Beauty Info's by Lara
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty Info's by Lara, Yangon.
11/12/2025
ပန်းနုချစ်နှုတ်ခမ်းလေးဖြစ်ဖို့အတွက်
Elle Lip Repair Serum Review 🌸
ဒီ lip serum ကို Lara try ကြည့်ပြီး ကြိုက်လွန်းလို့
review ပေးချင်တာ ကြာလှပြီ..😁 ခုမှပဲ ရေးဖြစ်တော့တယ်
နှုတ်ခမ်းနီအမျိုးမျိုး စမ်းသုံးရတော့ နှုတ်ခမ်းက
sensitive ဖြစ်ပြီး ခြောက်လာတာ...
ဒါကြောင့် ညဘက်တွေမှာ ဒီ lip serum ကို သေချာလေး
ဆိုးပေးဖြစ်နေတယ်...
မနက်ကျ နှုတ်ခမ်းက ပုံမှန်အတိုင်းဖြစ်ပြီး
သက်သာသွားရော...
သူက အကြည်ရောင် Serum လိုလေးကိုမှ ဆိုးလိုက်ရင်
ပန်းရောင်လေးသန်းသွားတာမျိုး...☺️
ပျက်သွားရင်လဲ နှုတ်ခမ်းကပန်းနုရောင်လေး တစ်ထပ်ကျန်ခဲ့သေးတယ်
အနံ့ကကျ သခွားမွှေးသီးအနံ့လိုလို ဖရဲသီးအနံ့လိုလို
ချိုမြတဲ့အနံ့လေး🩷
Aloe Vera , Pentavitin , Collagen တို့ပါဝင်တာမို့
နှုတ်ခမ်းသားမကြာခဏခြောက်တဲ့သူတွေ၊ ညိုတဲ့သူတွေအတွက် recommend ပေးပါတယ်...
ညဘက် lip care အနေနဲ့သုံးလို့ရသလို နေ့ဘက်မှာလဲ
အလှဆိုးလို့ရပါတယ်နော်🥰
See u next review …🥰
07/12/2025
Giveaway Winner ပါနော်...😍
Lara ကို လိပ်စာလေး လာပြောပေးနော်
‘My Favorite Color Ever!’🧡
Bella Let’s Kiss Fantasy ....
04/12/2025
Dreamio က အသစ်ထွက်ထားတဲ့ Tropio Fiber and Prebiotic Dietary Supplement လေး 💚
Packaging မှာတင်ကြွေဆင်း 🥹
Lara try ကြည့်နေတာတော့ကြာပြီ ...
Review လေး မကြာမှီလာမည်နော်….
Product အသစ်ထွက်တိုင်း သတိတရနဲ့ ပို့ပေးလို့ ကျေးဇူးပါရှင့် ❤️❤️❤️
03/12/2025
အသားခြောက်တတ်ရင် သုံးကိုသုံးသင့်တဲ့
Fraijour Pro Moisture B5 - Hyalu Ampoule 💦
ရာသီဥတုအပြောင်းအလဲကြောင့် အသားခြောက်သလိုဖြစ်လာလို့ Lara အခုမနက်ရော ညပါ ဒီ Ampoule ကိုဆက်တိုက်သုံးဖြစ်ကြည့်နေတယ်.....
ဒီ Ampoule ရဲ့ Main Ingredients တွေက
💦 အသားအရေကို deep hydration ဖြစ်စေတဲ့ 9 layers of
Hyaluronic acid
💦 Skin Barrier ပိုကောင်းလာစေတဲ့ Pro-Vitamin B5
💦 အသားအရေကို တင်းရင်းပြီး Plump ဖြစ်စေတဲ့
Adenosine တွေ ပါဝင်တယ်....
Texture က ပုံမှန် Serum တွေထက် ပျစ်တဲ့ဘက်ကို
သွားပေမဲ့ heavy တော့ ဖြစ်မနေဘူး...
