The Reviewer

The Reviewer

Share

အလှအပရေးရာတွေsharingလုပ်ကြမယ်

04/12/2025

Hello TT Come Back now…..

Page လေးActive မဖြစ် ပျောက်လိုက်ပေါ်လိုက်နဲ့
အခုတော့ပြန် Activeဖြစ်အောင် နေပါပြီနော်

Page လေးကိုလည်း Like & Following လုပ်ပေးပါဦးနော်

ဒါနဲ့ TTရဲ့နိုင်ငံတော် Platte SwanSwan လေးကတော့ ဂွမ်းဂွမ်းလေးဖြစ်သွားပြီ

ဝယ်ထားတာ မကြာသေး ဘူး သုံးတာလည်း ၃ခါလောက်ကို ဒီလိုကြီးဖြစ်သွားတာကျ လွန်တာပေါ့လို့
တော်သေးတယ် အထဲက ဟာမထိတာဘဲ
ကျေးဇူးတင်ပါတယ် 🥲

2022ကထွက်တဲ့Lighting platteဆို အကြမ်းခံလိုက်တာ ခရီးသွားပြုတ်ကျလည်း ဘာမှမဖြစ်ဘူး

Swanဘူးရဲ့ကိုင်ရတဲ့Feelingကအစပေါ့ရွတ်နေတာဘဲ ပြုတ်ကျတာနဲ့ တစ်စစီကွဲကြေမှ ကြေကွဲနေရမယ်😊😏

25/06/2025

💕Lancome La vie est belle ရဲ့အနံ့နဲ့ထပ်တူနီးပါးကျတဲ့
Bath & Body Luminious EDP Perfume💕

Lancome LVEB ရဲ့ကိုအနံ့ sampleလေးစမ်းဘူးလို့
တူတဲ့အနံ့လေးရှာနေရင် B& B perfume ကလုံး၀ကွက်တိကို တူတာနော် ကိုယ်တောင် အနံ့ရရချင်း အရမ်းamazing ဖြစ်သွားတယ် ကွက်တိပါလားဆိုပြီး
အစကတည်းက Lancomeကိုကြိုက်လို့
ဒီ B&Bလေးလည်း အရမ်းကြိုက်ပါတယ်
အနံ့က Strong ဖြစ်လို့ Fresh ဖြစ်တာကြိုက်ရင်တော့ကြိုက်မှာမဟုတ်ပါဘူး
Bath & body ka 80%off sale နဲ့ရလိုက်တာဆိုတော့
မြန်မာငွေ ၈သောင်းကျော်နဲ့ရလိုက်တာ အရမ်းကိုတန်သွားတယ်
ပုံမှန်စျေးအတိုင်းဝယ်မယ်ဆိုရင်တော့ Lancomeကိုဝယ်ဖို့recommendလုပ်ပါတယ်ရှင်

14/05/2025

🧡Glue Free မျက်တောင်တုထဲမှာ အရမ်းအဆင်ပြေသောလေး🧡

မျက်တောင်တု တပ်တိုင်း အဆင်မပြေတာများတယ်
ကိုယ်ကလည်းမကျွမ်းကျင် ကော်ကလည်းမကောင်းနဲ့
တပ်လိုက်ကျွတ်ကျလိုက် ကော်ကလည်းမျက်စိထဲဝင်ရင်စပ်လိုက် နဲ့အဆင်မပြေခဲ့သမျှ ဒါလေးတော်တော်ကောင်းတယ်

တပ်ရလွယ်ကူတယ်
မျက်စိမစပ်ဘူး
သဘာဝဆန်ဆန်လေးနဲ့လှတယ်
တပ်ထားမှန်းမသိအောင်ပေါ့ပါးတယ်
စျေးလည်းမကြီးဘူး တစ်ဘူးမှ7500လားဘဲ

Eyelash extensions ဝါသနာပါတဲ့သဲတုန် ဆိုင်ခဏခဏသွားဆက်စရာမလိုတော့ဘူး ပစ္စည်းကောင်းလေးတွေ့ထားလို့😊

