All_Of_Me_By_A Linn
You Can Call Me A Linn
မင်းတို့ပဲ တွန်ပြီး ပြောလိုက်ကြပါတော့ 😌
Blog တွေ ဆက်တိုက် လာဖို့ ရှိတယ်ဗျို့ 🙆
Foundation လိမ်းနည်းလေးကတော့
See you next blog ပါဗျ ❤️
23/11/2022
ဆောင်းရာသီဆိုတာ နေလို့ကောင်းပေမယ့်
မနေတတ်ရင်တော့ လုံးဝကို Dangerous ပါ
So ,
1. မျက်နှာ ခနခန မသစ်ပါနဲ့ ‼️
ဆောင်းရာသီဆိုတာ အသားခြောက်ပြီး ပက်တဲ့ ရာသီမို့
အဆီတအားပြန်တဲ့ သူတွေတောင် အဆီပြန်တာ
ထိန်းသွားတဲ့ ရာသီပါ
တစ်ကယ်လို့ ကိုယ်က Combination skin or
Sensitive skin ဆိုရင် မနက် တစ်ကြိမ် ၊
ညတစ်ကြိမ် လောက်ပဲ သစ်ပါ
2. မျက်နှာ သစ်ပြီးတာနဲ့ Moisturizer လိမ်းပါ ‼️
အက်လိုမှ မဟုပ်ရင် မျက်နှာမှာ ရေဓာတ်မရှိတော့တာမို့
အသားခြောက် အသားပက်ပြီး မျက်နှာ ယားယံကာ
အဆီတွေ ပြန်လာပါလိမ့်မယ်
3. Scrub မကြာခန လုပ်တာမျိုး ရှောင်ပါ ‼️
ကိုယ်က အသားဖြူချင်ဇောနဲ့
အရင်က တစ်ပတ် နှစ်ခါလောက် Scrub လုပ်ခဲ့တယ်ဆို အခု နှစ်ပတ်တစ်ခါလောက်ပဲ Scrub လုပ်ပါတော့နော်
4. အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ Body Lotion လိမ်းပါ‼️
5. Lip Balm ဆောင်ထားပါ‼️
နှုတ်ခမ်းခြောက် နှုတ်ခမ်းကွဲက
Watching on everybody နော်
6. ကျန်းမာရေး ဂရုစိုက်ပါ ‼️
မကျန်းမာတဲ့ လူတစ်ယောက်က
ဘယ်လိုမှ ကြည့်မကောင်းနိုင်ပါဘူး
ရေချိုးချိန်ကြာသွားတာမျိုးနဲ့ အအေးမိတာမျိုးဆို
ဖျားနာဖို့ လွယ်ကူလို့ ကျန်းမာရေးအတွက်ရော
အလှအပ အတွက်ရော မကောင်းနိုင်ပါဘူးဗျ
အလင်း ပြောပြခဲ့တဲ့ အချက် (6) ချက်လုံးက
ယောက်ကျားလေးရော မိန်းကလေးပါ
ဆောင်ရ ရှောင်ရမယ့် အချက်တွေနော်
(You should know , Self care has no gender)
ဆောင်းရာသီကို
အေးချမ်းလှပစွာနဲ့ ဖြတ်သန်းနိုင်ပါစေဗျ 🙆
21/11/2022
အိပ်ရေးမဝလို့ မျက်တွင်းနည်းနည်းကျ နေတာလေး
သည်းခံပါဗျို့ 👉👈
အခုတလော ခနခန အမေးခံနေရတာလေး
"အလင်း မျက်နှာလေး ပြောင်နေတာပဲ
သဘောကျလိုက်တာ ဘာသုံးတာလဲ " တဲ့
သုံးတာကတော့ 3/4 မျိုးလောက် သုံးနေပေမယ့်
အဲ့ထဲကမှ အလင်း အကြိုက်ဆုံးလေး တစ်ခုက
Linage sleeping mask လေးပါ
သူ့ကို တစ်ပတ်မှ သုံးကြိမ်လောက်
လိမ်းအိပ်ရုံပဲဆိုတော့ Mask ကပ်ဖို့ ပျင်းတဲ့
အလင်းအတွက်တော့ ကယ်တင်ရှင်ပါပဲ