စိမ့်ဝင်ဖို့အတွက် 30 seconds လောက်တော့
အချိန်ပေးရမယ်...
လိမ်းထားတဲ့အချိန်မှာ မျက်နှာကပိုတင်းရင်းပြီး
စိုအိသွားတာတွေ့ရတယ်...
Lara က အရင်ကဆို ရာသီဥတု နည်းနည်းအေးတာနဲ့
အသားခြောက်ပြီး အဖတ်တွေလန်လို့
Foundation လိမ်းရအဆင်မပြေတော့ဘူး ...
အခုတော့ ဒီကောင်လေးကြောင့် အိုကေမှာစိုပြေနေရော☺️
Hydration နဲ့ Skin Barrier အတွက် အဓိက
ထုတ်ထားတာမို့လို့ အရေးကြောင်းတွေအတွက်
သိပ်ပြီး မျှော်လင့်လို့တော့မရဘူး....
Dry Skin နဲ့ Dehydrated Skin တွေအတွက် အဓိက Recommend ပေးချင်တယ်...
အသားခြောက်တဲ့သူတွေကိုလေ Skincare steps တွေကို Upgrade လုပ်တဲ့အနေနဲ့ ဒါလေးထည့်သုံးဖို့ Lara အကြံပေးချင်ပါတယ်...🥰
Toner ပြီး နောက်တဆင့်မှာ လိမ်းလို့ရပါတယ်...
Serum နဲ့တွဲသုံးလို့လဲရသလို မသုံးလဲရပါတယ်...
Fraijour ရဲ့ Ampoule 3 မျိုးလုံး Lara ဆီမှာတော့
ရောက်နေပြီ...ကျန်တဲ့ 2 မျိုးလဲ သေချာသုံးကြည့်ပြီး ဆက်လာမယ်နော်...
EOS K Beauty Shop မှာ မေးဝယ်လို့ရပါတယ်
သိချင်တာရှိရင် comment မှာမေးခဲ့ပါနော်…
See u next review…🥰
02/12/2025
လက်ဆောင်ယူပါနော်....❤️
(၂)လလောက်ပျောက်ပြီးသကာလ ပြန်လာပါပြီ😅
နောက်ရက်ကျ Review တွေ ပုံမှန်အတိုင်းဆက်တင်သွားပါမယ်နော်
Good Luck 🍀
05/10/2025
စသုံးမိလိုက်ကတည်းက ဒီကောင်တော့ ငါနေ့တိုင်းသုံးဖြစ်တော့မယ်ဆိုတာ သေချာနေခဲ့တယ်...
❤️ Bella Advanced Anti - Aging
Skin Firming Facial Foam Review ❤️
Creamy type foam အမျိုးအစားဖြစ်တဲ့အတွက်
မျက်နှာပေါ်မှာ နူးနူးညံ့ညံ့လေးနဲ့ သစ်လို့ ကောင်းတယ်...
တော်ရုံအဆီနဲ့ အညစ်အကြေးလောက်ကတော့
သေချာပြောင်စင်တာ တွေ့ရတယ် ...
သစ်ပြီးသွားရင်လဲ အသားအရေက ခြောက်ပြီး
ကြမ်းကျန်ခဲ့တာမျိုးမဟုတ်ပဲ Soft ဖြစ်ပြီး
တင်းတင်းရင်းရင်းလေး ဖြစ်သွားတယ်...
နဂိုထက် မျက်နှာလေးက လင်းသွားလို့ သုံးပြီးတိုင်း ကျေနပ်ရတယ်...
အနံ့လေးကလဲ မွှေးမွှေး သင်းသင်းလေးမို့
သုံးရအဆင်ပြေတယ်...
Ingredients အနေနဲ့ Hyaluronic Acid + Collagen Complex ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ HYALLAGEN technology နဲ့ထုတ်ထားတာမို့ အရေးကြောင်းတွေ သက်သာစေဖို့
တထောင့်တနေရာကနေ ကူညီပေးနိုင်တယ်...