Photos from The Reviewer's post 04/10/2023

3CE Hazy Lip Clay Review #

နှုတ်ခမ်းနီဆို3CEကို ပထမကြိုက်တယ်
အခြားနှုတိခမ်းနီကုန်အောင်မဆိုးဖြစ်ဘူး3CEတော့ဖင်ကပ်တဲ့ထိခြစ်ပြီးဆိုးတယ်
အခုနောက်ဆုံးထွက်တဲ့ Hazy Lip Clayကလည်း အရမ်းကောင်းသောပဲ 3CEက3CEပါပဲ
လိုချင်တာတော့ လေးရောင်လောက်ရှိတယ်အဲ့ထဲကမှရွေးလိုက်တာကCommon Strangerနဲ့ Hipamine.

အရောင်တွေကအကုန်လှနေတော့ တော်တော်ရွေးရတယ် အကုန်လိုချင်နေတော့

Hipamineကအနီဘက်သွားတဲ့ အညိုလေး
Common Strangerကလိမ္မော်ဘက်သွားတယ် ဒါပေမယ့် အရမ်းလိမ္မော်ကြီးဟုတ်ဘူး

နှစ်ခုလုံးကအသားညိုတဲ့သူလေးတွေနဲ့ရောလိုက်တယ်နော်
အစကcommon strangerကိုပိုလှမယ်ထင်ထားတာ
နှစ်ခုလုံးဆိုးလည်းကြည့်ရော Hipamineကအပြင်မှာတော်တော်လေးကိုလှတာပါ

အရောင်ထွက်ကတော့နှုတ်ခမ်းပေါ်မူတည်ပြီးကွဲမှာဆိုတော့ ကိုယ့်နှုတိခမ်းဆိုညိုတဲ့ထဲပါတယ် hipamineလည်းဆိုးလိုက်ရောအညိုဘက်ရောက်သွားတယ် အဲ့အရောင်လေးကိုပိုသဘောကျသွားတယ်🥰

Matteမဟုတ်ဘဲနဲ့နှုတ်ခမ်းပေါ်တင်လိုက်ရင်ဖူးးဖူးလေးနဲ့ အနံ့လေးကလည်းကွတ်ကီးနဲ့လေးပါစားချင်စရာလေး

နှုတ်ခမ်းအရမ်းခြောက်တဲ့သူကlipbalmလေးခံဆိုးနော်

အပြင်ဘူးခွံလေးနဲ့အရောင်တွေကအနီးစပ်ဆုံးတူတာမလို့ ဘူးခွံလေးကြည့်ပြီး မှန်းဝယ်လို့ရတယ်

အပြင်အရောင်လေးသိရအောင်လက်မှာစမ်းထားတာဘာFilterမှာ မထည့်ထားဘူးရှင့်

23/08/2023

လိုတိုရှင်းReview🤍🤍

ခရီးသွားခါနီး ပေါ့ပေါ့ပါးပါးလိမ်းလို့ရအောင်BBCreamဝယ်မယ်ဆိုပြီးတော့နောက်ဆုံးHeimish ကBB creamလေး စမ်း သုံးကြည့်မယ်ဆိုပြီးဝယ်ချလာလိုက်ရော

BBCreamတွေဝယ်ရင်အသားညိုတဲ့သူဆိုတော့လေအဆင်မပြေတာများတယ်

ဒီBB creamကလေ ထူးခြားချက်လေးတွေရှိတယ်

🩵ရွေးချယ်စရာအရောင်တွေရှိတယ်(သဲဝယ်ခဲ့တာတော့Light Medium)ဆိုတဲ့အရောင်ပါ

🩵Tinted Moisturizer ဆိုတဲ့အတိုင်းလိမ်းထားရင် လိမ်းထားမှန်းမသိအောင်ကိုတကယ်ပေါ့ပေါ့ပါးပါးပဲ