Sleeping mask ဆိုပေမယ့်
သူက ချွဲကျိကျိကြီး မဖြစ်ဘူး
မိုးလင်းလို့ မျက်နှာသစ်လိုက်ရင်
မျက်နှာလေးက အိစက်နေတာ
ပို သဘောကျတာက
ဝက်ခြံရှိရင်တောင် အရမ်းရောင်မနေဘဲ
ချပ်သွားတာလေး
သုံးနည်းကတော့
ညဘက် မျက်နှာသစ် ၊ Tonor လိမ်း ပြီးရင်
သူ့ကိုလိမ်းပြီး အိပ်လိုက်ရုံပါပဲ
(တစ်ပတ်သုံးကြိမ်ပဲ လိမ်းရမှာပါဗျ
တစ်ခြားရက်တွေကတော့ Moisturizer တစ်မျိုးမျိုး လိမ်းပေါ့ )
Price ကတော့ 4500 ပါ
အလင်းကတော့ အဲ့တစ်ဘူးကို
တစ်လလောက် ရအောင် သုံးပါတယ်
pH-09 685 106 811
09/11/2022
အလင်းရဲ့ အကျင့်က
မျက်နှာသစ် ဆပ်ပြာဆို ခနခန ပြောင်းသုံးတတ်လွန်းလို့
1 လလောက် စွဲသုံးဖူးတဲ့ Brand ဆိုရင်ကို
တော်တော် စိတ်ဝင်စားဖို့ ကောင်းနေပါပြီ 🥲
▪️Acnes က အဲ့ဒီ Face wash နှစ်မျိုးကိုတော့
အလင်း တစ်ယောက် လှည့်ပတ် သုံးနေတာ
6 လ ကျော်သွားပါပြီနော် 🤧
▪️အစိမ်းရောင်လေးကိုတော့ အဆီဖုနဲ့ ဝက်ခြံတွေ
အရမ်းများလာတဲ့ အချိန်တွေဆို သုံးပါတယ်
သူက အဆီပြန်တာလဲ သက်သာတယ်ရော ☘️
▪️လိမ္မော်ရောင်လေးကိုတော့
ဝက်ခြံတွေ ပျောက်သွားပြီး အမဲစက်တွေ
ကျန်ခဲ့တဲ့ အချိန် နဲ့ အသားအရည် အရမ်းကြမ်း
နေတဲ့ အချိန်ဆွေဆို သုံးပါတယ်
(တစ်ကယ်တော့ သူက ဝက်ခြံလဲ ပျောက်တယ်) 🌼
▪️နှစ်ဘူးလုံး ဝယ်ထားပြီး တစ်လှည့်ဆီ သုံးနေလိုက်တာ မျက်နှာသစ်ကြမ်းတဲ့ အလင်းတောင်
1 လခွဲ 2 လနီးပါးလောက် အသုံးခံပါတယ်
▪️သူက Japan က
ထုတ်တဲ့ Brand လို့တော့ အလင်း ကြားမိတာပဲ
ဘာပဲ ဖြစ်ဖြစ် ငွေ 4000 ဝန်းကျင်နဲ့ Quality ကောင်းကောင်း သုံးရတယ် ဆိုတော့ မိုက်တော့
မိုက်ပါတယ်
▪️လူတစ်ယောက်နဲ့ တစ်ယောက်က
Skin Structure ချင်းမတူတာမို့ သုံးကြည့်လို့အဆင်မပြေရင်လဲ ကိုယ်နဲ့ မတည့်ဘူးလို့သာ မှတ်လိုက်ပါ
▪️အလင်းကတော့ သုံးလာတာ 6 လကျော်ပြီမို့
အလင်းရဲ့ Followers လေးတွေ အတွက်
Review လာပေးတာပါဗျ 🙆
07/11/2022
▪️လွန်ခဲ့တဲ့ နှစ်လလောက်က Skincare မသုံးနိုင်လို့စုတ်ပြတ်သတ်သွားတဲ့ အလင်းရဲ့ မျက်နှာကို
ကယ်တင်ခဲ့တဲ့ ကယ်တင်ရှင်က
Simple Moisturizer တစ်မျိုးထဲ လို့ ပြောရင်
လုံးဝ မမှားပါဘူး
▪️အဲ့တုန်းက Budget မနိုင်လို့ Tonor တောင်
မသုံးနိုင်ဘဲ မျက်နှာသစ်ဆေးနဲ့ ဒီကောင်လေးနဲ့ပဲ
မနက်တစ်ခါ ညတစ်ခါ နှစ်ပါးသွားခဲ့ရတာပါ