Niacinamide လဲပါလို့ အသားညီပြီး ကြည်လင်လာဖို့ မျှော်လင့်လို့ရတယ်...
သူ့မှာတော့ Retinal မပါတာမို့နေ့ရောညပါသုံးလို့ရပါတယ်...
ခြုံပြောရရင် Facial Foam တစ်ခုရဲ့ စံနှုန်းနဲ့ ညီတာမို့
Retinal Series ကြီးတစ်ခုလုံး မသုံးချင်တောင်
ဒီ Foam လေးကိုတော့ သုံးကြည့်စေချင်တာအမှန်..
See u next review …🥰
04/10/2025
သီတင်းကျွတ်အမှီလက်ဆောင်လေးတွေအတွက်
ကျေးဇူးပါ Shwe Wa Lonee - ရွှေဝလုံး ရေ 🌼🟡
မုန့်လေးတွေအတွက်လဲ ကျေးဇူးပါရှင့် 🧡
ရွှေဝလုံးက ပို့ပေးလိုက်တာနဲ့
ခေါင်းလျှော်ရည်ရော ပေါင်းဆေးရော
ကုန်တော့မှာနဲ့အတော်ပဲ ဖြစ်သွားတယ်...😁
#ရွှေဝလုံး
03/10/2025
ကဲ... အမျိုးသမီးလေးတို့ အတွင်းရော အပြင်ပါလှစေဖို့
Lara အခုသုံးဖြစ်နေတဲ့ သဘာဝပစ္စည်းလေး(၂)မျိုးကို
Sharing လုပ်ပေးမယ်!!!✅
မြန်မာ့ Local Brand စစ်စစ်တစ်ခုဖြစ်တဲ့ @ပုလဲသူ ကနေ ထုတ်ထားပြီးတော့ လုံးဝ 100% natural ingredients တွေကပဲ သုံးထားတာဆိုတော့ စိတ်ချလက်ချ အသုံးပြုဖြစ်တယ်..
ဒါလေးက ဝယ်လို့ရမဲ့ page link လေးပါ...
https://www.facebook.com/share/1CyftQ5BhJ/?mibextid=wwXIfr
အသေးစိတ်ဘာအတွက်သုံးလဲဆိုတာ ပုံအောက်
ဆက်ဖတ်ကြည့်ကြမယ်နော်!!!🌸
#ပုလဲသူ
#ကျန်းမာရေးယို
#မန်ကျည်းScrub
30/09/2025
Skin Texture ကို ရေဓာတ်ဖြည့်ပေးပြီး ချောမွေ့စေမဲ့
🌼 Frankly BETAINE 10 Serum Review 🌼
ဘူးရဲ့ pakaging ၊
အရောင်နဲ့ 🌼
သူ့ရဲ့ lightweight ဖြစ်လွန်းတဲ့
Texture က မသုံးသုံးချင်လာအောင်
ဆွဲဆောင်လွန်းနေလို့
တစ်ဘူးလုံးကုန်အောင် သုံးလိုက်ပြီ ✌️
Lara အတွက်တော့ ပထမ 14 ရက်လောက်မှာတင်
Skin smooth ဖြစိတာကို သိသိသာသာတွေ့လာရတယ်
ဘာမှမလိမ်းပဲတောင် skin က ကြည်လင်ပြီး
မိတ်ကပ်လိမ်းရင်လဲ အရင်ထက် skin texture
ပိုညက်လာတယ်...
ရေလိုပဲ ကျဲတယ် ...လိမ်းလိုက်တာနဲ့ အသားအရေက
အိပြီး ရေဓာတ်ပြည့်သွားတဲ့ feeling မျိုးရတယ်...
မစေးကပ်ဘူး...စိမ့်ဝင်တာ လွယ်တယ်...
လိမ်းရတာ ဝန်လေးတဲ့ ခံစားချက်မျိုး လုံးဝမရလို့
နေ့ရော ညပါ သူ့ပဲ လိမ်းဖြစ်တယ်...