🩵SpF30PA++လည်းပါတယ်
ဒါပေမယ့်လည်းSunscreen သပ်သပ်ထည့်လိမ်းပေးတာပိုကောင်းပါတယ်

🩵လိမ်းပြီးသွားရင် ကိုယ့်အသားရေ ပိုကောင်းသွားတယ်ဆိုတဲ့ Lookလေးရတယ်

🩵အသားရည်ကGlowသွားတယ် အသားနဲ့တစ်ထပ်တည်းဖြစ်တယ် ဖြူတာပြာသွားတာမျိုးလုံးဝမဖြစ်တာ အကြိုက်ဆုံးအချက်လေးဖြစ်မယ်

✨စစချင်းသိပ်မကြိုက်တဲ့အချက်လေးပြောပါဆိုရင်တော့

စစသုံးသုံးချင်း အနံ့ကလေဆီချီးနံ့လိုမျိုးရတော့
လန့်သွားတယ်Expနီးနေလို့လားဆိုတော့လည်းမဟုတ်ဘူး
စစသုံးချင်းသာရတာ လိမ်းပြီးသွားရင် အနံ့ကမရှိတော့ပြန်ဘူး အဲ့ဒါနဲ့ ခရီးသွားတဲ့တစ်လျောက်လုံးအဲ့တစ်မျိုးပဲလိမ်းခဲ့တာအနံ့ဆိုတာတောင်မေ့သွားတယ်

ခရီးကပြန်လာပြီးအဲ့ဒါနဲ့Pageကိုသွားမေးပြီးသေချာရှင်းပေးတယ်
(တကယ်က ခရီးတစ်လျောက်လုံး အဲ့ဒါပဲ လိမ်းတာ
အနံ့sensitiveဖြစ်တတ်သူဆိုရင်တော့recommendမလုပ်ပါဘူး)

သဲကတော့ အနံ့တွေ ဘာတွေ ကိုတစ်ခါနှစ်ခါလိမ်းပြီး ဘာမှကိုမသိတော့ဘူး
သုံးပါများပြီးသူ့အနံ့လေးကိုစိတ်ထဲ သိပ်မရှိတော့ဘူး

သုံးပြီးရတဲ့After Effectကတော့ပြောစရာမလိုပါဘူးနော်

အဲ့အနံ့လေးဘာလို့ရတာလဲဆိုရင်moriga ပန်းအနံ့ပါတဲ့ ceramide skincareတစ်ချို့မှာလည်း အဲ့အနံ့လေးရတတ်ပါတယ်တဲ့နော်
သဘာဝအနံ့မလို့ အသားရေထိခိုက်မှာစိတ်ပူစရာမလိုဘူး

ဒီreviewလေးကတော့ သဲတကယ်ကြိုက်ပြီး
အဆင်ပြေခဲ့တဲ့reviewလေးမလို့ အားလုံးကိုဝေမျှလိုက်ပါတယ်နော်🌸🌸💙💙

18/07/2023

🌾BUDGET TONER-TONYMOLY RICE SOOTHING TONER🌾

Hello ပစ္စည်းတွေ ကတော့ အများကြီးစမ်းသပ်နေတာပဲ
ဒီကြားထဲ ပျောက်လိုက်ပြန်ပေါ်လာလိုက်ကို မဟုတ်ဘူး
လုံးဝပျောက်ပြီး အခုမှပြန်ပေါ်လာပါတော့တယ်😊

အခုတော့Budget Tonerလေး သဘောကျနေလို့Short reviewလေးရေးမယ်နော်

Rice toner ထဲမှာ Tonymoly လေးက စျေးရော
ကွာလတီရော
Effectလေးရောက သူ့စျေးနဲ့ပေးရတာထက်ကိုတန်နေတယ်

တစ်နေကုန်အဲကွန်းခန်းထဲအလုပ်ထိုင်လုပ်နေရတာရော ပြီးတော့ အခုတစ်လောရာသီဥတုကြောင့်အသားရေက ကြမ်းပြီးခြောက်နေသလိုလို ခံစားနေရတာနဲ့ ဒါလေးစမ်းနေတာ