▪️So , သူ့ရဲ့ Texture က
လိမ်းလိုက်ရင် ပူရှိန်းရှိန်းနဲ့ အေးမြမြလေးပါ
စေးကပ်ကပ် ဖြစ်တာမျိုး မရှိဘဲ လိမ်းထားမှန်း
မသိအောင် ပေါ့ပါးတာမျိုးပါ
▪️အလင်းလိုမျိုး မျက်နှာမှာ ကုတ်ထားမိတာမျိုး
ရှိရင်တော့ စပ်တာမျိုးမဟုပ်ဘဲ ပူဖျင်းဖျင်းလေး
ဖြစ်မယ်ဗျ
▪️ဝက်ခြံသမား ၊ အဆီဖု သမားနဲ့
Break out (မကြာခန ဝက်ခြံတွေ စုပုံ ထွက်တတ်ခြင်း)
သမားတွေအတွက် Skincare အဆင့်တွေ အများကြီး အစား ဒါလေးတစ်မျိုးထဲ သုံးရင်တောင် တော်တော်လေး အဆင်ပြေပါတယ်
▪️သူက Sensitive Skin သမားတွေ အတွက်
အဓိက ထုတ်ထားတာဖြစ်ပြီး UK ရဲ့ No.1 ရောင်းအား အကောင်းဆုံး Moisturizer မို့ စိတ်ချ လက်ချ
သုံးနိုင်ပါတယ်
▪️အမာရွတ်လေးတွေမှိန် ၊ အသားအရောင်ပါ ညီစေပြီး
Hydrating ကို 12 နာရီ ကြာအောင် ပေးနိုင်တာမို့
Moisturizer ကောင်းကောင်းလေးကိုမှ ရှာနေရင်
ဒါလေးကိုတော့ 100% Recommend ပေးပါတယ်
▪️125 ml ပါတဲ့ တစ်ဘူးကို နှစ်လလောက် သုံးနိုင်ပြီး
ဈေးကလဲ 13500 mmk မို့ Budget နည်းနည်းနဲ့ ထိရောက်တာမျိုးလိုချင်တဲ့ အသဲလေးတွေဆို
သုံးကိုသုံးကြည့်သင့်တာလေးနော်
▪️အလင်းကတော့ သုံးလာတာ 3 လမြောက် ရှိပြီး
သူ့အပြင် တစ်ခြား ပြောင်းသုံးဖို့ မစဉ်းစားမိသေးပါဘူး
07/11/2022
မတွေ့ဖြစ်တာ ကြာပြီနော်
မင်မင်ရဲ့ Followers လေးတို့ရေ
ပျောက်သွားလိုက်တာ တစ်နှစ်နီးပါးလောက် ကြာပြီးမှ
ပထမဆုံး အနေနဲ့ ပြောချင်တာက
မင်မင် ဒီ Page ကို ပြန် Run သွားမှာပါ
So , ဒီ Page လေး စ'ဖွင့်ထဲက
Page name နဲ့ ပတ်သတ်ပြီး တစ်ခါမှ Promote
မလုပ်ခဲ့ဖူးဘူးဆိုတော့ မင်မင် အခု အသိပေးပါရစေ
မင့်မင့်ရဲ့ Customer လေးတွေ
ဘေးကင်းဖို့အတွက် " မင်မင် ကိုယ်တိုင်
သုံးဖူးတဲ့ / သုံးနေတဲ့ Skincare ပစ္စည်းတွေကိုပဲ
ပြန်ရောင်းပေးမယ် " ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပဲ
Page name ကို "All_Of_Me_By_A Linn" လို့
ပေးဖြစ်ခဲ့တာပါ
ပြီးတော့ မင်မင် နောက်တစ်ခု အသိပေးချင်တာက
Agent ပေးရတဲ့ ပစ္စည်းတွေ (တစ်နည်းအားဖြင့် MLM ) ပစ္စည်းတွေ လုံးဝ ရောင်းတော့မှာ မဟုပ်ပါဘူး
မင်မင့်ကို "အလင်း" လို့ ခေါ်နိုင်ပါတယ်
လူတွေက ခက်ပါတယ် 😌
All_Of_Me_By_A Linn
Click here to claim your Sponsored Listing.