ကြိုက်လွန်းလို့ ကုန်သွားတာတောင် နှမြောမိတယ်🌼
Skin ကို calm and soothe ဖြစ်စေတဲ့ Betaine 10% နဲ့ brighten ဖြစ်စေတဲ့ Niacinamide 2 % က main ingredients အနေနဲ့ပါတယ်..
ကျန်တဲ့ ingredients တွေကလဲ hydration ပေးတာ
တွေပါတယ်...
Dull skin တွေအတွက် result ပြတာ မြန်မဲ့ Serum လို့
Lara ပြောချင်တယ်...
All skin types သုံးလို့ရတယ်...
အထူးသဖြင့် Sensitive and Dry skin သမားတွေအတွက်
ပို recommend ပေးပါတယ် ....
Frankly Myanmar မှာ မေးဝယ်လို့ ရပါတယ်...
See u next review ….😍
19/09/2025
ဦးရေပြားက အဆီပြန်တယ်...ဆံပင်ကျတော့
ခြောက်နေပြန်ရော...😔
အဲ့လိုမျိုး ပြဿနာအတွက် ဦးရေပြားနဲ့ ဆံသားကို
ပြန်လည်ကျန်းမာသန်စွမ်းအောင် အားဖြည့်ပေးမဲ့
Mirror Nourishing Shampoo : Review 💦
ပထမဆုံးကြိုက်တဲ့အချက်က သူ့ရဲ့ အနံ့လေးပဲ သိလား🌸
အနံ့လေးက luxury ဆန်တဲ့ ခပ်မွှေးမွှေးအနံ့လေးကွာ...
လျှော်ပြီးနောက်ရက်တွေထိ ဆံပင်လေးက မွှေးနေရောပဲ☺️
Ingredients တွေအနေနဲ့ .....
KAO SOFCARE
PRO VITAMIN B5
WHEAT PROTEIN
PROPYLENE GLYCOL တို့ပါဝင်တယ်...
သူတို့တွေက ဦးရေပြားကို ကျန်းမာစေပြီးတော့ ဆံသားခြောက်တာ၊ အဖျားနှစ်ခွဖြစ်တာနဲ့ ဆံပင်ကျွတ်တာကိုလဲ သက်သာစေတယ်...
ဆံသားမှာ လိုအပ်နေတဲ့ ရေဓာတ်ကို ဖြည့်ပေးတဲ့အတွက်ကြောင့် တောက်ပြောင်ချောမွေ့ပြီး နူးညံ့တဲ့ ဆံသားဖြစ်စေတယ်...
Lara လျှော်ကြည့်တဲ့အချိန်မှာ အမြှုပ်လေးတွေက gentle ဖြစ်ပေမဲ့ ဆံပင်အဆီပြန်နေတာကို တော်တော်လေးသန့်စင်ပေးနိုင်တယ်...
ဦးရေပြားက လုံးဝသန့်သွားသလို ခံစားရတယ်...
အမြှုပ်ထွက်အားလဲ အရမ်းကောင်းတော့ လျှော်ရတာ အမြှုပ်လေးတွေနဲ့ ဇိမ်ပဲ..😁
Lara က ချွတ်ထားတဲ့ဆံပင်မို့ အရမ်းတော့ ပျော့သွားတာမျိုး
မဖြစ်ဘူး..ဒါကြောင့်မို့ ဆံသားအဖျားအတွက် Hair Mask တော့ သုံးပေးတယ်...
Virgin Hair အတွက်က Shampoo နဲ့တင် လုံလောက်ပါတယ်
Nourishing Shampoo ဖြစ်တဲ့အတွက် တစ်ခေါက်ထက်တစ်ခေါက် လျှော်လာတာနဲ့အမျှ ဆံသားပိုကောင်းလာတာ...
ဆံသားခြောက်တာတွေ သက်သာတာကို တွေ့လာရတာတော့ အမှန်ပဲ....