ဒီToner လေးကလိမ်းပြီးရင် အသားလေးစိုအိပြီးကျန်နေရောဘဲ

ပြီးတော့cotton padနဲ့လိမ်းရင်လည်း အသားရေအတွင်းပိုင်းထိ မျက်နှာကအဆီအညစ်တွေပြောင်သွားတယ် လို့ခံစားရတယ်
အသားရေ အရမ်းခြောက်နေတဲ့အချိန် လက်ကလေးနဲ့ပုတ်ပြီး လိမ်းရင်လည်း အသားရေပိုအစိုဓာတ်ရတယ်လို့ခံစားလို့ရတယ်
Alcohol Free ဆိုတော့ စန်းစန်းတင့် အသားရေတွေ လည်းသုံးလို့ရတယ်
ဒီတစ်ဘူးလုံးသုံးကုန်သွားရင်တော့မျက်နှာက အမဲစက်လေးတွေ သက်သာမလားဆိုတာတော့ ပြန်ပြောပေးမယ်နော်
အချိန်လေးပေးပြီး ဖတ်ပေးလို့ ကျေးဇူးပါရှင့်😘😘😘

19/02/2023

Lotion ကအစပြုပြီးကြိုက်သွားခဲ့တဲ့ထဲမှာSoap&Gloryပဲ

အခုShowerလေး သုံးကြည့်နေတာLavenderရဲ့စိတ်
ကြည်နူးစရာအနံ့နဲ့
Set the mood -Relaxing ဆိုတဲ့အတိုင်းသူနဲ့ရေချိုးပြီးရင် စိတ်ကိုတကယ်ကြည်နူးသွားစေတယ်
အနံ့ကတော့ရေချိုးပြီးရင်လည်းခန္ဓာကိုယ်မှာစွဲကျန်တယ်
သူ့ရဲ့အနံ့ကအီတဲ့အနံ့လည်းမဟုတ်ဘူး
ဒါပေမယ့် ရေချိုးနေရင်းအဲ့အနံ့လေးရတာနဲ့တင်စိတ်ဖိစီးမှုတွေလျော့ချပြီးလန်းဆန်းသွားတယ်လို့ခံစားရတယ်
☀️မနက်ခင်းရေချိုးတဲ့အချိန်ဆိုတစ်နေ့တာအားအပြည့်ရစေတဲ့ခံစားမှုနဲ့
🌙ညဘက်ရေချိုးတဲ့အချိန်ဆိုတစ်နေကုန်ပင်ပန်းထားတော့စိတ်တွေrelaxဖြစ်စေတဲ့ခံစားမှု
Set the moodနာမည်နဲ့လိုက်အောင် moodအမျိုးမျိုးထားလို့ရတဲ့Showerလို့ပဲတင်စားပါ့မယ်နော်
showerကတော့အရမ်းကြိုက်လို့၁၀/၁၀ပေးပါမယ်

💗💗💗Coffee & Oat Scrub ကတော့ ဖွင့်ဖွင့်ချင်း ရတဲ့ ကော်ဖီနဲ့အီစိမ့်စိမ့်အနံ့လေး ပေါင်းထားတဲ့အနံ့
coffee crazyတွေဆိုတော်တော်သဘောတွေ့မှာ
Scrub သားကနည်းနည်းကြမ်းတယ်
အမှုန့်ဆိုတော့ခန္ဓာကိုယ်ရေစွတ်ပြီးတိုက်ရင်တောင်သိပ်အဆင်မပြေဘူး
ရေလေးနည်းနည်းနဲ့ ပြန်ဖျော်ပြီးအသားပေါ်တင်ပြီး တိုက်တာပိုကောင်းတယ်
အသားထဲစိမ့်ဝင်အောင်တိုက်ပီးခဏလောက်နှပ်ထားပြီးရေဆေးချလိုက်တာနဲ့ Wowအသားချက်ချင်းကြည်သွားတာတော့အရမ်းကြိုက်

