Zaw Zaw Tinkerbell co. Let

Zaw Zaw Tinkerbell co. Let

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zaw Zaw Tinkerbell co. Let, Health/Beauty, လှိုင်သာယာ စနေမမှတ်တိုင်အနီး, Yangon.

17/04/2023

စားတော်ပဲပြုတ်နည်းလေး..😍
လွယ်လွယ် ကူကူ ရိုးရိုးရှင်းရှင်း ပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ လက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက် အပူခံနိုင်တဲ့ အနေအထားလေးပေါ့။ ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပါ။
၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ ။ မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။ နောက်နေ့ဆို ပဲညှောင့်လေးတွေ ပေါက်လာပါပြီ ။ အညောင့်လေးများ ရှည်မှကြိုက်ရင်နဲနဲထပ်စောင့်လိုက်ပေါ့နော်။ဒါဆို ပဲပြုတ်လို့ ရပါပြီ။
ရေနွေးကို အရင်ဆုံး ဆူအောင် တည်ပါ ။ မုန့်လုပ် ထန်းလျက်အညို ၂ခဲ ရေနွေးထဲ ပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ ။ ဆားဆော်ဒါ လဖက်ရည် ဇွန်းတဝက် ထည့်ပါ ။
သကြား ဟင်းစားဇွန်း တဝက်ထည့်ပါ ။ ဆီ ဟင်းစားဇွန်း ၁ဇွန်းလောက် ထည့်ပါ ။ ဆား ဇွန်းဖျားနဲ့ နည်းနည်းထည့်ပါ ။ ပဲနဲ့ရေကို အတိဖြစ်အောင် ထည့်ပါ။ ရေပို မထည့်မိပါစေနဲ့ ။ ရေခမ်းလာရင် တချို့က ပဲကို စကာနဲ့ စစ်ပြီး ရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။
ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ ထွက်အောင် ထားပါတယ်။ စိတ်ထဲ ပိုမွှေးတယ်လို့ ထင်တယ်။ ပဲကို ပေါင်းအိုးခွက်နဲ့ ၂ခွက်ဆို အများကြီးရပါတယ်။ ပဲပြုတ်နေစဉ် ဇွန်းနဲ့ မမွှေနဲ့နော် ။ ပဲက မကျက်ပဲ ဆတ်တောက်ကြီး ဖြစ်တတ်ပါတယ်။
အရိအရွဲလေးများကင်းစင်ပြီးပြောင်တင်းနေသောပဲပြုတ်နူးအိအိလေးရပါပြီ။အဆင်ပြေကြပါစေနော်။
လေးစားလျှက်..crd. ပန်းခရေ

လစ်လျူရှု့မထားသင့်သောမြွေအိမ်မက်နိမိတ်များ - စုံလင္သုတအိမ္ရွင္မ 13/04/2023

လစ်လျူရှု့မထားသင့်သောမြွေအိမ်မက်နိမိတ်များ - စုံလင္သုတအိမ္ရွင္မ မြွေတွေကိုအိမ်မက်တာမထက်ကိုလာမေးနေကြလို့ဖြေပေးလိုက်ပြီနော်မြွေကိုအိမ်မက်တယ်၊ကိုယ့်ကိုဘာမှမလုပ်ဘူးဆိုရ...

အပင်စိုက်ဝါသနာပါသူများသိထားသင့်တဲ့အပင်နိမိတ် - စုံလင္သုတအိမ္ရွင္မ 13/04/2023

အပင်စိုက်ဝါသနာပါသူများသိထားသင့်တဲ့အပင်နိမိတ် - စုံလင္သုတအိမ္ရွင္မ အိမ်မှာအပင်စိုက်ဝါသနာပါသူများသိထားသင့်တဲ့အပင်နိမိတ်အပင်နိမိတ်၁။ကိုယ့်ခြံထဲက အပင်တွေအလွယ်တကူမခုတ်ပါနဲ.....

03/03/2023
၁၃၈၅ ခုနှစ်၊ မန္တလေးသင်္ကြန်စာနှင့်(၇)ရက်သားသမီး တစ်နှစ်စာဟောစာတမ်း…. – TLW 03/03/2023

၁၃၈၅ ခုနှစ်၊ မန္တလေးသင်္ကြန်စာနှင့်(၇)ရက်သားသမီး တစ်နှစ်စာဟောစာတမ်း…. – TLW ေဇယ်တုသဗၺမဂၤလံ။ တနင်္ဂနွေဂြိုဟ်မင်းသည် တပေါင်း ဖြစ်သော မိန်ရာသီ ရေဝတီနက္ခတ် စတုတ္ထပါဒ် အဝဿန်နဝင်းမှသည် တန်ခူး....