အရင်သုံးဖူးတဲ့ Inter brand Shampoo တွေကို
ဒီ Mirror Hair Mask Local Brand လေးက အမှီလိုက်နိုင်တယ်လို့ပဲ ချီးကျူးချင်ပါတယ်…😍
Video လေးလဲ ပြန်ကြည့်လို့ရအောင် link လေးချပေးထားပါတယ်ရှင့်..
https://www.facebook.com/share/v/1F5ZbnEwrf/?mibextid=wwXIfr
See u next review 🥰
16/09/2025
မိတ်ကပ်ဖျက်လိုက်ရင် အသားအရေစပ်သွားတာ၊
ကြမ်းခြောက်သွားတာမျိုး မဖြစ်ချင်ရင်
ဒီ Cleansing water ကိုသုံး…☘️
JM Solution Centella Water Cleansing Water (Rescue) Review ☘️💧
ဒီဟာလေးကို Lara သုံးကြည့်တဲ့အချိန်မှာ အသားအရေအတွက် တော်တော်လေး gentle ဖြစ်တာတွေ့ရတယ်…
ဒါကြောင့်မို့ နေ့တိုင်းသုံးဖို့အတွက် အဆင်ပြေတယ်…🌿
Centella နဲ့ Ceramide က တွဲပြီးပါတဲ့အတွက်ကြောင့်
Sensitive skin type တွေ အဖြစ်များတဲ့
အရေပြားနီတာ၊ ရဲတာ၊ ယားတာတွေကို ပိုပြီး calming ဖြစ်စေတယ်…🍀
ပေါ့ပေါ့ပါးပါး daily makeup, Sunscreen နဲ့ အဆီ၊ အညစ်အကြေးတွေကို အလွယ်တကူ သန့်စင်ပေးနိုင်
တယ်…🌱
ကိုယ်က Full makeup လိမ်းနေကျသူဆိုရင်တော့
ဒါအပြင် cleansing power အားကောင်းတဲ့ Cleanser တစ်ခုခုပြန်သုံးပေးဖို့ လိုလိမ့်မယ်…💦
သာမန် cleansing water မျိုးမဟုတ်ပဲ rescue လုပ်ပေးတဲ့ အမျိုးအစားမျိုးဖြစ်တာကြောင့် အသားအရေကို ပိုအေးမြပြီးတော့ calm down
ဖြစ်စေမယ်…💦☘️
Skin barrier ကို မထိခိုက်စေပဲ ပိုကောင်းစေမယ်…
ဒီအချက်တွေက တခြား Cleansing water တွေထက်
ပိုအားသာတဲ့ အချက်တွေပေါ့…🌿
Dry skin, Normal skin, Combination skin,
အထူးသဖြင့် Sensitive Skin တွေအတွက် recommend ပေးပါတယ်…💧
အကြိုက်ဆုံးအချက်ကတော့ 500 ml ဘူးကြီးကို 20000 မကျော်တာမို့ တော်တော်လေး budget saved ဖြစ်တယ်…💵
တစ်ဘူးကို အနည်းဆုံး (၆-၇)လထိ သုံးရတယ်…
ကုန်ကို မကုန်နိုင်ဘူးရယ်😁
အရင်က JM Solution ထဲက H9 Hyaluronic ampoule နဲ့ Derma care ကိုလဲ review ရေးပေးဖူးသေးတယ်…
အဲ့ဒါလဲ ဝက်ဝက်ကွဲကောင်းသောပဲ…
ပြန်ဖတ်လို့ ရအောင် link ချပေးထားမယ်နော်…
https://www.facebook.com/share/1CD2qhVxju/?mibextid=wwXIfr
https://www.facebook.com/share/p/1F4MH4hC45/?mibextid=wwXIfr
Lara ရဲ့ online shop ဖြစ်တဲ့ The Beauty Vibe ကနေ ဝယ်လို့ရသလို တခြား online shop page တွေမှာလဲ မေးဝယ်လို့ ရပါတယ်နော်…
See u next review…🥰
Click here to claim your Sponsored Listing.