အစကScrubသားကြီးက အရမ်းကြမ်းတော့သိပ်မကြိုက်ချင်ဘူး ဒါပေမယ့်ရလဒ်ကိုသဘောကျလို့10/8လောက်ပေးချင်ပါတယ်
နောက်တစ်မျိုးကတော့မစမ်းကြည့်ရသေးဘူး
အားလုံးခြုံပြောရင် S&G ကတကယ်ကိုပစ္စည်းကောင်းပြီး
အနံ့တွေကရှယ်ကောင်းတာနော်Luxuryဆန်တယ်ရနေကျအနံ့နဲ့မတူဘူးကွဲထွက်နေတာဘဲ
Discountချတဲ့ချိန်ဝယ်ထားတာဆိုတော့ပစ္စည်းကောင်းကိုတန်တန်လေးသုံးရတယ်


&glory

Photos from The Reviewer's post 01/02/2023

Hello
2023ရဲ့Feb ပထမဆုံးPost လေးနဲ့ ပြန်လာပါပီ
ခုလတ်တလော သုံးဖြစ်နေတဲ့Soap & Glory က Body Lotion လေး အရမ်းသဘောကျနေမိတယ်
ပစ္စည်းinstockလိုက်ရှာရင်း250Mlဘူးသေးကိုစမ်းသုံး
ကြည့်တာအနံ့နဲ့တင်တန်တယ်

Moistureဓာတ်အလုံအလောက်ပေးနိုင်တယ်
အသားထဲစိမ့်ဝင်တာမြန်တယ်
လိမ်းပြီးရင်အနံ့ကစွဲကျန်နေရောဘဲ
အနံ့ကအီတဲ့ ဘက်ကိုသွားတယ်
ဒါပေမယ့်သူအီတာလေးက ခေါင်းမူးပြီးအီတဲ့အနံ့မဟုတ်ဘူး
အနံ့ကကိုယ်နဲ့ထိတွေ့တဲ့အခါမှာထူးထူးခြားခြားလေးဖြစ်သွားတာကြိုက်တယ်
Coca Seed,Butter, Almond Oil,VitaminEဆိုတော့
အစိုဓာတ်အပြည့်အဝရပြီးအသားအရမ်းခြောက်တဲ့သူ
ဒါလေးသဘောကျမှာပါ

ပြီးတော့ တစ်လက်စတည်းSoap&GloryကSalesတွေချနေတော့အတန်ဆုံး၈၀%တွေပဲထပ်ရွေးဝယ်ထားတယ်
အရာရာစျေးတွေတက်နေတာ S&G Brandကိုသုံးရမှာဆိုတော့ရှယ်တန်ဘဲ

အခုမှာထားတာScrub 2မျိုးနဲ့Showerတစ်ဘူး သုံးမျိုးပေါင်းမှ၂၅၀၀၀ပဲဝန်းကျင်ပဲကျတယ်
တစ်မျိုးကို၈၀၀၀ဝန်းကျင်ပဲကျမှာဆိုတော့သုံးပျော်တယ်လေနော် ပစ္စည်းလေးရောက်လာရင် ထပ်ပြီး ကြိုက်တဲ့ အချက်လေးရယ်
မကြိုက်တဲ့အချက်လေးတွေနဲ့ ပြန်လာခဲ့ပါမယ်နော်

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်
Love All😘😘😘

08/01/2023

Hello

ဒီနေ့ZEN : The medic SPAရဲ့Aromatic Experience လေး sharingလေးလုပ်ပေးပါရစေနော်💕
Aromatherapyဆိုတာကအရိုးရှင်းဆုံးအဓိပ္ပါယ်လေးကတော့ရနံ့ကုထုံးပါ
Essential Oilတွေ အသုံးပြုပြီးခန္ဓာကိုယ်ကိုနှိပ်နှယ်တာဟာကျန်းမာရေးအတွက်လည်းကောင်းစေတယ်စိတ်ပိုင်းဆိုင်ရာမှာလည်းအများကြီးအထောက်ကူဖြစ်စေပါတယ်
ကဲအာ့ဆိုသဲရဲ့အတွေ့အကြုံလေးတွေSharingလုပ်ပေးပါမယ်နော်