02/03/2023

#စကား

လူအချို့က
ကိုယ်ပြောလိုက်တဲ့ စကား
လွယ်လွယ်ပြောပြီး မေ့သွားကြတဲ့သူကများတယ်။

နားထောင်ခဲ့တဲ့သူဘက်က လက်ခံရတဲ့ စကားမို့ တစ်ခါတရံ...
ခံစားနားထောင်လိုက်တဲ့ စကားမျိုးဆိုရင်တော့ ခံစားမဆုံးဖြစ်တတ်ကြတာသဘာဝပါ။

ဒါဟာ ပြောလိုက်တဲ့သူနဲ့
လက်ခံနားထောင်လိုက်တဲ့သူရဲ့ မတူတာကတော့ စိတ်ခံစားချက်တွေပါပဲ။

ဒါကြောင့် ကိုယ်ပြောလိုက်တဲ့
နှုတ်ထွက်စကား ကိုယ်တာဝန်ယူနိုင်မှ ပြောတာအကောင်းဆုံးပါ။

စကားတစ်ခွန်းကြောင့်
ချစ်ခြင်း မုန်းခြင်း နာကျည်းခြင်းတွေအပြင်
တစ်ခါတရံမှာ
မပတ်သက်ချင်တော့တဲ့ထိ သူတွေရှိနေတတ်တယ်။


{ " စကား နှင့် တန်ဖိုး" }

စကားဆိုတာ
သာမန်ကြည့်ရင်
လူတစ်ယောက်ရဲ့တန်ဖိုးနဲ့ မသက်ဆိုင်ဘူးလို့ ထင်ရပေမယ့်
လူတစ်ယောက်ရဲ့အဆင့်အတန်းကိုတော့
စကားလုံးတွေကိုကြည့်ပြီး ပိုင်းဖြတ်လို့ ရတတ်တယ်။

စကားဆိုတာ
"စကားစကားပြောပါများ
စကားထဲက ဇာတိပြ" ဆိုသလို စကားလုံးကြမ်းတွေက
လူ့တန်ဖိုးကို နိမ့်ကျသွားစေတတ်ပါတယ်
စိတ်ရင်းဘယ်လောက်ကောင်းကောင်း
အပြောမတတ်ရင် ဆဲသလိုဖြစ်တတ်တယ်

* စကားဆိုတာ
ချစ်ခင်မှုကို ဖန်တီးပေးတတ်သလို
နာကျည်းမုန်းတီးမှုကိုလည်း
ပေးတတ် ပြန်ပါတယ် ။
ပျော်ရွှင်မှုတွေ
သယ်ဆောင်လာတတ်သလို
အထီးကျန်မှုကိုလည်း တွဲခေါ်တတ်ပြန်တယ်။

* စကားကြောင့် အားဖြစ်စေသလို
စကားကြောင့်ပဲ
စိတ်ဓာတ်ကျစေတတ်တယ်
အသွားမတော်တစ်လှမ်း
အစားမတော်ရင်တစ်လုတ် ဆိုသလို
အပြောမတတ်ရင် စကားတစ်ခွန်းတည်းနဲ့ပဲ
အရမ်းချစ်ရသူတောင်
ရန်သူဖြစ်သွားစေတတ်ပါတယ်။

* စကားဆိုတာ အောင်မြင်မှုတွေရဲ့ ပထမခြေလှမ်းဖြစ်သလို
ဆုံးရူံးမှုတွေရဲ့ အဓိကရန်သူ
ဖြစ်နေတတ်ပြန်တယ် ။

* စကားကြောင့်
မိတ်ဆွေ ဖွဲ့ပြီး ရင်းနှီးခဲ့ကြရသလို
စကားကြောင့်ပဲ မိတ်ဆွေကနေ
သူစိမ်းတွေဖြစ်သွားတတ်ကြပါတယ် ။

* စကားဆိုတာ ......
အပြောမတတ်ရင်
နှစ်ပေါင်းများစွာ ထိန်းသိမ်းလာတဲ့ ဂုဏ်သိက္ခာတွေတောင်
စကားတစ်ခွန်းကြောင့်
ရေစုန်မျောသွားရတတ်ပြန်ပါသေးတယ်။

မပြော မဖြစ်လို့ ပြောပြန်ရင်လည်း
အမှားမပါစေဘဲ "ဓါး"တစ်လက်လို
အကျိုးရှိစေတဲ့နေရာမှာ
အသုံးချတတ်နိုင်ဖို့ရာ
ကိုယ်နှင့် အခြားသူတွေကိုထိခိုက်စေတဲ့
လူသတ် လက်နက်"ဓါး"
တစ်လက်တော့ မဖြစ်ကြပါစေနဲ့ လို့



ဒါ့ကြောင့် ...
* နားထောင်ရမယ့်အချိန်မှာ
စကားမပြောပါနဲ့
* မသေချာ မရေရာရင် မပြောပါနဲ့
* အချက်အလက်မပြည့်စုံရင် မပြောပါနဲ့
* မိတ်ပျက်စေမယ့်စကားမျိုးဆို
မပြောပါနဲ့
* တစ်ဖက်လူကို ထိခိုက်စေမယ်ဆို
မပြောပါနဲ့
* အရှက်ရစေမယ့် စကားဆို မပြောပါနဲ့
* အပြစ်ဖြစ်မယ့်စကားဆို မပြောပါနဲ့



ရင်းနှီးသည်ဖြစ်စေ မရင်းနှီးသည်ဖြစ်စေ
ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ
ဝင်မပါမိဖို့ ဂရုစိုက်ရတယ်....

မဆီမဆိုင်ပြောလိုက်မိလို့
တဖက်သားစိတ်မှာ သက်သာသွားရင်တော့
ကောင်းတာပေါ့

မသက်သာဘဲ စိတ်ပိုဖိစီးသွားရင်
နေရင်းထိုင်ရင်း မိတ်ပျက်ရဦးမယ်....

နှုတ်စောင့်စည်းလို့ ဒုက္ခရောက်တဲ့သူမရှိပါဘူးလေ...

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

လှိုင်သာယာ စနေမမှတ်တိုင်အနီး
Yangon
ZAWZAW