အိတ်လေးတွေ အရောင်မှိန်သွားတာပဲဖြစ်ဖြစ်၊ ကြိုးနဲ့ အစိတ်အပိုင်းလေးတွေ ယိုယွင်း ပျက်စီးသွားတာပဲဖြစ်ဖြစ် စိတ်မညစ်ပါနဲ့တော့နော်။

"အသစ်အတိုင်း ပြန်ဖြစ်သွားတယ်" ဆိုတဲ့ မမတို့ရဲ့ ကျေနပ်ပီတိစကားသံလေးတွေကပဲ ညီမတို့ရဲ့ လက်ရာနဲ့ အနုစိတ်ဖန်တီးမှုကို သက်သေပြနေတာပါ ရှင်🧡

Lady Bossတို့ရဲ့ တန်ဖိုးကြီး Luxury Bag လေးတွေကို အသစ်အတိုင်း ပြန်လည်လန်းဆန်းသွားအောင် ပြုပြင်ထိန်းသိမ်းချင်တယ်ဆိုရင်တော့ Revive Bag Spa ကို သတိရလိုက်ပါနော်။

📩 Message Box ကနေ အသေးစိတ် လာရောက်စုံစမ်းနိုင်ပါတယ်ရှင့်။

Call Center Number
09-779 779 809

31/07/2026

ကိုယ့်ရဲ့ အိတ်လေးကို ကိုယ်တိုင်တောင် မသိဘဲ Error တွေ ဖန်တီးနေမိပြီလား?👜

Call Center Number:
📞 09-779 779 809

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No.25, Room 305, Lift 3, Beside Shwe Moe Store II, Damazadi Road, Yuzana Business Tower, In Front Of Happy Zone ( People Park )
Yangon
11111

Opening Hours

Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 16:30
Sunday 09:00 - 16:30