1️⃣ပထမဆုံးအနေနဲ့ ကိုယ်သုံးမယ့်Scrubအမျိုးအစားရွေးပေးရပါတယ်
ရွေးစရာကတော့Strawberry,Coffee ,Tamarindဆိုပြီးရှိတာ Tamarindလေးရွေးဖြစ်ခဲ့ပါတယ်

ပြီးတာနဲ့Consulting လုပ်ဖို့doctorမမက Aromatherapy အကြောင်းရှင်းပြလတ်တလောခံစားနေရတဲ့စိတ်အခြေနေတွေမေးပြီးကိုယ်ကြိုက်တဲ့အနံ့လေးတွေရွေးပြီးEssential Oil လေးတစ်ခုဖော်စပ်ပေးပါတယ်
သိချင်တာတွေလည်းအများကြီးမေးလို့ရပါတယ်

2️⃣ဒုတိယအဆင့်ကတော့ခြေထောက်တွေကိုဆားရည်နဲ့
ရေနွေးစိမ်ပါတယ်။တစ်နေကုန်အထိုင်များပြီးအညောင်းမိတာမလို့ဒီအဆင့်လေးမှာလူကပေါ့ပါးသွားတယ်
ပြီးရင်တော့Scrubတစ်ကိုယ်လုံးကိုလုပ်ပါတယ်
အချိန်ကတော့မိနစ်၃၀လောက်ကြာပါတယ်

3️⃣ပြီးတော့Steamလုပ်ပေးပါတယ်၁၅မိနစ်လောက်ဘဲထိုင်နိုင်တယ် ချွေးတွေထွက်အပူအပုပ်တွေပါထွက်သွားသလိုခံစားရတယ် တစ်ကိုယ်လုံးပေါ့ပါးသွားတာပဲ
အပူခန်းထဲကထွက်လာတာဆိုတော့ခဏနားပြီး
သံပုရာလေးတိုက်တာခေါင်းကိုကြည်ထွက်သွားတာပဲ

4️⃣ချွေးတိတ်ပြီဆိုတော့ရေမိုးချိုးပြီးတာနဲ့ Oil messageလေးစလုပ်ပါတယ်
အချိန်က၁နာရီလောက်ကြာပါတယ်လုပ်နေတဲ့အချိန်မှာ ဘယ်လောက်တောင်ကောင်းလဲဆို အိပ်ပါပျော်သွားတယ်
အားလုံးပြီးသွားတဲ့အချိန်မှာတစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းပြီး တော်တော်လေးကိုစိတ်relaxဖြစ်ခဲ့ပါတယ်

ဒီPackageလေးကအချိန်ကတော့၂နာရီခွဲလောက်တော့ကြာပါတယ်
ဝန်ဆောင်မှုပေးတဲ့ညီမလေးတွေကစေတနာပါ သဘောကောင်း 100%Recommandပေးပါတယ်✅✅

သဲရဲ့ Reviewလေးကိုအချိန်ယူပြီးဖတ်ပေးလို့ကျေးဇူးတင်ပါတယ် ရှင့်

Disclaimer:No Sponser Post❌❌❌

07/01/2023

Hello
My Reviewer
ခရီးကပြန်လာပြီးပျောက်နေသောလေးပြန်လာပါပီ

ပျော်ရွှင်စရာ၂၀၂၃လေးဖြစ်ပါစေနော်

ဒီနေ့တော့Beachသွားမယ့်သူတွေအတွက်မဖြစ်မနေလိုအပ်ပြီးတကယ်ကိုအသုံးဝင်ပြီးထိရောက်မှုရှိတဲ့ပစ္စည်းသုံးမျိုးရဲ့reviewလေးကိုsharingလုပ်ပေးချင်ပါတယ်ရှင့်

💙💙💙Nivea Face & Body Sunscreen-ဒါလေးကReviewအကျယ်လည်းရေးပေးဖူးပါတယ်
တကယ်ကိုအထိရောက်ဆုံးမျက်နှာကိုနေလောင်တာကာကွယ်ပေးပါတယ် အရမ်းလည်းကြိုက်ပါတယ်

🤍🤍🤍Hatomugi UV Milk Gel-ဒါလေးကတော့Body အတွက်သီးသန့်ထုတ်ထားတဲ့LotionလေးJapan Brandဆိုတော့ အဆင်ပြေပါ့မလားစေးကပ်ကပ်ကြီးဖြစ်မလားနဲ့စိတ်ပူနေတာ
စေးကပ်မှုမရှိဘူးအသားထဲစိမ့်ဝင်ဖို့သေချာလေးတော့လူးပေးရမယ်
ပြီးရင်အသားနဲ့တစ်ထပ်တည်းဖြစ်သွားတယ်
မဲတာပြာတာလု့းဝမဖြစ်ဘူး
အစိုဓာတ်လည်းပေးတယ် SpFကလည်း50++++တောင်ပါတယ်ဆိုတော့အဆင်ပြေတယ်

💚💚💚JMSolution Sunspray ကတော့ လိမ်းလိုက်ရင်အေးအေးလေးမလို့ ၂နာရီတစ်ခါလောက်ဖြန်းတယ်
သူ့ထူးခြားချက်ကအနံ့လေးfreshဖြစ်ပြီးအသားလေးပါGlowသွားတာလေးကိုအရမ်းကြိုက်တယ်

အခုပြောပြတဲ့ပစ္စည်းလေးတွေကသဲတကယ်ကြိုက်တဲ့အရာလေးတွေပါ
ကမ်းခြေသွားတာဒါသုံးလို့လုံးဝမမဲဘူးပြောတာမဟုတ်ပါဘူးနော်
နေလောင်တာမလို့အသားရည်ကအနည်းနဲ့အများပျက်စီးပါတယ်
ဒါပေမယ့် ပျက်စီးမှုကိုတကယ်ကာကွယ်ပေးနိုင်တဲ့အရာတွေမလို့Sharingလေးလုပ်လိုက်ပါတယ်ရှင့်

အချိန်ယူပြီးဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်😘

Pocket Money 25/12/2022

Merry Christmas 🎁🎁🎄🎄🎄🎄🎄
ချစ်ရတဲ့သဲရဲ့Followerလေးတွေ ပျော်ရွှင်စရာChristmas နေ့လေးပါရှင့်

ချစ်ရတဲ့Followerလေးတွေ အတွက် ခရစ်စမတ်လက်ဆောင်ပေးပေးချင်လို့ပါ
အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်လေးပိုင်ဆိုင်ကြပါစေ
သဲတုန်ရဲ့Page လေးကိုလည်းဒီထက်မက ချစ်ပေးကြပါဦးနော်

❤️❤️❤️❤️❤️❤️
၁၀:၂၀ကျရင်KBZ Pay Pocket Money Linkလေးချပေးပါမယ်နော်
Good Luck To All💕💕💕

https://static.kbzpay.com/app/prod/pocketmoney/facebook/share_my_prod.html?id=163f2af3d8704bcab60887292353ab81&bless=Merry%20Christmas%20From%20TT

Password ကcommentမှာပါရှင့်

Pocket Money KBZPay နဲ့ သူငယ်ချင်းများထံသို့ ကံကောင်းခြင်းများပေးပို့ပြီး ဘယ်သူကံအကောင်းဆုံးဖြစ်မလဲဆိုတာ ရှာဖွေလိုက်ပါ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon